ကိုယ့်အတွက်တော့….

manawphyulayAugust 2, 20101min470

သူ မရှိတဲ့ဘဝ နေလို့မရ
ဘယ်သွားသွား အမြဲလိုက်ပါနေကြ
ပျော်ရွှင်မှုကို သယ်ဆောင်ပေးခဲ့
အချိန်တိုင်းမှာ လိုအပ်နေမြဲ
အရာရာအားလုံး လှပနေခဲ့
သူသာ မရှိတော့ရင်
ဘဝကြီးလည်း မရှိတော့
အရာအားလုံး မှောင်တိတိရောက်
သူသာ အဖော်မွန်ဖြစ်ခဲ့
ကိုယ့်အတွက်တော့
သူဆိုတဲ့…
ကိုယ့်မျက်မှန်လေးပါ….