ရုပ်ဆိုးရယ် နင်ဘာလို့မပြောခဲ့တာလဲတဲ့.
ကျနော်ကအဲ့တုန်းက မျက်နှာစေ့စေ့တောင်ကြည့်ဝံ့ခဲ့လို့လားဗျာ.
ဘဝမှာ ဟုတ်ကဲ့မပြောရဲခဲ့လို့ ခေါင်းသာတွင်တွင်ငြိမ့်ဖူးတဲ့
မိန်းမတယောက်ရှိဖူးတယ်ဆိုရင်ယုံမလားပဲ

ရုပ်ဆိုး မနေ့ညက နင်ကတအားရီရတယ်နော်တဲ့.
အစ်မ ကျနော်တီဗီကြော်ငြာကြည့်လေ့မရှိဘူး. အဲ့သည့်အစား
အစ်မခေါင်းပေါ်က ဆံညှပ်လေးကိုကြည့်ဖြစ်တယ်. တကယ်ပါ.

ရော့ ရုပ်ဆိုး. မောင်လေးအတွက်. တဲ့.
ကျုပ်ကလည်း. ဟုတ်. မပြူး ကျေးကျေးပါပေါ့.
တသက်လုံး စားဖူးသမျှထဲက အရသာအရှိဆုံး လက်ဖက်ဆိုပါတော့.
ဂလိုနဲ့ သက္ကရာဇ်တွေတိုက်စားခဲ့.

တနေ့. မခံစားနိုင်တော့တဲ့တနေ့ပေါ့.
အစ်မ ကို ကျနော်ချစ်တယ်. ကျနော် ပြောခဲ့သင့်တာ ရက် ၁၀၀၀ မပြည့်တပြည့် ဆိုပါတော့
(ဖလမ ကော်နက်ရှင်ကြောင့်လားတော့မသိ) အချိန် တစုံတရာနှောင့်နှေးခဲ့. တယ်.
ဒို့တွေဆုံတွေ့ခဲ့တုန်းက ဘာလို့မပြောခဲ့တာလဲ. အစ်မမှာခုတော့ ရည်ရွယ်သူရှိပါသတဲ့
ကိန်. သွားဘီ အနှီ အနေအထားကို ဖွဲ့မပြလိုတော့ဘူး.
(ဆြာ့ဆြာဂျီးတွေ ဖွဲ့ဖူးတာတွေ တင်းကြမ်းမို့ပါဗျာ. ထပ်မကွန့်လိုတော့)
ထားပါတော့လေ ကာလတချို့ ဖြတ်သန်းလို့.

မေ့သလောက်ရှိတဲ့အခါ.
ဟယ်လို ရုပ်ဆိုး ဟယ်လို မပြူး.
မောင်လေး ရဲဇားရနေပြီဆို. အဆင်ပြေရဲ့မလား.
ဘယ်တော့ ပြန်လာမတုန်း. အဆင်ပြေရင် ပေါ့ကွယ်. လာခဲ့ပါလား
အိုဘယ့်. ဇူလိုင် ၂၁. တဲ့.

ကဲ.

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011