မင်္ဂလာပါ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…

ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက်

အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည်

အဘယ့်ကြောင့်နည်းဟူမူကား…

ကျုပ်ဆိုတဲ့ ကြီးမိုက် ကဗျာတစ်ပုဒ် နဲ့ ရွာကိုဝင်ခဲ့သောကြောင့်ပင် ဖြစ်လေတော့သည်တမုံ့

ကိုင်း..ကိုင်း ..ဖတ်ကြည့်တော်မူကြပါအုံးအရပ်ကတို့….

တခါတုန်းက ဤ ရွာမ မှာ

ရွာ၏လူကောင်း၊ လူဟောင်းများစွာ

လူသစ်ပါဝင် ရွာထဲဝင်ကြ

ရွာစည်လှ၍ သူကပို့စ်တင်

ကိုယ်ကခင်နှင့်

ကွန်မန့်တွေပေး

ပျော်ကြသေးတော့

ဒီလိုမြင်ကွင်း

မြင်ရခြင်းကြောင့်

ကျုပ်၏ရင်ဝယ်

ပီတိလှိုင်းခတ်

ငတ်ခဲ့သည့် အချစ်

ပြန်ရဘိသို့ ။

 

ဒီမှာသဂျီး  ဒီရွာကြီးဟာ

သင်၏ရွာပါ  ဒါပေသော်ငြား

ရွာဆိုသည်မှာ

လူသူမရှိ တိတ်ဆိတ်ဘိငြား

တစပြင်အလား

ဖြစ်နေငြားက

သင်၏ရွာသည်

ရွာဟု မတွင်

တစပြင်တည်း။

 

ယခုခါမူ

ရွာမှမြို့တက် ရွာကိုမေ့လျှက်

ရွာကိုမ၀င် ရွာမခင်ဟန်

မေ့ ခဲ့ ပျောက်ခဲ့

နေနေ ခဲ့လည်း

ထားရှိခဲ့သည့်

သံယောဇဉ် အပေါင်း

မဟောင်းနိုင်ပဲ

နိစ္စဓူဝ ရွာအပြင်ဝက

ရွာ၏အပြောင်း

တစေ့တစောင်းကို

စောင့်ကြည့်နေခဲ့။

 

အင်တာနက်လိုင်း

မကောင်းတစ်ချက်

ကောင်းတစ်ချက်မို့

လွယ်ရာကူရာ

ဖေ့စ်ဘုတ်မှာသာ

 သူပျော်ပါသည်

ရွာရဲ့သဂျီး ဦးခိုင်ကြီးက

ဒီဝက်ဆိုဒ် အရေး

ကောင်းဖို့တွေးကာ

လုပ်ရှာပါလည်း

လယ်နေမြဲမို့

ဒီရွာလူမ၀င်နိုင် ရှိမည်တည်း။

………………………

………………………

 

………………………

 

………………………

ဆက်လည်းမရေးတတ်တော့ဘူးဗျာ…တော်သေးဘီ။

တိတ်ဆိပ်နေတဲ့ရွာကလေး

တိတ်ဆိပ်နေတဲ့ရွာကလေး

 

ရွာထဲ..ခင်ခဲ့ ရင်းနှီးခဲ့

အပြန်အလှန် ကျီစယ်ခဲ့

နောက်ပြောင်ခဲ့ ကြတဲ့

မန်းဂဇက်ရဲ့ ရွာသူ ရွာသားတွေကို

သတိတယရှိလို့ လျှောက်ရေးကြည့်တာပါနော..

ထာဝရလမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၇-၁၀-၂၀၁၃

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)