Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အားလုံးကို နှုတ်ဆက် လမ်းခွဲခြင်း (လက်ကျန်)

alinsettJuly 28, 20137min79617

 

———

ကျေးဇူးပြုပြီးး

ဟောဒီ …..  ပတ်ဝန်းကျင်ကို . . . .

ကျွန်တော် . . . လွမ်းနေပါရစေနော် ။

***************************

 

လက်တို ့အပြန်အလှန် ဝှေ ့ယမ်း ပြရတော့မယ် ။

 

ကျွန်တော့် လက်တွေ ဝှေ ့ယမ်းပြတာက ခွဲခွါခြင်းရဲ ့သင်္ကေတ လက်ပြ နှုတ်ဆက်ခြင်းပါ ။

 

အခြားသော လက်တွေ ဝှေ ့ယမ်း ပြခြင်းကတော့ . . . မြန်မြန်သွားစမ်းပါကွာာာာ ဆိုတဲ့ သဘောနဲ့ လက်တွေ ခါယမ်းပြတာလည်းး ဖြစ်နိုင်တယ် ။

 

မသွားပါနဲ ့လားးကွယ်လို ့ ပြန်လာဖို့ ့ခေါ်တာလည်း ဖြစ်နိုင်တယ် ။

 

ဒီဘဝ တော့ ဒီမျှပဲပေါ့ကွယ် . . . . လို ့ ပြန်လည် လက်ပြနှုတ်ဆက်ခြင်းလည်းးး ဖြစ်နိုင်ပါတယ်။

 

ဘာပဲ ဖြစ်ဖြစ် . . . .

 

ဒီ သစ်ပင်အရိပ်ကို အချိန်အတော်ကြာ ခိုခဲ့ ဖူးတဲ့ ငှက်တစ်ကောင် . . . .

အဝေးကို ထ ပြန်သန်းသွားရပါတော့မယ် ။

 

ပြာလွင်တဲ့ တိမ်စိုင်ကောင်းကင်ထဲကနေ

မှောင်မိုက်ပြီး အဆုံးအစ မသိတဲ့ အာကာသထဲ

ခိုဖြူလေးတစ်ကောင် ပျံသန်းထွက်ခွါသွားခြင်းပဲ လို ့

ထင်မြင် ပေးနိုင်ဦးမလားးးး

***************************

တော်ရာမှာ မပျော်နိုင်တော့တဲ့ ငမိုက်သားတစ်ကောင်. . . .

 

ပျော်ရာမှာ မတော် တော့ဘူးးးဆိုတဲ့ ကျွန်တော်ပါပဲလေ. . . . . . ။

 

*****************************

 

ဒဏ်ရာဒဏ်ချက်တွေကို

လက်နဲ့ အသာ ဖိထားရင်းးးး

 

မနာကျင်ဘူးးလိုလိုနဲ့ ဟန်ဆောင် ရယ်မောပြနေဖို ့ရာက . . .

ကျွန်တော့်မှာ…. . . . သတိ္တိမှ မရှိတော့တာ ။

 

*************************

 

အတူ ယှဉ်တွဲ နေထိုင်ရင်းးး

နှစ်ဦးနှစ်ဘက်

နာကျင်ခံရခက်နေမယ့်အစားးးး

ပြတ်ပြတ်သားသားးး

လမ်းခွဲ စကား ဆိုလိုက်တာက ပိုကောင်းမှာပါနော် ။

 

မကြာခင်မှာ ပြန် ဆုံကြဦးမှာ လိုလို နှုတ်ဆက်လိုက်ကြပါစို့ဗျာ…။   ( ဟန်ဆောင် စကားနံ့ပဲ ဖြစ်ဖြစ် )

 

တချိန်ချိန်မှာ ဒီနေရာလေးထဲ ပြန် ရောက်လာဦးမှာ သေချာသလိုလို . . . . နှုတ်ဆက်လိုက်ကြပါစို့ လေ..။

( ဒါပေမယ့် . . . ပြန် မရောက်လာနိုင်တော့တာကလည်း သေချာပြီးသားးးး)

 

ဘာပဲ ဖြစ်ဖြစ် . . . .

 

နှုတ်ဆက် လမ်းခွဲဖို ့

အသင့် ဖြစ်ရပါတော့မယ်လေ ။

*****************************

 

ပြင်းထန်စွာာာာ

တစ်ယောက်ကို တစ်ယောက် မနာကြည်းကြခင်မှာ . . . . .

 

ခပ်ပြုံးပြုံး လေးနဲ့ . . . . .

Good Bye လို့ ့နှုတ်ဆက်လိုက် ကြရအောင်နော် ။

 

ကောင်းသော လမ်းခွဲခြင်းပါ . . . လို ့

အသံ/မျက်နှာ ကြည်ကြည်လင်လင်နဲ့

နှုတ်ဆက် လမ်းခွဲ နိုင်ဖို ့ . . . လိုအပ်နေပါတယ် ကွယ် ။

 

***************************

 

သာယာတဲ့ ခရီးလမ်း ကို

ရှေ ့ဆက် နိုင်ပါစေ  ……   လို ့. . . .

အပြန်အလှန် ဆန္ဒပြုပေးရင်းနဲ ့. . . . .

 

ငြိမ်သက်စွာ နှုတ်ဆက်

ထွက်ခွါသူ ကျွန်တော်. . . . နဲ ့. . .

 

ဒီနေရာ လေး မှာ ကျန်ရစ်ခဲ ့မယ့် မိတ်ဆွေတွေ . . . .

 

ကိုယ့် လမ်းကို . .

ကိုယ် ဆက် လျှောက်ကြပါ စို့ ့လေ. . . . . ။

 

**************************

 

တုန်ရီ လှိုက်မော နေတဲ့

အသံကို ထိန်းးးရင်းးးးး

 

အရမ်းးးအရမ်းး

လွမ်းးးနေရတော့မယ့်

ရင်နင့် နာကျင်ခြင်းကို ထိန်းးးးရင်းးးး

 

ကျွန်တော်. . . . . . .

 

ကျွန်တော်လေ. . . . . . .

 

ကျွန်တော်………………….

 

စကားတစ်ခွန်းကို………….

 

အားလုံးအတွက်…………..

 

အားးတင်းးပြီးးပြောာာခဲ့ ပါ့မယ်

 

. . . . . . . . . . . . . . . ။

Good Bye
Good Bye     

 

***********************

 

Good Bye

 

***********************

 

ကိုယ်တိုင်ရေး..လမ်းခွဲမှတ်တမ်း
ကိုယ်တိုင်ရေး..လမ်းခွဲမှတ်တမ်း

 

လေးးးစားးးးစွာာာာဖြင့်

 

အလင်းဆက်

 

=========================================

အားးလုံးကို နှုတ်ဆက် လမ်းခွဲခြင်း (နိဒါန်း)

 

နှုတ်ဆက် လမ်းခွဲခြင်းဆိုပြီး
ပိုစ့် သုံးပိုင်း ရေးပါရစေ။

အဲဒီ သုံးပိုင်းပြီးသွားတဲ့ အခါ . . .
ကျွန်တော် ဘာကို ဦးတည် ရေးတယ်ဆိုတာ ရှင်းသွားမှာပါလေ။

**************************

ကျွန်တော် ဒီ ပတ်ဝန်းကျင်မှာ အချိန်အခိုက်အတန် ့တစ်ခု နေထိုင်ခဲ့ပါတယ် ။

အခုလို နေထိုင်ခွင့် ရခဲ့တဲ့အတွက် ဖန်လာတဲ့ အကြောင်းတွေကို တကယ်ကျေးဇူးတင်ပါတယ် ။

ဒီပတ်ဝန်းကျင်လေးကို ကျွန်တော် ချစ်ပါတယ် ။

***************************

ကျွန်တော် ချစ်တဲ့ ပတ်ဝန်းကျင်လေးထဲမှာ

ကျွန်တော် လုပ်ချင်တာတွေ လုပ်ခဲ့ပါတယ်။

လုပ်ခဲ့သမျှ (ပြောခဲ့သမျှ)ဟာလည်း ကျွန်တော့်စိတ် သဘောနဲ့ ကျွန်တော် ကျေကျေနပ်နပ် လုပ်ခဲ့ ပြောခဲ့တာတွေပါ။

အဲဒီနောက် . . . . .
ကျွန်တော်ချစ်တဲ့ ဒီ ပတ်ဝန်းကျင်လေး အတွက်
ကျွန်တော် ဘာတွေများ လုပ်ပေးသင့်လဲ လို ့
( အတွေး တစ်ချက် ဝင်လာလို ့) လုပ်ချင်တာတွေ အပြင် . . . လုပ်သင့်တာလေးတွေပါ
( လုပ်နိုင်သလောက် ) လုပ်ပေးခဲ့ပါသေးတယ်။

ကျွန်တော် လုပ်ပေးတာလေးတွေက
အရာ ထင်တာ / မထင်တာ ထက် လုပ်သင့်တယ် ထင်တာလေးတွေ လုပ်ပေးခွင့်ရ တာ က ပဲ
ကျွန်တော့်အတွက် ဖြေသိမ့်စရာရပါတယ်။

အဲဒီ အတွက် ဒီနေရာလေးထဲက အရာရာကို ကျေးဇူးတင်ပါတယ် ။

***************************

ကျွန်တော် ဒီ ပတ်ဝန်းကျင်လေးကို

တဖြည်းဖြည်းနဲ ့သံယောဇဉ်တွေ
ပိုတွယ် လာပြီးး
အခြား ပတ်ဝန်းကျင်တွေဘက်တောင်မှ မလှည့်ဖြစ်တော့ပဲ
ဟောဒီ ပတ်ဝန်းကျင်ထဲမှာ. . .
ကျွန်တော့် ဘဝရဲ့ အချိန်တော်တော်များများ ပေးထားခဲ့ပါတယ် ။

ဒီပတ်ဝန်းကျင်ဟာ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်း ခပ်ကြီးကြီးတစ်ခု ပါပဲ လို ့
( အဲဒီလို ကျွန်တော် ပြောခဲ့ဖူးတယ် )

****************************

ကျွန်တော်က ဒီ ပတ်ဝန်းကျင်ကို ချစ်သလို

ကျွန်တော့်ကိုလည်း ချစ်ခင်တဲ့သူတွေ ရှိမှာပါ ။ (မျှော်လင့်တာပါ )

လူတစ်ယောက်ဟာ အခြား လူတိုင်းအတွက် ချစ်စရာ ကောင်းနေမှာတော့ မဟုတ်ဘူး ။

အဲဒါ သေချာပါတယ် ။

ဒါကြောင့် ဒီ ပတ်ဝန်းကျင်ထဲမှာ

ကျွန်တော့်ကို လိုလား နှစ်သက် ချစ်ခင် သူ တွေ ရော . . . .
မလိုလား မနှစ်သက် အမြင်ကပ် မုန်းတီးသူတွေ ပါ . . . ရှိနေမှာပါပဲ။

ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ဘက်က သေချာတာလေးတစ်ခုတော့ ပြောပါရစေဗျာ ။

ဒီ ပတ်ဝန်းကျင်ထဲက လူတွေ အားလုံး (အားလုံး)ထဲမှာ
ကျွန်တော် မုန်းတဲ့သူ ဆိုတာ မရှိပါဘူး ။

အဲဒါ မှန်သောစကားပါ ။

ကျွန်တော်နဲ့ အခန် ့မသင့်လို ့
မပြေမလည် ဖြစ်ခဲ့ဖူးသူကိုလည်း

 

အချိန်တိုတစ်ခု
(အဲဒီ အခိုက်အတန့်) မှာပဲ
လူငယ်ပီပီ မကျေနပ်နိုင်တာ ရှိခဲ့မယ် ။

ပြီးရင်တော့
ကျွန်တော်ချစ်တဲ့ သူတွေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အားလုံးကို ကျွန်တော် ချစ်ခင် လေးစားမြဲပါပဲ ။

( ကျေးဇူးပြုပြီးကျွန်တော့် ချစ်ခင်လေးစားမှုကို အသိအမှတ်ပြုပေးပါ ။ )

*************************

အချိန်တန်ရင်တော့ ကိုယ့် လမ်း ကိုယ်သွားရမှာပါပဲ ။

ဒါပေမယ့်လေ . . . . .
ကျွန်တော်က
ဒီ ပတ်ဝန်းကျင်ဟာ
ကျွန်တော် လျှောက်ရမယ့် လမ်းပဲ လို ့ ယူဆ ခဲ့ပါတယ် ။

တကယ်တော့ အဲဒါ ကျွန်တော့် ဘက်က သေချာမှု သာ ဖြစ်ခဲ့ပါတယ်။

*************************

ကျွန်တော် အခု . . . .
ဒီ ပတ်ဝန်းကျင်ကနေ ဖယ်ခွါပြီး အခြားတစ်နေရာရာမှာ လမ်း ဆက်လျှောက်ရပါတော့မယ် ။

ကျွန်တော် ဒီ ပတ်ဝန်းကျင်ကို ဘယ်လောက် ချစ် ချစ်

ဒီ ပတ်ဝန်းကျင်ထဲမှာ
ဆက် မနေနိုင်လောက်စရာတွေ က ရှိလာပြီကိုးးး။

*************************

ဒဏ်ရာဆိုတာ ပြန်ဆွ ပြရတာ နာ ပါတယ်။

ကျွန်တော့်မှာ ဒီ ပတ်ဝန်းကျင်ထဲမှာ နေထိုင်ရင်းးး
ရလာတဲ့ ဒဏ်ရာ တချို ့ ရှိပါတယ်။

အဲဒီ ဒဏ်ရာတွေကို ဘယ်သူက ပေးတာလဲ ?
ဘယ်လို ပေးတာလဲ လို့ ့မမေးကြပါနဲ့တော့။

မဖြေချင်လို့ပါ ။

ထပ်ပြောရရင်တော့ . . . .
ဒဏ်ရာ ဆိုတာ ပြန် ဆွ ပြရတာ နာလို့ပါ ။

**************************

ကျွန်တော့်ဘက်က
တစ်ဖက်သတ် ခံယူချက်နဲ ့
ကျွန်တော့် အဆိုးမြင်အတွေး လို ့ပဲ ယူဆရင် ရပါပြီ လေ ။

အားလုံးးး ဖြေ သာ ဖို ့ စကားတစ်ခုတော့ ပြောခဲ့ပါ့မယ် ။

***************************

ဒီနေရာက နှုတ်ဆက် လမ်းခွဲပြီးး
ဒီနေရာ က
ထွက်ခွါသွားတဲ့ လူတစ်ယောက်ကို
ဒီနေရာနဲ့ ့မထိုက်တန်သူ လို ့သာ
ယူဆ ပေးပါ ။

ဒီနေရာ ရဲ ့ခမ်းနားထည်ဝါမှု
ဒီနေရာ ရဲ ့ တောက်ပလှပမှု နဲ ့
ဒီလူ . . . . .

မထိုက်တန်လို ့ လွင့်မျောရတယ် ပဲ မှတ်လိုက်ပါ ။

***************************
ကျေးဇူးပြုပြီးးး

ဒီနေရာကို
ကျွန်တော်. . .
လွမ်းနေခွင့်တော့ ပြုပါ ။

####################
လေးးးးစားးးးးစွာဖြင့်

 

 

 

17 comments

  • TNA

    July 28, 2013 at 12:56 pm

    ဟဲ့ အလက်ဆင်း တဖြည်းဖြည်းနဲ့ရင်တုန်လာဘီအေ။ အတည်ပေါက်နောက်နဲ့နော်။ ငိုပလိုက်မှာ။

    • surmi

      July 28, 2013 at 1:04 pm

      အဲဒါ
      အခန်​းဆက်​ ကဗျာထင်​တယ်​ 🙂
      ကဗျာပုံစံတစ်​မျိုးလားမသိ

  • ကြာ ညောင်

    July 28, 2013 at 1:07 pm

    ဘယ်လောက်ပဲခဏခဏ အဝေဖန် ခံရ ခံရ ….အပြစ်တင်ခံရခံရ ….ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့
    တစ်စက်လေးမှ မခံစားပါနဲ့…မျက်နှာမပျက်ပါစေနဲ့..။ လာလမ်းအတိုင်းအမြန်ဆုံး ပြန်လှည့် ပြေးပြီး
    မိတ်ဆွေသစ်တွေ ရှာလိုက်ရုံပါပဲ….။ ၂၀၀၃. မတ်လ-အတွဲ၃-အမှတ်၁၂၆
    (ခွေးတွေဆီကအတုခိုးစရာ)အတ္တကျာ်။

  • KZ

    July 28, 2013 at 1:43 pm

    တဂျီးက ထွက်ရင် Point တွေ လျော်ခဲ့ရမယ်ဆိုလားးးးး
    အမှတ်တွေ အများဂျီးးးး အားဂျီးးးး ရှိတယ်။
    အလကားအဖြစ်မခံပါနဲ့အေ။
    မမဂျီးကို လွှဲပေးခဲ့မယ်လို့ပြောလိုက်။
    :mrgreen:

  • မဟာရာဇာ အံစာတုံး

    July 28, 2013 at 1:59 pm

    တစ်ခါတုန်းကပေါ့ ၊၊၊၊
    အရိပ်အာဝါသ ကောင်းလှတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်မှာပေါ့ ၊၊၊၊

    လူငယ်လေး တစ်ယောက်ဟာ ကဗျာတွေ ရွတ်ပြလို့နေတယ် ၊၊၊၊

    သူ့ရဲ့ ဆွေမျိုးသားချင်းတွေကလည်း စိတ်ဝင်တစား နားထောင်လို့ နေကြလေရဲ့ ၊၊၊၊

    အဲဒီအချိန်မှာပဲလူငယ်က မတ်တပ်ထရပ်လိုက်တယ်၊၊၊၊

    ဆက်ရန် ၊၊၊၊

    • surmi

      July 28, 2013 at 2:30 pm

      ဆက်​ရန်​ …
      ရှူ ရှူး ​ပေါက်​ချင်​လို့ပါ တဲ့
      ဟုတ်​လား ????? 🙂 🙂

  • ဦး ကြိမ်

    July 28, 2013 at 2:38 pm

    ခပ်ညံ့ညံ့ လူဆို……ဒို့ကအပေါင်းအသင်းသိပ်မလုပ်ချင်ဘူး….ဘာဖြစ်လို့လည်းဆိုတော့
    ဒို့ ကခပ်ညံ့ ညံ့ မို့ အလင်းဆက်ရေ….။

  • ခင် ခ

    July 28, 2013 at 2:50 pm

    နုတ်ဆက်တော့လည်း ဘယ်လိုထင်တယ်
    နုတ်မဆက်နဲ့ ငိုချင်တယ်။
    သွားမှာဘဲလို့ ဆိုသူရယ်
    တားမရလို့ မှိုင်ကာတစ်သွယ်။
    ပြန်လာအုံးမလား မေးတော့တကယ်
    see you လို့တော့ ပြောသွားတယ်။
    အခုအချိန်တော့ သူပြောတကယ်
    Good bye Good bye အထပ်ထပ်ကွယ်။

  • Ma Ma

    July 28, 2013 at 3:07 pm

    ဇာတ်သိမ်းကိုပဲ စောင့်ဖတ်ရတော့မှာပဲ။
    ရင့်ကျက်တဲ့စိတ်ဓာတ်ရှိတဲ့ လူငယ်တစ်ယောက်အနေနဲ့ အလွယ်တကူတော့ လောကကြီးကို လက်လျှော့အရှုံးပေးလိမ့်မယ် မထင်ပါဘူး။
    🙁

  • မောင် ပေ

    July 28, 2013 at 6:41 pm

    နှုတ်ဆက်
    စုတ်ပျက်
    ဖုတ်ညှက်
    အုပ်တတ်
    လုပ်ဇါတ်
    ရှုပ်နှပ်
    တုတ်ကွက်

  • အလင်းဆက် ဆိုတဲ့နာမည်နဲ့လိုက်အောင်
    အခန်းဆက်နေတာများလားအေ
    လူတွေကငိုချင်တာနဲ့ ရှူရှူးတွေပါထွက်ကုန်တော့မယ်
    :mrgreen:
    ဥဆာမိလိုတော့ အခန်းဆက်တွေနဲ့ညှင်းနဲ့အေ
    မကြေလည်တာတွေရှိရင် ဒေဝယက္ခနဲ့မောရိယမန်းဆေးအုံလိုက်
    :loll:

  • Crystalline

    July 28, 2013 at 8:58 pm

    ရွာပွဲကိုတက်ဖို့အခြေအနေမပေးပေမယ့်.. ပို့စ်တွေ ကွန်မင့်တွေ ဓာတ်ပုံတွေက အပျော်တွေကူးစက်ခံစားလို့မှမဆုံးသေးဘူး.. ဘိုလိုဖြစ်ရတာလဲ အောင်ရဲလင်းနဲ့တူချင်သူရယ်.. ရိုးသားကြိုးစားတဲ့ စာပေဝါသနာရှင်လူငယ်တစ်ယောက် စိတ်ရင်းကောင်းကောင်းနဲ့လှုပ်ရှားခဲ့သူ တစ်ယောက်ဆိုတော့ …. ဘာတွေများစိတ်ထိခယက်စရာတွေဖြစ်လို့ ရေဗက္ကာဝင်းသီချင်းဆိုချင် ရတာလဲဟယ်.. ပထမပို့စ်ထဲကတွေ့တယ်.. သိပ်မသေချာလို့ ဆက်ရန်တွေစောင့်နေတာ.. အခုလည်းမသေချာပေမယ့်မနေနိုင်လို့ပြောလိုက်ပြီ..

    • ဦးကြောင်ကြီး

      July 29, 2013 at 9:23 am

      နောက်တဗွဲ တူတူတက်မား.. ခရစ်စတယ်ဂလေးနဲ့ဆို ပလူတိုဂြိုလ်အထိ သွားမယ်… ဦးကြောင် မိတ်လိုက်ချင်လို့ အဲဒါ ဖေ့စ်ဘွတ်အကောင့် ပေးဗာ…။ 😳

  • အရီးခင်လတ်

    July 29, 2013 at 2:27 am

    သိနေတယ်လေ။
    နောက်ဆုံးမှာ ဓာတ်ရှင် တွေ ထဲ ကလို ….
    ခရီးသွား ကားထွက်ခါ နီး၊ ရထားထွက်ခါနီး မှ ပြန်ဆင်း လာသလိုမျိုး
    ဟုတ်တယ်နော် အလင်းဆက်လေး။
    😛

    • TNA

      July 30, 2013 at 8:13 am

      အရီးမှန်သွားပြီအရီးရေ။ တော်သေးတယ် ရထားပေါ်တက်ခါနီးမှပြန်ဆင်းလာလို့။ တကယ့်သံယောဇဉ်ရှိရ သူတယောက်တကယ်သွားမယ်ဆိုတော့ စိတ်မကောင်းလိုက်တာ။ အခုမှအလုံးကျတော့တယ်အရီးရေ။

  • ရွှေတိုက်စိုး

    July 29, 2013 at 9:27 am

    တွေ.ဆုံကြုံကွဲ ဖြစ်မြဲ ပဲလဲ ကိုရင် စက် အဲဒီတော့ လွမ်းခွင့်ပြုပါတယ်ဗျာ… အဲအဲ ဒါပေမယ့်.. အလွမ်းနောက်မှာ အဆွေးတော့ မပါစေချင်ဘူးပေါ့ဗျာ……ဒါလေးပါပဲ…
    လူတိုင်းဟာ ကိုယ့်နေရာနဲ. ကိုယ့်ဘဝနဲ.ကို ရှင်သန်နေထိုင်ကြရတာပဲလေ…. တစ်နေရာ တစ်ရာထူး.. တစ်ဘဝ ထဲကို ခင်တွယ်ကပ်သပ်နေလို.မှမရတာ………….
    အဲဒီတော့ ကိုရင်စက် နှုတ်ဆက်တော့လဲ… မနှုတ်ဆက်ပဲမနေလို.မှမရတာ..
    အဲ ကိုရင်စက် ပြန်လာတော့လဲ… မကြိုဆိုလို.မှ မရတာ….
    ကျုပ်တို.က ဘဝတစ်ကွေ. ခဏတွေ.ရပေမယ့်…. ခင်မင်ခွင့်ရကြတဲ့ ရွာသူားတွေပဲ ဟုတ်ပေဘူးလာဗျ.. ကိုရင်ရ

Leave a Reply