ဂုဏ်ယူလိုက်ဇမ်းဘာ

ကျုပ်တို့ သီဟပူရကို အင်-ယာတွေ အတော်များများ တင်ပို့တဲ့တိုင်းပြည်မှာနေတာ..

နောက်ပိုင်း hospitality management ဆိုတာ လူငယ်ထု သည်းခြေကြိုက် မြို့ပြကဗျာ ဖြစ်လာတဲ့အကြောင်းကောသိလား

အဲ … မလေးက လယ်တွေ ဘယ်ကောင်တွေ ပင်ပင်ပန်းပန်း ထွန်ပေးနေတယ်ထင်သတုန်း

ပြီးတော့ ပြုတ်တူနဲ့ ပလာယာ ကိုင်ပြီး ပေးတာယူကျွေးတာစားနေတာကော ဘယ်ကလာတဲ့ကောင်တွေထင်သတုန်း

နီးနီးစပ်စပ် ယပက်လက်ပင်လယ်ပြင်မှာ ပါဏာတိပါတာကျူးလွန်နေတဲ့ အမျိုးတွေဘယ်လောက်ရှိလဲ ခင်ဗျားသိလား

ပထ၀ီ တကြောလွတ်တယ် အပြောခံရလောက်အောင် လှိုင်းမူးခံပြီး ရေထဲကမတက်တဲ့ လူတွေလည်း တပြွတ်

တခြား ပန်းကန်ဆေး ဆူရှီလိပ် တက္ကစီမောင်း ရင်း ရွာက အမျိုးတွေဖို့ ဆိုတာကလွဲလို့ ဘာမှမသိတဲ့

ဖြစ်သမျှအကြောင်း အကောင်းထင်ထားရတဲ့ ခပ်ညံ့ညံ့ လူလည်အာရှသားတွေကလည်း ကမ္ဘာအနှံ့ပဲ…
အဲ့ဒီ့ လူတန်းစားက ရွာကအမျိုးတွေ လုပ်တာကိုင်တာ တွေမှာ မှားတာတွေ့လို့ ထောက်ပြရင် ဆဲမယ်

သူရို့ ကြုံတွေ့ လိုက်နာရတဲ့ ပိုပြီး အလုပ်ဖြစ်မယ့် တကယ်တမ်းလည်း ဖြစ်သင့်တဲ့ ပုံစံသစ်ကို ဆွေးနွေးရင် ဆဲတယ်

ဘယ်မှာတော့ ဘယ်လို ကျင့်သုံးသဗျ လို့ တင်ပြရင် – င်ခေါင်းကျယ်တယ် ဆိုပြီးတော့ ဆဲကွယ်..

မသိရင် မှတ်ထား ..အဲ့သည့်လူတန်းစားက သိသိကြီးနဲ့ နိုင်ငံခြားသား အနှိမ်ခံ ကိုယ့်လူမျိုး အဆဲ ခံပြီး

အမျိုးတွေဖို့ ဆိုပြီး ကိုယ့် ရင်ဘတ်တခုလုံးဖွင့်ပြီး ထွန်ယက် နေတာ

ဘာလဲ မကျေနပ်ဘူးလား .. ကောင်းပြီ

ဆဲဗျာ …

 

 

P.S

ပြန်ဆဲမယ်

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011