မင်္ဂလာဘာ ရွာသူား အပေါင်းတို့ရှင်။

မန်းဂဇက် ရွာကြီးက မွေးဖွါးပေးလိုက်တဲ့ ဒါဇင်ပလပ်စ် ပညာရေးကူညီမှုအဖွဲ့လေး လစဉ် အလှူရှင် (၄၀) ကျော်နဲ့အတူ ခြေလှမ်းမှန်မှန် ချီတက်လာတာ အခုဆိုရင် (၁၁) ကြိမ်မြောက် အလှူတော် အောင်မြင်သွားပြီးဖြစ်ပါတယ်။ ကျမတို့ အဖွဲ့လေးရဲ့ အဓိက ရည်ရွယ်ချက်က ငယ်ရွယ်တဲ့ မိဘမဲ့ (သို့မဟုတ်) မိသားစုက မပြည့်စုံလို့ ကျောင်းထားမပေးနိုင်တဲ့ ခလေးတွေကို ပညာသင် စောင့်ရှောက်ပေးတဲ့ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက် တွေကို လှူဒါန်းဖို့ရည်ရွယ်ပါတယ်။ တတ်နိုင်သရွေ့ပေါ့လေ။

လစဉ်ကျမတို့ အလှူငွေ ၂သိန်းခွဲဝန်းကျင်ထဲကနေ စာရေးကိရိယာ ၀ယ်ခြင်းနဲ့ ငွေသားလှူခြင်းတို့ကို မျှအောင် စီမံပြီး လှူလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် ၂၀၁၃ တနင်္ဂနွေ နေ့မှာ ကျမတို့ သံလျင်က ကေသရ၀င်္တ သီလရှင်စာသင်တိုက်ကို သွားရောက်လှူဒါန်းဖြစ်ပါတယ်။ အလှူတော်ငွေ (၂၅၅,၀၀၀)ကျပ် နဲ့ စာရေးကိရိယာအချို့ လှူဒါန်းခဲ့တာပါ။

IMG_20130609_082652

ကျောင်းအုပ်ဆရာကြီးအား..သိလိုသမျှ အတင်းမေးသည် :)

ကျောင်းအနေထားအရ သိပ်ချို့တဲ့ပုံမရပေမဲ့ စာသင်သား ခလေးပေါင်း (၃၈၉) ယောက်ကို လက်ခံ သင်ကြားပေးနေပြီး၊ ကျောင်းအိပ်ကျောင်းစား သီလရှင်ဆရာလေး (၁၉၄) ပါးနှင့် သီလရှင် ဆရာကြီး (၆) ပါးတို့ ရဲ့ နေ့စဉ် ဝေယျာဝစ္စစားရိတ်က မသေးလှပါဘူး။ ဒါကြောင့် အဖိတ်နေ့ ဥပုသ်နေ့ မဟုတ်တဲ့ အခြားရက်တွေမှာ ဆွမ်းခံထွက်ကြရပြီး..တချို့ တချို့သော ဒကာ၊ ဒကာမ တွေက မေးခွန်းထုတ်တာလဲ ခံရပါသေးတယ်တဲ့။

ရှမ်းပြည်က ဧည့်သည်..

ရှမ်းပြည်က ဧည့်သည်

စာသင်သား စတင်လက်ခံတာ (၂၀၀၇) မှာဖြစ်ပြီး အလယ်တန်းသီးသန့်ဘဲလက်ခံနိုင်ခဲ့တာဖြစ်ပါတယ်။ (၂၀၁၁) မှာမှ မူလတန်းပါ ပူးတွဲ သင်ကြားပေးတယ်လို့သိရပါတယ်။ အခုလက်ရှိ သင်ကြားပေးနေတဲ့ ခလေးတွေထဲက (၇) တန်းအထိ ကျောင်းသားရှိနေပြီး (၈) တန်း ရောက်ရင်တော့ ကလေးဝ တောရ နန္ဒလိုဏ်ဂူ၊ ကမ္ဘာအေး မှာ ပေါင်းကူးသင်ကြားရေး ကိုဆက်သွားရပါတယ်တဲ့။

ကျောင်းအိပ်ကျောင်စား ဆရာလေးများ (ရှမ်းပြည်ကခလေးတွေ များပုံရပါသည်)

ကျောင်းအိပ်ကျောင်းစား ဆရာလေးများ

ကေသရ၀တီ သီလရှင်စာသင်တိုက်ရဲ့အထောက်အပံ့နဲ့ သင်ကြားအောင်မြင်ပြီး တဲ့ သီလရှင်ဆရာလေးတွေထဲက (၁၀)တန်း ၂ယောက် နှင့် (၉) တန်း ၅ယောက် လူထွက်ပြီး အထက်တန်းကျောင်းတက်နေပြီလို့သိရပါတယ်။

ဂျပန်အစိုးရမှ လှူဒါန်းသော ၂ထပ်စာသင်ဆောင်

ဂျပန်အစိုးရ လှူဒါန်းသော ၂ထပ်စာသင်ဆောင်

နောက်လာမဲ့ ဒါဇင်ပလပ်စ်ရဲ့ (၁၂)ကြိမ်မြောက် အလှူနှင့်တကွ ရှေ့ဆက်မဲ့ အလှူခရီးစဉ်တွေမှာ အလှူရှင်တွေ အနေနဲ့ ရော လေ့လာလိုသူတွေပါ လိုက်ပါကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

ငါးတန်းကျောင်းသားလေးများ

ငါးတန်းကျောင်းသားလေးများ

လေးစားစွာဖြင့်

ရွှေအိ

About Shwe Ei

Shwe Ei has written 44 post in this Website..