ဒီပိုစ့်က တင်ပြီးသားပါ ဒါပင်မယ့် ပျက်တဲ့အထဲ ပါသွားလို့ မကျေနပ်လို့ ပြန်တင်ပါအိ :mrgreen: သူများမှာ (6) လနေမှ ပိုစ့်လေး တစ်ခါရေးပါတယ် ပျက်သွားတဲ့ အထဲပါသွားတယ် ……

နွယ်ပင် အခုတစ်လော အလုပ်မှာ ပင်ပန်းလို့ စိတ်ရှုပ်စိတ်ပျက်နေရတဲ့ ကြားထဲ ရာသီဥတုကလည်း မသာယာ နောက် အိပ်ရာနိုးရင်လည်း ခေါင်းကကိုက်နဲ့ အလုပ်ကို သွားရင် လူက ညည်းစိစိကြီးနဲ့ စိတ်ထဲ မ၇ွှင်မလန်းဖြစ်နေတာ အတော်ကြာပီ အဲတာကြောင့်ထင်တယ် စိတ်ကလည်း မလန်းမဆန်းဖြစ်နေတော့တာပဲ ..
အဲတာနဲ့ အိမ်မှာ ဟာသကား ငှားကြည့်တော့လည်း စိတ်နဲ့ လူနဲ့ကလည်း သိပ်မကပ်သလို ဖြစ်နေပြန်တော့ ၇ီစရာကလည်း မကောင်း စိတ်မလန်းတဲ့ အပြင် ပိုပြီး စိတ်ရှုပ်တဲ့ ခံစားမူပဲ ရတယ် .ဒါနဲ့ ပီးခဲ့တဲ့ တစ်ပတ် စနေမှာ အိမ်မှာ အမျိုးတွေ စုကြမယ်ဆိုတော့ စိတ်ရှုပ်ရတဲ့ အထဲ လူတစ်ရုံးရုံး၇ှိဦးမှာပဲဆိုပီး အမျိုးတွေ မလာခင် လူက ကြိုပီး ပင်ပန်းနေပြန်ရော .. ဒါပင်မယ့်လည်း စနေနေ့လည်းရောက်ရော မတွေ့ရတာကြာတဲ့ မောင်နှမတွေ သူတို့ကလေးတွေရော ဦးလေးလေးတွေ အဒေါ်တွေစုတော့ ဘာပြောကောင်းမလဲ ပျော်လိုက်ကြတာဆိုတာ …
အဲဒါနဲ့ အခုတစ်လော ဖွဘုတ်ထဲ လူပြောများနေတဲ့ မျက်လုံးလေး ကလည်ကလည်ကို ငှားကြည့်ကြမယ်ပေါ့ဆိုပီး အစ်ကိုတစ်ယောက်ကစပြောရော အဲမှာ ဇာတ်လမ်းက စတော့တာပဲ ….

xxxxxxxxxxxxx
ဇာတ်လမ်းကြည့်ကြတော့ ငယ်တဲ့ ကလေးတွေကတော့ သူတို့ဘာ သူတို့ဆော့နေကြတာပေါ့ ဒါပင်မယ့် အရွယ်လေး မရောက်တစ်ရောက် တူမ (2) ယောက်နဲ့ တူတစ်ယောက်ကတော့ အဒေါ်တွေ ဦးလေးတွေ ကြားထဲ 0င်လို့ လူကြီးတွေ ပြောတာ လိုက်နားထောင်လိုက် တီဗီလေးကြည့်လိုက်နဲ့ပေါ့ အဲံ အချိန်မှာပဲ ဖွဘုတ်ထဲ တင်တဲ့ ဇာတ်0င်ခန်းလေး နေတိုးနဲ့ ရွှေမှုန်ရတီ အခန်းလည်းစရော ကလေးတွေက မျက်လုံးလည်း တစ်ကယ့်ကို ကလည်ကလည်နဲ့ ကြည့်နေကြတော့တာပဲ ဒါနဲ့ အစ်ကို0မ်းကွဲတစ်ယောက်က နွယ်ပင့်ကို “ဟဲ့ ရစ်လိုက်လေ နင့်နှယ့် ကြည့်လို့ကောင်းနေလားလို့ ” ပြောတာနဲ ရစ်ဖို့ ရီမုတ်လိုက်ရှာတာ ဘယ်ကလေး ကောက်မပြီးဆော့နေမှန်း မသိ ၇ှာလို့ကို မတွေ့ဘူး အမှန်က ရစ်စရာမလိုပါဘူး ကိုယ်တွေက အဲ့တာကို ကြည့်ချင်လို့ ငှားတာပဲဟာကို အခုဟာက ကလေးတွေလည်းပါတော့ ရစ်ခိုင်းတာကို ၇ီမုဒ်ကလည်းမတွေ့ဆိုတွေ့ အကဲပိုတဲ့ အစ်ကိုက (အမှန်က သူ့သမီးလည်း ကြည့်နေတော့) ဘာမပြောညာမပြောနဲ့ လုပ်မိလုပ်ရာထပြီး တီဗီေ၇ှ့ သူပုဆိုးကြီးဖြန့်ဲပီး ကာလိုက်တော့ကာမှ ခုနကကလေးတွေ မျက်လုံးလေးကလည်ကလည်ကနေ မျက်0န်း0ိုင်း0ိုင်းတွေကို ဖြစ်ကုန်ကြတော့တာပဲ …. :mrgreen: တွေးတာကြည့်ပါတယ် တီဗီက အလင်းရောင်ရယ် နေ့ခင်းဘက် နေအလင်းရောင်ရယ် ပေါင်းပီးတော့ ….. တီဗီေ၇ှ့မှာ ပုဆိုးကြီး ဖြန်ပြီဲးကားကားကြီး ရပ်နေတဲ့ အစ်ကိုရဲ့ ပုံစံရယ်ကို ….. ရယ်လိုက်ကြတာဆိုတာ တစ်အိမ်လုံး0က်0က်ကို ကွဲလို့ နွယ်ပင်လည်း တစ်ပတ်လုံးညစ်နေတာတွေ အကုန်ပျောက် မျက်ရည်တောင် ထွက်တာ ရီလိုက်ရတာ … ဒီအထဲ အသည်းနာဆုံးက အစ်ကိုပဲ သူမှာ့ ၇ှက်လည်း၇ှက် ရီလည်း၇ီချင် ဆိုတော့ နောက်ဆုံးအပစ်ပုံချလိုက်တာက ” ဒီ S ဗမာကားတွေ ဒါများ အဆန်းလုပ်လို့ ရိုက်ပြနေသေးတယ် အ၇ွယ်ရောက် လူအကုန်သိတယ်ဆိုပဲ …”

images 2

laughing

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..

   Send article as PDF