အံကိုတင်းတင်းကျိတ်လို့…

အရှေ့တောင်အာရှရဲ့အပျော်ဆုံးယောင်္ကျား…

ခန္ဒာတွင်းက ခုခံအားကျ…

တင်းထားတဲ့စိတ်ဝေဒနာကို…

နှစ်ကိုယ်ခွဲက ဖွင့်ချလိုက်တယ်…

ငါ့တစ်ကိုယ် မင်းဖြစ်လို့သွားလေရော့…

 

အာဒမ်က အိဖ့်အတွက် နံရိုးတစ်ချောင်းပေးသလိုမျိုး…

ငါလဲ… မင်းအတွက်… ခန္ဓာတစ်ခုကို သဲသဲမဲမဲခွဲပေးခဲ့တယ်…

သက်မဲ့ခန္ဒာမဖြစ်စေဖို့…

ငါ့ဦးနှောက်ကိုပါ… ခွဲဝေခဲ့ပါတယ်…

မင်းအသံလေးကြည်မြမြ…

နားဝင်ဝမှာ လှစေဖို့…

မင်းယောင်ဆောင်လို့… လှစေခဲ့ဖူးတယ်….

 

တမ်းတမ်းတတနဲ့…

တစ်ကိုယ်တော်ရူးသွပ်တဲ့နေ့ညတွေမှာ…

နှစ်ကိုယ့်တစ်စိတ်နဲ့…

ကျားတစ်လှည့်… မတစ်လှည့်…

ပွဲကတဲ့ညတွေမှာ… ပရိတ်သတ်က…

သိသိကြီးနဲ့အားပေးခဲ့လေသလား…

မပီမသကြားတဲ့မင်းနှုတ်ဖျားကတေးသံတွေကို…

ကောက်ကောက်ပါအောင်လိုက်ရင်း..

ငရဲကြီးရှစ်ထပ်မှာ… ခေါင်းငိုက်စိုက်နဲ့ ရူးလေတယ်…

 

 

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...

   Send article as PDF