လက်ဆောင်

ムラカミSeptember 26, 20131min32121

မိုးလင်းတိုင်း

မကြားရတော့မှာ. ကြောက်မိတဲ့

အသံလေးတသံ

မခေါ်ရတော့မှာ စိုးမိတဲ့.

နာမည်လေးတခု.

ရှိပါရဲ့.

ဂီတာတလက်. လက်ဆောင်ပေးမယ်ဆိုတော့.

အိုဗေးရှင်းတဖက်ကောက် ဟော်လိုတလုံး. ပူဆာပါရစေ. ဟန်နီ.

ထင်းရှူးသား မဟုတ်ရင်. မေပါယ်သားပေါ့.

မဟောဂနီရောင်. နော်.

မတီးဖြစ်တာ နှစ်နည်းနည်းကြာလို့.

နည်းနည်းပြန် လေ့ကျင့်ခွင့်ပဲပေးပါ.

စိတ်ချ. နင့်နားသယ်စပ်က ဆံပင်တွေ ဖြူကုန်တဲ့အထိ

တသက်လုံး. ဆိုတီးပြနေဦးမှာ.

အော်.

ဘာပြန်ပေးမှာလဲဆိုတော့.

နင်သေတဲ့ထိ. ဝတ်သွားမယ့်လက်စွပ်တကွင်း ပေါ့

နော်ရှီးရယ်.

20130926-043012.jpg

21 comments

  • Foreign Resident

    September 26, 2013 at 7:16 am

    အပြော / အရေးလေးတွေက အရမ်းနုတာပဲကွယ် ။
    သားမီးလေး ( တွေ ) တော့ အရမ်းကြွေတော့မှာပဲ ။

    ဒါနှင့် “အိုဗေးရှင်း တဖက်ကောက်” ဆိုတာ ၊
    ( ပုံထဲက ) ဘယ်လို ပုံစံမျိုးကို ပြောတာလဲ ။

  • Shee

    September 26, 2013 at 8:33 am

    မောင်…………………………………………………………………..ငါတို့ လက်ထပ် ရအောင်နော်…

    • Foreign Resident

      September 26, 2013 at 4:21 pm

      အွန် ။ ဒါမျိုးက လွယ်လွယ်လေး ဒီအတိုင်းပြောလို့ မရဘူးလေ ။
      ရုပ်ရှင်တွေထဲမှာ မြင်ဘူးတာတော့ ၊
      ဒူးလေး တစ်ဖက်ထောက် ၊ လက်စွပ်လေး ကမ်းပြီးမှ ပြောရာတာ မှုတ်လား ။

      ဟီ ဟိ ။ နောက်ထှာ ။

  • ဦးကျောက်ခဲ

    September 26, 2013 at 8:44 am

    ဟီး ဟီး ကျောက်စ်က ဂီတာမတီးတော့ ဟင်းချက်စရာပဲ မှာတော့မယ်…
    စကားအတင်းစပ်ရရင် YAMAHA HOLLOW ဂီတာက ကုက္ကိုသားနဲ့ လုပ်တာဗျ…
    သစ်အမျှင်ရှည်တာမို့ အသံမြိုင်တယ် / ကြည်တယ် ဆိုပဲ…
    😀

      • ဦးကျောက်ခဲ

        September 26, 2013 at 12:23 pm

        အဟုတ်ပါဗျ… ရန်ကုန် မန္တလေး လမ်းဟောင်းကြီး ချဲ့တုန်းက…
        ထွက်လာတဲ့ ကုက္ကိုသားတွေကို 9″x3″x30″ ဒုတုံး ဖြတ်ပြီး ပို့ဖူးတယ်…
        အကာနဲ့ အူတိုင်သားမယူဘူး… အနှစ်သားပဲ လက်ခံတာ…
        😀

  • ဦးကြောင်ကြီး

    September 26, 2013 at 9:35 am

    လူဂီတာတီးတာ ပိုအရသာ ရှိပါသကွယ်……
    ဂီတာကြီး
    မြည်သာဟီး
    ဆီရှာပြီး
    အပီသာတီး…

  • kyeemite

    September 26, 2013 at 9:49 am

    ဂစ်တာဆိုင်ကြီးက ဟီးနေပါလား…ယိုးဒယားဘက်မှာထင်တယ်…
    “ကြိမ်လက်စွပ်”ပေးမှာလား..ဟန် 😀

    • အဘ ဖားသက်ပြင်း

      September 26, 2013 at 11:48 am

      အချစ်မေတ္တာများမြဲတဲ့အခါ. နွယ်ပင်မြက်ပင် ဆေးဘက်ဝင်မဝင်တော့မသိဘူး.

      ဆင်မြီးလက်စွပ်ကလေး ဆိုရင်တောင် တသက်လုံး အမြတ်တနိုး ဝတ်တတ်ကြတာတဲ့. အူးလေးရဲ့

      ဒချိ ဒချိ.

      • kai

        September 26, 2013 at 12:08 pm

        အချစ်တွေများပြီး.. ဆောင်ပုဒ်တွေတောင်ပျက်ကုန်ပြီ…
        “ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” လို့မှတ်ကြနော…
        ဆိုတော့…
        အချစ်မေတ္တာကို.. ကတိသစ္စာနဲ့စွဲထားလိုက်ပါကွယ်…
        အရမ်းခိုင်တဲ့ သံယောဇဉ်ကြိုးရမှာပါ…
        အဲဒါနဲ့ လက်စွပ်ကလေး လုပ်ပေးလိုက်ပေါ့..

        ဂစ်တာကြိုးထက်အများကြီးခိုင်မယ်.. :kwi:

        • အဘ ဖားသက်ပြင်း

          September 26, 2013 at 12:15 pm

          အူးလေး ကြက် ကတော့ လုပ်တော့မယ်.

          အချစ်မေတ္တာမြဲတယ် ဆိုမှတော့. ကတိသေစ္စာ ခိုင်တာပဲပေါ့ဂျာ.

          ရှာရှေနဲ့. ကိုညီထွတ် ကဒီအတိုင်းဆိုသွားတာ.

          ဆေးပေါင်းခတဲ့နိုက်-၂ ပြန်နားထောင်ကျိ.

          ဟိ

  • sorrow weaver

    September 26, 2013 at 11:08 am

    ပြင်ဦးလွင်မှာလဲ အဲ့မျိုး ဂစ်တာဆိုင်တွေရှိပါရဲ့ ….တစ်လုံးမှ အသံမကောင်း ….ခက်တာက ကျော်လဲမတီးတတ် 😛

  • Shee

    September 26, 2013 at 11:23 am

    ဟုတ်တယ်……ချင်းမိုင်…က ( Central Airport Plaza Chiang Mai ) မှာပါ…..:D

  • Crystalline

    September 26, 2013 at 3:55 pm

    အစ်ကိုတွေရဲ့အသိ ဦးလေးကြီးတစ်ယောက်ရှိတယ်.. အိမ်မှာသူလုပ်ပေးတဲ့ဂစ်တာ ၃လုံးရှိတယ်.. အသံထွက်အရမ်းကောင်းတယ်.. အခုတော့ဆုံးသွားပြီး.. :cryy:

  • lele kyi

    September 26, 2013 at 5:30 pm

    ကပ်စီးနှဲဆြာဂီရဲ ့ အာဘော်တွေပါ. တော်ကြာ ဆင်မြီးကွင်းလက်စွပ်ဈေးကွက်ထိုးတက်သွားဦးမယ်ဘုရားးး

  • Mr. MarGa

    September 26, 2013 at 7:33 pm

    ဆြာဂီ နေရင်းထိုင်ရင်း ဆင်မြီးလက်စွပ်ကို မားကတ်တင်း ဆင်းသွားပြီ :mrgreen:

  • kolumbus

    September 26, 2013 at 10:00 pm

    သူတို့ ရေးတာတွေဖတ်ရင်း ကျနော်တောင် ခုချက်ချင်း မိန်းမပဲယူရင်ကောင်းမလား.. ယောက်ကျားပဲ ယူရင်ကောင်းမလားဖြစ်လာပြီ။ :mrgreen:

    • Ma Ma

      September 27, 2013 at 1:00 pm

      အဟမ်း အဟမ်းးးးးးးးးးးးးးး
      အဲဒီမင်ဂါဆောင်တော့ ပရိတ်သတ်တွေ သီချင်းဆိုဖို့ အလှည့် ရောက်မယ်မထင်…. 😀

  • TNA

    September 29, 2013 at 6:59 pm

    နုလှချည်လား ရှီးရေသတိတော့ထား အပစ်တွေများလို့ဖြစ်မယ်။ :mrgreen:

  • အလင်းဆက်

    September 29, 2013 at 10:00 pm

    ကဲ..စိတ်ညစ်ရာ လိုသေးလား
    စိတ်ညစ်ရင် တီးဖို ့ဂစ်တာတွေ အဆင်သင့်

Leave a Reply