အမှတ်တရ …..

================================

(၁) …………..

ရောင်နီဖြာနေတဲ့ နံနက်ခင်းတစ်ခုမှာ သူမကို စတင်တွေ့ခဲ့ရတယ်။
အဲ့ဒီအချိန်က နေရောင်ခြည်အောက်မှာ ပန်းများစွာဟာ အလှပဆုံး ပွင့်လန်းလို့နေခဲ့တယ်။
သူမ ကလည်း ကျနော့်ရဲ့ မျက်ဝန်းများထဲမှာ ထင်ကျန်ရစ်လို့ သွားခဲ့တယ်။
တွေ့တွေ့ချင်းမှာပဲ အမှတ်တမဲ့နဲ့ ကျနော် ပြောခဲ့ပါသေးတယ် ….
“လှတယ်” ……………။

(၂) ………………

အဲ့ဒီနေ့ တစ်နေ့လုံး နေသာနေတယ်။
ကျနော့် ရင်ထဲမှာလည်း တစ်စုံတစ်ခုသော အကြောင်းနဲ့ ပျော်လို့နေတယ်။
သူမရဲ့ မျက်နှာ ခဏတာ ငေးမိတဲ့အခိုက်မှာ တစ်စုံတစ်ရာဟာ ရင်လှိုက်ဖိုစေခဲ့တယ်။
ဒါပေမယ့်လို့လည်း ဘာသိဘာသာ ခဏနဲ့ ပျောက်သွားမှာပါလို့ပဲ ကိုယ့်ကိုကိုယ် တွေးမိခဲ့ပါသေးတယ်။
ဒီအချိန်မှာပဲ အနောက်အရပ်ဆီက နေထွက်လို့လာတယ်။
“ဒါ … ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူးတဲ့” …………..။

(၃) ………………………

လမ်းခွဲခြင်း ဆိုတာ အမှောင်တွေ ဖုံးလွှမ်းခြင်းပါပဲ။
မျက်တောင်တွေ ခဏခဏ ခတ်ပေမယ့် အမြင်အာရုံတွေ ရပ်တန့်သွားတယ်လို့ မထင်တတ်ခဲ့ပါဘူး။
အဲ့ဒီ ခဏခဏ ခတ်နေတဲ့ မျက်တောင်တွေအောက်မှာ သူမ အရိပ်များ ပျောက်သွားမှာကိုတော့ စိုးထိတ်လို့နေခဲ့တယ်။
ဒီအခိုက်မှာ အချိန်တွေ နာရီတွေ အားလုံးသော အားလုံးသော အရာတွေ ဖြစ်နိုင်ရင် ရပ်တန့်လို့ နေစေချင်ခဲ့တယ်။
တောင့်တခြင်း ဆန္ဒတစ်ခုရဲ့အောက်မှာ သူမ တစ်ယောက် ပျောက်ကွယ်လို့ သွားခဲ့ပါတယ်။
ရင်ထဲမှာလည်း မြှားဦး အောက်သို့ ကျလို့သွားတယ်။
ခဏခဏ ခတ်နေတဲ့ မျက်တောင်တွေကို အနားပေးလိုက်တယ်။
ဒီအခါမှာ သူမ ပုံရိပ်များဟာ တစ်ဖန်ပြန်လည် နိုးထ လာခဲ့တယ်။
မျက်လုံးတွေ မှိတ်လို့ထားလည်း သူမ ပုံရိပ်တွေ ထင်နေတုန်းပါပဲရယ်။
“ထူးပါပေ့ကွယ်” ……….။

(၄) ……………………….

တစ်နွေကုန်အောင် စောင့်လိုက်ရင် မိုးရေချိုးရဖို့ မှန်းလို့ ရနိုင်ပါသေးတယ်။
ဘယ်အချိန် ဘယ်ကာလ မှာမှ သူမကို ပြန်လည် တွေ့ရပါ့ … ဆိုတဲ့ … ဆိုတဲ့ …
မရေရာတဲ့ အချိန်များစွာဟာ ကျနော့်ရဲ့ အတွေးမျှင်တန်းကို အတော် ပင်ပန်းစေခဲ့ပါတယ် …။
အဲ့ဒီ အတွေးတန်းကြားမှာ မျှောပါလာတဲ့ ကိုယ့်ကိုကိုယ် ဘာဖြစ်မှန်း မသိတဲ့ မေးခွန်းများဟာလည်း ဖြေရ ခက်လှပါသေးတယ် ….။
လက်ချိုးလို့ ရေတွက်ရတဲ့ ခဏတာ နာရီများဟာ ခပ်ပေါ့ပေါ့ထားတဲ့ ရင်ထဲမှာ လူပါးဝစွာပဲ နေရာအပြည့် ယူထားကြလေတယ်။
နိစ္စဓူဝ မထူးဆန်းလှတဲ့ ပုံရိပ်များကြားမှာ သူမဟာ ဘာကြောင့် ပေါ်လွင်လာရတာတဲ့လဲ ???
နောက်ဆုံးမှာ တစ်စုံတစ်ရာကို ကိုယ့်ဟာကိုယ်ပဲ ပိုင်နိုင်စွာ စွဲကိုင်လိုက်တယ်။
“ကျနော် သူမကို ချစ်မိသွားတယ်” ………….။

(၅) …………………………

နှေးကွေးလှတဲ့ မြန်မာပြည်ရဲ့ အင်တာနက်စာမျက်နှာကို စိတ်အပျက်ကြီး ပျက်ခဲ့ဖူးပေမယ့်
ဒီတစ်ခါတော့ ကျေးဇူးတွေ တင်နေမိတော့တယ်။
ဟုတ်တယ်။ ကျနော့် ရင်ထဲမှာ ဖြစ်သမျှ စာစီကုံးပြလို့ သူမသို့ သိစေနိုင်ခဲ့တယ်။
ဖြုန်းစားကြီး ဆိုပေမယ့် တစ်ပါးသူ ဦးလို့သွားမှာကို ကြောက်တယ်။
အဲ့ဒီအချိန်က …..
“ရင်တွေခုန်လို့ လက်တွေလည်း တုန်နေခဲ့တာပေါ့ကွယ်” ……….။

(၆) ……………………………

(ပထမဆုံး ပြန်တွေ့ခွင့်ရတဲ့ နေ့)
အဲ့ဒီနေ့က ….. ကျနော် ပျော်နေခဲ့တာပေါ့ ခင်ဗျ …..
ရှက်သွေးဖြာ သူမရဲ့ မျက်နှာ အလှ … ကျနော် ငေးလို့ အားမရနိုင်ဖြစ်ရတာပ ……
တတွက်တွက် ဆိုလာခဲ့ စကားသံများဟာ နားဝင်ပီယံ ချိုကာမြ …
နေရောင်ပျောက် ဒီညခင်းတစ်ခုဟာ အပျော်တွေနဲ့ ဝေဖြာနေပါ့ …
ရင်ထဲမှာလည်း ကြိုးတွေက တစ်စပြီး တစ်စ …….။
(ကာရန် လိုက်အောင် .. အာဟ .. အာဟ .. လို့ လိုက်ဆို .. )

(၇) ……………………………….

အထက်မှာ ဆိုထားသလို ကျနော့်ရင်ကို ကြိုးတွေက တစ်စပြီးတစ်စ ရစ်ပတ်လို့ လာခဲ့တယ်။
ပျော်စေတဲ့ ကြိုးတွေလည်း ပါတယ်၊ ဝမ်းနည်းကြိုးတွေလည်း ပါတယ်။
အို ….. အစုံအစုံပါပဲရယ်။
ဒီကြိုးတွေ ပင့်မြှောက်လို့ အထက်ဘဝဂ်ထိလည်း ရောက်ခဲ့ဖူးပါတယ်။
ဒီကြိုးတွေ တင်းကြပ်လွန်းလို့ အသက်ရှုတွေလည်း ရပ်သွားမတတ် ဖြစ်ခဲ့ဖူးပါတယ်။
သူမနဲ့ ပတ်သက်လာသမျှ လူဟာ အရူးတစ်ယောက်လိုပါပဲ။
အတွေးလွန်နေတဲ့ ညခင်းများဟာလည်း တစ်စိတ်တစ်ဒေသ ပါဝင်လို့ ပတ်သက်လာခဲ့တယ်။
“တကယ့် ရောဂါပဲ” ………..။

(၈) ………………………………….

အချိန်ကာလ ဆိုတာ သမားတော် ပဲ ……. တဲ့။
ဒါဆို ကျနော့်အတွက် ဆိုရင်တော့ အဲ့ဒီ အချိန်ကာလဟာ ဒေါက်တာရမ်းကု ပဲ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။
ဟုတ်ပါတယ်။
အချိန်ကာလ ကြာလာတာနဲ့အမျှ သူမရဲ့ ချစ်ခြင်းတရားဟာ အခြားတစ်ယောက်ဆီမှာ ဆိုတာကို သိလိုက်ရတဲ့အချိန်က
နွေအခါ ကြွေကျလာတဲ့ ရော်ရွက်ဝါများလိုပဲ ကျနော့် စိတ်ဓါတ်များဟာလည်း ဒီအကြောင်းအရာတွေ တိုက်ခတ်တိုင်း
တဖြုတ်ဖြုတ်နဲ့ အောက်သို့ ကြွေကျခဲ့ဖူးပါတယ်။
ဒါပေမယ့်လို့လည်း … ဒါပေမယ့်လို့လည်း …
အရာရာ မသိသလို ဟန်ဆောင်ရင်းနဲ့ပဲ တစ်စုံတစ်ရာကို ခိုင်မာစွာ ကိုင်ဆုပ်နေတတ်ခဲ့တယ်။
“ဘာဖြစ်ဖြစ် ဇွတ်တိုးလို့သာ ချစ်နေခဲ့မိတယ်” …………။

(၉) …………………………………….

အစုန်အဆန် ကျနော့် ရင်ခုန်သံတွေ သူမ အပေါ်မှာ မြန်နေပေမယ့် သူမ ဘက်ကတော့ ပုံမှန်ပါပဲတဲ့။
ငြင်းဆန်လို့ ပယ်ကာချ၊ ကျနော့်ရဲ့ စိတ်ဓါတ်များဟာလည်း အတုံးအရုန်းနဲ့ လဲပြိုကာ ကျခဲ့ရတာပေါ့။
မမာတဲ့ နှလုံးသားဟာ အဲ့ဒီ ငြင်းဆန်မှု ဝါကျတွေကြားမှာ သွေးစိမ်ရှင်ရှင်ထွက်ခဲ့ရတယ်။
အားလုံးကို အဆက်အသွယ် ဖြတ်၊ အချစ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမှုတွေကို ရပ်၊ အရာရာကို မေ့လျော့တတ်စေဖို့လည်း ကြိုး

စားခဲ့ဖူးပါတယ်။
ဒါပေမယ့်လို့လည်း မသိစိတ်များ ဦးစီးတဲ့ ဦးတည်ချက်များဟာ သူမ ထံပါးကိုသာ ပြန်လည်လို့ ရောက်စေတတ်ခဲ့ပြန်တယ်။
မြှားချက် ထိဖူးပေမယ့် ဒီမုဆိုးရဲ့ အနားကို တိုးလို့သာ ကပ်နေမိတဲ့ ကိုယ့်ကိုကိုယ် ဘယ်လို နားလည်ရမှန်းမသိ ဖြစ်ခဲ့ရပါသေးတယ်။
“ဒီလောက်ထိ ရူးသွပ်မိခဲ့ပါတယ် ကောင်မလေးရယ်” ……………။

(၁၀) ……………………………………….

ရွက်ဝါတွေ ကြွေကျလို့ ပြီးတဲ့အခါ ရွက်နုတွေနဲ့ တစ်ဖန်ပြန်လည် ဝေဆာလို့ လာခဲ့သလိုပေါ့။
ရွက်ဝါတွေ .. ရွက်ဝါတွေ တဖြုတ်ဖြုတ်နဲ့ ကြွေကျသွားလိုက်
ရွက်နုတွေ .. ရွက်နုတွေ တစ်စ တစ်စ ဝေဆာလို့ လာလိုက်နဲ့ ….
ဒီအပင်ကြီးဟာ တစ်ဖန်ပြန်လည်လို့ ဝေဆာလာခဲ့ပြန်ပါတယ် …

ဒီလို ရွက်သစ်တွေ ပြန်လည် ဝေနိုင်ဖို့အတွက် ရေဓါတ်လည်း လိုအပ်လှပါတယ် …
ကျနော့်မှာ ကံကောင်းတဲ့ အချက်တစ်ခု ရှိတယ် …
ရေဓါတ်နဲ့ တူတဲ့ ပတ်ဝန်းကျင် ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့တယ်။
ဒီအတွက် ကျေးဇူး အများကြီး တင်နေမိတယ်။

သူမအပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေလည်း ပြန်လည် ခိုင်မာ လာသလိုပါပဲ။
အမှောင်တွေ ကင်းစင်ပျောက်လို့ ရောင်နီတွေလည်း ပျို့လို့ လာခဲ့တယ်။
ဒီလိုနဲ့ … ဒီလိုနဲ့ ….
တစ်ဖန်ပြန်လည် ရှင်သန် ထမြောက်လာတဲ့ အခိုက်မှာပဲ …..
ခပ်နွေးနွေး ဖြာနေတဲ့ နေရောင်ခြည်ဟာ ရုတ်ချည်းဆိုသလိုပဲ မွန်းတည့်လို့ သွားပါတော့တယ်။
ဒီအခါ ကျနော့်ရဲ့ ကန်ရေပြင်ဟာ ပက်ကြားအက်လို့သာ သွားခဲ့ရပါတော့တယ်။
“မြင့်မြင့် မြှောက်တော့ အကျလည်း ပိုနာခဲ့ရတာပေါ့ကွယ်”

(၁၁) ……………………………………..

ခရီးတစ်ခုကို ခြေလှမ်းတစ်ခုနဲ့ အစပြုပါတယ် ….။
ဒီခရီးကို အစပြုခဲ့တဲ့ ခြေလှမ်းတစ်လှမ်းဟာ ကျနော်ပါပဲ ….။
ဒီတော့ ……… ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့ …။

ဒီလမ်း ………
မမှားဘူး ဆိုပေမယ့် ခဏခဏ ခလုတ်တိုက်လို့ လဲခဲ့ရတယ်။
နဖူးကွဲ ဒူးပြဲပေမယ့် မဆုတ်မနစ်နဲ့ မျက်စိမှိတ် လျှောက်လှမ်းခဲ့ပါတယ်။
ဟုတ်ကဲ့ … ကျနော် မိုက်မဲပါတယ်။

သက်မဲ့ .. မဟုတ်ဘူး …။ သက်ရှိ ……..။
ပြီးတော့ တစ်ဖက်တည်း မဟုတ်ဘူး။ နှစ်ဖက် ……..။
ကိုယ့်ဘက်ကိုပဲ ကြည့်တတ်တဲ့ မျက်စိမှာ အတ္တတွေ အလွန်အကြူး ကပ်လို့ပါနေတာကို တွေ့လိုက်ရတယ်။
ဒါကြောင့်မို့ ဒီမျက်စိကို ပိတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တွင်တွင် ခါရမ်းနေတဲ့ ခေါင်းကို အားနာတတ်ခဲ့ပါပြီ။
နောက်ဆုတ်တာ မဟုတ်ပေမယ့် ဝေးဝေးက ချစ်နေခွင့်ကပဲ အမှန်ကန်ဆုံး ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဒါနဲ့ပဲ …..
သူမထံပါး ဦးတည် သွားလာနေတဲ့ ခြေလှမ်းများကို ရပ်တန့်ပစ်ခဲ့ပါတယ်။

(၁၂) ………………………………

အဲ့ဒီနေ့က မှတ်မှတ်ရရ ….. မိုးတွေ ရွာလို့ နေတယ်။
ခပ်အေးအေး ဖြစ်နေတဲ့ ရာသီဥတုကြားမှာ ခပ်လေးလေး အတွေးတစ်ခုနဲ့ ငုတ်တုတ်ထိုင်နေခဲ့တယ်။
ရင်ထဲမှာ ဟာတာတာနဲ့ မျက်လုံးတွေကိုလည်း အသာအယာ ပိတ်လို့သာ ထားခဲ့တယ်။
ဒီအချိန်မှာပဲ … ဖုန်း ဝင်လာတယ် ….။
တမန်တော်က ကျနော့်ကို ဆင့်ခေါ်တယ်။
“အရေးကြီးတယ်” …. တဲ့။

မထင်ပါဘူး …။
လုံးဝ လုံးဝ ကို မထင်ခဲ့တာရယ်ပါ ….။
ကျနော် ထင်ခဲ့တာ သူမရဲ့ အစိမ်းရောင် လွှမ်းနေတဲ့ စကားလုံးတန်းများပါပဲ …။
အခုတော့ … အခုတော့ …
သိပ်ပျော်လွန်းလို့ ထလို့ပါ ခုန်မိခဲ့ပေါ့ ……..။
ကျနော့်ရဲ့ အပျော်တွေဟာ ရွာနေတဲ့ မိုးရေတွေနဲ့ အပြိုင် ဘဝဂ်သို့ တိုင်စေခဲ့တာပေါ့။
ဟုတ်ကဲ့ …။
သူမ က အဖြေ ပေးလာတယ်။
ချစ်တယ် …………. တဲ့ ………..။

(ထိုစာကို ဖတ်ရှုလိုပါက ချစ်ဦးလေး ဦးကျောက်ခဲ ရေးသားထားသော “ဝါသနာဘာဂီ” ပို့စ်ကို ဖတ်ပါရန်။)

(၁၃) ……………

အခုများ အချိန်မှာတော့ဖြင့် ….
အချစ်များ ကုဋေကုဋာဟာ ခဏတာ သွေမခွာ ချင်လောက်အောင် ဖြစ်တည်လို့ နေတယ်။
သံယောဇဉ် အမျှင်တန်းများကလည်း နှစ်ဦးသားရင်မှာ တင်းကြပ်စွာ ချည်နှောင်ထားပေါ့။
ရှေ့လာမယ့် အနာဂါတ်ကမ္ဘာအတွက် နှစ်ဦးသား တက်လှမ်းလာတဲ့ ခြေလှမ်းများဟာ …
ဒီနေ့ဆို သုံးလတာ အချိန်ကာလမှာ ပြိုင်တူနင်းလို့ လာခဲ့ပြီပေါ့ကွယ် …………။

ဒီခြေလှမ်းတွေ သက်ဆုံးတိုင် အတူ ရှိစေကြောင်း .. အရပ်ကတို့ကလည်း ဆုတွေတောင်းဂျအုံး …..
ဒီဒေါ့ဂါ ……. ဒါဘာဗျဲစ် ……………။

===================

27 comments

  • ဗုံဗုံ

    October 21, 2013 at 10:16 am

    ဒီအချိန်ကျမှ…ဒီပို့ကိုတင်ရသလားဟဲ့….. ဗြဲ…ဗြဲ
    နာ့ဂို..သက်သက်ရွဲ့တာ…..
    လုံမ..နားရင် 2 ချက်လောက်ဆင့်အုပ်ပစ်…. 😥

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 10:29 am

      ဟဲ့ .. ဟဲ့ ..
      တင်ဂျင်လို့ တင်ဒါ မီဟုတ်ဘူး
      သူ့အချိန်နဲ့သူ တင်ဒါ ..
      ဘာမွှလည်း သိဘဲနဲ့ ….
      ဒီခလေးမဒေါ့ နာဂျင်ဘီ ထင်ဒယ် .. ဖြောင်းးး
      :mrgreen:

  • ဦးကျောက်ခဲ

    October 21, 2013 at 10:17 am

    ဟီး ဟီး ကျောက်စ်လည်း အသက်ကြီးမှ မနေနိုင် မထိုင်နိုင်…
    ဝါသနာဘာဂီက တားမရလို့ ကြားကနေ ဖုန်းဖိုးပါအကုန်ခံပြီး လှော်ပေးလိုက်တယ်…
    မျက်နှာမရ၊ ခြေထောက်ရအောင်တော့ မလုပ်နဲ့ မောင်အံ…
    ဘာမှတ်လဲ…. ဖြတ်ပစ်လိုက်မယ် (လည်ပင်း)…. အား ဟိ
    😀

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 10:32 am

      အောက်မက်ငီးးး
      တော်ဘာဒေးရဲ့ လည်ပင်း မို့ …
      :mrgreen:

      ဦးဒေါ်ပါ … ဦးငေးရေ …
      ဦးဒေါ် .. ဦးဒေါ် ….

  • alinsett

    October 21, 2013 at 10:30 am

    ကဗျာဆန်လိုက်တာ စကားပြေဆန်လိုက်တာ ကွယ်

    သာဒုသာဒုသာဒု
    ဒါဗျဲ

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 10:40 am

      ဒီမှာ အောင်မဲလင်းးး
      ဟိုမှာ အောင်မဲဂွမ်းးးး
      ခုလို ကွန်မန့်လာပေးဒါ ကျေးဇူးဗျဲစ် …
      ဟွန်းးးးးးး

  • Myo Thant

    October 21, 2013 at 10:32 am

    သံသရာဆုံးတိုင်
    အပြုံးပန်းလှိုင်နိူင်ပါစေဗျာ ၊ 🙂

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 11:38 am

      ပေးဒဲ့ဆုနဲ့ ပြေ့စေဒဒီးး
      သာဒု .. သာဒု .. သာဒု ..

  • KZ

    October 21, 2013 at 10:34 am

    “လှတယ်” ……………။
    “ဒါ … ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူးတဲ့” …………..။
    “ထူးပါပေ့ကွယ်” ……….။
    “ကျနော် သူမကို ချစ်မိသွားတယ်” ………….။
    “ရင်တွေခုန်လို့ လက်တွေလည်း တုန်နေခဲ့တာပေါ့ကွယ်” ……….။
    (ကာရန် လိုက်အောင် .. အာဟ .. အာဟ .. လို့ လိုက်ဆို .. )
    “တကယ့် ရောဂါပဲ” ………..
    “ဘာဖြစ်ဖြစ် ဇွတ်တိုးလို့သာ ချစ်နေခဲ့မိတယ်” …………။
    “ဒီလောက်ထိ ရူးသွပ်မိခဲ့ပါတယ် ကောင်မလေးရယ်” ……………။
    “မြင့်မြင့် မြှောက်တော့ အကျလည်း ပိုနာခဲ့ရတာပေါ့ကွယ်”
    “အရေးကြီးတယ်” …. တဲ့။
    ချစ်တယ် …………. တဲ့ ………..။
    ဒီခြေလှမ်းတွေ သက်ဆုံးတိုင် အတူ ရှိစေကြောင်း .. အရပ်ကတို့ကလည်း ဆုတွေတောင်းဂျအုံး …..
    ဒီဒေါ့ဂါ ……. ဒါဘာဗျဲစ် ……………။

    ဘိုး လုပ်ထားတဲ့ စာကြောင်းတွေချည်း စုပလိုက်တာ။
    လှတာအစ ရူးတာ အလည် ဒါဘာဗျဲစ် အဆုံးပဲ။

    😀

    အစစ်အမှန်ဖြစ်သော၊
    မှန်ကန်သော၊
    တရားသဖြင့်သော
    အချစ်စိတ် နဲ့
    တွဲလက် မြဲမြံ
    တူ၂ကိုယ်လမ်းကို
    ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။

    :chit:

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 11:40 am

      အဟမ်းး ဟမ်းး
      ဘာမွှ ဟုတ်ဘာဘူး ချောင်းဟန့်ကျိဒါ ..
      :mrgreen:

      ဂုလို တောင်းဆုပြုပေးဒါ သန်းကျူးဘာ မမခိုင်ဇာ ..
      ပေးဒဲ့ဆုနဲ့ ပြေ့စေဒဒီး ..
      သာဒု .. သာဒု .. သာဒု ..

  • TNA

    October 21, 2013 at 10:55 am

    အင်း ဖားနေပုံရတယ်။ တထုထုတော့တထုထုပဲ။ ခုမှအထူးအဆန်းတင်ဒယ်ဆိုဒေါ့။ အင်းးးးးးးးးးးးးးးးးးးးးးးးးး
    မိအံညီးပြောဒဲ့ ၁ ၂ ၃ ကိုသွားဖတ်ဆိုတာဒါလားအေ့။
    ဘာပဲဖြစ်ဖြစ်သက်ဆုံးတိုင်ချစ်နိုင်ကြပါစေအေ။ လက်ဖွဲ့ဖိုးလဲစုထားလိုက်ပါ့မယ်။

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 11:46 am

      ဘာ ဖားရမှာဒုန်းးး ဟွန်းး
      ပို့စ်ခေါင်းဇင်ဂျီး မျင်ဘူးလားး
      အမှတ်တရ ဘာဆိုနေမှ …
      ဟုတ်ဒယ် .. ၁ ၂ ၃ ဆိုဒါ အိုက်ဒါဘဲ …
      လက်ဖွဲ့ဖို့လည်း ကြိုစုထား …
      ဆုတောင်းအတွက် သန်းကျူးဘဲ ..

      • TNA

        October 21, 2013 at 2:43 pm

        အေးလက်ဖွဲ့ ကဘယ်နှုန်းနဲ့ဆုရင်ရမလဲ တနေ့ ငါးကျပ်နှုန်းလားအေ့ :mrgreen:

  • ကိုရင်စည်သူ

    October 21, 2013 at 12:39 pm

    လုပ်ကြဘာဗျာ.. ခင်ညားကြီးတို့ ခေတ်တွေပဲ..
    ကျုုပ်ကတော့ ဘောကိုင်ပီး.. ပင်လယ်ထဲတောင် ဆင်းပေးနေရပီ.. 😥
    ဒီနှစ်ထဲ လပျိုကျွတ်နေကျတဲ့ လူဒွေ ဇာတာခွင်တွေတက်နေကျဒါပေါ့..
    အဝေးက မျှစ်ချိုးပီး ဆွမ်းလာပို့သူနဲ့.. လှည်းပျော်ကိုယ်တော်တွေနဲ့.. အားကျဘာ့.. 😥
    အားကျကျနဲ့ လှုပ်ပလိုက်လို့ကတော့… သာမီးလေးဒွေ.. မျက်ရည်ဖြိုင်ဖြိုင်ဖြစ်ကုန်မယ်.. :mrgreen:

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 5:00 pm

      သူညားဒွေ ပျော်နေဒါဂို
      မီနာလို မဖစ်ဘာနဲ့ ကရင်ဂျီးရယ် .. ဟစ်ဟစ်
      အလယ်က တစ်ယောက် အနေနဲ့ ဂလောက်လေးဒေါ့ ရေးရမွှာပေါ့လို့ ..
      ဟုတ်ဝူးလားး

    • မဟာရာဇာ အံစာတုံး

      October 21, 2013 at 5:02 pm

      သည်းလေးက ကျေးဇူးတင်ဒယ်ဆိုဒေါ့
      ဟောဒီ ကိုကိုအံ က
      ရမ်းရမ်း ချစ်တီပေါ့ …
      ဟီးး ဘာမွှဒေါ့ ဆိုင်ဝူးးးး
      :mrgreen:

  • Mr. MarGa

    October 21, 2013 at 2:24 pm

    အင်း…
    ဆေးမမီရှာတော့ပါလားးးး
    တဏှာ… တဏှာ…
    အနိစ္စ….အနိစ္စ…..

    :mrgreenn: :mrgreenn:

    • မဟာရာဇာ အံစာတုံး

      October 22, 2013 at 10:54 am

      အိုင်စီရဲ့ ထွဏ်းထွဏ်း သီချင်းထဲကလိုပေါ့ …
      အချစ်ကြောင့် ရူးတယ် ပြောလည်း ….
      .. မထူး ပါဘူး …..
      :mrgreen:

  • Ma Ma

    October 21, 2013 at 4:15 pm

    မောင်ရင်-
    ပြောတော့ သာဒု သာဒု နဲ့ ရည်းစားစာ ရေးပြီး တို့လုံမကို မ သွားပါပကောလားးးး :mrgreen:
    ဒီစာနဲ့ လူကြီးတွေကို သက်သေထားနေတယ်။
    သက်သေခဘယ်လောက်ရမှာတုန်းးးးး 😀

    • မဟာရာဇာ အံစာတုံး

      October 22, 2013 at 11:04 am

      ဂျာ .. ခညာ ..
      တီတီ ဘာပေါဒါဒုန်း တိပု …
      တား ဘာမွှ ကြားရဘူးးး .. အဲ .. မြင်ရဝူးးး
      :mrgreen:

  • surmi

    October 21, 2013 at 10:33 pm

    ဘာလိုလိုနဲ့. . သုံးလ​တောင်​ရှိ​နေမှကိုး……
    🙂

    • မဟာရာဇာ အံစာတုံး

      October 22, 2013 at 11:07 am

      ဟုတ်တယ် ဥဆာရေ့ …
      သုံးလတောင် ပြည့်ဘီဂျ …
      ဒီသုံးလအတွင်း နတ်ကြီးဒွေဖစ်တဲ့ ဥကျောက်စ်၊ ဥဆာ ဒို့နဲ့ တွေ့ပီးဘီ …
      နောက်ခါ မလိမ်မိုး မလိမ်မာဒါဒွေ ဖစ်လာခဲ့ရင်လည်း ဆုံးမပေးဂျဘာအုံးလို့ ..
      သန်းကျူး ဘဲရီးမက်ချ်ဘာ ဥဥဆာ ..

  • kai

    October 22, 2013 at 1:01 pm

    စာဖတ်ပြီး.. အလုပ်များလို့.. နည်းနည်းညစ်နေတဲ့စိတ်တောင်ပြေသွားတယ်..။
    အပျော်တွေကူးစက်လာသပေါ့..

    ကောင်းပါလေ့…။
    ကောင်းလက်စနဲ့.. ဦးကျောက်ကျေးဇူးရောတင်လိုက်သဗျာ..
    တာဝန်ကျေကျောက်စ်… လို့.. :mrgreen:

    • တူ ပို့စ်တင်တယ်နော် .. တဂျီး..
      အိုက်ဒါ အိုက်ဒါ လာပေါဒါ… 🙂

      ကျေးဇူးအများကြီးတင်ပါတယ်လို့…

  • sorrow weaver

    October 22, 2013 at 1:18 pm

    အလိုလေး.အံချာဒုံးးးး ..တသီတတန်းကြီးကို ဖွဲ့နွဲ့ပြပလိုက်တာပါ့ဟင့်..ပြောင်မြောက်ပါပေ့…ကျုပ်လဲ အဲ့လိုရေးတတ်ချင်တာ့….အဟေးဟေး….

  • kyeemite

    October 22, 2013 at 1:48 pm

    အမှတ်တရ ဆိုလို့ ဘာများလဲမှတ်တယ်
    အံချာဒုံးးးးရဲ့ ချစ်မှတ်တမ်းဂျီးကိုး…
    သုံးလ…သုံးလ မှာ
    ကုန်းကွ…ကုန်းကွနဲ့ တွားဂဲ့ဂျဒါလား…
    လုံးဝ …လုံးဝ ..ပြုံးပြခဲ့ဘာသဗျား…
    အောင်ဂျဘာဇီ…နောင်ဘဝတာရှည်
    ဆောင်ကြပါ အတည်(မင်ဂါ) 😀

Leave a Reply