နိဒါန်း ( ၁ ) အဖွင့်အမှာစကား

သဂျီးဆိုတဲ့ ပုဂ္ဂိုလ်က သများ ရွာထဲဝင်မရတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ “ဒါမျိုး မဖြစ်နိုင်ပါဘူးလို့ ” ပြောလာတော့ ကျုပ်လဲ ဘာတတ်နိုင်မတုန်းဗျာ။ သူက ဆြာကိုး ကိုယ့်ထက် ပိုသိတော့လဲ ငြိမ်နေလိုက်တော့တယ်။ ဒါပေသိ မပြတ်သေးတဲ့ ဖြတ်လို့မရသေးတဲ့ သန်ယောဈဉ်ကြောင့် ဟိုသူ့ အကူအညီတောင်း ဒိသူ့ပူဆာနဲ့ တက်လာတဲ့ ပို့စ်တွေကို ထိုင်ဖတ်ဖြစ်ပါတယ်။ ဆိုတော့ သများစိတ်ကို မရိုးမရွဖြစ်စေသောပို့စ်ကို ဒီမနက်မှာဘဲတွေ့တယ် ထားပါ ဒါပြဿနာမဟုတ် နဂိုကမှ ကျနော်က ကန့်လန့်သမား ဆိုတော့ အမြင်ကိုက ၂၃ ၂ပိုင်း၁ပိုင်း ဒီဂရီ စောင်းနေတာ။ ကဲ ဘေးတိုက်အမြင်ကို အတည်ဟန်နဲ့ စောင်းစောင်းလေး စပွားများကြရအောင် …..လိုက်ဆိုကြ … အဟမ်း

လူပျိုဂျီး ရဲစည်သည် (လိုက်ဆို) ဗာဂျင်းနတီ ၇၅% ( လိုက်ဆို) ကျန်သေးသည်ကို ( လိုက်ဆို ) ယုံကြည်ပါသည်။ (လိုက်ဆို)  ….. ၃ခေါက်ရွတ်

လူပျိုဂျီး ရဲစည်သည် (လိုက်ဆို) ဗာဂျင်းနတီ ၇၅% ( လိုက်ဆို) ကျန် သေးသည်ကို ………

လူပျိုဂျီး ရဲစည်သည် (လိုက်ဆို) ဗာဂျင်းနတီ ၇၅% ………….

 

နိဒါန်း ( ၂ ) မရိုးမရွ ဖြစ်စေသော အကြောင်းအရင်း

ပထမ ပို့စ်မှာကတည်း အရီးလတ်နဲ့ ဒေါ်ပြုံးတို့ ၀မ်းဘိုင်ဝမ်း ဆွဲကြတာ မြင်တော့ စိတ်ထဲမှာ ပုခ်ျနဲ့ ဆူးကို တဖက်ဆီမှာ ပါစေချင်တယ် ( မီးစရှို့ပီ ) ဒါက ဆွေးနွေးငြင်းခုန်တဲ့ အပိုင်းကို အတောအနေနဲ့ အသောလေး ပြောတာ။ ဒဲ့ပြောချင်တာက မန်းလေးဂဇတ်မှာ ရှိကျကုန်သော တရားဝင်စား၊ ခိုးစား၊ ၀ယ်စား၊ ဖန်စား၊ ကျန်စား၊ မျှစား အနံ့ရှူ အစရှိတာကနေ ခြင်ဆီ ဖြုန်းဖူးတာ အစရှိသော ကိစ္စတွေကို ကြုံဖူး လုပ်ဖူးသော အဂ္ဂမဟာယောင်္ကျားသားများ (တခုမှ တခါမျှ မလုပ်ဖူးဘူးတော့ လာမပြောနဲ့ ဖင်ဝကို အာပီဂျီ (သေးတယ်) 84 နောက်ပွင့်နဲ့ တေ့ပီး ဗြဟ္မာ့ပြည်တင်ပေးလိုက်မယ် ) ဟို နှုတ်ခမ်းခြင်းတေ့တာတွေ မိုက်ကယ်ဒေါက်ကလပ် လည်ချောင်း ဂရင်ဂျီနာ ပေါက်တာတွေကျ ဟီးဟီးဟားဟားနဲ့ သဘောကျနေကျတာ တကယ့်တကယ် လောက်လောက်လားလား ဖလှယ်ဆွေးနွေးကျမဲ့ အရာကျ မသိသလို မအားသလို ဥာဏ်ဘဲမမှီသလိုနဲ့ ရူးသလို ပေါသလို လုပ်နေတယ်၊ ဟို ဆွ-ပေး-ဖွ-တိုက် သဂျီးတို့ စွယ်စုံကြောင်တို့ လိင်အခွင့်အရေးဖောင်ဒါကပုတို့ ဒင်းကြီးတို့ပါ ငြိမ်နေတယ်။ ရွာထဲက တချို့လူငယ်ခြေတက် လန်ကတ်စိတွေလဲ မသိချင်ယာင်ဆောင်နေတယ်။ အဲ ဟိုအော်ကတ်စထှာကန္ဒားဆီးရတနာဝင်းဂီ တယောက်ဘဲ ၀င်ဆွေးနွေးလေရဲ့။ အဲတော့ စိတ်ရင်းအတိုင်း အတည်ပြောရရင် ကိုပေါက်ပို့စ်ကနေ အစပျိုးထားတဲ့ ဒီအကြောင်း အရာတွေကို ဘက်စုံထောင့်စုံကနေ စု-တု-ပြု (Cd2 Ghi) နိုင်ရင် လူငယ်တွေ ရှေ့ရေးအတွက် အမှန်တကယ် အကျိုးရှိနိုင်တဲ့၊ အကြံကောင်းပေးနိုင်တဲ့ အကြောင်းအရာကောင်း တရပ်ဖြစ်လာမှာပါ။

 

နိဒါန်း ( ၃ ) သိသာသိစေ မမြင်စေနဲ့တဲ့လား

အဲ့ဒိစကားကို ကျနော်လုံးဝ မထောက်ခံပါ၊ ဘာဖြစ်လို့လဲ မေးရင် ကျနော်နိုင်ငံရဲ့ ပုံစံနဲ့ ဖြစ်တည်မှုကိုက မူအတော့်အတော်ကို ကွဲပြားနေလို့ ကောင်းတာယူ မကောင်းတာပယ် ဆိုတဲ့ ဇုန်ထုတ်ကားတွေလုပ်တဲ့ စနစ်ထက် ပိုပြီးသပ်ရပ် စနစ်ကျတဲ့နည်းလမ်း အထွေထွေကို သုံးသင့်တယ်လို့ ယူဆမိပါတယ်။ ကျနော့်မှာလဲ အမ၂ယောက် အပျိုကြီးရှိလေရဲ့ ငယ်ငယ်ကတော့ သူများနှိုက်မြည်းသွားမှာစိုးလို့ မျက်စိဒေါက်ထောက် ကြည့်လာပေမဲ့ ကိုယ်တောင် အိမ်က ထွက်ခဲ့တာ အနှစ် ၂၀ဆိုတဲ့ကာလမှာ ဒင်းတို့ တခါဘဲလား၊ အခါခါလား၊ ကြုံရင်ကြုံသလိုလား အစရှိသဖြင့် တွေးကြည့်ရင် နည်းနည်းတော့ စိတ်အိုက်မိတာအမှန်။

ဒါဆို ကိုယ်တိုင်ကရော အိုကေ ပြောထွက်ပါတယ် ကျနော်တောင် အသက် ၂၇နှစ်မှ ဒီကိစ္စကို စထိတွေ့ဖူးတယ်၊ စလုံး ဂေလမ်းမှာ ငါးကွဲပီး ဘော်ဒါတွေ ကျပ်လို့ကတကြောင်း ကိုယ်တိုင်ကလဲ လက်တည့်စမ်းချင်တာ တကြောင်းနဲ့ စခဲ့တယ်။ အဲ့မှာတင် ဒါက ဒီလိုပါလား ဆိုတဲ့အပြင် ဒိထက်မပိုခဲ့ဖူး။ နောက်ပိုင်းတော့ ဖိလစ်ပိုင်တယောက်နဲ့ စတွဲဖြစ်ခဲ့သလို၊ ဗီယက်နမ်တယောက်နဲ့တော့ မယူဖြစ်ခဲ့တာကလွဲလို့ သမီးရည်းဇားဘွကို အနှစ်သာရရှိရှိ လက်တွဲခဲ့ဖူးတယ်၊ အဲ့ ဗီယက်နမ် အမျိုးသမီးနဲ့ အခြေအနေအရ လမ်းခွဲခဲ့ပီးတဲ့နောက်မှာတော့ ကျနော့် တကိုယ်ရည်ဘ၀က လုံးဝအေးစက်စက်နဲ့ ဖြစ်သွားခဲ့တယ်။ ကျနော့် ကိုယ်ပိုင်အယူအဆကတော့ လိုချင်ရင် ၀ယ်စားတာကို အားမပေးပါ။ ဘာဖြစ်လို့လဲ ဆိုရင် ချစ်သူ၂ယောက် (၀ါ) ကိုယ့်အိမ်ထောက်ဖက် (၀ါ) အိမ်ထောင်းလျောင်းလျာနဲ့ အတူနေထိုင်ပြုမူဆက်ဆံခြင်းက အကောင်းဆုံး စိတ်အချရဆုံး ၂ဦး၂ဖက်အတွက် ကျေနပ်မှု အရှိဆုံးလို့ ထင်ပါတယ်။ အဲ ၀ယ်စားအားမပေး ဆိုလို့ ဟိုလိုစီးပွားဖြစ် တယောက်ပီး တယောက် ရုပ်ရည်နဲ့သော်လည်းကောင်း၊ စီးပွားဥစ္စာ အောင်မြင်မှု အရှိန်အ၀ါတွေနဲ့ ဖန်တီးစားသုံးမှုကိုလဲ အားမပေးပါကြောင်း။ တည့်တည့်ပြောရရင် မိန်းကလေး (၀ါ) ယောင်္ကျားလေး တဦးရဲ့ဘွမှာ ရွေးချယ်မှု ကြုံတွေ့မှု တကြိမ်ကနေ ၃ကြိမ်၊ ၄ကြိမ် အထိ ကြုံတွေ့ရမှာမို့ အဲ့အပေါ်မှာဘဲ နေထိုင်ကျင့်ကြံမှုဟာ အကောင်းဆုံးမို့ Smart Wearing လို့ အမည်တပ်ပါရစေ။ ဒါနဲ့ ပတ်သတ်လို့ အကျယ်တ၀င့်ဆွေးနွေးမှုကို ကွန်းမင့်နဲ့ ပြန်ပေးပါ့မယ်။ (စာချုံ့ရေးချင်တာမို့ )

 

နိဒါန်း ( ၄ ) လစ်နဲ့တစ်

ဒီအမျိုးသမီးကြီး ၂ယောက်လုံး မှန်ရဲ့သားနဲ့ လွဲသလို ဖြစ်နေတာလေး ဝေဖန်ခြင်ပါတယ်။ လစ်က မြန်မာပြည်ကနေ အနောက်ရဲ့ ရင့်ကျက်မှုတွေကို ယူပီး မြန်မာလူငယ်တွေကို အဲ့လို သိတတ်၊ နားလည်တတ်၊ ခွဲခြားသိတတ်ပြီး စနစ်တကျ ကျင့်သုံးခံယူတတ်စေချင်ပုံရတယ်။ တစ်ကတော့ တမျိုး သူ့စေတနာကတော့ မြန်မာမိန်းကလေးတွေ အဲ့လိုတွေ မဖြစ်စေချင်ဘူး၊ အနောက်ရဲ့ အတွေးအခေါ် ယဉ်ကျေးမှု အယူအဆတွေကို ယူချဉ်းယူ တခြား ပညာရေး ကျန်းမာရေး စီးပွားရေးတွေမှာ ယူစေချင်တယ်၊ ဒီစနစ် ဒီအမူအကျင့်တွေကိုတော့ မယူစေချင်ဘူး၊ ဆိုတော့ ဖြစ်နေတာက လက်ရှိမြန်မာပြည်ရဲ့ လူငယ်ထုကြား ဒီကိစ္စက အတော့်ကို ကျွံဝင်နေပီ။ မယုံမရှိနဲ့ အခု ၁၉-၂၆ ကြား မိန်းကလေး ၈၅%ဟာ လိင်ကိစ္စကို အကြမ်းဖျဉ်းသိသူမှသည် ကိုယ်တိုင်ခံစားတွေ့ကြုံဖူးသူအထိ ရှိလာနေပီ။ ဒီနေရာမှာ အဓိကကျလာတာက ၁၅-၂၂ ကြားကလေးတွေပါဘဲ သူတို့တွေဟာ နုနယ်သေးတာမို့ ကျနော့်ကိုယ်ပိုင် အမြင်နဲ့ ပြောရရင် သိသာသိစေ မစမ်းသပ်သင့်၊ မခံစားသင့်၊ အသုံးမချသင့်သေးဘူးလို့ ယူဆပါတယ်။

သို့သော် ကျနော်သိလိုက်တာကတော့ နောက်ကျနေပီ ဆိုတာပါဘဲ။ လက်တွေ့ ဥပမာ ပြောပြရင် မော်လမြိုင် ကျနော့်သူငယ်ချင်းက ဟိုတယ်တခုနဲ့ ဖုန်း ဆေးလ်၊ ဆားဗစ် စင်တာလုပ်ထားပါတယ်။ သူ့ဖုန်းဆိုင်ကို ကျနော်သွားလည်တော့ နေ့လည်ပိုင်း လူရှင်းချိန် တော်ကီအတော် ပွားဖြစ်ကျတယ်။ အဲ့အချိန် ဆိုင်ကယ်တွေနဲ့ မိန်းမငယ်များ အတော်ဆိုင်ကို လာပါတယ်၊ ပထမ အမရှိလားမေးတယ် (သူငယ်ချင်း မိန်းမ) နောက် ဆိုင်ကို ဝေ့ကြည့်တယ် ကျနော်တို့ ၂ကောက်ကို ကြည့်ပီး ဆိုင်ထိုင် ဝေ့လည်ပတ်ကြည့်ပီး ပြန်ပြန်သွားကျတယ်။ နောက်တော့ သူငယ်ချင်းက သူ့မိန်းမ ဖုန်းဆက်ခေါ်ပီး လက်ဘက်ရည်ဆိုင် ထွက်လာခဲ့တယ်။ စိတ်ထဲ တမျိုးမို့ မနေနိုင်လို့ မေးကြည့်တော့မှ သူ့ဆိုင်မှာ ခုလို နေ့လည်ပိုင်း လူရှင်းချိန် porn ကား ခပ်ယဉ်ယဉ်တွေကို သူတို့လိုချင်တဲ့ အပိုင်းလေးတွေ လာထည့်တတ်ပါတယ်တဲ့။ စီးပွားရေးအရမို့ မလုပ်ပေးရင်လည်း သူများဆိုင် သွားမှာမို့ လုပ်ပေးနေရတယ်တဲ့ ဒါ learning မို့ နားလည်ပေးချင်ပေမဲ့ ဒိထက်ပိုလာတာကိုတော့ ကိုယ့်သမီး၊ ကိုယ်နှမ၊ ကိုယ့်တူမ နေရာထားပီး အလဂါး အချောင် ကိုယ့်ထမင်း ကိုယ်စား တွန့်တိုမိပါတယ်ဗျာ။ နောက်တခုက ကျနော် စလုံးမှာ ရှိနေတဲ့ အချိန်က မိတ်ဆွေတယောက်က သူရဲ့သမီးချော ငါးဘာသာ ဂုဏ်ထူးရှင် ပေါ်လီကျောင်းသူလေးကို သမီးတားတဲ့ ကြားက ဆပ်ပရိုက် လာတွေ့ပါတယ် အိမ်လိပ်စာပေးလို့ လိုက်ပို့တဲ့အချိန် ယောင်းမမြင်းစီးလေးက သူ့အဖော်နဲ့ နေ့လည်စာ စားနေတာကို ပက်ပင်းမိပါတယ် သူ့အမေခင်ဗျာ မျက်ရည်လည်ရွဲနဲ့ ငုတ်တုပ်မေ့တာကို မျက်မြင်မို့ …..။

 

နိဒါန်း ( ၅ ) သူယုတ်မာ သီအိုရီ

ချစ်ရင်ပေးရမယ်တဲ့ ဘယ်သူဖုန်းစားတွေရဲ့ အင်တာနေရှင်နယ် သီအိုရီလဲတော့ မသိ မြန်မာပြည်မှာ ခေတ်ထနေပါတယ်။ ဘယ်ကနေ ဘယ်လို ကူးစက်လာတာလဲ မသုံးသပ်တတ်။ ကျနော်တို့ နေထိုင်ပြုမူခဲ့တာတောင် တယောက်နဲ့ တယောက် တလခန့် ( အတော်မြန်တဲ့ အဆင့် ) လည်ပတ်သွားလာ စကားလက်ဆုံကျရင်းမှ ဆုံဖြစ်ခဲ့တာပါ။ ကျနော်လဲ တယောက်ထဲသမားမို့ အဖော်ရှာနေချိန်( ဟိုကိစ္စအတွက်ဘဲ မဟုတ် ) သူမကလဲ ဂလိုတွေးလို့ ချစ်သူဘ၀နဲ့ တွဲခဲ့ကြတာပါ။ နောက်ပိုင်း သူမ အမေရိကားထွက်မဲ့အချိန် ကျနော်လဲ တရုတ်ကို ထရန်စဖာသွားရတဲ့ အချိန် အနေဝေးမို့ အင်တာနက်၊ဖုန်းကတဆင့် ဆက်သွယ်ရာကနေ စိတ်အပင်ပန်း မခံချင်၊မခံနိုင်တော့လို့ ၂ဦးသဘောတူ လမ်းခွဲခဲ့ကြတာပါ။ ကနေ့အထိ ခိုင်မြဲသော ခဏတာအချစ်မှာ ပေါင်းဆုံခဲ့ကြဖူးသော မိတ်ဆွေကောင်း (၀ါ) smart wearing လူသားများ အဖြစ်တည်ရှိနေပါသေးတယ်။ ပြောချင်တာကတော့ ချစ်ခြင်းတရား၊ သံယောဇဉ်နဲ့ တွယ်မက်မှုကို အကြောင်းပြုလို့ လိင်ပိုင်းဆိုင်ရာကို လက်ဖြန့်တောင်းခြင်းဟာ သူဖုန်းစားဆန်တယ်လို့ ကိုယ့်အတွေးနဲ့ကိုယ် မှတ်ချက်ပြုပါတယ်။ ညီငယ် ညီမငယ်များ ရေလိုက်လွဲပီး နားလည်မှု မလွဲစေချင်ဘူး။ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ပါနေတာမို့ လေးနက်စွာ ဆင်ခြင်သုံးသပ်စေချင်ပါတယ်။

 

နိဒါန်း ( ၆ ) လက်တကမ်းအကွာတွင်

အထက်မှာ ကိုယ့်စိတ်နဲ့ကိုယ် ရေးခဲ့တာမို့ တိုက်ဆိုင်သူရှိနိုင်သလို ကွဲလွဲသူလဲ ရှိနိုင်ပါမယ်။ ဒါပေမဲ့ လတ်တလော အခြေအနေအရ ကျနော်တို့ဟာ ကိုယ့်ဖြတ်သန်းခဲ့မှုမှာ ကိုယ်တည်ခဲ့တဲ့ သစ္စာတွေ သိက္ခာတွေကို အရင်းတည်လို့ ဒါကို အယူအဆတခု အဖြစ် ပုံစံပြောင်း ပြိုင်ဆိုင်ငြင်းခုံခြင်းသို့ မသွားဘဲ အကောင်းဆုံးဖြစ်နိုင်မယ့် အကြောင်းအရာတရပ်ကို ဦးတည်ရင် ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်ပြောရလဲ မေးရင် ကိုယ့်တကိုယ် ဖြတ်သန်းမှုရဲ့ စံနှုန်းတွေဟာ အများနဲ့သက်ဆိုင်သော အကြောင်းအရင်းပေါ် သက်ရောက်မှုနည်းလို့ပါဘဲ။ လွယ်လွယ်ပြောရရင် လက်တကမ်းအကွာမှာဘဲ ရှိနေပေမဲ့ ကျနော့်တို့ဟာ ကိုယ်ပိုင်စံနှုန်းထက် အများဆိုင်စံနှုန်းသို့  ပြုပြင်ပြောင်းလဲတဲ့အခါ စိတ်တော့နည်းနည်းလျော့ရမယ်လို့ ထင်ပါတယ်။ ကလေးတွေကို ဒီနေ့ ဒီအချိန်မှာ တင်းကျပ်စွာ တားမြစ်ဖို့ နည်းလမ်းကောင်း မပေါ်တာကလဲ ဒီကိစ္စဟာ နည်းစနစ်တခုထက် လူတဦးချင်းစီရဲ့ လွန်စွာမှ ရှုပ်ထွေး ခက်ခဲနက်နဲတဲ့ စိတ်ပိုင်းဆိုင်ရာ တကိုယ်ရေ အမူအကျင့်မို့ ကနေ့အထိ ဘာသာရေးဆြာတွေ၊ အတွေးအခေါ်ဆြာတွေ၊ သိပ္ပံဆြာ၊ ၀ိဇ္ဇာဆြာတွေ လက်ရှောင်နေတုန်းမို့ပါ။ ဒါကြောင့်မို့ လက်တကမ်းမှာ ရှိသော်ငြား လွန်စွာ ဖြေရှင်းတဲ့ ကိစ္စမို့ ကိုယ့်နိုင်ငံမှာ ရှိကြကုန်သော ညီ/ညီမငယ်များကို ပြောပြပေးယုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဗျာ။ ဆိုလိုတာက အယူအဆကွဲလွဲတာထက် အကောင်းဆုံး နည်းလမ်းအကျဆုံး အဖြစ်သင့်ဆုံးတွေကို ရွေးထုတ်ပီး လက်ဆင့်ကမ်းဖို့ပါဘဲ။

 

နိဂုံး ( ၀ ) ဗျစ်

မြန်မာအမျိုးသမီးလဲဖြစ်၊ ခေတ်ပညာတတ်လဲဖြစ်၊ အိမ်ထောင်သည်လဲဖြစ်၊ သားသမီးရှိသူလဲဖြစ်၊ ကလေးတွေအပေါ် စေတနာထားတာခြင်းလဲ အတူတူဖြစ်၊ အပျော့ငြင်းနဲ့ အပြင်းငြင်းလဲဖြစ်၊ ဖြစ် …. ဖြစ် … ဖြစ်

အမကြီးတို့ ၂ယောက်ကို ( ၃၆နဲ့ ၅၆ လောက်မို့ နုသွားအောင် ) အမှန်တကယ် လေးစားတာတော့ အမှန် သို့ပေမဲ့ မိန်မသားတွေလဲဖြစ် ဆွေးနွေးနေတာက  ( အစက ငြင်းထူနေတာ ) ကလေးတွေရဲ့ အနာဂတ် စိတ်ပိုင်းဆိုင်ရာမို့ ၀င်မပါတဲ့ ဘလစ်တွေကို နည်းနည်းတော့ တင်းကြောင်း …… တစ် နဲ့ လစ် ကြား အလယ်ထိုင်တဲ့ ဗျစ် …. အဟစ်

 

Breaking ( OLD ) News

China မှာ အစိုးရက အလယ်တန်းကျောင်းတွေ ( ၁၁-၁၃ ) ကစလို့ ကွန်ဒွန် ဝေပေးနေတဲ့အချိန်၊ ကျောင်းလွယ် အိတ်ထဲမှာ ကွန်မြူနစ် ဖို့စ်နဲ့ မပါမဖြစ် ဆောင်ရမယ်လို့ တွန်းအားပေးနေတဲ့ အချိန် …။ China က ပိုက်ဆံရှိ ဘောဇိ စားဘဲ ကြီးတွေက ဗာဂျင်းနတီကို ဒေါ်လာသန်းချီပီး ပေးဝယ်နေလေရဲ့ ( Q?- ချစ်ခြင်းမေတ္တာ အတွက်လားပေါ့ ) …..

 

အဲ့ဒါ … အဲ့ဒါ  ၁ဒီဂရီ 

 

ရဲစည်

တသက်တာ လူပျိုဂျီး ( ခေတ္တ –  ဂဇတ်ရွာထိပ်   )

6:35 AM

 

PS: ဘော်ဘော်တယောက် အကူအညီနဲ့ ဒီပို့စ်ကို တင်လိုက်ပါတယ်ဗျို့

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း