2938099046_ffa9f18fe8_s
ဒီပုံကကောင်လေးက ချောတယ်နော် ..ဟိဟိ …စတာပါ…
ခုတလောမြင်နေရတဲ့ ဒီဇိုင်းလေးပါ … ပြောချင်တာက
နားကပ်ပါ
နားကို ပစ်ကပ်လို ဟာမျိုးနဲ့ ရိုက်ပြီးဖောက်ထားတာ
သူကတော်တေးတယ်
ဒီထက်ဆိုးတဲ့ နားပေါက်ကြီးတွေကို ပြချင်ပေမဲ့ ပုံမတွေ့လို့ပါ

တနေ့က အဓိပတိ အနီလေးစီးပြီး ရုံးအသွား ရှေ့မှာထိုင်လိုက်လာတဲ့ ကိုလူချောလေးတယောက် ကို သတိထားမိတာက သူ့နားကပ်ပါ
မိမွေးတုန်းက အကောင်း သူတို့လုပ်မှ နားပေါက်ကြီးတွေက နဲနဲနှောနှော အပေါက်လား
တော်တော်ဆိုးဆိုးကြီးပဲ
တချို့ဆိုရင် .. လက်မ တခုဝင်စာလောက်ချိတယ်
ကြည့်ရတာ တော်တော် အသည်းယားဖို့ကောင်းတယ်

ရုံးက ကောင်လေးတယောက်ကိုမေးကြည့်တော့ ဂျင်းအကျီကြယ်သီးတပ်သလို ရိုက်ပြီး ထည့်ရတယ်ပြောတယ်
သေးသေးလေးဖောက်တာတောင် တော်တော် နာတာ အဲလို အကြီးကြီး ရိုက်ထည့်တာ မနာကြဘူးလားမသိ
ပြီးတော့ ချွတ်လိုက်ရင် အပေါက် အကြီးကြီးကျန်ခဲ့တယ်ပြောတယ်
တချို့နားတွေများ တခုခုနဲ့ ချိတ်မိပြီး ပါလာရင် နားကြီး ပြတ်ကျန်ခဲ့မှာသေချာပါတယ်
ဘယ်လိုအတွေးနဲ့ လှချင်ကြလဲဆိုတာ မပြောတတ်တော့ပါဘူး

အဲကောင်လေးက နားနှစ်ဖက်စလုံးကို တပ်ထားပါတယ်
မျက်နှာသေးသေးမှာ နားပေါက်ကြီးက အကြီးကြီးနဲ့ တော်တော် ကြည့်ရရုပ်ဆိုးလှပါတယ်
ပင်ကို အလှတောင် ပျက်တယ်…

လိုက်မမှီတာလား ခေတ်နောက်ကျန်နေတာလား မျက်စိမယဉ်သေးတာလားမသိပေမဲ့ တော်တော်လေး အသည်းယားလွန်းလို့
ဖွလိုက်မိပါကြောင်း…

နွေးသီး
30.5.2013
(ရုံးတွင် အားသောအချိန် :D )

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer