(w y) စိတ်ကြွဆေးပြားတဲ့….

ဒီဆေးရဲ့ အာနိသင်…သုံးစွဲတဲ့ လူတန်းစား ..နဲ့…. နောင်ဖြစ်လာမဲ့…သူ့ရဲ့ ဆိုးကျိုးတွေကို ကျွန်တော်ခန့်မှန်းမိပါတယ်….ခုခေတ်လူငယ်တစ်ချို့ က

လွယ်လွယ်ရတဲ့ပိုက်ဆံ နဲ့ လွယ်လွယ်ရတဲ့ဒီဆေးကို လက်တဲ့ စမ်းကြတယ် …မိမိရဲ့ စိတ်ကိုဒီဆေးနဲ့…အစားထိုးပြီးလောကကြီးကိုရင်ဆိုင်ခိုင်းနေကြတယ်…

မိမိ လုပ်နိုင်တာထက်…. မိမိ စွမ်းဆောင်နိုင်တာထက် ပိုပြီး …..ဖန်တီးပေးနိုင်သူ ဒီဆေးကို တန်ခိုးရှင်လိုကိုးကွယ်လာကြတယ်..အချိန်အကန့် အသတ် တစ်ခုရောက်ရင်တော့

ကျေးကျွန်တစ်ယောက်လို ကိုယ့်စိတ်ကိုပြန်ပြီးစေခိုင်းမဲ့ ဒီဆေးအတွက် ……လွယ်လွယ်နဲ့ ပိုက်ဆံ ရှာလို့ရပါ့မလား….သမာအာဇီဝ နဲ့ ရှာရမှာမဟုတ်တော့လို့

မုသာဝါဒကို အဖေါ်လုပ်ပြီး အဒိန္နဒါနာ ကံ ကို မြိန်ရည် ရှက်ရည် စားသုံးရတော့မှာပါ ..မြင်နေတဲ့ မျက်လုံးတွေ ကန်း ပြစ်ရတော့မှာပါ…လျောက်နေတဲ့ချေထောက်တွေ ဒူးထောက်….

ညွတ်ကျရတော့မှာပါ….တွဲထားတဲ့ လက်တွေ ဖြတ်ပြစ်ရတော့မှာပါ…..အသိတရားတွေအားလုံးကိုမီးရှို့ုပြာချပြစ်ရတော့မှာပါ…..နောက်ဆုံး…..အချိန်မတန်ခင် ကျောခိုင်းအိပ်စက်

လောကကြီးကနေအပြီး ထွက်ခွာသွားရတော့မှာပါ…ခဏတာလူဖြစ်ရတဲ့  (ဘ၀ ) ဒါနဲ့ပဲ တန်ဖိုးဖြတ်ကြမှာလား…။

 

 

 

 

 

 

About စူးရဲ

စူး ရဲ has written 4 post in this Website..

ခြောက်ပြစ်မကင်းတာ၊သဲလဲမစင်တာလေးကြောင့်ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်ပေါင်းလို့သင်းလို့ရနေတာပါ။