ကံဆိုးမှု မိုးသားတွေ ပြိုကျတဲ့ ကာလပေါ့..

အားငယ်နေမလားကွယ်..

ဆောရီး .. ကျနော် အားမပေးတတ်ဘူး..

ခပ်သော့သော့ ပြုံးလို့ လောကဓံဆိုတဲ့ ငနဲသားကို

ကလိကလိ နေအောင် ပျက်ရယ်ပြုတတ်တာ..

ကျုပ် ထရိတ်မာ့ခ် ရယ်ပါ…

 

ပြုံးပါဦး မိန်းကလေး..

မင်းပြုံးတိုင်း ပန်းတွေ မကြွေ သလို

ကြယ်တွေလည်း မသေဘူး

ဒါပေသိ …

စိတ်ကျေနပ်မှုရဲ့ တန်ဖိုး တစုံတရာ ကိန်းတယ်..

မာန ဆိုတဲ့ပန်းဟာ မွှေးလွန်လွန်းလို့ လောကဓံ ဆိုတဲ့ကောင် ရှုရှိုက်ဖို့ မတန်ဘူး တဲ့လေ..

 

ဒုက္ခ ဆိုတဲ့ ငနဲသားက သူ့ခယ်မ သောက ကိုပါခေါ်ပြီး

အိမ်ပေါ်တက် ထမင်းမျိုတာပဲကွယ်.. ကျွေးလိုက်ပါ..

မျက်လုံးလေး မှေးစင်း လို့ ဖွဖွလေး ရယ်လိုက်စမ်းဘာ…

တွေ့လား ..

ငတိရဲ့ အရှက်တရားတို့ .. လွင့် စင် ပျောက် ရှ..

ဒင်းတို့ရဲ့ ထောက်ထားတဲ့ ဒူးတွေ သွေးချင်းချင်းနီမှ

ငယ်ထိပ်ကို တက် အလံစိုက် မယ်လေကွယ်. ..

နော်..။

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011