အချစ်တစ်ခုဟာ
ဟက်ဒစ်လို အသုံးဝင်ခဲ့ရင်
အကောင်းသား
တစ်ခါမကောင်း တစ်ခါ
ဖောင်းမတ်ရိုက်လို့ရရင်
အချစ်အဟောင်းဆိုတာလည်း
ဘယ်ရှိလာတော့မှာလဲ
လူငယ်တွေ ကွဲကြ
နောက်တစ်ယောက်ပြောင်းကြဆိုတဲ့
မြင်သမျှ တွေ့သမျှအရာ နေရာတိုင်းမှာ
အဝေးက ငေးကြည့်ရုံနဲ့
စိတ်ညစ်ရ….
ငါသာ ဟတ်ဝဲသမားတစ်ယောက်ဆိုရင်
အခမဲ့ ကူညီချင်မိပါရဲ့….
အချစ်ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းမရဘူးဆိုတာ
ခုတော့ ငါ စဉ်းစားမိပြီ…
ကွန်ပျူတာလောက်တောင်
အသုံးမ၀င်တဲ့အရာကို
ငါလေ
ဝေးဝေးကပဲ ရှောင်တော့မယ်…

manawphyulay

About manawphyulay

manawphyu lay has written 938 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။