” ကိုကို….သဲလေးကိုချစ်လား..” လေယဉ်မယ်လေး ရုပ်ကပြီတီတီ.ဆက်ဆီ….

စိတ်က ထူးထူးခြားခြား…ကြည်လင်မနေ……တစုံတခုကို ကြောက်လန့်နေသည်….

လေထုသည် အေးစက်ထိုင်းမှိုင်းလျှက်….လပြည့်ညမလင်းတလင်း…

အခန်းထဲသူမဘယ်အချိန်ကတည်းကရောက်နေမှန်းမသိ….ဘာကိုကြံစည်လို့ ကြံစည်နေမှန်းလဲမသိ

သူ့စပ်ဖြဲဖြဲအမေးမှာ….အခါတိုင်းလိုမသာယာ…သူတခုခုထူးဆန်းနေခဲ့ပါပြီ…..

မျက်နှာသွယ်သွယ်လေးက ..ဖြူရော်လျှက်…လှိုင်းတွန့်လေးများဖြင့်ကျော့ရှင်းနေသော..ခါးလယ်လောက်ရှိသော

ဆံနွယ်လေးများမှာ…..အနည်းငယ်…ပွယောင်းနေသယောင်…….

”ကိုကို ..သဲလေးကိုနမ်းပါလား….” ထူးဆန်းစွာမနမ်းလိုပါ…..သူပုံစံလေးက ..ခပ်နွဲ့နွဲ့….

တဖြေးဖြေးတိုးကပ်လာသော…ပိုးသားနှုတ်ခမ်းဖူးဖူးလေးများ ..သူ့မျက်လုံးလေးများက …အနားရောက်မှ မီးပွိုင့် မီးနီသွားသလို

.ဖျတ်ကနဲနီရဲတောက်ပသွားသည် ….

ပြုံးလိုက်သည့်သူ့အပြုံးမှာ …တလက်လက်တောက်ပနေသော ..သွားစွယ်များ….

.သွေးဆာနေသော သားရဲတကောင်လို…

ချွန်မြထက်မြိနေသော…လက်သည်းများလားရာ က…ကျွန်တော့်လည်ပင်းဆီ…..

ပြေးဖို့ကိုသတိမရ….ကြောက်လန့်စိတ် က…ငယ်ထိပ်တွင်ပေါက်သော တောင်ပို့မှိုသဖွယ်…အထွတ်အထိပ်…ခြေအစုံက ထူးဆန်းစွာ…လှုပ်မရ..

…ကြမ်းပြင်မှာ..သံမှိုနှက်ထားသလို…ရုန်းလို့မရ….

သူရက်စက်စွာပြုံးရင်း…လည်ပင်းကို ငုံ့အကိုက်……” အားးးးးးးးး ….” ဖင်ကျုံ့ အာခေါင်ခြစ်အော်လိုက်သည် …အဟိဟိ

————–

————–

————–

—————

—————
”ကိုကို…ကိုကို…ဘာဖြစ်တာလဲ ” ..စိတ်ပူနေသည့်သူ့မျက်ဝန်းများ……အစောကလိုမဟုတ်

..ကြည်လင်တောက်ပနေသည်…

ချွေးစေးတို့ဖြင့်နှင့်နေသော ..ကျွန်တော် က အလန့်မပြေသေး..
( ကျွန်ုပ်သည်.ရုပ်ရည်ခန့်ငြားသားနားသလောက် အသဲငယ်သော ပြင်ဦးလွင်သား နုထွားကြီးသာဖြစ်သည် ..အဟိ )

..” ဟင် ..ဘယ်တုန်းကရောက်နေတာလဲ ” ……

နာရီက မနက်ကိုးနာရီကျော်ပြီ…

သွေးစုတ်ဖုတ်ကောင်များ…ပြန်အိပ်လောက်ပါပြီ……

”အိပ်မက်ထဲမှာ…သဲလေးကကိုကို့ကို …ထားခဲ့လို့ကွာ…” ပစ်မှတ်ကို တိုက်ရိုက်ထိပုံရပါသည်..

…တော်ကီက .(.အဟီး..သိပ်မလိမ်တတ်ရှာဘူး. )…

”ကိုကိုရယ်…အဲ့လောက်တောင်ဖြစ်သွားတာလား….သနားပါတယ်..”

သူ့လေသံကတကယ်..ယုံသွားသည်ထင်ပါသည်….စိတ်ပူစွာဖြင့်သော..သူ့အသံလေးက..

.အင်မတန်ချိုသာပါသည်….ကျွန်တော့်စိတ်က …နေပူပူ ကတရာ လမ်းပေါ်ပစ်ထားသော..

ဖယောင်းတိုင်လို…ပုံပျက်ပန်းပျက်..အရည်ပျော်စေခဲ့ပါပြီ….( စကားမစပ် သင့်ကိုချစ်သည် ဟန်နီ )
—————————————————————————————-
ယမန်နေ့သင်္ကြန်အကျနေ့က တစိစိစိုနေသောရေများက ..တနေကုန်….

သူ့လို ၀ိုင်ကို ..ကြွက်တွင်းလိုသောက်ထားသည်လည်းမဟုတ်….အကျီရင်ဘတ်ဟပြဲနှင့် ညကြီးမိုးချုပ်မှ

သူ့အိမ်ကို ပြန်ပို့သော….ကျွန်တော်မှမဖျားလျှင်..တလောကလုံးဖျားတော့မည်မဟုတ်

တဏှာအင်ဂျင် မောင်းနိုင်စွမ်းကလဲ…အကန့်အသတ်နှင့်ပင်ဖြစ်ပါသည်…

နောက်တရက်မနက်…မဏ္ဍပ်သွားရန်လာအခေါ်တွင်မှ…အိပ်ယာမှမနိုးသေးပဲ .

..အိပ်နေသော ကျွန်တော့်ကို ..သူမ ဘယ်အချိန်ကတည်းက ငမ်းနေမှန်းမသိ…ဒချိဒချိ

.လန့်အော်မှ ..နဖူးလာစမ်းသော ..သူ့မျက်ဝန်းများက …စိုးရိမ်မှုအပြည့်……….

”ကိုကို..ဖျားနေပြီ..အိမ်ရှေ့ဆေးခန်းသွားမယ်…ထ..” မသွားလိုပါ..ဖင်လှန်ဆေးထိုးခံရမှာ သေမလောက်အောင်ကြောက်ပါသည် ။

”ဟင့်အင်း..ဆို ” ထိုအမျိုးသမီးက စိတ်သိပ်ရှည်ပုံမရ ….သံခင်းတမန်ခင်းလည်းနားလည်ပုံမရပါ…

မထင်ရင်မထင်သလို..အင်အားသုံးမည့်သူဖြစ်ပါသည်..( လဲသေပစေ …အဲ့လောက်ဖန်ပေသီးလို ခေါင်းမာနေတဲ့အကောင် …ပစ်ထားလိုက် )
ဖခင်ကြီး၏ ပီသကြည်မျှသောအသံ

”သောက်ကောင်မားးးးးးးးး ထနော်.စိတ်မရှည်တော့ဘူး…မထရင် လက်သီးစာမိမယ်..” ဟု ချစ်မ၀သူလေး ကတ်ကတ်လန်မှ…သွားထတိုက်ပြီး…အကျီလဲသည်…

တနေကုန်..ဘေးမှာအရိပ်တကြည့်ကြည့် ..မိခင်သဖွယ်…စိတ်ပူဂရုစိုက်သော.

.သူမကို..ကျွန်တော်အလွန်ချစ်ပါသည်….

သင်္ကြန်ပြီးရန် နှစ်ရက်လိုသေးသော်လည်း….ကြိုတင်ငွေပေးထားသော မဏ္ဍပ် ကို …သူမသွားတော့ပါ…

သူ့လက်ကလေးကို ကိုင်ထားရင်း….သူ့မျက်နှာလေးကိုတစိမ့်စိမ့် ကြည့်ခွင့်ရမှန်းသိလျှင် …တသက်လုံးသာ ဖျားလိုက်ချင်သည်…..

( သို့သော် 2 ရက်သာဖျားသည်….တောက် ..ညံ့ချက် ) …

ပြုံးစိစိနှင့်ဖျားသော …လူမမာမှာအောက်မြန်မာပြည်တွင် ..ကျွန်တော် တစ်ယောက်တည်းသာရှိမယ်ထင်ပါသည်..

ဂရုစိုက်မှန်းသိသော..ကျွန်တော်က …ဟိုဟာမစားချင်ဘူး…ဒီဟာမစားချင်ဘူး..အဟင့်ဟင့်…ရမ်းချစ်တာပဲ …လုပ်သည်မှာ ..သူ့မိန်းမသဖွယ်..အဟိဟိ…..

သောက်မြင်ကတ်လာသော အိမ်မှလူကြီးများ ၀ိုင်းဆဲမှ..ရပ်သည်…
( သောက်ကမြင်းကောင် …ကပ်ကြေးစာမိတော့မှာပဲ…နင့်အကောင်ကို သိပ်အလိုမလိုက်နဲ့ .သမီးလေး ..အင်ထုနေတာ..) ထိုကဲ့သို့ ကြင်နာကြပါသည် ။

သို့သော်..ချွဲတုန်း…သူမလက်ကလေးကိုကိုင်ထားတုန်း..

အဟီး……….ကျွန်တော်လည်းသူမကဲ့သို့သော ဂြိုဟ်သားတကောင်ဖြစ်ပါသည်…………….

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ