Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှုတ်ခမ်းခြင်း တေ့ နမ်းကြလေသောအခါ…။

black chawJune 4, 20131min1687102

ကြိုတင် ဝန်ခံထားပါရစေ…။
လွန်ခဲ့တဲ့ ငါးလလောက်က ရေးထားဖြစ်ခဲ့ပြီး
တင်ချင်စိတ်မရှိလို့ မတင်ဖြစ်ပဲ ထားခဲ့တဲ့ ပို့စ်ကို
အခု အားအားလျားလျား ဖြစ်နေတဲ့အချိန်…၊
ပို့စ် ရေးရမှာလည်း ပျင်းနေတာနဲ့
နည်းနည်း ပြင်ဆင်ခြယ်သ မွမ်းမံပြီး တင်လိုက်တာပါဗျာ…။

စာရေးဆရာမက ဝတ္ထုရေးတယ်…။
ရုပ်ရှင်ဒါရိုက်တာက ရုပ်ရှင်ရိုက်ဖို့ဝယ်တယ်…။
မင်းသားနဲ့ မင်းသမီးက သရုပ်ဆောင်တယ်…။
ဘာဆန်းလဲ…။
ဘာများဆန်းကြယ်နေပါသလဲ…။
အဲဒီမဆန်းတာတွေကြားကပဲ ဆန်းတာကြီးတစ်ခုက ထွက်ချလာရော ကျောင်းဒကာရေ…။
နှုတ်ခမ်းခြင်းနမ်းတဲ့ အခန်းတစ်ခန်းကို အဲဒီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဒါရိုက်တာက ထည့်မလို့တဲ့…။
ဝတ္ထုထဲမှာလည်း မပါခဲ့ဘူးတဲ့နော်…။
ကဲ…ကြည့်…။
အဲဒါကြီးကိုက ဆန်းနေပါတယ်ဆို…။
မင်းသမီး အဖြစ်သရုပ်ဆောင်မယ့် သက်မွန်မြင့်က အင်္ကျ ီအဝတ်အစားအတွက် ကြိုတင်ပြင်ဆင်ဖို့ ဆိုပြီး…
ဒါရိုက်တာ လုပ်သူထံက ဇာတ်ညွှန်းတောင်းဖတ်သတဲ့…။
ဇတ်ညွှန်းထဲမှာပါလာတဲ့ ဆင်းန် နံပတ် ၃ရ ကို ဖြုတ်ပေးဖို့ သက်မွန်မြင့်က ဒါရိုက်တာ ဝိုင်းကို တောင်းဆိုတယ်တဲ့…။
အဲဒီမှာ စတွေ့တော့တာပါပဲ…။
ဆင်းန်နံပတ် ၃ရ နဲ့ ပတ်သက်ပြီး…
ဒါရိုက်တာ ဝိုင်း ဘက်က ပြတ်တယ်…။

ဖြုတ်မပေးနိုင်ဘူး…ဒါအမြင့်ဆုံး Tempo…
ဒီဆင်းန် မပါရင် ဒီကားက အရင်ကားတွေအတိုင်းပဲ ဖြစ်သွားမယ်…
ကွဲမထွက်ပဲ ဖြစ်သွားမယ်…
ဒီအခွံတွေထဲပဲ ပြန်ဝင်မယ်
Ending မှာလည်းချိတ်ထားတာဆိုတော့ မဖြုတ်ပေးနိုင်ဘူး…
ထုတ်လုပ်သူတွေနဲ့ပဲ ညှိလိုက်ပါ

လို့ ပြောတယ်တဲ့…။
လုပ်ကြပေါ့ ရှင်တို့က ရဲတွေကိုး…။
မင်းသမီး သက်မွန်မြင့် ကျတော့ တစ်မျိုး…။
သူ့ဘက်ကလည်း ဆင်ခြေက ခိုင်မာနေပြန်ရော…။

သက်မွန်က ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်…
ကျန်တဲ့ နှုတ်ခမ်းခြင်းနမ်းပြီး လျှာသပ်တာ…
ကောင်လေးအင်္ကျ ီကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ…
အဲဒါတွေကိုတော့ သက်မွန်မလုပ်နိုင်ဘူး…။

ပါးနမ်းတယ်ဆိုတာကလည်း ကောင်မလေးက ပါးရိုက်ခဲ့လို့ ကောင်လေးက နာကြည်းချက်နဲ့ ပြန်နမ်းခိုင်းတာ
Ending မှာချိတ်ထားတာလည်း နှဖူးပဲနမ်းတာဆိုတော့ ဒါတွေကို လျှော့ပေးဖို့ ပြောတာပါ…။
ဆင်ဆာလွတ်လပ်ခွင့်ရတယ်ဆိုပေမယ့် သက်မွန်အနေနဲ့ ဒါမျိုးတွေ ရိုက်ဖို့တော့ မသင့်တော်ဘူးထင်ပါတယ်…။
ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုဆိုတာ ရှိသေးတယ်လေ…။
သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူးထင်ပါတယ်…။
နောက်…ထားသခင် ရဲ့ စရိုက်ကလည်း ဒါမျိုးမဟုတ်ဘူး ထင်ပါတယ်…။
အဲဒီအတွက် ဒီဆင်းန်ကို ညှိပေးဖို့ တောင်းဆိုတာ…။
ဒါသည် ဇာတ်လမ်းကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘူး…။
ဒီဇာတ်ကားကို သရုပ်ဆောင်မယ့် မင်းသမီးတစ်ယောက်အနေနဲ့ ညှိနှိုင်းတာ…။
တောင်းဆိုကြည့်တာ…။
ဒါရိုက်တာကို စော်ကားတာလည်းမဟုတ်ဘူး…။
ဆရာလုပ်တာလည်း မဟုတ်ဘူး…။
သူပြောသလို ဒါရိုက်တာခိုင်းတာပဲ လုပ်ရမယ်ဆိုတာ ဒီမင်းသမီးက ဒီသရုပ်ဆောင်တစ်ယောက်က သူ့ရဲ့
အနုပညာပေါ် ခံယူချက်…။
ဒီဇာတ်ကားပေါ်မှာ ခံစားချက်…၊ သူ့ရဲ့ ရပ်တည်မှု…၊ အဲဒါတွေတော့ ရှိသေးတယ်လေ…။
အရုပ်မဟုတ်ဘူးလေနော်…။

ဟုတ်တယ်…။ ပြောပြလိုက်စမ်းပါ သက်မွန်လေး…။ မင်းလေး မှန်ပါတယ်…။
ဒီကိစ္စအတွက်
စာရေးဆရာမ ပုညခင် က သူမရဲ့ မူရင်းဝတ္ထုမှာ မပါပဲ ဝိုင်းက ထပ်ဖြည့်ထားတဲ့ နမ်းတဲ့အခန်းလေး ဖြုတ်ပေးပါ လို့
ပြောထားတာလေးကိုလည်း ကျွန်တော်တို့ သိထားသင့်ပါတယ်…။
စာရေးဆရာမရဲ့ အပြောကို ဒါရိုက်တာဝိုင်းက နံနက်ခင်း ဂျာနယ် အင်တာဗျူးမှာ အခုလို ပြန်ဖြေရှင်းသွားပါတယ်ဗျာ…။

ကျွန်တော် ဒီအတိုင်းပဲ ဆက်ရိုက်မယ်…၊ ကားထွက်လာပြီး ပရိသတ်က ဝေဖန်တယ်ဆိုလည်း ခံမယ်…၊
အမှားကို လက်ခံပေးပါမယ်…၊ သို့သော်လည်း စာရေးဆရာမဆိုတာ ဝတ္ထုပဲရေးတတ်တာ..၊ ရုပ်ရှင်မရိုက်တတ်ပါဘူး…။
မင်းသမီးဆိုတာလည်း သရုပ်ဆောင်ပဲ တတ်တာ…၊ ဇာတ်ညွှန်းမရေးတတ်ဘူး…၊ ဒါရိုက်တာ မလုပ်တတ်ဘူး…၊ ဒီဘက်ပိုင်း လုပ်ရမယ့်ကိစ္စကျတော့ အားလုံးတတ်ရပါတယ်…၊ အဲဒီအတွက် လျှော့ဖို့ အစီအစဉ်မရှိပါဘူး…။
ထပ်ပြောပါမယ်…။
အာဒမ်၊ ဧဝ၊ ဒသ ဝတ္ထုလည်း ဒီဆရာမရေးတာပါပဲ…၊ ကျွန်တော်အများကြီးပြင်ရိုက်…ထည့်ရိုက်တာတွေဟာ ကျွန်တော့် ဖန်တီးမှုဖြစ်ပါတယ်…။ ဝတ္ထုဆိုတာ ဈေးက ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်သားငါးနဲ့ တူပြီး ဒါရိုက်တာက စားဖိုမှူး နဲ့တူပါတယ်…။ ဟင်းကောင်းအောင်ချက်ရမှာ ကျွန်တော့်တာဝန်ပါ…။

နေစမ်းပါဦး ကိုဝိုင်း ရယ်…။
သက်မွန်မြင့်လေးက
နှုတ်ခမ်းခြင်း တေ့နမ်းပါ့မယ် ဆိုဦးတော့…ပြေတီဦးကြီးကလည်း
နမ်းပါ့မယ်ဆိုဦးတော့…။ ပြေတီဦးကတော် ဒေါ်အိန္ဒြာကျော်ဇင်ကြီးကရော ကြည်ကြည်ဖြူဖြူနဲ့…
ခွင့်ပြုပေးပါ့မလားဗျ…။
ဟုတ်ပါပြီ…။
အခုအချိန်မှာ အဲဒီဇာတ်ကားကို မင်းသမီးပြောင်းပြီး ဖွေးဖွေးနဲ့ ရိုက်နေပြီ ဆိုလား …
မင်းသားကလည်း နေတိုး ဆိုလား…
နားစွန်နားဖျားကြားမိပါသေးတယ်…။
တေ့နမ်းကြမယ့် နှုတ်ခမ်းတွေပြောင်းပစ်လိုက်တဲ့ သဘောပေါ့…။ အာဟိ…။

ဒါပေမယ့်ဗျာ…။
သက်မွန်မြင့် နှုတ်ခမ်းနဲ့ ဖွေးဖွေး နှုတ်ခမ်းအဝေးကြီးပါ…။
နှစ်ယောက်စလုံးရဲ့ နှုတ်ခမ်းတွေကို ဘလက်ကြီး နှုတ်ခမ်းတွေနဲ့
ပယ်ပယ်နယ်နယ် နမ်းကြည့်ပါတယ်…။
(စိတ်ကူးနဲ့နော် အစ်ကို…ဟေးဟေး)
ကိုယ်တိုင်သာရွေးခြယ်ခွင့်ရှိခဲ့မယ်ဆိုရင်
သက်မွန်မြင့် နှုတ်ခမ်းလေးပဲ
ရွေး…ဦး…မှာ…။

ချစ်ခင်လေးစားတဲ့ အနမ်းဆရာ ဘလက်…။

102 comments

  • အရီးခင်လတ်

    June 4, 2013 at 7:30 pm

    ဘုရား၊ ဘုရား။
    လဘက်ရည်ဆရာ နားစွန်နားဖျား ရပ်ကွက်ကို ပြောင်းသွားပြီး ပွဲကြမ်း နေပါကလား။
    😆

    {{ ကိုယ်တိုင်သာရွေးခြယ်ခွင့်ရှိခဲ့မယ်ဆိုရင် သက်မွန်မြင့် နှုတ်ခမ်းလေးပဲ ရွေး…ဦး…မှာ…။ }}
    တယ်လဲ သတ္တိကောင်းနေပါလား ဟေ့။
    မဒန် ဘလက် အားကိုး နဲ့လို့ ထင်ပါတယ် ခင်ဗျား။

    • ကြက်အူလှည့်

      June 4, 2013 at 7:50 pm

      အဖျော်ဆြာက ဖျော်း ဆြာ မလုပ်တော့ဘု. မာဆက်ထောင်ထားတယ်. ကွိကွိ.

      အာဟိ.

      :harr:

      မဟာအိပ်ထိယ ဝါဒီ ကွန်ဇာဗေးတစ် ပါတီ အနေနဲ့ပေါ့နော်.
      ဒီကိစ္စအပေါ် ဘယ်လိုသုံးသပ်တယ် ဆိုတာ လေးလည်းပေါ့နော်
      ကြားချင်မိဆယ်ပေါ့နော်.
      လစ်ဘရယ် ပါတီဘက်ကတော့ပေါ့နော်.
      ရိတ်တင်လေးသာထည့်ပေးရင်ပေါ့နော်
      ခြေချုပ်ပြီး မြေဖုတ်ကဝေလို. လျှာစီးခြင်းထိုးလည်းပဲပေါ့နော်
      ခွင့်ပြုစကောင်းတယ် ပေါ့နော်
      အိုက်ဒိလိုပေါ့နော်. ပြောလာလိမ့်မှာပေါ့နော်
      သေချာပါတယ်ပေါ့နော်.

      • black chaw

        June 4, 2013 at 8:30 pm

        ဒီလိုပဲ လုပ်ကိုင်စားရတာပဲ ဂီဂီရေ…။
        အနမ်းမှာ အနုပညာ ရှိတယ်တဲ့နော်…။
        အဲဒီ အနုပညာကို ဝိုင်း က ဖေါ်ထုတ်ဖို့ ကြိုးစားတာနေမှာ…။
        :harr:

        • ကြက်အူလှည့်

          June 4, 2013 at 8:50 pm

          အနုပညာ စိမစိတော့ သများမသိဘု
          သများ သိတာ အနမ်း ဆိုတာ. တန်ဆေး လွန်ကောင်း များဗဲရီးဂွတ်.

          မိုးကြီး မိုးလေး မှုံကြီး မှုံလေး သင်ချာကြီး သင်ချာလေးတို့. ကိုရည်ဇူးပါသည်.

          ကွိကွိ

          :harr:

    • black chaw

      June 4, 2013 at 8:03 pm

      ပထမဆုံး ကွန်းမန့်လေးအတွက် ကျေးဇူးပါ အစ်မရေ…။
      မဒမ် ဘလက်က မေဆွိသီချင်း လေး တစ်ပုဒ် လိုပဲတဲ့…။

      ယောက်ျားကောင်းတော့ မောင်းမတစ်ထောင်တဲ့ စာဆိုရှိသားပဲ
      တွဲသာတွဲပြစ် ကိုကိုရေ…
      ကိုယ့်ယောက်ျားအကြောင်း ကိုယ်သိတယ်…
      ခဏပျော်တာပဲ…ဘဝအဖေါ်မှလည်း…မဟုတ်တာပဲ ကိုကိုရယ်
      အချိန်မှန်မှန်အိမ်ပြန်ပါနော်

      တဲ့…။
      :harr:
      အပျော်ပါဗျာ…။

  • ဦး ကျောက်ခဲ

    June 4, 2013 at 7:33 pm

    အမငီး… ကိုရင်ဘလက်ရယ်… တော်ရေးထားတာကြီးက ကြက်သီးထစရာ…
    ဟိုရွှေမင်းသမီးကလည်း ဆိုင်းဆိုင်းဖမ်းကိုင်နဲ့တုန်းကတော့ တစ်မျိုး ခုတညိုး…
    လိုက်လို့ပဲမမှီနိုင်တော့တာမို့ ဓာတ်ရှင်ထွက်မှ အဲ့အခန်းပဲရွေးကြည့်မယ်…
    :harr:

    • black chaw

      June 4, 2013 at 8:18 pm

      ညောင်းနေညာနေ လေးလံထိုင်းမှိုင်းနေတဲ့စိတ်တွေကို
      အညောင်းပြေအညာပြေ နှိတ်နယ်ပေးတဲ့ သဘောပါ ကိုကျောက်ရယ်…။
      စိတ်ထဲ သိတ်ပါလှတယ်တော့ မဟုတ်ပါဘူး…။ အာဟီး…။
      အော် ဟိုတစ်ယောက်နဲ့တုန်းက ဖင်..ဟဲ့..ဖင်…။
      ဒါက နုနုထွတ်ထွတ် ဖူးဖူးရွရွ နှုတ်ခမ်းဟဲ့…နှုတ်ခမ်း..။
      ဟမ်း…ကောင်းမှကောင်း…။
      :harr:

  • ကြက်အူလှည့်

    June 4, 2013 at 7:37 pm

    ဝုတ်ဘ. ဝုတ်ဘ. အန်ကယ်ကျောက် ဦးသွားတယ် ပြောချင်တာ. အိုက်ဒါ.
    ဒို့မင်းသမီးက မကြည်ရင် နှုတ်ခမ်းအစုတ်မခံပေမယ့်
    ပေါင်းတတ်ရင် -င်ပါကိုင်လို့ရသဗျ. ခိခိ.

    :harr:

  • lele kyi

    June 4, 2013 at 7:58 pm

    “I dreamed of Africa” ကားထဲ က အမျိုးသမီးဇာတ်ကောင် ဇရိုက်ရော ရိုက်ဖို့ စိတ်မဝင်စားဘူးလားဟင်။ အနမ်းတစ်ခုကြောင့်နဲ့ဇတ်ကား အရမ်းပြောင်းလဲမသွားပါဘူးလို့ထင်ပါတယ်။
    နာကြည်းလို့နမ်းတဲ့ အနမ်းကအဓိပါယ်မရှိဘူးလို့ထင်တယ်။

    • black chaw

      June 4, 2013 at 8:36 pm

      @ lele kyi ;
      ကွန်းမန့်လေးအတွက်ကျေးဇူးပါ lele kyi ရေ…။
      အဲဒီကား မကြည့်ဖူးသေးဘူးဗျ…။
      မင်းသားနဲ့ မင်းသမီးက ဘယ်သူတွေလဲ…။
      နည်းနည်း ပြောပြပါဦး…။
      :harr:

  • Mr. MarGa

    June 4, 2013 at 8:11 pm

    မြန်မာနိုင်ငံ ထိရှလွယ်တဲ့ အခြေအနေမှာ
    ဒါကို လက်ခံသင့် မခံသင့်
    ဒီ လူမှုပတ်ဝန်းကျင်ထဲကို ထည့်သင့် မထည့်သင့် ကတော့
    ကိုယ်တိုင် တွေးရုံပေါ့။
    လူထုဒေါ်အမာရဲ့ အမေ့ရှေးစကားတွေ နားထဲ စွဲနေတယ်ဗျာ

    • black chaw

      June 4, 2013 at 8:41 pm

      @ Mr. MarGa ;
      ကွန်းမန့်လေး အတွက် ကျေးဇူးပါ ကိုမာဃရေ…။
      အမြင်မတော်တာတွေ့လို့ကတော့ မိုးကြိုးလက်နက် နဲ့သာ ဆော်ဗျာ…။
      :harr:

  • ဝိုင်းကတော့ တကယ်နမ်းခိုင်းတာ မဟုတ်ဘူးတဲ့… ကင်မလာအဖက် ဆိုလား ဘာလား.. အဲဒါနဲ့ လုပ်မှာတဲ့… နမ်းသလို ထင်ရအောင် လုပ်မှာတဲ့..

    ဟို မျက်လုံးလေးကလယ်ကလယ် ထဲကလိုများလား မတိဝူး… အဲ့မင်းသမီးကတော့ သရုပ်ဆောင်ပိုင်နိုင်ချက်များ..အကယ်ဒမီတောင် ပေးချင်တယ်… :kwi:

    • black chaw

      June 4, 2013 at 9:02 pm

      @ လုံမလေး မွန်မွန် ;
      ရွှေမှုံရတီလေးကို ပြောတာထင်ပါ့…။
      မျက်လုံးလေးကလယ်ကလယ်ထဲမှာ…
      နေတိုး မုဒိန်းကျင့်တဲ့အခန်းလေး မျက်စိထဲက ထွက်ကိုမထွက်တော့ဘူးကွယ်…။
      အဲဒီကားထက် လူမင်းနဲ့ သရုပ်ဆောင်ထားတဲ့
      ကလေးချစ် ဆိုတဲ့ကားလေး ကြည့်…ကြည့်ဦး…။
      ရွှေမှုံရတီလေး ပြောသွားတဲ့ ဒိုင်ယာလော့ခ်တောင်
      ဦးလေး က အလွတ်ရနေသေးတာဗျ…။

      ဒီမှာဦး…
      ကမ္ဘာပေါ်မှာ အဖြူစင်ဆုံး…အသန့်ရှင်းဆုံး နဲ့
      ပထမဆုံးချစ်တဲ့အချစ်က ကလေးချစ်…
      အဲဒါကိုဦးသိလား…။
      မသိရင်မှတ်ထား…မှတ်ထား…မှတ်ထား…။
      လူကြီးတွေရဲ့..အချစ်လိုမျိုး
      ဦးနှောက်ထဲမှာ…
      ပရိယာယ်တွေ…မာယာတွေ…
      ဘာမှမပါဘူး…။
      အဖြူစင်ဆုံးနဲ့ အသန့်ရှင်းဆုံးအချစ်…။
      အဲဒါကို ဦးနားလည်လား…။
      အဲဒါ ကလေးချစ်…
      ရင်ဘတ်ကြီးနဲ့ချစ်တာ…

      ဆိုပြီး လူမင်း နားထင်ကို လက်ညှိုးလေးနဲ့ ထောက်ထောက်ပြီး
      ပြောသွားတာများ မျက်စိထဲက မထွက်ဘူး…။
      ကိုယ့်ပဲ လာပြောနေသလိုလိုကြီး ခံစားရတာဗျ…။ အာဟီး…။ :harr:
      အဲဒီကားထဲမှာလည်း နှုတ်ခမ်းခြင်းနမ်းတာပါသေးတယ်…။
      ခေါင်းနှစ်လုံး ပူးသွားတာကို အနောက်ဘက်ကနေရိုက်ပြီး
      နမ်းသလို လုပ်ထားတာပါ…။
      ဒီလောက်နဲ့တော့ ဦးလေးတို့က ရင်မခုန်တော့ပါဘူး…။
      :harr:
      အဲဒီကားကို ဦးလေးက မဒမ်ဘလက်နဲ့ အတူကြည့်တာဗျ…။
      ကြည့်ပြီးတော့ ကလေးမလေးရွှေမှုံရတီကို မဒမ်ဘလက်က
      သရုပ်ဆောင်တတ်လိုက်တာတဲ့…။
      ထက်ထက်မိုးဦး အငယ်စားလေးကို ကြည့်နေရသလိုပဲတဲ့…။
      အပြစ်တော်မမြင်ပဲ အချစ်တော်ဝင်သွားတယ်ပေါ့ဗျာ…။
      အခုမှသတိရတယ်…။
      သက်မွန်မြင့်နေရာမှာ ရွှေမှုံရတီလေးဆိုရင်ကော ဘယ့်နှယ့်နေမလဲဗျ…။
      အင်း…နမ်းကြည့်ဦးမှပါ…။
      စိတ်ကူးထဲမှာပြောပါတယ်…။
      :harr:
      (အပျော်ပါဗျာ)

      • အမလေးဗျာ… ကုတင်ပေါ်တက် ကုတင်ကြီးလုပ်ပြီး သရုပ်ဆောင်တာများ………. မပီပြင်ချက်က တော့…….. အဟိ

        • black chaw

          June 5, 2013 at 9:31 am

          @ ရွှေတိုက်စိုး ;
          ဟဲ့ နင်တို့က အတွေ့အကြုံရှိတော့ မပီပြင်ဘူးဆိုတာ
          တန်းသိတာပေါ့ဟဲ့…။
          ငါတို့က အတွေ့အကြုံ အဲ…အဲ…ရှိပါများသွားတော့…
          :mrgreen:

    • Foreign Resident

      June 5, 2013 at 9:52 am

      ” ရွှေမှုံရတီလေးကို ပြောတာထင်ပါ့…။ မျက်လုံးလေးကလယ်ကလယ်ထဲမှာ…
      နေတိုး မုဒိန်းကျင့်တဲ့အခန်းလေး ၊ မျက်စိထဲက ထွက်ကိုမထွက်တော့ဘူးကွယ်…။
      အဲဒီကားထက် လူမင်းနဲ့ သရုပ်ဆောင်ထားတဲ့ ကလေးချစ် ဆိုတဲ့ကားလေး ကြည့်…ကြည့်ဦး ”

      အင်း ၊ ဦး Black ဒီလောက် ညွှန်းနေမှတော့ ၊
      ရွှေမှုံရတီလေး ရဲ့ ” မျက်လုံးလေးကလယ်ကလယ် ” နှင့် ” ကလေးချစ် ” ဆိုတဲ့ ၊
      ကား ၂ ကားစလုံး ငှားကြည့်ဦးမှပါပဲ ။

      • ကြက်အူလှည့်

        June 5, 2013 at 10:05 am

        ကွိကွိ..ဘောက်မဲ့ဂျောင့် မှုံလေး ကိုပဲ တဖက်သတ် လော်ဘီလုပ်နေပါသနီး ဘဘဘလက်

        :harr:

        သင်ချာလေး လည်း မခေဘာဘု…

        :528:

        သခင်မျိုးဟေ့ ..ဒိုဘာမန်..

        :kwi:

        http://www.youtube.com/watch?v=xfcN7Ip7htY

      • black chaw

        June 5, 2013 at 1:08 pm

        @ Foreign Resident ;
        Sexy တော့ မဖြစ်ဘူး ကိုဖေါ ရေ…။
        သရုပ်ဆောင်တာတော့ အတော်ကောင်းပါကြောင်း
        ကြော်ငြာဝင်ပေးလိုက်ပါတယ်ဗျာ…။
        ကလေးချစ် က ကျွန်တော်တို့ ကိုဖေါတို့ အရွယ်တွေ
        ကြည့်သင့်ပါကြောင်း…။
        အာဟီး…။
        :mrgreen:

    • သူကလေး

      June 6, 2013 at 10:38 am

      တူညားဘာသာ ကင်မလာအဖက်ကောင်းတာ ဒို့ ၁၄နှစ်တမီးလေးကို ထိနဲ့နော် မမမွန် 😀 အဟိ
      ကမာဃပြောတာလေးသဘောကျလယ် 🙂

  • ဦးဦးပါလေရာ

    June 4, 2013 at 10:07 pm

    အဲဒီတော့-
    ဒါရိုက်တာဝိုင်းပြောသွားတာလေးတွေကိုစဉ်းစားကြည့်တော့
    ဒီ နှုတ်ခမ်းချင်းနမ်းတဲ့အခန်းက အမြင့်ဆုံး tempo ဆိုတော့ အဲဒါက ဘာကားမို့လို့များပါလိမ့်နော်…
    ဒီအခန်းမပါရင် အရင်ကားတွေလိုပဲဖြစ်မယ်၊ ဒီအခန်းပါမှ အရင်ကားတွေထဲက ခွဲထွက်မယ်လို့ဆိုတော့
    ဒီကားပြီး နောက်ထပ်ရိုက်မယ့်ကားများဆို ဒီ့ထက်မက ခွဲထွက်ဦးမယ့်သဘောပေါ့…
    ကျုပ်တော့ ဒါရိုက်တာဝိုင်း နောက်ထပ်ရိုက်မယ့်ကားတွေကိုပဲ စောင့်ကြည့်တော့မယ် ကိုချောရေ…

    :harr:

    • black chaw

      June 5, 2013 at 9:12 am

      @ ဦးဦး ပါလေရာ ;
      အခု အချိန်ကတော့ အထူးအဆန်းဖြစ်နေကြသေးတဲ့ အချိန်ပေါ့ ကိုပါကြီးရေ…။
      နောက် ၂ နှစ်လောက်ဆိုရင်…….။

  • uncle gyi

    June 4, 2013 at 11:03 pm

    ရှင်းပါတယ်ကိုဘလက်ရယ်
    ဒါရိုက်တာကသူလုပ်တတ်တာသူပြောတာ
    သူကဒီ့ထက်မကလုပ်တတ်တယ်ဆိုတာလည်းမပြောလည်းသိကြမှာပါ
    ဒီလိုအခန်းနဲ့မှပရိတ်သတ်ထိမ်းတဲ့ဒါ့ရိုက်တာ
    သူ့အဆင့်သူသတ်မှတ်တာကိုယ်တွေကမှတ်ထားလိုက်ပေါ့

    • black chaw

      June 5, 2013 at 9:16 am

      @ uncle gyi ;
      ကျွန်တော် ဒီပို့စ်မှာ ဘယ်သူ့ကိုမှ အပြစ်မပြောထားပါဘူး အန်ကယ်ကြီးရေ…။
      စာရေးဆရာမက ဝတ္ထုရေးတယ်…။
      ရုပ်ရှင်ဒါရိုက်တာက ကြိုက်လို့ ဝယ်ပြီး ရုပ်ရှင်ရိုက်တယ်…။
      သူ့ဗားရှင်းနဲ့ သူပေါ့နော်…။
      ဇာတ်ကားရုံတင်ရင်တော့ ကြည့် ကြသေးတာပေါ့…။
      အဲဒီတော့မှ ဆဲစရာရှိရင်လည်း ဆဲကြမယ်ဗျာ…။
      လက်ခုတ်တီးစရာရှိရင်လည်း တီးကြမယ်ဗျာ…။
      စောင့်ကြည့်ကြတာပေါ့…။
      :harr:

  • kai

    June 5, 2013 at 1:35 am

    ဘာပဲပြောပြောလေ…
    အဲဒီကားထွက်လာရင်.. ကြည့်သူတော်တော်များမယ်ထင်မိတယ်..

    ဆိုတော့…
    ပရိသတ်ကအဓိကပါ…
    Twilight (series)ကားမှာ.. မင်းသားEdward နဲ့မင်းသမီးBella မင်္ဂလာဦးညဖြတ်သွားပုံလေးမှတ်မိမှာပေါ့..
    အပြင်မှာ..Robert နဲ့ Kristenဆွဲကြတယ်လို့တော့ ပြောကြသံမကြားမိပါဘူး..
    ရုပ်ရှင်သရုပ်ဆောင်ဇတ်ကောင်မင်းသမီးဟာ.. အပြင်လောကက မင်းသမီးနဲ့ တူတူကြီးမဖြစ်သင့်/မမြင်သင့်ပါဘူး..

    • အရီးခင်လတ်

      June 5, 2013 at 1:50 am

      Since meeting on the set of Twilight in 2008, Stewart has been romantically linked to co-star Robert Pattinson.
      Stewart officially acknowledged her relationship with Pattinson for the first time in July 2012, when Us Weekly published photos of Stewart involved with her Snow White and the Huntsman director, Rupert Sanders.
      The day the photos were released, Stewart issued a public apology to Pattinson, saying, “This momentary indiscretion has jeopardized the most important thing in my life, the person I love and respect the most, Rob. I love him, I love him, I’m so sorry.”
      http://en.wikipedia.org/wiki/Kristen_Stewart

      သူကြီး အိပ်များပျော် နေလေရော့သလား။
      အဲဒီ သတင်းရက် တွေတုန်းက ရွာထဲက ရွာသူလေး တစ်ချို့ ကတောင် သူတို့ အကြောင်းဝေဖန်ခဲ့သေးရဲ့။
      ဒီလောက မှာ အချင်းချင်း ညိတာ ဆန်းလား ဆိုတာ မေးခွန်း တောင် မဖြစ်သင့်တော့။ 😆

      • ကြက်အူလှည့်

        June 5, 2013 at 6:37 am

        နောက်ဆက်တွဲသတင်း ခည…
        အိုက်ဒိမှာ ခွာပြဲ .. ပြန်အဆင်ပြေပြီး ပြန်တွဲလိုက်ကြသေးဒယ်…
        အဲ… နောက်ပိုင်း .. ပြန်တွဲနေတာတောင် ဖုန်းနဲ့ မက်စိ တွေ ပို့နေသေးတာ ဟိုဘဲက တွေ့ပြီး
        ထပ်ကွိုင်သေးတယ်.. ဒီတခါနောက်ဆုံးဖြစ်မယ်လို့မီဒီယာတွေက မှန်းကြပါရဲ့ဗျို့ …
        အော်.. မိန်းမ မိန်း-မ

        ကြာဘာဒယ် လောဘ ပက်တင်ဆန်ရာ …
        ကေအေတီယီးလိုသာ ကွမ်းသီးပီး သေပလိုက်ပါ
        ကမာ္ဘလုံးဆိုင်ရာ နှုတ်ခမ်းနီမလေးများ အဖွဲ့ချုပ်က မျက်ရည် ဆုဖလား
        ခညားအတွက်ဖြစ်မှာပါ..
        အော်.. မိန်းမ မိန်း-မ

        :byae:

        • မိုက်ကယ်ဂျော်နီအောင်ပု

          June 5, 2013 at 9:22 am

          သူတို့တတ်နိုင်ပုံများ
          အိမ်ပေါ်ကနေအထုပ်ကောက်ပြီးဆင်းသွားတဲ့ပုဂ္ဂိုလ်ကလည်း
          ရက်တောင်မလည်သေးဘူး ပြဇာတ်ရေးတဲ့ ဇာတ်ဆရာမနဲ့
          ဘာညာကွိကွနေဘီဆိုဘဲ
          ဟိုမမကလည်း ပျင်းတောင်ပျင်းသေးတယ်ဆိုတဲ့ပုံနဲ့
          ဪ…..
          သူတို့လောက သူတို့လောက
          အချစ်ဆိုတာ ဖြစ်ပြီးပျက် ပျက်ပြီးဖြစ် တစ်ခါပြီးတစ်ခါ
          ဒါတွေနဲ့ဘဲလည်ပတ်နေဒါဘါလါး
          ငါးပူတင်းအတွတ်တော့ ကိုယ်မခံနိုင်ဘူးကွယ် ဟယ်ဟယ်

    • black chaw

      June 5, 2013 at 9:23 am

      @ kai ;
      ခက်နေသေးတာက အခုလောလောဆယ်မှာကိုပဲ
      ရွှေမှုံရတီ ဆိုတဲ့ မင်းသမီးလေး သရုပ်ဆောင်ထားတဲ့
      ဇာတ်ကား ၂ ကား နာမည်ကြီးနေတယ် သူကြီးရေ…။
      အဲဒီထဲ နှုတ်ခမ်းခြင်းတေ့နမ်းတယ်လို့ ထင်ရအောင်..
      ဒါရိုက်တာတွေက ထည့်ရိုက်ထားတာလေး တွေပါခဲ့တယ်ဗျာ…။
      အဲဒါကို သတင်းစာတွေထဲကနေပြီးတော့တောင်
      မဖြစ်သင့်ပါဘူးဆိုပြီး ဝေဖန်နေကြတာဗျ…။
      သရုပ်ဆောင်တဲ့ မင်းသား မင်းသမီး ဒါရိုက်တာတွေကတောင်
      နှုတ်ခမ်းခြင်းမထိခဲ့ပါဘူး ဆိုပြီး ဖြေရှင်းနေရပြန်ရောသူကြီးရေ…။
      :harr:

  • KZ

    June 5, 2013 at 7:59 am

    သဲသဲလှုပ် (ကို) ဘလက်ချော။ (ဒီ အသုံးအနှုန်းကို သဘောကျလို့ဗျ)

    ခေါင်းစဉ်ကြည့်ကိုက ဝင်မဖတ်ပဲ မနေနိုင်အောင် ဆွဲဆောင်လွန်းလှသကိုး။ :mrgreen:

    ကမ႓ာ ရုပ်ရှင် အဆင့်ကို မှီလို့ ရတဲ့ နေရာက မှီအောင်လိုက်မယ်ထင်ပါရဲ့။ :mrgreen:

    ရိုက်မဲ့သူရော…
    ငြင်းလိုက်တဲ့ မင်းသမီးရော..
    လက်ခံလိုက်တဲ့ မင်းသမီးပါ .
    ကျနော် သဘောကျတဲ့ သူတွေချည်းမို့ ဘာမှ ထွေထွေထူးထူးမပြောလို။
    ကိုယ့်သဘောကိုယ်ဆောင်ကြပါ။ 🙂

    အဟမ်း!!!
    ခေါင်းစဉ်နဲ့ ပတ်သက်ပြီးတော့ ပြောရမယ် ဆိုရင်ဖြင့်….
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .

    ဟယ်။ ပြောတော့ပါဘူး။
    ဒီ ပညာ ဘယ် အဆင့်ဆိုတာ လူတွေ သိရင် ချက်ချာဂျီးရယ်။
    :harr:

    • black chaw

      June 5, 2013 at 9:28 am

      @ KZ ;

      ခေါင်းစဉ်ကြည့်ကိုက ဝင်မဖတ်ပဲ မနေနိုင်အောင် ဆွဲဆောင်လွန်းလှသကိုး။ :mrgreen:

      ဟဲဟဲ…။
      မှန်ရာကို ဝန်ခံရရင် ခေါင်းစဉ်နဲ့ ဖမ်းစားလိုက်တာပါဗျာ…။
      စာတစ်လုံးမှ မပါတဲ့ စိုးမြတ်သူဇာ ပို့စ် က ထိပ်ဆုံးရောက်နေတာကြည့်ပြီး
      နည်းနည်း လုပ်ကြည့်လိုက်တဲ့သဘောပါ…။
      ပြောရင်လည်း ခံရတော့မှာပဲ ဗျာ…။
      :mrgreen:

  • အို………….. ခေါင်းစဉ်ကြီးကလဲ ရှက်ချာကောင်းတာဂျာ………ဦးလေး ဘလက်ချောဂျီး ဘာဒွေ ကျောမှန်းလဲ တိဘူး……….. တားတို.က ခုမှ ခေးချိတေးဒါ………..

    ရုပ်ရှင်မင်းသမီးတွေများ……… ကိုယ့်ကို ဟောလီဝုဒ် တန်းဝင်အောင်မြှင့်ပေးနေတာကို အောက်ပဲခုန်ဆင်းခြင်နေကြတာ………အေ……. မပြောချင်ဘူး……. ဟိဟိ.. ရွှေမှုံရတီလေး များ သင်စရာမလိုဘူး……. မျက်လုံးလေး စင်းပြီး လျှာလေးတောင် သပ်လိုက်သေးးးးးးးး ဟေးဟေးဟေးးးးးးးး

    ဦးဘလက် ရေ သင်တန်းကျောင်းဖွင့်ဗျာ……… ကိုဘလက်ချောနှင့်ညီအစ်ကိုများ…… တေ့နမ်း သင်တန်းကျောင်း လို……… :kwi: :kwi:

  • ခင် ခ

    June 5, 2013 at 10:11 am

    ခေါင်းစဉ်ကြည့်ပြီး ဝင်ဖတ်လိုက်တော့
    ဪ နှုတ်ခမ်းချင်းတေ့နမ်းဖို့ ဇတ်ဝင်ခန်း အချင်းများနေကြတာကိုး။
    မီးရောင်လေး မပွင့်တပွင့် မလင်းတလင်း အောက်မှာ နှုတ်ခမ်းခြင်းမက နမ်းကြတာတွေလည်း ရှိကြ သိကြ လက်ခံကြပေမယ့်လည်း စလိုက်တွေ အလင်းပြန်မှန်တွေ အောက်မှာ သရုပ်ဆောင်ကာ ဖြန်ချီပြသဖို့ အတွက်ရိုက်ရမယ်ဆိုတော့လည်း ငြင်းကြခုံကြ ပြောင်းလဲကြနဲ့နော်။
    အငြင်းမပွားဘဲ ဇတ်ဝင်ခန်းလည်း ပီပြင်အောင် လင်းမယားဖြစ်နေတဲ့ မင်းသားနဲ့မင်းသမီး သာရိုက်လိုက်
    ကြရင်ကော ဘာပြောကြအုံးမလဲ မသိဘူးနော်။

    • black chaw

      June 5, 2013 at 10:18 am

      @ ခင်ခ ;
      စိတ်ပြေလက်ပျောက်ပါ ကိုခင်ခရေ…။
      လွန်ခဲ့တဲ့ ငါးလလောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကို
      အခုမှ ပြန်တင်လိုက်တာပါ…။
      ပေါ့ပေါ့ပါးပါးပဲ ဖတ်ပါဗျာ…။
      :mrgreen:

  • ဦးကြောင်ကြီး

    June 5, 2013 at 10:22 am

    ဦးဘလက် ပြောသလောက် မြင်ယောင်ကြည့်တာ မင်းတမီးက ပါးရိုက်လို့ မင်းဓါးက နာကျည်းချက်နဲ့ သူ့ပါးကို ပျံနမ်းခိုင်းတယ်၊ အဲဒမှာ တောင်မလေးက မက်မက်မောမောနဲ့ နှုတ်ခမ်းကိုပါ လျှာနဲ့သပ်တဲ့အပြင် ရင်ဘတ်ကိုပါ နမ်းပြတယ်… တမ်ပိုအမြင့်ဆုံး ဖြစ်နေမှာတော့ ဟုတ်၏…။ သင်္ကြန်မိုးဇာတ်ကားမှာ ပုဂံဘုရားဖူးခရီး နောက်ဆုံးညဖက် မေသန်းနုနဲ့ ခွဲကာနီး ဇင်ဝိုင်းက ဟန်းချိန်းလေးကို မင်းတမီး ခြေထောက်မှာ ဒူးထောက်ပီး ဆွဲပေးတာမျိုး ဇာတ်ရှိန်မြှင့်ယူတာ ဖြစ်မှာပေါ့….။ သို့ပေမဲ့ပေါ့လေ…… :roll:…
    ဘာဖြစ်ဖြစ်ဗျာ… ကျုပ်အလှည့် ရှိခဲ့မယ်ဆို မင်းတာမီးကို အဲလို အလုပ်ခိုင်းဘူး… အောက်တဆင့်စီ နိမ့်လုပ်ခိုင်းမယ်… :mrgreen:

  • black chaw

    June 5, 2013 at 10:32 am

    @ ဦးကြောင်ကြီး ;
    စိတ်ကူးနဲ့ ရုပ်ရှင်ရိုက်ရတာ အရသာတော်တော်ရှိတယ်ဗျ…။
    ဒီတစ်ခါ ကိုကြောင်ကြီးအလှည့်ဗျာ…။
    ကဲ ရိုက်ပေတော့..။
    :mrgreen:

  • amatmin

    June 5, 2013 at 10:48 am

    ခေါင်းစဉ်လေး သဘောကျလို့ဖတ်ရင်း
    မနေနိုင်လို့ ဝင်မန့်သွားတယ် ကျောင်းဒကာရေ…
    သူများတွေလို အဆိုးအကောင်းသိအောင်..
    အဲ့လို အကြောင်းအကျိုးမလုပ်ဖူးသေးပေမဲ့…
    ကိုယ်က ပွဲကြည့်မဲ့ပရိသတ်ဆိုတော့..မပါရင်ကောင်းသလိုပေမဲ့လည်း..
    ပါလာခဲ့ပြန်ရင်လည်း အတိုင်းထက်အလွန်ပေါ့ဗျာ… 🙂
    ဒါနဲ့ အူးလေးပြောထားတဲ့ နေရာလေး အချိန်ရရင်
    အတူတူသွားကြတာပေါ့ အနမ်းဆရာရယ်.. 😛

    • black chaw

      June 5, 2013 at 11:04 am

      @ amatmin ;
      ခေါင်းစဉ်….။
      ဟုတ်တယ်…အဲဒီခေါင်းစဉ်က အဓိကပဲ ညီလေးရေ…။
      Top Posts & Pages ရဲ့ ထိပ်ဆုံးမှာ စိုးမြတ်သူဇာကြီး နာမည်ရောက်နေလေတော့
      အချိန်မရတဲ့ ကြားထဲက စိုးမြတ်သူဇာကြီး ဘာတွေများဖြစ်နေပြီလဲပေါ့…။
      ဝင်ကြည့်မိသွားတယ်ဗျာ…။
      အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့

      – Members များတောင်းဆိုချက်အရ Admin မှ ယခု Post ကို ဖျက်လိုက်ပါသည်။ –

      တဲ့…။
      သေရော…။
      ခေါင်းစဉ်ရဲ့ ဖမ်းစားမှုကို ခံလိုက်ရတယ်ဗျာ…။
      အခု ညီလေးကလည်း နှုတ်ခမ်းခြင်းတေ့နမ်းတဲ့ အနမ်း ဆိုတော့
      ဟဲ…ဟဲ…စိတ်ဝင်တစားနဲ့ ဘာများလဲဆိုပြီး ဝင်အကြည့်..။
      မမြင်ရတာကြာနေပြီဖြစ်တဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
      စကားမစပ်…
      နှုတ်ခမ်းခြင်း တေ့ နမ်းတဲ့အနမ်းမျိုး ညီလေး နမ်းဘူးလား…။
      ကိုအောင်ပုကြီးပြောတာတော့ ဆားလောက်လည်း မငံဘူးတဲ့…။
      ငပိလောက်လည်း မနံဘူးတဲ့…။
      သွားမတိုက်ရသေးလို့နေမှာဗျ…။
      :mrgreen:

      • ရွာစားကျော် မင်းနန္ဓာ

        June 6, 2013 at 11:28 pm

        ကိုအောင်ပုကြီးပြောတာတော့ ဆားလောက်လည်း မငံဘူးတဲ့…။
        ငပိလောက်လည်း မနံဘူးတဲ့…။

        မင်းလူ ဝတ္တုတစ်ပုဒ်ထဲမှာတော့ သူချစ်သူကောင်မလေးကို နမ်းတော့ ပြောင်းဖူးပြုတ်နံ့ရ ဆိုပဲ..
        အော်ရယ်..
        ကြုံဖူးသူများ ပြောကြတာ အညိုးညိုးပဲ..

  • lele kyi

    June 5, 2013 at 11:09 am

    Kim basinger နဲ့ vicent Perez ပါ။ ဇတ်လမ်းကတော်တော်ကြာနေပါပြီ။ အရမ်းကြံ့ခိုင်တဲ့ ဇတ်ကောင်စရိုက်ကိုသဘာကျလို့ပါ။ Kenya ကရှခင်းတွေလဲတော်တော်လှတယ်။ အဲလိုကားမျိုးရိုက်စေချင်လို့ပါ။ နမ်းတာအပြစ်မဟုတ်ပါဘူူး။ အနမ်းကြောင့်ပိုလှပတဲ့ ဇတ်လမ်းတစ်ခုဖြစ်လာမယ်။ဒါပေမဲ့လည်း အနမ်းတစ်ခုတည်းနဲ့လည်းရုပ်ရှင်ကားကောင်းကောင်းဖြစ်စ်မလာပါဘူးလို့ထင်လို့ပါ။ တစ်ခြားတစ်ဖက်ကတွေးကြည့်တာ။:)

  • black chaw

    June 5, 2013 at 11:12 am

    @ lele kyi ;
    ရုပ်ရှင် ကားကောင်းကောင်း လေး ညွှန်းပေးတဲ့ အတွက်
    ကျေးဇူးပါ ဗျာ…။
    ရှာကြည့်လိုက်ပါဦးမယ်…။
    ကျွန်တော်လည်း ထောက်ခံပါတယ်…။
    နမ်းတာမှ ဘယ်လို အပြစ်မှ မရှိဘူးဆိုတာကိုပါ…။
    :mrgreen:

  • lele kyi

    June 5, 2013 at 11:21 am

    နောက် ဇတ်ကားတစ်ခုထပ်ညွန်းမယ်။ ဟီး။ အဲဒါကသူတို့ရဲ့ Creation ကိုအရမ်းကြိုက်တာ။ Legend of the guaridians.

  • ဆူး

    June 5, 2013 at 11:25 am

    ဒီပိုစ် နာမည်လေး ထူးဆန်းလို့.. ဝင်ဖတ်ကြည့်တာ.. မန်းတဲ့ လူတွေကလည်း များသကိုး…
    ပိုစ် နောက်ဆုံး အဆုံးသတ်မှာတော့.. ဦးဘလက်ကြီး တယောက်တည်း ဆိုတော့..
    နှုတ်ခမ်းကြီးစေ့ အံကို ကြိတ်မိ သွားတယ်လို့ ထင်တယ်။

  • black chaw

    June 5, 2013 at 11:30 am

    @ ဆူး ;
    ပို့စ် နာမည်က မထူးဆန်းပါဘူး ရွာတော်ရှင် ရယ်…။
    နမ်းတာများ ဘာများ ထူးဆန်းတာပါနေလို့လဲဗျာ…။
    အဲဒီမထူးဆန်းတာကပဲ ထူးဆန်းနေတာဗျ…။
    နီးနီးလေးနဲ့ ဝေးနေကြတာဗျ…။
    ဘာပဲဖြစ်ဖြစ်ဗျာ…။
    ရွာထဲဝင်ကာစတုန်းက ခင်ဗျားခေါ်ခဲ့ဘူးတဲ့
    ဦးလေးကြီးအမဲဆီ ဆိုတဲ့ နာမည်လေး ပြန်အခေါ်ခံချင်မိပါသေးတယ်…။
    လေးစားခင်မင်တဲ့…
    ဦးလေးကြီး အမဲဆီ…။
    :mrgreen:

    • ဆူး

      June 5, 2013 at 11:56 am

      ဦးနှောက်တွေလည်း မိုးတွင်းဆိုတော့ စိုထိုင်းစ နဲ့ မှိုတွေ တက်ကုန်ပြီ ထင်ပါရဲ့.. ဦးလေး အမဲဆီ လို့ ခေါ်ခဲ့တာ ဆူး အစ ပဲလား ဆိုတာ ဟုတ်မဟုတ် လိုက်ရှာကြည့်တော့.. ဆူး တယောက်တည်း ဖြစ်နေတယ်။ အဟိ..

      တခါတုန်းက ဦးဦးဘလက်လို့ ရေးတာ အမှတ်မထင် လ တလုံး ပိုပြီး ဦးဦးဘလလက် ဖြစ်သွားတာလေး ကို ဦးလေး က ဘလ အပြည့်ရှိတယ် ပြန်ရေးတာနဲ့ အားနာသွားလို့..

      ွကွန်မန်းရေး အန်းတာ ခေါက်ပြီး ဟိုလှည့် ဒီလှည့်ပဲ ရှိသေးတယ်.. ချက်ချင်း ပြန်ထားတယ်.. လေးစားပါတယ်။

  • kyeemite

    June 5, 2013 at 11:31 am

    ဒါရိုက်တာဝိုင်းပြောသွားတဲ့…
    “ဝတ္ထုဆိုတာ ဈေးက ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်သားငါးနဲ့ တူပြီး ဒါရိုက်တာက စားဖိုမှူး နဲ့တူပါတယ်…။ ဟင်းကောင်းအောင်ချက်ရမှာ ကျွန်တော့်တာဝန်ပါ…။”
    ဆိုတာလေးတော့ သဘာကျသဗျာ… 🙂
    ရဲဘော်ဘလက်ရေ..အခွေရှိရင်ငှားပါဗျို့ 😛

  • black chaw

    June 5, 2013 at 11:35 am

    @ kyeemite ;
    အခွေက မထွက်သေးဘူး ကိုမိုက်ရေ…။
    ကျွန်မက နှင်းဆီပါမောင် ဆိုတဲ့ နာမည်လေး မှတ်ထားဗျာ…။
    ရုပ်ရှင်ဆိုတော့ ရုံတင်ရင် သွားကြည့်ဖို့ စောင့်ပေဦးတော့…။
    ရွှေမှုံရတီ လေးတွေ လိုချင်ရင်တော့ ရမယ်ဗျာ…။
    မဒမ်ဘလက်မသိအောင် အပိုင်ဝယ်ပြီး သိမ်းထားတာဗျ…။
    :mrgreen:

    • ရွှေတိုက်စိုး

      June 5, 2013 at 12:48 pm

      ဟာ ဒါကျတော့ ချစ်ကိုကြီးနဲ. တူသွားပြန်ဘီ…
      သများဆို လျှာသပ်တဲ့အခန်းကို ဖြတ်ပြီး ဖုန်းထဲတောင်ထည့်ထားတာ………… ခွိ

      • black chaw

        June 5, 2013 at 12:57 pm

        @ ရွှေတိုက်စိုး ;
        လျှာသပ်တဲ့ ကိစ္စအသာထားဦး ဟ…။
        အိမ်မှာ အုပ်အုပ် ဗိုက်နာနေပြီ တဲ့ ရွှေတိုက်ရေ…။
        လျှာသပ်တဲ့တာဝန် ငါ့ကိုပေး နင်က အိမ်ပြန်ပြေးပေတော့…။
        :mrgreen:

  • may july

    June 5, 2013 at 11:51 am

    ဖြစ်ပျက်သဘောရှေ့ရှု့ကာပြောရမယ်ဆိုရင်ဖြင့် …

    အော် အနိစ္စ … 💡 🙄

    • black chaw

      June 5, 2013 at 12:03 pm

      @ may july ;
      စိတ်လျှော့ ဒကာမကြီး စိတ်လျှော့…။
      တောတော့မထွက်လိုက်ပါနဲ့ဦး…။
      :mrgreen:

  • Shwe Ei

    June 5, 2013 at 11:57 am

    သများသာဆိုရင်တော့ ဇာတ်ညွှန်းမပြောင်းခိုင်းဝူး……မင်းသားဘဲပြောင်းခိုင်းမယ်….အာ..ဟိ

    မင်းသားနံမယ်က….ဒဂယ်ရိုက်ရမှပျော့စ်မယ် :harr:

    • black chaw

      June 5, 2013 at 12:08 pm

      @ Shwe Ei ;
      ဘက်ခ်မ်း ရုပ်ရှင်ရိုက်တော့မယ် လို့ နားစွန်နားဖျားကြားထားတယ်ဗျ…။
      ဘက်ခ်မ်း နဲ့ ဆိုရင်ရော…။
      :mrgreen:

  • Novy

    June 5, 2013 at 12:03 pm

    နှုတ်ခမ်းခြင်းတေ့နမ်းကြ မည်ဟုစိတ်ကူးလေသောအခါ
    နိုးစမစ်နိုးကစ်ကို သတိရကြလေကုန်
    သို့မဟုတ် Pagoda ကို မမေ့ကြပါရန် သတိပေးနိုးဆော်အပ်ပါသည်:harr:

    • black chaw

      June 5, 2013 at 12:13 pm

      @ Novy ;
      နမ်းတဲ့အချိန်…ဘုရားကိုမေ့ထားပြီး
      ဘုရားအာရုံပြုတဲ့အချိန်…မနမ်းနဲ့ပေါ့ဗျာ…။
      :mrgreen:

      • ခင် ခ

        June 5, 2013 at 3:41 pm

        “နမ်းတဲ့အချိန်…ဘုရားကိုမေ့ထားပြီး
        ဘုရားအာရုံပြုတဲ့အချိန်…မနမ်းနဲ့ပေါ့ဗျာ…။´´
        Like ပါဗျို့။

  • marblecommet

    June 5, 2013 at 12:28 pm

    ဆရာ သော်တာဆွေကတော့
    ပြောဖူးတယ်
    ူပါးကို နာခေါင်းကြီးမြုပ်သွားအောင်
    နမ်းတာက ဗမာ နမ်းတဲ့
    နှုတ်ခမ်းချင်း တေ့ နမ်းတာက ဘို နမ်းတဲ့
    သူတို့ခေတ်သူတို့အခါက
    သတ်မှတ်တာရယ်…..
    သက်မွန်ချင်းကလေးကတော့
    ပါးမြုပ်ချင်မြုပ်ပါစေ…..
    မတေ့ချင်ဘူးဆိုပါတော့ ….ဂလု ဂလု…..

    • ကြက်အူလှည့်

      June 5, 2013 at 12:38 pm

      ဟီဟိ..
      သမိုင်းကို ပြန်တူးဂျပါလားဗျာ…ဘာမန်း တွေ ဘယ်တုန်းကစလို့ ဖရန့်ရှ်ကစ်စ် ကစ်စ်တတ်သလဲ ဆိုတာ သိဂျင်သား။

      :528:
      စကားမစပ်
      တေ့ယုံမဟုတ်ဘူး ဆြာသမားရဲ့..စာထဲမှာပါတယ် ..ဘာတဲ့

      ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်…
      ကျန်တဲ့ နှုတ်ခမ်းခြင်းနမ်းပြီး လျှာသပ်တာ…
      ကောင်လေးအင်္ကျ ီကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ…

      ပလပ် ပလပ် ပလပ် ပလပ်

      :harr:

  • black chaw

    June 5, 2013 at 12:36 pm

    @ marblecommet ;
    နှုတ်ခမ်းခြင်းတေ့နမ်းတယ်ဆိုမှ နင်က ကွန်းမန့်ဝင်ရေးတယ်ပေါ့လေ…။
    ကျွမ်းကျင် အဆင့် ၁ တော့ မဟုတ်လောက်ပါဘူးနော် ကိုကို…။
    နင့်ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကမ်းကြီးရေ…။
    :mrgreen:

    • marblecommet

      June 5, 2013 at 3:33 pm

      အခုမှ ရွာထဲရောက်ဖြစ်လို့ပါ ကိုဘလက်ရာ…
      ဘယ်ကလာ ကျွမ်းကျင်အဆင့်ရမှာတုန်းဗျာ
      သားတို့က အရာရာခေတ်နောက်ကျသူဆိုတော့
      အာ့ကိုရီးပြောတဲ့အဆင့်မှာ
      အ သုံး လုံး အဆင့်ပဲ ချိသေးဘာဒယ်…..

  • TNA

    June 5, 2013 at 12:55 pm

    ဒီကားက မဒမ်ပြေတီဦးက ခွင့်မပြုလို့မင်းသားလဲနှုတ်ထွက်ပြီး နေတိုးနဲ့ပြောင်းရိုက်သလို့ မင်းသမီးလဲနှုတ် ထွက်ပြီး သူတို့ အနုပညာလောကမှာ ရက်ရောတယ်လို့နာမည်ကြီးနေတဲ့ ( ဘာတွေများရက်ရောပါ လိမ့်။ လေးဘလက်နဲနဲစဉ်းစားကြည့်လိုက်ပါအုံး။ ) ဖွေးဖွေးနဲ့ ပြင်ဦးလွင်မှာ စရိုက်နေပါပြီ။ နေတိုးကတော့ ကြံဖန်စိတ်ပူနေပါတယ်။ လေးဘလက်ပြောတဲ့ နမ်းတဲ့အခန်းမဟုတ်ပဲ ဖွေးဖွေး ကိုဖိနပ်စီးပေးတဲ့အခန်းကိုပါ တဲ့။ ပိတ်သတ်များအမြင်စောင်းသွားမစိုးဆိုပဲ။ လေးဘလက် ညွှန်းလို့ ဟိုနှစ်ကားငှားကြည့်လိုက်အုံးမယ်။ အပြင်မှာတော်တော်လေးတော့နာမည်ကြီးနေတယ်။ မြန်မာရုပ်ရှင်လဲ တယောက်စ နှစ်ယောက်စကနေ အဲလိုအခန်းတွေတရားဝင်ဖြစ်လာတော့မှာပဲ လေးဘလက်ရေ။ မကြာတော့ဘူးထင်ပါတယ်။ ရင်လေးမိပါတယ်။

    • black chaw

      June 5, 2013 at 1:02 pm

      @ TNA ;
      တရားဝင်ဖြစ်မယ်ဆိုရင်လည်း ပီပီပြင်ပြင် ရဲရဲဝင့်ဝင့် ပီပီပြင်ပြင်
      ရိုက်ပြကြစေချင်တယ်ဗျာ…။
      အခုတော့ ကြည့်တဲ့လူတွေမှာ မချင့်မရဲနဲ့…။
      :mrgreen:

  • Black Cloud

    June 5, 2013 at 2:59 pm

    ဒီ ဇာတ်လမ်းကြီးက အခုထိ မရိုက်ဖြစ်သေးဖူးလားဟင်…….
    ကြားတာကြာပါပီ……..

    ဘယ်လိုပဲစဉ်းစား စဉ်းစား….
    မြန်မာမင်းသမီးတွေ နမ်းတာကတော့ တချိန်ကျရင် ပိတ်ကားပေါ်ရောက်လာမှာ အသေအချာ….
    ဘယ်တော့ ဘယ်မင်းသမီး စမယ်မှန်းတာ မသိတာ…….

    သက်မွန်မြင့် ငြင်းတာတော့ မှန်ပါတယ်လို ့ပြောလို ့ရပါ…..
    ဒါကလည်း သူ ့ရွေးပိုင်ခွင့်ကို…..
    လမ်းသစ်ဆိုတာမျိုးက လျှောက်ချင်တိုင်း လျှောက်လို ့ရတာမှမဟုတ်တာ…..

    ဝိုင်းကတော့ သူ ့ရဲ့ဖန်တီးမှူကို လက်ခံလို ့ရပေမယ့်… နဲနဲများ တရားလွန်သလားလို ့….

    ဘာပဲပြောပြောပေါ့ကွယ်….. ထွက်လာရင်တော့ ကြည့်အုံးမှာ……

    စကားမစပ် အရင်တုန်းကလည်း သွေးဇာတ်ကားမှာ မျိုးသန္တာထွန်းလား မသိ…..
    ဂျပန် စစ်ဗိုလ် သရုပ်ဆောင် နဲ ့ နမ်းဖို ့ ဖြစ်လာတယ်လို ့ ကြားပါတယ်….
    အဲ့ဒါကို မမျိုးက ငြင်းလို ့ မရိုက်ဖြစ်ပါဖူးတဲ့……
    မှန်တာမှားတာ လိုအပ်ရင် ထောက်ပြနော်……

    ခင်လျက်
    တိမ်မည်း

    • black chaw

      June 6, 2013 at 8:54 am

      @ Black Cloud ;
      မမြင်ရတာ အတော်တောင်ကြာပြီနော် ကိုတိမ်မည်းရေ…။
      ပေါ့ပေါ့ပါးပါး ရေးထားတဲ့ ပို့စ်ကိုဖတ်ပြီး ကွန်းမန့်လေး ဝင်ရေးပေးသွားတာ
      ကျေးဇူးအထူးပါဗျာ…။
      ရုပ်ရှင် က ရိုက်တောင်နေပြီထင်ပါတယ်ဗျာ…။
      လွန်ခဲ့တဲ့ ငါးလလောက်က ရေးထားခဲ့တဲ့ ပို့စ် ပါဗျာ…။
      မျိုးသန္တာထွန်း ကိစ္စလေး နားစွန်နားဖျားတော့ ကြားလိုက်မိသေးသလားလို့…။

  • အရီးခင်လတ်

    June 5, 2013 at 3:33 pm

    FIFO နည်း သုံးပြီး မောင်ဂီ ဗျူးထားတာ အရင်ရှင်းပါ့မယ်။

    ဓာတ်ရှင်ကား တွေထဲ မှာ ပါးဘဲ နမ်းနမ်း၊ နှုတ်ခမ်းဘဲ နမ်းနမ်း တာဟာ ဒီထက်မက ပွဲကြမ်းတဲ့ မြင်ကွင်း တွေ ကြည့်နေရပြီ ဖြစ်တဲ့ ပရိတ်သတ်တွေ အတွက် အထူးအဆန်း ဖြစ်မတဲ့လားကွဲ့။
    တစ်ခါ သဲနု ရေးထားတဲ့ လူမြင်ကွင်း အင်းယားဘောင် လို မှာ သွားကြည့် ရင် လူအရှင်လတ်လတ်ကြီးတွေ အခမဲ့ ဖျော်ဖြေ နေတာမို့ နမ်းတဲ့ ကိစ္စ မဆန်းပါ မဟုတ်လား။
    ဒါကို ဘာလို့ ဟန်ပြ လုပ်ရတဲ့ ရုပ်ရှင်မှာ မှ ပြသနာ လုပ်နေတာက မှ ဆန်းပြီး နေတာ မဟုတ်ပါလား။
    အဲဒါ မြန်မာပြည် ရဲ့ လူ့အဖွဲ့အစည်း မှာ ကိုကလူလည်ကောင်မှာ ဒီလို လုပ်ဖို့ ယဉ်ကျေး မှု တစ်ခု လို့ လက်ခံ ဖို့ အဆင်သင့်မဖြစ်သေး လို့ပါဘဲ။

    ဥပမာလေး တစ်ခု မြင်သွား အောင်လေး။
    မဟာ ကွန်ဆားဗေးတစ် အရီး ဟာ ဒီလို အနောက်နိုင်ငံ မှာ သူတို့ ဓလေ့နဲ့ ညီအောင်တော့ အလိုက်အထိုက် နေတတ်ပါတယ်။
    ဒီမှာက ကျား မ မရွေး ခင်မင် ရင်းနှီးသူ အချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ဖက်ပြီး နှုတ်ဆက်တာ၊ ပါးပါးချင်း ကပ်နမ်း တာ ဟာ အင်မတန် ယဉ်ကျေးပြီး ချစ်ခင်မှု ကို ပြတဲ့ ဓလေ့ပေါ့။
    အထူးသဖြင့် ကွဲကွာ နေတာ ကြာလို့ ပြန်တွေ့ကြရင်၊ ခရီးဝေးတွေ ဘာတွေကို သွားတော့ မယ် ဆိုရင် ပိုပြီး လုပ်လေ့ ရှိပါတယ်။
    မသိသူ နှစ်ယောက် ကို ကြားတစ်ယောက် က မိတ်ဆက်ပေးရင်လဲ လုပ်ပါတယ်။
    ဒါကို ဘယ်သူက မှ တဏှာပေမ စိတ် နဲ့ မလုပ်ကြပါဘူး။
    တဏှာပေမ စိတ် နဲ့ လဲ တွဲ မမြင်ပါဘူး။
    အဖိုးကြီး၊ အဖွားကြီး တွေ က ပိုပြီးလုပ်လေ့ ရှိပါတယ်။
    ဒီလို ပါတ်ဝန်းကျင်မှာ ကျင်လည်ရင်း ဒီ ကွန်ဆာဗေးတစ် အဖွားကြီး မှာ လဲ ဒီ အကျင့် ပါနေတတ်ပါတယ်။

    လွန်ခဲ့တဲ့ သင်္ကြန်တွင်း မြန်မာပြည်အလည်ပြန်ပါတယ်။
    တစ်ခါမှ မမြင်ဖူးပေမဲ့ စိတ်ထဲ အလွန်ရင်းနှီးနေ တဲ့ အမျိုးကောင်း သား နှစ်ဦး နဲ့ ကန်တီး တစ်ခု မှာ တွေ့ဖြစ်ပါတယ်။
    တွေ့ကြချိန် မှာ ဝမ်းသာအားရ လှိုက်လှိုက်လှဲလှဲ နဲ့ ပေါ့။
    အဲဒီ မှာ အနောက်တိုင်း အကျင့်အတိုင်း ဖက်ပြီး ပါးချင်းကပ်နမ်း လိုက် ရင် တော့ ကန်တီး ထဲ က လူ တွေ က ဘာမှ မဆန်း ဘဲ နေမလား။
    ဝိုင်းကြည့် ပြီး ဒီ အဖွားကြီး တော်တော် ထ တယ် လို့ ပြောမလား။
    ဘယ်ဟာ က ပိုဖြစ်နိုင်ခြေ ရှိသလဲ။

    ဒီတော့ ရောမ မှာ ရောမ လိုကျင့်တာ မဆန်းပါ။
    ရောမ မဖြစ်သေး၊ ရောမ အကျင့် ကို အများ လက်မခံ သေး တဲ့ နေရာမှာတော့ သွားပြီး ရောမလို ကျင့်မရပါ။

    နောက် တစ်ခု က လူ့ စိတ်အခံ။
    မိန်းကလေး တွေ က ဖော်ဝတ် တာ ကို ဒီက သကောင့်သားများ တော်ရုံ စိတ်မကြွပါ။
    မှားသလား၊ မှန်သလား တော့ မသိ။
    အရှေ့တိုင်း က ဒီလို ကာမကိစ္စမှာ ပိုပြီး သွေးဆူလွယ်သလား။
    ဒါကြောင့် မူဆလင်နိုင်ငံတွေ မှာ ဒီလို မဝတ်ရ တားတာ သိပ်တော့ အပြစ်တင်မရ။
    အနောက်တိုင်း က တော့ အများစု က လူ့ ခန္တာကို လူ့ခန္တာ လို့ ဘဲ ရှူ့နိုင်သလားဘဲ။
    နောက်ပြီး လမ်းသွားမိန်းကလေး တစ်ယောက် ကို အသားလွတ် နောက်ပြောင်နေတာ ဒီမှာ တစ်ခါမှဆို တစ်ခါမှ မမြင်ဖူးဘူး။
    မြန်မာပြည်မှာ စကပ်တို ဝတ်ပြီး သွားရင် ပြူးပြဲကြည့်မယ်၊ စမယ် နောက်မယ်။ တန်းညှိ ခံ ရမယ်။
    မိန်းကလေး ဆိုတာ ကို စမ်းချင်တဲ့ မဟာယောကျာင်္းတွေ အပြည့်။
    ကစားပြီး တာဝန် မယူလို သူတွေ အပြည့်။
    မိန်းကလေး တွေ ကလဲ ကောင်လေးဘယ်နှစ်ယောက် ငါ့ကို စတယ် လို့ ပြိုင်နေကြသလား။
    ဒီတော့ ကြောင်ခံတွင်းပျက် နဲ့ ဇရက်တောင်ပံကျိုး ဇာတ်လမ်းတွေ ကြားမှာ ငါတို့ နောင် ၁ဝနှစ် ကျရင် ဘာဖြစ်ရမယ် ဆိုတဲ့ မျှော်မှန်းချက် ဆိုတာ ရှိရကောင်း မှန်းတောင် မသိ။
    ဝင်ပြီး ထိန်းမဲ့ သွန်သင် ပေးသူ တွေ ကလဲ အရေအတွက်မများ။
    စိတ်ဓာတ်တွေ၊ အသိပညာတွေ သိတ်မမြင့်သေးတဲ့ နေရာ လို့ တော့ မပြောရက်ပါဘူး။
    ဒါပေမဲ့ သူများ နိုင်ငံက အသိပညာ ပိုပိုတိုးတက်လာ ဖို့ ကြိုးစား နေကြတာ တွေ့ရချိန်မှာ ကိုယ့်နိုင်ငံက နောက်ဘက်တောင် ဆုတ် နေတာ မြင်ရတာ။

    Risk Assessment တဲ့။
    ဘယ်လို ခေါ်မလဲ။
    စွန့်စားမှု ကို အကဲဖြတ် ခြင်း (ဒါမှမဟုတ်) အန္တရာယ် ကို သုံးသပ်ခြင်း လို့ ခေါ်မလား။
    တိုးတက်တဲ့နိုင်ငံတွေ ရဲ့ နေရာတိုင်းမှာ သုံးနေတာ။
    အစကတော့ စက်ရုံတွေ မှာ အသုံးများမလား။ နောက်ပိုင်း ရုံးတွေ၊ ကျောင်းတွေ မှာတောင် သုံးလာနေတာ။
    Health and safety အတွက်ပေါ့။
    တစ်ခုခု လုပ်တိုင်း အဲဒီနောက်မှာ ဖြစ်လာမဲ့၊ တွေ့လာနိုင်တဲ့ အန္တရာယ် တွေ ကို စာရင်းလုပ်ပြီး ကာကွယ်နိုင်ဖို့ အစီအစဉ် တွေ ချထားဖို့ လုပ်ကြပါတယ်။
    မြန်မာပြည်မှာ ကတော့ လွတ် ထွက်ချင်တဲ့ နေရာ တွေ အထိန်းအကွပ်မရှိ လွတ်ချင်တိုင်း လွတ်နေပါတယ်။
    အဲဒါကို ထိန်းပေးမဲ့ သူတွေ အများကြီး နဲ့ အဆင့်အတန်းရှိတဲ့ ပညာပေး တွေ လိုပါတယ်။
    တာဝန်ရှိသူများ စိတ်ဝင်စား မစား မသိပါ။
    သူတို့ ကိုယ်တိုင် က ထိပ်ဆုံး က ကဲ နေလို့ လဲ ဖြစ်နိုင်ပါတယ်။

    ကွန်ပျူတာလောကမှာ ဗိုင်းရပ်စ် ကို မရှိအောင် အပြီး နှိမ်နင်း လို့ မရပါ။
    ဘယ်တော့မှ ဗိုင်းရပ်စ် ကင်းတဲ့ အခြေအနေ ရမှာ မဟုတ်ပါ။
    ဒါပေမဲ့ ဝင်လာမဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်မဲ့ ပရိုဂရမ်တွေ ဆွဲ လို့ ရပါတယ်။
    သုံးတဲ့ သူတွေ ကို ဘာတွေ ကနေ ဗိုင်းရပ်စ်ဝင်လာတယ် ဆိုတာ ပညာပေးလို့ ရပါတယ်။
    တစ်ခုတော့ ရှိတယ်။
    ဗိုင်းရပ်စ်ကို ရေးမဲ့ သူက ပိုအစွမ်းထက်၊ ပိုပြီး အရေအတွက်များ
    ကာကွယ်မဲ့ သူက သိပ်တတ်၊ အရည်အသွေး ပြည့်သူ နဲ နေရင်တော့ လဲ ဗိုင်းရပ်စ် စားတာ ခံ ကြပေါ့။
    ဘာတတ်နိုင်မတုန်း။
    မဟုတ်လား။

    ဒီတော့ ကိုယ့်နိုင်ငံ နဲ့ နောင်မျိုးဆက် တွေ ကို ဘယ်လိုဖြစ်ချင်တာလဲ။
    သူများနိုင်ငံ မှာ အချိုရည်ဗူးတွေ ကို ကျောင်းတွေ မှာ မရောင်းရ စပြီး တားမြစ်လာချိန် မြန်မာပြည် မှာ အချိုရည် စက်ရုံ တွေ အလုံးအရင်း ဝင်လာတာကို ကလေး တွေ အချိုရည် ဖောဖောသီ သောက် ရပဟေ့ လို့ ကြွေးကြော် ဝမ်းသာ နေကြ မှာလား။
    (ကကြောင့် သဒင်းဆုံ ကို မှီငြမ်းပါသည်)
    လိင်လွတ်လပ် ခွင့်လဲ ဒီပုံစံ အတိုင်းပါဘဲ။
    သူများနိုင်ငံ မှာ ကလေး တွေ ကို အသိပညာ ပေးပြီး ထိန်းချုပ် လာနေကြချိန်မှာ မြန်မာပြည်ထဲ မှာ အခု မှ ထကြွ လာတာ။

    စာကောင်းပေကောင်းတွေ၊ လူကြီးသူမ တွေရဲ့ ဘဝ အတွေ့အကြုံ တွေလဲ မသိ။
    ရွှေဥဒေါင်း ဆိုတော့ NLD ကို တင်စားထားတာလားတဲ့။
    မပြောတော့ဘူး။ 👿

    မြန်မာ Gen – X တွေ ကြောင့် မြန်မာ Gen – Y တွေ ညံ့ ကုန်တာ လို့တွေးပြီး ကိုယ့်အပြစ် ကိုယ်ယူလိုက်တာ ကောင်းမလားဘဲ။
    (Gen ???? )
    Sorry I mean .. Gen is not General something.
    Gen is Generation. 😉

    စဉ်းစားတတ်ကြရင် သက်ဆိုင်သူတွေ စဉ်းစားကြပါတော့။
    အခုတော့ တော်ပြီ။
    နှစ်တစ်ထောင် တဲ့ ဟေ့။
    (သူကြီးပြောတာ)
    😆

    • kai

      June 5, 2013 at 3:48 pm

      အရင်ကထဲက.. သုံးကိုယ်ခွဲမြန်မာတွေ.. ၂ကိုယ်ထပ်စိပ်ပြန်တယ်ပေါ့…
      အနောက်နိုင်ငံကားကြည့်/အပြင်လောကမှာတွေ့.. .. တမျိုးတွေး/လုပ်…။
      မြန်မာကားကြည့်.. တမျိုးတွေး/လုပ်…

      သုံးကိုယ်၂စိပ်များ…
      ဖြစ်ချင်..ဖြစ်နေကြသလား.. :kwi:

    • black chaw

      June 6, 2013 at 8:58 am

      @ အရီးခင်လတ် ;

      သူများနိုင်ငံ မှာ ကလေး တွေ ကို အသိပညာ ပေးပြီး ထိန်းချုပ် လာနေကြချိန်မှာ မြန်မာပြည်ထဲ မှာ အခု မှ ထကြွ လာတာ။

      ထောက်ခံပါတယ် အစ်မရေ…။
      အဲဒါနဲ့ ပတ်သက်လို့ ဒီနေ့ ပို့စ် တစ်ပုဒ်ရေးပါဦးမယ်…။
      ဆဲချင်လည်း ဆဲကြပေရော့…။

  • အရီးခင်လတ်

    June 5, 2013 at 3:39 pm

    ဒုတိယ
    ဦးကြောင်ကြီး says:
    {{ သင်္ကြန်မိုးဇာတ်ကားမှာ ပုဂံဘုရားဖူးခရီး နောက်ဆုံးညဖက် မေသန်းနုနဲ့ ခွဲကာနီး ဇင်ဝိုင်းက ဟန်းချိန်းလေးကို မင်းတမီး ခြေထောက်မှာ ဒူးထောက်ပီး ဆွဲပေးတာမျိုး ဇာတ်ရှိန်မြှင့်ယူတာ ဖြစ်မှာပေါ့….။ }}
    တကယ်။ အဲဒါကို မမှတ်မိဘူး။ 🙄

    မြစ်တို့၏မာယာ မှာ မင်းသား(မိုးဝေ) က မင်းသမီး (ကေသီ) ကို ( ရုပ်ရှင် မှာတော့ ရဲအောင် က မေသန်းနု ကို) ဟန်းချိန်းလေးကို ခြေကျင်းဝတ် မှာ ဝတ်ပေးခဲ့တာ။
    အရှုံးပေးခြင်းတဲ့။ ပြောတာဘဲလေ။

    ဘယ်သူ အမှန် သိလဲ ဗျို့။

    • KZ

      June 5, 2013 at 3:49 pm

      အဲလာ ဒဏ္ဍာရီ ရုုပ်ရှင်ကိုုပြောတာလား။ 🙄
      မပါဘူး ထင်တယ်။
      ကျနော် လည်း မိုုးဝေ နဲ့ ကေသီ တိုု့ ဇာတ်ဝင်ခန်းကိုုပဲ သတိရတယ်။ :mrgreen:

      • အရီးခင်လတ်

        June 5, 2013 at 4:01 pm

        ဟား ဟား
        ကြောင် တစ်လွဲ ဟေ့။
        😆

    • Myo Thant

      June 5, 2013 at 3:58 pm

      သင်္ကြန်မိုး မှာ ပုဂံဘုရားဖူးခရီးပါလို့လား
      ကျနော်သိပ်မသေချာလို့
      ပုဂံဘုရားဖူးခရီးထဲမှာ အကြိုက်ဆုံးက ဒဏ္ဍာရီ ဇာတ်ကားပါ
      ဇင်ဝိုင်း မေသန်းနူပါပဲ

      • black chaw

        June 6, 2013 at 9:20 pm

        @ Myo Thant ;
        ကိုမျိုးသန့် ကွန်းမန့်က ကြားထဲ ရောက်နေတော့ မမြင်လိုက်ဘူးဗျို့…။
        ချစ်သူ့နှုတ်ခမ်း
        လွမ်းလို့နမ်းသည်
        နမ်းရာမထင်
        လွမ်းရာထင်၏
        ရင်ထဲငြိပြီ
        ဒဏ္ဍာရီ …။
        ဒဏ္ဍာရီ ဇာတ်ကားရဲ့ အဆုံးမှာ ထိုးခဲ့တဲ့ ကဗျာလေး…။
        ကျွန်တော်လည်း အလွတ်ရအောင်ကြိုက်ခဲ့ပါတယ်ဗျာ…။

  • ဦးကြောင်ကြီး

    June 6, 2013 at 8:45 am

    ဆောတီးပါ… ဒဏ္ဍာရီ ဇာတ်ကားနဲ့ ရောသွားလား မသိတော့ဘူး..။ မင်းတားနဲ့ မင်းတာမီးကတော့ အတူတူဗဲ ထင်တယ်…. ရွာသူထဲက ဘဒူ အဲလို ရိုက်ချင်လဲဟေ့.. ပါလည်း ရိုက်ရမယ်.. ပီးဒေါ့ 😳

  • ဘဘ ဘလက်ဂျီး …
    ပို့စ်ကို ဖတ်ပီးတွားဒါဒေါ့ ကျာဘီဂျ …
    မမန့်ဖစ်လို့ …..

    တားဂဒေါ့ … အိုက် တေ့နမ်းဂျီးအကျောင်း သိပ်သိဝူးးး ဟီးး :mrgreen:
    တက်မွန်ညင့် ဟာနဲ့ ဘွေးဘွေး ဟာ ..
    ဘိုညိုး ကွာဒဒုန်းဆိုဒါလည်း နားလည်ဝူးရယ် .. ဟီးး :mrgreen:

    • black chaw

      June 6, 2013 at 8:28 pm

      @ အံစာတုံး ;
      ဒါမျိုးဆိုတာက လူရှေ့သူရှေ့မှာ
      ရှင်းပြလို့ ကောင်းတာမဟုတ်ဘူးဗျ…။
      ကိုအောင်ပုကြီးပြောခဲ့သလို
      သူတို့လေးတွေရဲ့နှုတ်ခမ်းတွေဟာ
      ဆားလောက်လည်းမငံပါဘူး…
      ငပိလောက်လည်းမနံပါဘူး…။
      ဘယ်သူ့မှလျှောက်မပြောရဘူးနော်…။
      :mrgreen:

  • အရီးခင်လတ်

    June 6, 2013 at 3:35 pm

    ကဘချော ရေ
    နှုတ်ခမ်းတွေ က စိုးမြတ်သူဇာ ကို ကျော်သွားပြီ ဟေ့။
    တောင့်ထားနော်။
    မောင်ဂီ ရဲ့ သင်ချာ မဟူရာ ကလဲ ထဲ ပါနေဆဲ။
    ဂဇက်ရွာ ရဲ့ ပိတ်သတ်ကြီး ဘာကြိုက် တတ်ကြတယ် ဆိုတာ သိလာလို့ သူကြီးမင်း တစ်ယောက် လိုင်းပြောင်းချင် နေပြီလားမသိ။
    🙄

  • padonmar

    June 6, 2013 at 9:23 pm

    ဒီကိစ္စက အပိုဂျီးတွေနဲ့ မဆိုင်ဘူးလို့ မဝင်ပဲနေတာ၊စိုးမြတ်သူဇာကိုကျော်သွားပြီလို့ မလတ်လက်တို့တာနဲ့ ဝင်လာမိတယ်။
    ဝရမ်းပြေးဘလက်ကို တန်းမိတာပဲ။
    ကြည့်..

    (အခု အားအားလျားလျား ဖြစ်နေတဲ့အချိန်…၊
    ပို့စ် ရေးရမှာလည်း ပျင်းနေတာနဲ့)

  • black chaw

    June 6, 2013 at 9:36 pm

    @ padonmar ;
    တကယ်အားနေတာအစ်မရေ…။
    သွေးပေါင်ချိန် အပေါ် ၂၀ဝ အောက် ၁၆ဝ အထိ တက်သွားတာ
    ကံကောင်းလို့ မသေတာခင်ဗျ…။
    အဲဒါနဲ့ မဒမ်ဘလက်က ဘာမှမလုပ်ရဘူး
    အိမ်မှာငြိမ်ငြိမ်လေးနေဆိုတာကို
    ရွာထဲတစ်နေကုန်လျှောက်လည်နေတာပါဗျာ…။
    အော်…အသက်တွေကလည်းကြီးပြီကိုး…နော့်…။
    :mrgreen:

    • padonmar

      June 6, 2013 at 10:23 pm

      အော်
      ဂဇက်သည် သွေးပေါင်ကိုကျစေ၏၊စိတ်ကို ရွှင်လန်းစေ၏၊
      အညောင်းမိစေ၏၊လည်ပင်းကို ကျီးပေါင်းတက်စေ၏။
      ထမင်းအိုးကိုတူးစေ၏။ပုခက်ထဲက ကလေးပြုတ်ကျစေ၏။

      (အုတု ဗောဈဏသင်ဃဟကျမ်းအလို)

  • naywoon ni

    June 6, 2013 at 10:09 pm

    ကျနော်လည်း ရွေးခွင့်ရှိမယ်ဆိုရင် ရွေးချင်ပါတယ်….။ ဒါပေမဲ့ ရွေးချယ်ခြင်းဟာ တာဝန်ယူခြင်းဆိုတာသိရင် လူတွေ အခုလို လွယ်လွယ် ကူကူ ရွေးချယ်ဖြစ်ကြပါ့မလား

    • black chaw

      June 7, 2013 at 5:41 am

      @ naywoon ni ;
      အပျော်ရေးမိတာပါ ကိုနေကြီးရာ…။
      အဲဒီလို ရွေးခြယ်မှုကြောင့် သက်မွန်မြင့်လေးကို တာဝန်ယူရမယ်ဆိုရင်လည်း
      ဘလက်ကြီးက ရင်ကော့ခေါင်းမော့ပြီး
      တာဝန်ယူ ဦး မှာ…/
      :mrgreen:

  • myanmar oscar

    June 7, 2013 at 12:57 am

    ဟေ့ ဘူတွေဘာပြောပြော ထွက်လာရင်ကြည့်မဲ့သူချည်ပဲ

  • အလင်း ဆက်

    June 7, 2013 at 9:50 am

    ဝတ္ထု ဆိုတာ
    ဈေးက ဝယ်လာတဲ ့ သားငါးနဲ ့တူတယ် ဆိုတဲ ့ စကားလုံးက တော့
    ကျွန်တော့် ဟက်ကို ဒဲ့ ထိ သွားပါတယ်။

    ဒါရိုက်တာ ကြီးကို မေးချင် လိုက်တာ
    ဝတ္ထု ရေးသူ ဆိုတာ ငါးစိမ်းသည် လားးးလို ့

    နယ်ပယ် တစ်ခု နဲ ့တစ်ခု လုပ်ပုံ ကိုင် ပုံ ဖန်တီး ပုံတွေ
    ရဲ့ သ ဘောသဘာဝ ကွဲပြား နိုင် တဲ့ အချက်ကိုတော့
    လက်ခံ ပါတယ်

    ဟိုစကားလုံးကြီးက တော့

    :buu:

  • e tone

    June 7, 2013 at 10:43 am

    ရွှေမှုံရတီဆိုတဲ့ ကလေးမ သရုပ်ဆောင်ပိုင်းမှာ အတော်လေး သွက်လက်တာ သတိထားမိတယ် ။ ဒါပေမယ့် …ဘယ်လို ကြည့်ကြည့် sexy မဖြစ်ဘူး ၊attraction မရှိသလို ခံစားရတယ် … လှတဲ့ မျက်နှာ အကျ ပုံမျိုးမဟုတ်ဘူး ။ အသက်ငယ်ပြီး သွက်သွက်လက်လက်ဆိုတော့ … ငါးရံ ့ပြာလူး အိုက်တင်မျိုးပဲလို့ မျက်လုံးထဲ မြင်တယ် … ။

    မျက်လုံးလေး ကလည်ကလည်မှာတော့ ဒါရိုက်တာက လိုအပ်တာထက် … ဟိုအခန်းကို ပိုပြီးပုံဖော်ရိုက်ကူးထားတယ်လို့ ထင်ပါတယ် … ။ပရိတ်သတ်စိတ်ဝင်စားမှုကို ဒါကြီးပြပြီး ဆွဲဆောင်မယ်လို့ ရည်ရွယ်ထားခဲ့ပုံပဲ ။ ဇာတ်အိမ်ဆောက်ထားတာက … ယုတ္တိမရှိဘူး .. ဟိုအခန်း ဒီအခန်း နည်းနည်း ထည့်ရုံနဲ့ ပရိတ်သတ်ကို ချပြလို့ ရပြီလို့ ထင်ပြီး ရိုက်ထားတဲ့ ကားမျိုး ….. ပရိတ်သတ်ကို အချဉ်မှတ်လို့ .. ဒါလေးကြည့်ပြီး ကျေနပ်စေ ၊ ဇာတ်အိမ်က ဘာဖြစ်ဖြစ် ဆိုတာမျိုး လုပ်ထားလို့ … အဲ့ကား ကြည့်မိတာ အချိန်ဖြုန်းမိတယ်လို့ … ခံစားရပါတယ် ။

    နေဆန်းနဲ့ စိုးမြတ်သူဇာတို့ရဲ့ (မူလတန်းအရွယ်)ကလေးကို စာလာသင်တဲ့ ဆရာမဖြစ်တဲ့ ရွှေမှုံရတီက အိမ်ကြီးကိုရောက်ရောက်ချင်း ညမှာပဲ ၊ အိမ်ရှင်လင်မယားက ကလေးအပ်ပြီး ပါတီ သွားကြလေရဲ့ … ။ တစိမ်းဆရာမနဲ့ကလေးကို အပ်ခဲ့တာရယ် ၊ ညကြီးမိုးချုပ် ဘုမသိ ဘမသိအိမ်ထဲ ကလေးထိန်းနေတာတောင် လိုက်လာတဲ့ ရည်းစားနဲ့ ခိုးတွေ့တဲ့ ဆရာမရယ် ၊ အိမ်ပတ်ဝန်းကျင် မှူမမှန်တာတောင် ဖုန်းဆက်ဖို့ကို နောက်ဆုံး အဆင့်မှ ကြိုးစားခဲ့တာရယ် …ဒါတွေက … အပြင်လောကနဲ့.. အတော်လေး ကွာဟနေတဲ့ လက်လွတ်စပယ် ဇာတ်ဆင်မှုမျိုးပဲ … ။ ညမိုးချုပ်မှာ လာတွေ့တဲ့ ရည်စားကလည်း .. သူများအိမ်မရှောင် ဘာမရှောင်နဲ့ ၊ အခွင့်ရေးယူဖို့ ကြိုးစားတယ် ။ ပြန်လွှတ်လိုက်ပြီး ကြည်နူးကျန်ခဲ့တဲ့ မင်းသမီးရဲ့ အမူရာက အကျီ င်္ကြယ်သီး ဖြုတ်တာနဲ့ … ဘာဆိုင်လို့လဲ … ။ ဇာတ်လမ်းက ဘာမှ မရှိဘူး တိုတယ်… ညတညကိုပဲ ဆွဲဆန့်ရိုက်ထားတာ … ဇာတ်လမ်းထဲက လူ အတော်များများလဲ … အကျီ င်္တစုံထဲ အကြာကြီးဝတ်ခဲ့ကြတယ်(အတိတ်ကို ပြန်ပြောတဲ့အခန်းလောက်သာ .. အကျီ င်္တခြားပြောင်းဝတ်တာကိုး … ) ။ဇာတ်ရှိန်အမြင့်ဆုံးလို့ ပြောနေကြတဲ့ အခန်းမှာ နေတိုးက သူ့ကို ခေါ်လာတဲ့အချိန် .. သူ့မှာလွတ်မြောက်အောင် ကြိုးစားခွင့်ရတဲ့ အနေထားတွေ ရှိတယ် … ။ သူဘာလို့ မကြိုးစားခဲ့သလဲ ….။ ကျူးလွန်ဖို့ ကြိုးစားနေတာတောင် ရုန်းကန်တဲ့ အမူရာ မပါပဲ မျက်နှာခံစားမှုမျိုးစုံရိုက်ပြနေတာကတော့ … ဒီဒါရိုက်တာ ဘာကို ဇောင်းပေးပြချင်သလဲဆိုတာ သိပ်သိသာတာပဲ … ။ ကျူးလွန်ပြီးချိန် ပြန်ထွက်ပြေးတဲ့အခါ ၊ အခန်းနောက်တခန်းက အိပ်နေတဲ့ ကလေးကို ပြေးချီတဲ့အချိန် …. မင်းသမီး တံခါးလော့ချခဲ့ဖို့ မေ့သွားတယ်ထင်တယ် …. ။ အဟီး … ဟို စိတ်တ္တဇက … လွယ်လွယ်လိုက်လာဖို့ အခွင့်ရေးရသွားတယ် … ။ နောက်ဆုံးအခန်း … ရဲတွေရော ၊ လူစုံရှိပါလျှက် စိုးမြတ်သူဇာက နေတိုးနားကပ်သွားချိန် အရူးက ရန်မူတဲ့အခါ ၊ ရဲတွေက တုတ်တုတ်မှ မလှုပ်ပဲ … ရွှေမှုန်ရတီက ဓါးနဲ့ ထုတ်ချင်းပေါက်အောင် ကျောက ထိုးတယ် … အဟီး … တော်ထှာတော်… ဘယ် အော်မေ့ဂိုဏ်းဆင်းလဲ သိဝူး … ကွက်တိပဲ ထိုးပလိုက်တာ … :kwi:
    အားလုံး ခြုံငုံကြည့်လျှင် …. ကြည့်မိတာတောင် အချိန်ဖြုန်းသလို ခံစားမိတဲ့ ကားမျိုးပဲ … ။

    မြန်မာနိုင်ငံက ဗွီဒီယိုကားတွေ နောက်ပိုင်း သိပ်မကြည့်ဖြစ်တော့ဘူး .. အချိန်တွေဖြုန်းနေသလို ခံစားမိလို့ .. လုပ်ဇာတ်တွေမှန်းလည်း သိသာတယ် ..စိတ်ခံစားမှုလည်း ဘာမှ မပေးဘူး … ။

    သက်မွန်မြင့်တော့ဒီအခန်းကို မရိုက်တာ …. ပိုလို ့တောင် နာမည် ကြီးလာပါသေးတယ် …။ ဒါရိုက်တာတွေ ခုနောက်ပိုင်း ဘာအသားပေးရိုက်သလဲတော့မသိဘူး .. မဆိုင်တာတွေ အများကြီး ဇောင်းပေးပြတာတွေ ရှိလာတယ် … ဘောင်ဆိုတဲ့ ကားက အသစ်တယောက်လည်း အတော်သွက်တယ် … ။ ဘစ်ကနီနဲ့ … ရေကူးပြိုင်တာ အားပေးနေတာတောင် ပါလိုက်သေးတယ် .. လိုမှ မလိုတာဒီလို ဇာတ်ဝင်ခန်းမျိုးတွေက … ။
    လူမင်းနဲ့ ဝတ်မှုံရွှေရည်ကားထဲမှာလည်း .. သားဖလောက်ကို ရည်းစားတော်ပေးထားတယ် …. သုံးနှစ်ကလေးကို ချီပိုးသလို ဇာတ်ဝင်ခန်းတွေလည်း သုံးထားတယ် … ။
    ခုနောက်ပိုင်း ဒါရိုက်တာတွေက ..ပရိတ်သတ်တွေကို နှာဘူးတဏှာရူးတွေလို့ ထင်ပြီး .. ဒါမျိုးတွေ အသားပေးရိုက်ပြနေလေရော့သလား .. ဖွီ … ။ :chee:

Leave a Reply