ရက်စက်တယ်မဟာဆန်
နှုတ်မဆက်ပဲမင်းပြန်တော့ 
ဘာတွေကျန်ခဲ့သလဲ သိလား
ဆန် ဆီ ဆေး ဆား
မင်းအတွက်ဝယ်ထားတဲ့  ခေါက်ဆွဲခြောက်
စက်ရုံပြတ်မှာထားတဲ့ရေသန့် 
စက်နှိုးထားတဲ့လေယဉ်
ရဟတ်ယဉ်နဲ့မော်တော်ကား
ငါ တို့ ပြင်ဆင်ထားတာ အလကားဖြစ်ပြီပေါ့ 
မင်းပြန်မလာဘူးဆိုတာသိပေမယ့် 
နဲနဲတော့ လွမ်းပါရစေ မဟာဆန် ……..။

ဒီနိုင်ငံမှာ ဒီအကွက်တွေနဲ့ 
ငါ တို့ ရှေ့ ကဆရာတွေ
ကြီးပွားနေတာ မင်းသိလား
နာဂစ်ဆိုတာသူတို့ အတွက်
လှေခါးထစ်ဖြစ်သွားပြီ
ဂီရိဆိုတာကရော
တထောကြီးရလိုက်ပြီ
ဒီတစ်ခါမဟာဆန်က
ငါ့ အတွက်လို့ ထင်ထားတာ
မင်း မို့ လို့  လက်ပြသွားတယ်
ရက်စက်တယ်မဟာဆန် ……။

ရှိပါစေတော့  မဟာဆန်
မင်း ပြန်မလာပေမယ့်
မင်းရဲ့ သူငယ်ချင်းနောက်တစ်ဦးကို
တစ်ခုလောက်ပြောပေးပါ
ငါတို့ ဆီကဆန်တွေမှိုမတက်ခင်
ခေါက်ဆွဲခြောက်ရိတ်ခါ dateမလွန်ခင်
လေယဉ်မှူးတွေ သွေးမအေးခင်
တစ်ခေါက်လောက် ဝင်ခဲ့ပါ လို့ 
ငါလည်း သူတို့ လို
မြန်မာ့ သဌေးသမိုင်းမှာ
တစ်ခါလောက် ကမ္မည်း ထိုးချင်လို့ 
ကယ်တင်ရှင် ကျေးဇူးတွေ
ပြု ဖူး အောင် လုပ်ချင်လို့ 
တိတ်တိတ်လေး ပြောလိုက်မယ်
မဟာဆန်ရယ် … လှည့် ကြည့် ပါဦး …..။

ခရီးသည်ကြီး

About ခရီးသည်ကြီး

has written 12 post in this Website..