မြန်မာလို တထောင့်သုံးရာနဲ့ ဘယ်နှစ်ခုနှစ်မှန်း သေချာမသိ … မှတ်မိတာ နောင် ဆယ်နှစ်ကျော်မှ

အဖေက ကရင်လူမျိုး တလိုင်းပေါ့ … အသားခပ်လတ်လတ် ညိုတောင်မညိုရှာပါဘူး

အမေက ဧရာဝတီတိုင်း ၀ါးခယ်မသူ ဖြူတာမှ ဖွေးရော … ရန်ကင်းမှာ တွေ့ပီး လူငယ်တို့ သဘာဝ ဒွန့်လိုက်တော့ အစ်မတော် ၂ယောက် တရုတ်ပြည်က ကြွာလာလို့ … ကြုံတယ်ထင်ပါတယ် ….. ဖြူဖြူဖွေးဖွေးပေါ့ ။

ဘယ်နဲ့ဗျာ ကျုပ်ကျမှ …. အဲ့တုန်းက နယ်လ်ဆင်မန်ဒဲလားလဲ ခေတ်မစားသေးပါဘူး … အမီတာဘရ်ဂျန်းလဲ ခေတ်မထသေး … ကျုပ်ကျမှ ဂဲမွေးတဲ့ ကာတော်လိပ်က ဆင်းဆင်းချင်း နာ့စ်တွေကြား ဦးအောင်ဇေယျ လက်ရုန်း မီးတောက်တာတော့ ပျင်းတောင် ပျင်းသေးတယ် …

ထားပါတော့ …

၈၈မှာ ဥက္ကလာတခွင် ပြဲပြဲစင် မြောင်းထဲမှာ ၀ဲဘလက်ဗျစ်နဲ့ ၁၁နှစ်သားကျုပ် ဒေါင်းငါးတွေ ဖမ်းနေချိန် ဂျင်ကလိတွေဂျီး တွေ့တွေ့နေတယ် …။ အဲ့မှာ စလွဲတာပဲ ၅ရက်ကွက်သားကျုပ် ဦးလာဘရဲ့ အချည်ဆိုတာ ၀ါးခယ်မကပို့တဲ့ ခါးတက်ချဉ်လောက် ကောင်းရိုးလားပေါ့  ကိုယ့်ကိုကိုယ် အဟုတ်မှတ်လို့ ပါရမီလမ်းပေါ်ထွက် ငါဟဲ့ ၅ရပ်ကွက်သားပေါ့ … လက်ထဲမှာ ဖန်ပုလင်းတဘက် ဂျင်ဂလိ တဘက် ကိုင်ထားချိန် ဇတ်ကနဲ ဂုတ်ကဆွဲလို့ ကားယားယား ပါသွားလေရဲ့ ။ အဲ့မှာ နိုင်ငံရေးဆိုတာ စသိတာ …………… နိုင်ငံရေးအကြောင်းပြောရရင် နိုင်ငံရေးနဲ့ မိဘကျေးဇူး ဆပ်ဖူးတယ်  အဲ့အရေးအခင်းကာလ ၄၀ိုင်းထိပ်က သမဆိုင်ကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေ ၀ိုင်းဝန်ကြိုးပမ်းမှုကြောင့် ကျုပ်လည်း ဆန်တဆွဲနဲ့ ဆပ်ပြာ ၃ပိုင်း အိမ်ကိုပါလာတယ် …. အဖေက မြ၀တီဘောပင်နဲ့ ဆောင့်ထိုးတာ ခုထက်ထိ ပေါင်မှာ ဒဏ်ရာရှိသေးတယ်။ စာရိတ္တပျက်လို့တဲ့ ….

ဒါနဲ့ စာအတော်အတန် ဖတ်တတ်တဲ့ အချိန် အာဇာနည်နေ့ ရောက်တိုင်း သူများတွေ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတနေချိန် ကျုပ်ကတော့ ဂလုန်ဦးစောကို အံ့ကျော်လောက်မှ သတိမထားဖြစ် … ဦးနေ၀င်း( ဗိုလ်ချုပ်နေ၀င်း) ကို တိုးတိုး ဆဲမိလေရဲ့ အကျယ်ကြီး မဆဲရဲဘူး ကျုပ်အဖေက ဦးစောနေ၀င်း …

ဒိလိုနဲ့

ဒီလိုနဲ့

ဒီလိုနဲ့

ဆယ်တန်းတော့ အောင်တယ် ခင်ဗျားတို့ ပြောတဲ့ စိန်ပန်းပြာတွေ ဂျပ်ဆင်တွေ ဘာမှမသိ တက္ကသိုလ်ဆိုတာ ဝေလာဝေး

စစ်တပ်ထဲ ရောက် ၁၃နှစ်

(နေဦး ဖင်မှာ RPG မှန်ထားသေးတယ် … မယုံရင် လှန်ပြလို့ရတယ်)

နိုင်ငံရေးလုပ် အဆောင် ၁၃မှာ ၂နှစ်

သကြားလုံးရောင်း မော်လမြိုင်မှာ ၁နှစ်

စင်္ကာပူရောက် ငါးချပီး သဘောင်္ကျင်းတကာ ငုတ်တိုင်စိုက် အိပ်ငိုက်

ဒီလိုနဲ့

ဒီလိုနဲ့

ဒီလိုနဲ့

၃၆နှစ်ဆိုတဲ့ ကာလကို မှတ်မိသလောက် ချရေးရင် ခင်ဗျားတို့ ၃၆ရက်နဲ့ ဖတ်မကုန်ဘူး …. ကျုပ်လဲ မရေးနိုင်ဘူး ….။

ကျုပ်ရေးသမျှ လူ့ဘ၀ မှတ်တိုင် ကျုပ်ရိုးသားတယ်လို့တော့ မဆိုလိုဘူး ….

ဆိုတော့

ဟော့ … ဒီဆိုဒ်မှာ ကျုပ်ထက် ရှင်းတဲ့ သူတောင် ကျုပ်လောက်မရှင်းဘူး

ဒီတော့

သူများကိုလဲ ဆေးမထိုးဘူး

ကိုယ့်လဲ ဆေးထိုးမခံဘူး

မြွေမြွေခြင်း ခြေမြင်တယ် …

သိပ်လဲ မရယ်ကျနဲ့အုံး …. အူတက်သွားမှာ စိုးလို့ …

:lol:

ကျုပ်မှာ ပြဿနာတခုတော့ ရှိတယ် .. အတည်ရေးရင် လွဲတယ်

အလွဲရေးရင် … အဟုတ်မှတ်ကြတယ် …

လူတွေ အပြစ်မဟုတ် …. ကျုပ်အပြစ်

ကျုပ်တို့က ပညာမတတ်ခဲ့တော့ အဲ့လိုရှင်းရှင်းဘဲ ပြောတတ်တယ် …

အဲတော့ … ကျုပ်သက်လုံ သိပ်မကောင်းဘူး …

ဒါပေမဲ့

သြော် နေဦး အောက်မှာ ကျုပ် အလှဆုံးပုံ .. တင်ပေးထားတယ်

 

C360_2013-07-10-12-54-18

 

ဆိုတော့ ….. ပညာမတတ်တော့ အရပ်ထဲ အော်ဆဲသလိုပေါ့

အင်းဂလိပ်လိုလဲ တလုံးမှ မတတ်ဘူး ….

အတည် ပြောရင်လဲ လက်မခံချင်ဘူး ..

ဆိုတော့ ပေါလစ်တင်တဲ့ဆိုင်းယင့်တို့

ဒီမိုးက ရပ်တိုင် ဈေးရှင်တို့ …

ဘာဘာညာညာ … ကြည့်ကျက်ပြောကျဗျာ …

 

ရှင်းရှင်းပြောရရင်

အူးသန်းယွှေမှ အူးသန်းယွှေဘဲ

ဆက်ဒန်ဟူစိန်၊ ကဒါဖီနဲ့ အိုစမာဘင်လာဒင်တောင် သေခါနီး ဆလမ်မလေးကွမ်းခံရတဲ့သူ

ခင်ညားတို့ ကြိုးစားဂျ

ကျုပ်လဲ ကြိုစားနေတယ် …

လာမဲ့ ၂၀၁၇မှာ ဟဲ့ရွာထဲက တယောက်မှတော့ ကျုပ်မမြင် ….. ကျုပ်ကလွဲလို့ …

:)

 

နည်းနည်းလျော့ပါ ဦးဦး ကိုကို ဒေါ်ဒေါ် မမတို့ …

ညှင်း … ညှင်း …. ညှင်း

စတိုင်းယား …. ဒါပေမဲ့ … အတည်

၂၁ရက်နေ့ အရှက်မရှိ ဘူဖေးသွားစားဦးမှာ ….

ဒချိ ဒချိ ( ခွက်ဒစ်တူ ကနားစီး ဂီစိန်မ )

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း