၂၀၁၃ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့…

ကျွန်တော်တို့ ဒါဇင်ပလပ်စ်လို့ အမည်တွင်တဲ့ ပညာရေးပရဟိတအဖွဲ့လေး…

ကျွန်တော်တို့နဲ့ ကျွန်တော်တို့နဲ့ ရင်ဘတ်ခြင်းထပ်တဲ့အလှူရှင်တွေရဲ့ ချွေးနည်းစာကဖြစ်လာတဲ့ စေတနာသဒ္ဒါတရားအလှူလေးကို…

ရွှေပြည်သာမြို့နယ်… ချင်းတွင်းလမ်းနဲ့ မဲခေါင်လမ်းထောင့်၊ ၆/၁ဝ ရပ်ကွက်မှာတည်ရှိတဲ့… မြို့ဦးထန်းတပင်ကျောင်းမှာ ဒါဇင်ပလပ်စ်ရဲ့လစဉ်

ပညာရေးအလှူလေးကို သွားရောက်ပြုလုပ်ဖြစ်ခဲ့ပါတယ်…

IMG_2816

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြို့ဦးထန်းတစ်ပင်ကျောင်းလေးကို ၁၉၉ရ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား (၁၄)ဦးနှင့်စတင်ခဲ့သောကျောင်းလေးဟာ…

အခုအခါမှာ ကျောင်းသားပေါင်း (၁၃၀) အား သင်ကြားပြသပေးနေသော ကျောင်းလေးတစ်ကျောင်းဖြစ်ပါသည်…

မူလတန်းအဆင့်တွင် ကျောင်းသား (၅၀)နီးနီးရှိပြီး… ပထမတန်းမှ စတုတ္တတန်းအထိ ပျမ်းမျှကျောင်းသားအရေအတွက် (၃၀)စီခန့်ဖြင့်

နေ့စဉ် စာသင်ကြားပေးရုံမျှမက စာရေးကိရိယာများကိုပါ ထောက်ပံ့ပြီး မြန်မာနိုင်ငံပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ

ဝိုင်းဝန်းကူညီလျက်ရှိပါတယ်…

IMG_2822

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျောင်းတွင် ဆရာဆရာမဦးရေ (၄)ဦးရှိနေပြီး… ဆရာဆရာမများအတွက်လစာငွေကို

ရှိုင်းဟုတ်ကုမ္ပဏီမှ တစ်လလျှင် (၄၀၀၀၀)ကျပ်၊ အရှင်ဇဝနမေတ္တာရှင်မှ တစ်လလျှင် (၁၅၀၀၀)ကျပ်နှင့် ကျောင်းမှ (၁၀၀၀၀)ကျပ်

တာဝန်ယူလျက်ရှိကြောင်းသိရှိရပါသည်…

နိုင်ငံတော်အစိုးရမှ ကျောင်းသား (၄၀)လျှင် ဆရာမတစ်ဦးသတ်မှတ်ထားသဖြင့် ကျောင်းသား (၁၃၀)ရှိသော ဤကျောင်းအတွက်

ဆရာမ (၃)ဦးစား လစာငွေရရှိမည်ဖြစ်သော်လဲ… လျှောက်ထားဆဲဖြစ်သဖြင့် ခံစားခွင့်မရရှိသေးကြောင်းလဲ သိရှိရပါသည်…

ထိုမူလတန်းကျောင်းမှ စတုတ္တတန်းအောင်မြင်ပြီးလျှင် ရွှေပြည်သာမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများ၌

ဆက်လက်ပညာသင်ယူနိုင်ကြောင်းလဲသိရှိရပါသည်…

ယခုအချိန်တွင် ကျောင်းအိပ်ကျောင်းစား ကျောင်းသား (၂၀)ခန့်ရှိပြီး၊ ထိုအထဲတွင် တက္ကသိုလ်တက်ရောက်နေသူတစ်ဦးနှင့်

(၁၀)တန်းတက်ရောက်သင်ကြားနေသူတစ်ဦးရှိကြောင်းလဲ သိရှိရပါသည်…

 

ဆယ့်သုံးကြိမ်မြောက်တွဲလက်များ

ဆယ့်သုံးကြိမ်မြောက်တွဲလက်များ

အလယ်တန်းအဆင့်သို့တိုးမြှင့်သင်ကြားနိုင်ရန်အတွက် လုံလောက်သောကျောင်းဧရိယာ အကျယ်အဝန်းရှိသော်လည်း

အဆောက်အဦးနှင့် ကျောင်းဆရာဆရာမများ၏ လစာအခက်အခဲရှိနေသောကြောင့် ဆက်လက်တိုးမြှင့်ရန်ဆိုင်းငံ့ထားရပါသည်…

ယခုလက်ရှိ အဆောက်အဦးအား Save The Children မှ သိန်းတစ်ရာကျော်အကူအညီဖြင့် တည်ဆောက်ထားပြီး သပ်ရပ်သောသောက်ရေအိုးစင်

အိမ်သာနှင့် လက်ဆေးကန်များကို အားရဖွယ်တွေ့မြင်ခဲ့ရပါသေးသည်…

 

IMG_2837

 

IMG_2836

 

IMG_2833

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြင်ပမှ လာရောက်တက်ရောက်သင်ကြားသော ကျောင်းသားများအတွက် ကျောင်းဝတ်စုံထောက်ပံ့ရန်အခက်အခဲနှင့်…

ကျောင်းသားမိဘများ၏အထောက်အပံ့ရရှိနိုင်မှု အခက်အခဲများစွာရှိသောကြောင့်…

ကျောင်းသားများအား… ကျောင်းဝတ်စုံနှင့်မဟုတ်ဘဲ နှစ်သက်ရာဝတ်ဆင်တက်ရောက်ခွင့်ကိုလဲ ပေးထားရကြောင်းသိရှိရပါသည်…

လွန်ခဲ့သောနှစ်က ကျောင်းသားတစ်ဦးချင်းစီအတွက် လွယ်အိတ်နှင့် ထီးကိုထောက်ပံ့နိုင်သော်လဲ…

ယခုနှစ်တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် ကျောင်းသားတစ်ဦးလျှင် လွယ်အိပ်ဖိုး (၁၀၀၀)ကျပ်သာထောက်ပံ့နိုင်ကြောင်းလဲ…

စိတ်မကောင်းစွာကြားသိခဲ့ရပါသည်…

IMG_2839

 

ကျောင်းကျန်းမာရေးအတွက် မြန်မာ့တိုင်းရင်းဆေးရုံမှ လစဉ်ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောကျန်းမာရေးကုသိုလ်ဖြစ်ဆောင်ရွက်သူများမှ

ပညာပေးဟောပြောပွဲများ လာရောက်လုပ်ဆောင်လေ့ရှိကြောင်းသိရှိရပါသည်…

IMG_2841

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျွန်ုပ်တို့ ဒါဇင်ပလပ်စ်၏ (၁၃)ကြိမ်မြောက်ပညာရေးထောက်ပံ့ခြင်းအလှူကို စာရေးကိရိယာ (၉၀၀၀၀)ဖိုးနှင့်

ငွေသားအလှူငွေ (၁၀၂၀၀၀)ကျပ်တိတိအပြင် ကျောင်းသားများအတွက် အထောက်အကူဖြစ်မည့်ပညာပေးစာအုပ်အချို့ကို

ဝမ်းမြောက်စွာလှူဒါန်းခဲ့သလို…

ဆရာတော်နှင့် ဆရာဆရာမများ ကျွေးမွေးဧည့်ခံသော ကြက်သားဟင်းနှင့်ပလာတာကိုလဲ အရသာရှိစွာစားသောက်ခဲ့ရကြောင်း

ဝမ်းမြောက်စွာဖြင့်… ဒါဇင်ပလပ်စ်အဖွဲ့သားများက မှတ်တမ်းတင်အပ်ပါသည်…

IMG_2826

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ထို့အပြင်…

ထူးခြားသောအတွေ့အကြုံတရပ်အနေဖြင့် ဆရာတော်မှ ဆုံးမသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်သည့်အချက်အလက်များကို

အမြင်မတူသော်လဲတရိုတသေနားထောင်ခဲ့ပြီး… မိမိတို့ဘက်မှ အမြင်များကိုလဲ ထိုက်သင့်သလောက်ပြန်လည်ရှင်းလင်း

ပြောကြားခဲ့ပါသေးသည်…

 

မည်သို့ပင်ဆိုစေကာမူ…

နိုင်ငံတော်အတွက်လိုအပ်လျှက်ရှိသော ပညာရေးကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ အခက်အခဲများစွာကျော်ဖြတ်ရင်ဆိုင်ပြီး…

အထောက်အပံ့ပေးနေသော… ဆင်းရဲနွမ်းပါးသည့်ကျောင်းလေးတစ်ကျောင်းကို တပ်နိုင်သမျှ ချွေးနည်းစာထဲမှ လှူဒါန်းမှု…

အောင်မြင်ခဲ့ခြင်းအတွက်… ကျွန်ုပ်တို့နှင့်အတူ ပါဝင်လက်တွဲကြသော ဒါဇင်ပလပ်စ်၏အလှူရှင်များအား…

ဒီနေရာမှနေ၍ ဝမ်းမြောက်ဝမ်းသာမှတ်တမ်းတင်အပ်ပါသည်…

 

မိမိတို့ကိုယ်တိုင်ဖြစ်စေ… လက်လှမ်းမီရာအသင်းအဖွဲ့… စေတနာရှင်များကိုဖြစ်စေ…

လက်ဆင့်ကမ်း၍ ချို့တည့်သောကျောင်းလေးအား အထောက်အပံ့ပေးနိုင်ရန်… ဆက်သွယ်ရန်လိပ်စာနှင့်တကွ…

ဆရာတော်၏ဘွဲ့အမည်ကိုပါ ထည့်သွင်းတင်ပြလိုက်ရပါကြောင်း…

 

ဆက်သွယ်ရန်-

ဆရာတော် ဦးသုစိတ္တ

မြို့ဦးထန်းတပင်ကျောင်း…

၆/၁ဝရပ်ကွက်

ချင်းတွင်းလမ်းနဲ့မဲခေါင်လမ်းထောင့်

ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း

01-611019

0949325743

 

လေးစားစွာဖြင့်-

 

Logo

 

 

 

 

 

 

 

ဒါဇင်ပလပ်စ်အဖွဲ့သားများ
ဇူလိုင်လ၊ ၂၀၁၃

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...