“၅၅အလွန်”

စိုစိုစိမ်းစိမ်းလေးနဲ့စ

ရော်ရွက်ဝါမှာဆုံးသွားတဲ့

သစ်ရွက်များလို

…………………………………………….

……………………………………….

ကျနော်ဆိုတာကလည်း

“ဘဝ “လို့အမည်တတ်ထားတဲ့

ဘာမှန်းမသိတဲ့

ကန့်သတ်ခြင်း လွင်ပြင်ကျယ်ထဲမှာ

ပျော်တလှည့် ပျင်းတစ်ခါ

ခွင့်လွှတ်ခြင်းရန်ဖန်ရန်ခါ

မနိုင်၍သည်းခံရခြင်း မြောက်များစွာ

အောင်မြင်ခြင်းတစ်ကြိ်မ်တစ်ခါ

ကျရှုံးခြင်းပေါင်းအကြိမ်များစွာ

တက်ကြွတစ်ခါ

တွေဝေတစ်လှည့်

တစ်ခါတစ်ခါရုန်းကန်

တစ်ခါတစ်ခါ မျောပါ

တစ်ခါတစ်ခါကန့်လန့်သွား

သံသရာကြီးထဲမှာ

…………………………………………

ကူးခတ်တယ်ထင်ရင်း

နစ်မြုတ်။

အမြင့်တက်တယ်ထင်ရင်း

ပြုတ်ကျ။

ပျော်ရွှင်တယ်ထင်ရင်း

ငိုကြွေး။

ရတယ်ထင်ရင်း

ပြန်ပေးနေရ

 

အော်………………

ဖြတ်သန်းခဲ့သောကာလ

၅၅ ကို

နောက်ပြန်ပြေးကြည့်တဲ့အခါ

သိလိုက်တာ

တစ်ခုထည်းပါဘဲ။

အဲဒါ……………………………….

“ငါဟာ……………ငါမဟုတ်ဘူး”

“ငါဟာ……………ငါမဟုတ်ဘူး”

“ငါဟာ……………ငါမဟုတ်ဘူး”

“ငါဟာ……………ငါမဟုတ်ဘူး”

 “ငါဟာ……………ငါမဟုတ်ဘူး”

ဆိုတဲ့ ကိုငှက်ဆိုခဲ့တဲ့စာသားလေးအတိုင်းပါဘဲဗျာ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ

3-7-2013

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။