စက္ကန့် မိနစ် နာရီ နဲ့ နေ့ရက်တွေဟာ ရူးသွပ်နေတယ်
အဲသည်နေ့က လက်ပံပွင့်တွေ တစ်တောလုံးကြွေနေတယ်။
ဟုတ်တယ်…….. အဲသည်နေ့က လက်ပံတွေက အရောင်အဆင်းမရှိဘူး။
ကြွေကျတဲ့ လက်ပံတွေ ကိုယ်ပြန်မကောက်မိဘူး
လက်ပံတွေဟာ သူ့ခြေရင်းမှာ ခ…ဝပ်ဆင်းလို့။
ကြွေကျတဲ့ လက်ပံပွင့်ကိုမှ သူကခပ်မဲ့မဲ့ပြုံးပြနေသေးတယ်
အဲသည်အချိန် သူ့ခေါင်းထက်မှာ စံခွင့်မရှိတဲ့ လက်ပံပွင့်ကငိုတယ်။
သူနဲ့တွေ့မှ ကျွန်တော့်လက်ပံပွင့်တွေက အဖြူရောင်
ကြွေလိုက်တာမှ သူ့ဘေးမှာ လက်ပံတွေဖွေးဖွေးလှုပ်။
ရူးသွားတယ်…လို့ သူထင်တယ်
ဟုတ်တယ် အဲသည်စက္ကန့်ကလေးမှာ လက်ပံတွေရူးသွားတယ်။
သူ့ခေါ်မှာ နှင်းဆီရဲရဲတစ်ပွင့်ပန်းထားတယ်
သူ့ဘေးမှာ လက်ပံပွင့်တွေကြွေကျတယ်။
တစ်ပွင့်ချင်းကနေ အုံလိုက်ကျင်းလိုက်
လက်ပံပွင့်အဖြူတွေ ဖွေးဖွေးလှုပ်။
သူ့နှုတ်ခမ်းက စကားတစ်ခွန်းကျလာတယ်
“လက်ပံပွင့်ဟာ လက်ပံပွင့်ပါပဲ……. နှင်းဆီမဖြစ်ချင်စမ်းပါနဲ့”တဲ့။
လက်ပံပွင့်တွေကို သူတစ်ချက်ကြည့်တယ်
သူ့အကြည့်က………………………………
သနားကြည့်
ဥပေက္ခာကြည့်
…..အကြည့်
…..အကြည့်
…..အကြည့်တွေရောပြွန်းလို့…
သူလှည့်ထွက်သွားတယ်။
လက်ပံပွင့်တွေရဲ့
စက္ကန့်
မိနစ်
နေ့ရက်တိုင်းဟာ
ရူး……သွပ်…….နေတယ်။
———————————-
ရင်နှင့်ရင်း၍
အောင်မိုးသူ
ဇူလိုင်လ ၄ရက်နေ့ ၂၀၁၃ခုနှစ်
ကြာသပတေးနေ့
၁၂နာရီ ၄၅မိနစ်
6 comments
KZ
July 4, 2013 at 2:10 pm
အဲဒီရာသီမှာ
အဲ့ဒီ အရောင်နဲ့
အဲ့ဒီ ပန်းတွေ မြင်ရင် တကယ် ရူးကြောင်ကြောင်ဖြစ်တယ်။
အယ်။
ပြောရင်းးး ကျုပ်ဟာကျုပ် ဘယ်ဘဝ ရောက်သွားပါလိမ့်။
aung moethu
July 4, 2013 at 3:11 pm
လက်ပံပွင့်ကို အပြင်မှာမမြင်ဖူးသေးဘူးဗျ… ဒါမယ့် သူ့ရဲ့ ရဲရဲတောက်နေတဲ့ အရောင်ကိုကြိုက်တယ်။ ကဗျာထဲမှာတော့ သူ့ရဲ့ ရဲရဲတောက်နေတဲ့မာနအရောင်တွေကိုတောင် ခဝါချပြီး အဖြူထည်ပါဆိုပြီး လူတစ်ယောက်နဲ့တင်စားထားတာ.. 🙂
KZ
July 4, 2013 at 3:23 pm
အန်။
အဲဒီ ကော်မန့်က ပါမသွားဘူးလားးး
မေးထားတာ။
လက်ပံပွင့် အဖြူထည်လို့ ပြောထားလို့။ ဟီးးးး
အဲလို ဝေးတာပါဆို။
ခု ဖတ်ရတာ ပိုကောင်းသွားပြီ။
ကျေးဇူး 🙂
သူကလေး
July 4, 2013 at 3:51 pm
မိုက်တယ်ဂျ
အလင်း ဆက်
July 4, 2013 at 6:59 pm
ကျွန်တော် က တော့
ဟောဒီလို ကဗျာတွေ ဖတ် တိုင်း
ရသ ဖွေရှာ ခံစားမိတိုင်းး
ကဗျာ အတွေး စာအတွေးတွေနဲ့ ရူးသွပ် နေတယ် ။
===========
ကိုအောင်မိုးသူရဲ့ ကဗျာ တွေကို
ပြခန်း က ကြိုဆိုလျက်ပါ နော်
ခင်မင် လေးစားစွာ
အလင်းဆက်
မဟာရာဇာ အံစာတုံး
July 5, 2013 at 10:17 am
” လက်ပံပွင့် ”
နှင်းဆီ မဖြစ်ချင်ပါဘူး ….။
” လက်ပံပွင့် ”
မမြင်ရတာလည်း ကြာခဲ့ပြီပဲ …။
အမေနဲ့ ရွာကို သားမောင် လွမ်းတယ် …။
(ဘာမွှလည်း ဆိုင်ဝူး)
ဘီလို မန့်ရမှန်း မတိလို့ဂျာ …
အားပေးသွားဂျောင်း ပေါရင်လည်း တိုတိုဂလေး ဖစ်နေမှာ စိုးညို့မို့ …
ဂုလိုဘဲ မန့်လိုက်ဒယ် …။