မှားနေတဲ့ ကောင်းကင်ထဲ / ခပ်ညံ့ညံ့တိမ်တွေ ပျံသန်း / လန်းဆန်းချင်ယောင် ဆောင်နေမှတော့….
၁ ။ ။ မှားနေတဲ့ ကောင်းကင်ထဲ..
ခပ်ညံ့ညံ့ တိမ်တွေ ပျံသန်း…
လန်းဆန်းချင်ယောင် ဆောင်နေမှတော့……
၂ ။ ဟုတ်လိမ့်နိုးနိုး….အတွေးတွေနဲ့ ….
ကိုယ့်ကို ကိုယ် ခွဲ စိတ်ကြည့်တော့လည်း…
ကြည့်စမ်း….
ငါ့ရင်ထဲ… မိုးခါးတွေ…ရွာနေတယ် ။
၃ ။ ။ အလင်းမဲ့တဲ့  မနက်ခင်း….
ခပ်ပြင်းပြင်းလေး..လျှောက်တဲ့ ခြေသံတွေနဲ့ …
ငါ့ဆီ..ရောက်လာတယ် ။
၎ ။ ။ မလွမ်းလောက်ပါဘူး ….
ဟောဒီ ကောင်../ ဟောဒီ ချောက် ကမ်းပါးစွန်းမှာ…
ရပ်..နေတယ် ။
ဖြေဆေး တစ်ဖက်… အဆိပ်ခွက် တစ်ဖက် ကိုင် ဆွဲ ထားပေမယ့်…
မလွမ်းလောက်ပါဘူး ။
၅ ။ ။ ဇာတ်သိမ်း မပါတဲ့ ဝတ္ထုတစ်ပုဒ်နဲ့….
ရနံ့  မပါတဲ့  အရက်တစ်ခွက်……တော့….
ရော..သောက်လိုက်ချင်သေးရဲ့ ….။
၁ ။ ။ မစခင်… ဆုံးရတာလား….
မဆုံးခင်… စရတာလား…
ဘယ် အမေးကိုမှ မဖြေပါနဲ့ …
မုဆိုးတစ်ယောက်ရဲ့  သားကောင်လား…
သားကောင် တစ်ကောင်ရဲ့ မုဆိုးလား….
ဘာရဲ့ ဘာလဲ…….
ဘယ် အမေးကိုမှ မဖြေပါနဲ့ ကွယ်…..။
၂ ။ ။ စနစ်တကျ လွှဲဖယ် ထားပြီးသား…ကံတရားနဲ့လူ….
လှလှပပ ကျဆုံးဖို့ပဲ..လိုတော့တယ် ။
၃ ။ ။ သွားခွင့် ပြုပါ ။
သွားခွင့်..မပြုဘူး..ဆိုရင်တောင်….
သွားခွင့်တော့ ပြုပါ ။
၁ ။ ။ မှားနေတဲ့ ကောင်းကင်ထဲ….
ခပ်ညံ့ညံ့ တိမ်တွေ ပျံသန်း…
လန်းဆန်းချင်ယောင်ဆောင်နေမှတော့….
…………………………
သွားခွင့် မပြု ဘူး..ဆိုရင်တောင်…
သွားခွင့်တော့…ပြုပါတော့….။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
လေးစားစွာဖြင့်
အလင်းဆက်
27 . 4 .2013 . 11း55 am
အေးပါကွယ်……….
သွားနိုင်ပါပြီ
Was this answer helpful?
LikeDislikeတွားဒေါ့မယ်….ဂျာ…။
သူဂျီးတို့ ဆီကို…..

Was this answer helpful?
LikeDislikeချစ်တုဝေလေးကို ဦးမာဃနဲ့ စိတ်ချလက်ချသာ ထားခဲ့ပါကွယ်

နောက်ဆံတင်းစရာ မလိုဘူးနော် သိလား
Was this answer helpful?
LikeDislikeအူးမာဃ အတွက်..
ဆိုက်ကားနင်းတဲ့  ချစ်သုဝေ.ကို ပဲ..
ထားခဲ့မယ် ။
အဆိုတော်ကောင်မလေးကိုတော့..
ခေါ်သွားမယ် ။
ဟက်ဟက်


Was this answer helpful?
LikeDislikeဘယ်လို
ဆိုက်ကားနင်းတဲ့ ချစ်သုဝေလေးကို ခေါ်သွားမယ် ဟလား
ကောင်းပါသကွယ်……..
သေသေချာချာ စောင့်ရှောက်လိုက်နော် :harr:
Was this answer helpful?
LikeDislikeရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်
တိမီးနားလည်တယ်နော် နားလည်သလောက်ခံစားရတာလည်း ကောင်းဘူး
ကဗျာလေးတကယ် ကြိုက်တယ်
Was this answer helpful?
LikeDislikeသွားပါတော့ … ဆွဲမထားရက်ဘူး ….( အဟိ ဝင်ညှော်တာ )
Was this answer helpful?
LikeDislikeကောင်းကင်မှားတာကိစ္စမရှိဘူးကွ
“လူ” ကမမှားဖို့အရေးကြီးတယ်ဟေ့… :harr:
Was this answer helpful?
LikeDislikeသွားဘာဂွယ် သွားဘာ။ ရဘားဒယ်။ မတားလိုဘာ မတားလိုဘာ
Was this answer helpful?
LikeDislikeနံပါတ်လေး အပိုဒ်လေးအကြိုက်ဆုံးပဲ
လွမ်းခွင့်မပြုဘူးဆိုတောင် သွားခွင့်ရှိတယ် ငါ့မောင် သွားပေတော့ လှည့်မကြည့်နဲ့
Was this answer helpful?
LikeDislikeနံပါတ်လေး အပိုဒ်လေးအကြိုက်ဆုံးပဲ
သွားခွင့်မပြုဘူးဆိုတောင် သွားခွင့်ရှိတယ် ငါ့မောင် သွားပေတော့ လှည့်မကြည့်နဲ့
Was this answer helpful?
LikeDislikeဖတ်ရှု ခံစားကြသူများအားလုံးကို…

လေးစားစွာ .ချစ်ခင်
ကျေးဇူးတင်လျက်ပါ….လို့ ။
Was this answer helpful?
LikeDislike