ရန်ကုန်မြို့ ဈေးဝယ်စင်တာကြီးတွေမှာ သွားရလာရ ၀ယ်ရချမ်းရတာ စိတ်ချမ်းသာစရာပါပဲ။ ပစ္စည်း တွေလဲစုံ ဈေးတွေကလဲ စစ်စရာမလို ကြည့်ချင်တာအားလုံး ကိုင်တွယ်ကြည့်ရှု့ခွင့်ရ၊ အရောင်းစာရေးမကိုမျက်နှာချိုသွေး ဟိုဟာလေးပြပါအုံးဒီဟာလေးပြပါအုံးပြောစရာ မလိုအောင်ကိုစိတ် ချမ်းသာစရာကောင်းပါတယ်။ အဲကွန်းနဲ့အေးအေးချမ်းချမ်းဈေးဝယ်လို့ရသလို ဗိုက်ဆာရင်လဲစားစရာဆိုင်နဲ့ဆိုတော့ တခါတလေ ကျွန်မတို့မိသားစုဈေးမ၀ယ်တောင် သီးသန့်စားဖို့သွားလေ့ရှိပါတယ်။ တခါတလေ မိုးအရမ်းရွာရင် မိုးလုံလေလုံကားပါကင်ရှိတဲ့ စင်တာတွေသွားတတ်ပါတယ်။ အဲလိုသွားတဲ့အခါမှာတော့ ပြောစရာလေးတွေတွေ့ လာရပါတယ်။ စင်တာတွေမှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေရဲ့ ၀န်ဆောင်မှု့နဲ့ တခြားသောပြသနာလေးတွေ တွေ့လာရပါတယ်။ တခါကတော့ကျွန်မ သင်တန်းတက်စရာရှိလို့ မြို့ထဲမှာသင်တန်းသွားတက်ပါတယ်။ သင်တန်းကတနေကုန်ဆိုတော့ ထမင်းဘူးကြီးလဲမသယ်ချင်၊ သင်တန်းခန်းထဲမှာလဲစားလို့မရ။ အဲလိုအဆင်မပြေတာနဲ့ထမင်းဘူး မယူပဲ သင်တန်းနဲ့နီးတဲ့ တောင်ဝင်စင်တာမှာ နေ့လည်စာသွားစားလိုက် ပါတယ်။ ထမင်းစားဆင်းချိန်ကတနာရီပဲဆိုတော့ သွားမှာ စားမှာ ပြန်လာမှာနဲ့ အချိန်တွက် ပြီး မြန်တာပဲစားလိုက်ပါတယ်။ စီပီကြက်ကင်ဆိုင် တို့ ဟမ်ဘာဂါဆိုင် ကြက်ကြော် တို့ အဲလို ဆိုင်တွေမှာစားပါတယ်။ အဲဒီမှာစတွေ့တာပဲ ပထမစားတဲ့ဆိုင်တခုကတော့ Moon Bakery။ သူက အစားအသောက်က ကန်လမ်းလောက်မကောင်းပေမဲ့ ဆိုင်ကျယ်တာရယ် အမြန်စာရတာရယ်ဝင်လိုက်ပါတယ်။ အဲဒီမှာစပြီးစိတ်အနှောက် အယှက်အကြီးကြီးတွေ့ရတာပဲ။ အဲဒါကဘာလဲဆိုတော့ ဟင်းပွဲထွက်လာရင် ကျောင်းဆင်းခေါင်းလောင်းကြီးကို ဂလောင်ဂလောင်နဲ့လှုပ်တော့တာပဲ။ ဟင်းပွဲကလဲ တလစပ်ထွက်တော့ ကလောင်ကလောင်နဲ့ အဆက်မပြတ်ပါပဲ။ နားကိုပူနေတာပဲ။ တခြား သာယာနာပျော်အသံလေးတွေ တီးလုံးလေးတွေရှိပါရဲ့နဲ့ ရေခဲချောင်းရောင်း သလို ဂလိုင်ကြီးခေါက်နေတာနဲ့ နောက်နေ့တော့ တော်ဟဆိုပြီးတခြားဆိုင်တွေဘက်လှည့်ပါတယ်။ အဲလိုကနေ တနေ့တော့ ကြက်ကြော်ဆိုင်မှာ ကြက်ကြော်နဲ့ အာလူးကြော်နဲ့အအေးနဲ့စားနေတုန်း စားတဲ့ ကောင်မလေးတွေဝင်လာတယ်။ ခဏနေတော့ စာပွဲထိုးက အမှိုက်ထုပ်ကြီးကို စားတဲ့သူရှေ့က မချသွားတယ်။ နောက်တော့ လက်ဆေးဖို့ပေးထားတဲ့ ဘေစင်က ရေတွေလျှံကျပြီး ဆိုင်ထဲမှာရေတွေပွသွားတယ်။ သန့်ရှင်းရေးလုံးဝမလုပ်ပါဘူး။ ခုနက၀င်လာတဲ့ကောင်မလေး တွေချော် လဲတော့မလိုဖြစ် သွားတယ်။ ပွစိကိုတက်ပြီး စားချင်စိတ်မရှိတော့တာနဲ့ ဒီတိုင်းထားပြီးပြန်လာခဲ့တယ်။ နောက်တဆိုင် ကကျတော့ ဆိုင်ထဲလူပြည့်နေတာကို ဆိုင်ဝမှာရပ်လိုက်တာကို အမရေ အန်တီရေ လူပြည့်နေပြီ၊ ဒါမှမဟုတ် လေးယောက်ဝိုင်းမှာ တယောက်ထဲထိုင်နေတဲ့သူရှိတာကို ပေါင်းထိုင် မလားအဲလိုလေး မမေးပဲ မြင်တာကို လုံးဝမမြင်ချင်ယောင်ဆောင်နေတယ်။ အဲလိုအလျှင်းသင့်သလို စားနေရင်းကနေ အဆင်မပြေနေရင်း က တရက်တော့ ထမင်းစားချင် စိတ်ပေါက်တော့ ဆိုင်တွေလိုက်ရှာ လိုက်တော့ Basement 1 မှာဖွင့်ထားတဲ့ ကိုရီးယားထမင်းဆိုင်သွားတွေ့ပါတယ်။ သူတို့ကိုမေးလိုက်တော့ ၁၅ မိနစ်လောက်ပဲစောင့် ရမှာပါဆိုတာနဲ့ ကိုရီးယားထမင်းသုတ်တပွဲမှာစားဖြစ်ပါတယ်။ သူကတော့ ၀န်ထမ်းတွေဝန်ဆောင်မှု့တကယ်ကောင်းပါတယ်။ နောက်ကိုသားနဲ့လားစား အုံးမှဆိုပြီးတောင်တွေးဖြစ်သွားသေးတယ်။ တခြားသူတွေကလဲမှာစားနေတာပေါ့။ သူတို့ကလဲဆိုင်နောက်မှာပဲ ပူပူနွေးနွေးကြော်နေတာမို့ သန့်ရှင်းလတ် ဆတ်တယ်ဆိုပြီးစောင့်နေတုန်း သတိထားလိုက်မိတာကတော့ ဆိုင်ထဲမှာ သူတို့ကြော်နေတဲ့ ဟင်းနံ့တွေ ပျံ့နေတာကိုပါ။ လေ၀င်လေထွက်ကောင်းအောင် မလုပ်ထားတာတော့သေချာတယ် ဒါဟာစင်တာ တာဝန်ရှိသူတွေသိသင့်တယ် လို့တွေးနေတုန်း မှာထားတာရောက်လာတော့ စားလိုက်ပြီး မြန်မြန်ပဲပြန်ထွက် လာခဲ့ပါတယ်။ အဲဒီမှာလမ်းလျှောက်ရင်းသတိထားမိတာက ဟင်းနံ့ပါ။ တောက်လျှောက်ကြီး အစောကဆိုင် မှာရတဲ့ဟင်းနံ့ကြီး ကပ်ပါလာတာ။ အဲဒါနဲ့ မသင်္ကာလို့ အင်္ကျီကိုနမ်းကြည့်လိုက်တော့ အောင်မယ်လေးဟင်း နံ့ကြီး။ သေချင်စော်နံသွားတာပဲ။ နာရီကြည့်လိုက်တော့လဲ အချိန်ကကပ်နေပြီ။ အင်္ကျီတထည်ဝယ်ဝတ်ဖို့ကလဲ အချိန်မရှိ။ ဒါနဲ့မြေညီထပ်ကိုတက်သွားကြည့်ပြန်တော့လဲ အဆင်မပြေတာနဲ့ စိတ်ဆင်းရဲကြီးစွာနဲ့ သင်တန်းကိုပြန် သွားရပါတယ်။ အဲဒီနေ့တညနေလုံး ဘေးက လူတွေအားနာ၊ ကိုယ့်အနံ့ကိုယ်စိတ် အနှောက်အယှက်ဖြစ်ရင်းနဲ့ ဘာသင်သွားမှန်းမသိပဲ အိမ်ပြန်ရောက်ဖို့စိတ်ပဲရောက်နေပါတယ်။ ညနေ ၅ နာရီသင်တန်းဆင်းတော့ အိမ်ကိုအလူးအလဲပြန်ရေချိုးလိုက်မှပဲ စိတ်သက်သာရာရပြီး တော်တော်စိတ်ဓါတ် ကျသွားပါတယ်။ စင်တာ တာဝန်ခံတွေနဲ့ ဆိုင်ပိုင်ရှင်တွေဟာ ကိုယ့်ဆိုင်၊ ကိုယ်ရောင်းမဲ့အစားအသောက် ကိုကြည့်ပြီး လေ၀င်လေထွက်ကောင်းအောင် ရေပိုက်မပိတ်အောင် ၀န်ထမ်းတွေ ဆက်ဆံရေး ဒါတွေဘာမှ မကြည့်ပဲ ပိုက်ဆံရလိုမှု့တခုပဲကြည့်နေတာကိုတော့ တော်တော်လေးစိတ်ပျက်မိပါတယ်။ နောက်တခါသွားစား တဲ့အခါတွေမှာတော့ အဲဒီဆိုင်တွေကိုလုံးဝရှောင်လိုက်ပါတော့တယ်။ အဲတော့ နိုင်ငံတကာအဆင့်မှီဆိုပြီးအော် နေတာတွေက တကယ်ကောအဆင့်မှီရဲ့လား။ အပြင်ပန်း ပုံတူပဲကူးချထားပြီး အထဲက တကယ်ဂရုစိုက်ရမှာ တွေကို ပြစ်ထားပြီး ဆိုင်အပြင်အဆင် အပြင်ပန်းအမြင်တွေကိုတော့ တကယ့်အဆင့်မှီအောင်လုပ်ထားတာတွေ ကကောမှန်ရဲ့လားလို့ တွေးမိတာလေးပါ။ ၀န်ဆောင်မှု့ဆိုတာ အပြင်ပန်းပဲပါပြီး အတွင်းပိုင်းဝန်ဆောင်မှု့တွေကို ခိုထားတာတွေဟာ တကယ့်ကိုနိုင်ငံတကာအဆင့်မှီဟုတ်ရဲ့လားလို့ စဥ်းစားမိလို့ဒီပိုစ့်ကလေးကိုရေး လိုက်တာပါ။

About မွသဲ ( 17082011 )

has written 110 post in this Website..

THAKHIN CJ #8172011