Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ဟေ့ကောင် ငအံစာ ဘာလုပ်တာ လဲကွ..

အန် သူဂျီးမင်း သိဘူးလေ… ရွာသူားတွေ အော်တော့ ကျော်လဲ ယောင်ပြီးထုမိတာပေါ့လို.. အဟင့်

အဲလို ပြာတာအံစာကို ဟောက်ပြီး ရွာသူားတွေဘက်လှည့်ပြီး..

ဟေ့ တိတ်ကြစမ်း.. ငါ့စကားမဆုံးသေးဘူး…

အဲလိုပြောလိုက်တော့ ရွာသူားတွေလဲ ဆူညံနေတာတွေ တစ်ယောက်တစ်ပေါက်ပြောနေတာတွေ တိတ်သွားပြီး သူဂျီးကို ကြည့်လိုက်ကြတယ်..

အဲဒီအခါ သူဂျီးက….. ကျုပ်ရွာသူားတွေကို ဒီမိုကရေစီပေးလိုက်ပြီး ပြီးတော့ ကျုပ်တို.ရွာကြီးကို လဲ.. မြို.အဖြစ် အဆင့်မြှင့်တင်ပြီး……. မန်းလေးဂဇတ်ရွာကနေ… မြန်မာ့ဂဇတ် မြို.ကြီးအဖြစ် ပြောင်းလဲလိုက်တယ်လို. ဒီနေရာကနေ ကြေငြာမယ်………

ဝေးးးးးးးးးးးးးးးး ဟေးးးးးးးးးးးးးးးးးးဟေးးးးးးးးးး ငါတို.မြို.သူားတွေ ဖြစ်ပြီးကွ……..ဟေးးးးးးးးးးးးးးး

အဲဒီအချိန်မှာ တစ်ချိန်လုံးငြိမ်နေတဲ့ ဦးပါလေရာက …

နေပါအုံး သူဂျီးမင်းရဲ. သူဂျီးရွာကို မြို.အဖြစ် ပြောင်းတယ်ဆိုပေမယ့် အခုအချိန်ထိ ယင်လုံအိမ်သာတောင် လုံလောက်အောင်မရှိပဲ မြို.အဖြစ်အဆင့်မြှင့်တင်မယ်ဆိုတော့ကာ…… ဟင်းဟင်းဟင်း..

အဲလို ဦးပါလေရာက မထီမဲမြင် သူဂျီးကိုပြောတော့ သူဂျီးလဲ မခံချင်စိတ်ဖြစ်လာပြီး…

တယ် ဒီပါလေရာနှယ့် ကျုပ် ကိုရင်တို.ကို ယင်လုံအိမ်သာတွေ ဆောက်ဖို.စီစဉ်ပေးမှာပေါ့ ကွ….

အဲလိုလဲပြောလိုက်ရော…. တရုတ်ကြီး ကြေးမှုံကြီးက .. သူဂျီး သူဂျီး..

ဟေ ဘာဒုန်း…………

ယင်လုံအိမ်သာဆောက်မယ့် ပါမစ် ၀ှ ကို ပေးနော်.. သူဂျီး………. ၀ှ ရှယ်ဆောက်ပေးမယ်.. တိယား…

တယ်… နင်အသာနေပါအုံး.. မောင်စီလှုပ်ရယ်.. ငါ့စကားဆုံးအောင်နားထောင်ပါအုံး…

ကဲရွာသူားတွေ .. မင်းတို.ကို လွတ်လပ်စွာနေထိုင်ခွင့်ပေးလိုက်ပြီဆိုတော့.. ရွာထဲမှာ လိုအပ်ချက်၊ မကျေနပ်ချက် တွေ ရှိရင် ပွင့်လင်းစွာ ကျုပ်ဆီကို တိုင်စာပို.လို.ရတယ်နော်… ကျုပ်မိန်းမ၊ ကျုပ် လက်အောက်ငယ် သား၊ ကျုပ်သမီးက အစ.. အို ကုန်ကုန်ပြောမယ်.. ကျုပ်မကောင်းတာကအစ.. ပြောလို.ရတယ်… ဒါပွင့်လင်းမြင်သာမှုရှိပြီး တန်းတူအခွင့်အရေးရတယ်လို.ခေါ်တယ်..

ကြားကြလား…

ဟုတ်ကြားပါတယ် သူဂျီးမင်း   ရွာသူားတွေက သံပြိုင်ဖြေလိုက်တယ်…

အေးဒါဆိုရင် အကုန်လုံး ကိုယ်အိမ်ကို အေးအေးဆေးဆေးပြန်ကြတော့…

အဲလိုပြောပြီးတော့ သူဂျီးက သူတပည့်တွေဖက်လှည့်ပြီး ……. ဟေ့ကောင်တွေ ငါလဲ အိမ်ပေါ်တက်မယ်…

ပြောပြီး အစတုန်းက အိမ်ပေါ်က ဆင်းလာတဲ့အတိုင်း အစဉ်လိုက် ပြန်တက်သွားတာပေါ့ကွယ်…

အဲဒီအချိန်မှာ ရွာသူားတွေထဲကတစ်ယောက်က လှမ်းပြောသံကို ကြားလိုက်ရတယ်…

ဟွန်. ပြောတော့ တန်းတူအခွင့်အရေးတဲ့… စလာတုန်းက အတိုင်းပဲ အိမ်ပေါ်ပြန်တက်သွားတာ ဘာမှလဲ မပြောင်းလဲဘူး…

ကဲပါကွာ ကဲကဲ ကိုယ်အိမ်ကို ပြန်ကြတော့…

ကဲပြန်ကြမယ်ဟေ့.. ပြန်မယ်..

ဟယ်ငါ့နှယ့်မေ့နေလိုက်တာ.. အိမ်မှာဟင်းအိုးကြီးတူးနေပြီနဲ.တူတယ်…မြန်မြန်ပြန်မှ..

အဲလိုပြောပြီး မသဲနုအေး က သုတ်သုတ်သုတ်သုတ်နဲ. ထပြေးသွားရောကွယ်…

အဲလိုနဲ. ရွာသူားတွေလဲ အသီးသီးအိမ်ပြန်ကုန်ကြတာပေါ့ကွယ်…

ဖေဖေ…

ဟေ.. သမီး..

ဒါဆို ရွာကနေမြို.ပြောင်းပြီး သူဂျီးကဒီမိုကရေစီဆိုတာပေးလိုက်ပြီးပေါ့နော်.. ဘာဆက်ဖြစ်မလဲဟင်..

အေးပေါ့သမီးရယ်.. သိချင်ဆက်နားထောင်ပေါ့..

အင်းအင်း ဒါဆို ဆက်ပြောဖေဖေ..

အေးအေး..

ဒီလိုနဲ. ဒီမိုကရေစီရပြီး နောက်နေ.မနက်ရောက်လာတာပေါ့ကွယ်.. အဲဒီမှာ ပြသနာစတော့တာပဲ..

ဟင် ဟုတ်လား ဘယ်သူလဲဖေဖေ..

ဘယ်သူရှိမလဲ.. ဟိုဘီအီးသမား ပေါက်ဖော်ပေါ့.. သူက မနက်အစောကြီး ထောင်ထွက်ကြီးမိုက် ဆိုင်က ဘီအီး ၂၀၀ဖိုး အမုန်းဆော်လာပြီး လက်ထဲမှာလဲ အိမ်မှာသောက်ဖို. ပါဆယ်ယူလာတဲ့ ဘီအီးပုလင်းနဲ. ရွာလည် လမ်းမကြီးမှာ လမ်းပိတ်ပြီး ဒယိမ်းဒယိုင်လျှောက်လာပြီး ပါးစပ်ကလဲ

ဘယ်သူဂရုစိုက်ရမလဲကွ… ထွီ .. ဒီမိုကရေစီရပြီ.. ငါပိုက်ဆံနဲ.ငါသောက်တာ.. ဘာဖြစ်လဲ..

မိုက်လား.. မိုက်တဲ့ကောင် သူဂျီးဆီသွား တိုင်စာသွားတင်လိုက်..

ငါပေါက်ဖော်ဆိုတဲ့အကောင်က အပေါက်မရှိရင် ဖော်ကိုမဖော်ဘူး..

ကိန်………

အဲလိုအော်လာရင်း… လမ်းမှာအိပ်နေတဲ့ ခွေးကိုတက်နင်းမိသွားတာပေါ့ကွယ်… အဲလိုတက်နင်းမိတော့ သူ. ဒေါသတွေက ခွေးအပေါ်ရောက်သွားတော့တာပေါ့

ဟေ.ရောင် ခွေးမသား… မင်းက ဘာလဲ.. ငါလုပ်ထည့်လိုက်ရ ငါ့ဘာကောင်မှတ်သလဲ.. ဂဇတ်မြို.သားကွ.. နားလည်လား… ဘေးဖယ်စမ်း…

အု…အူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးအူးးးးးးးးးးးးးးးးး

ပုဆိုးစလွယ်သိုင်းထားတဲ့ ပေါက်ဖော်ကို ခွေးက မျက်စိနောက်ပြီး ထအူလိုက်တော့တာပေါ့ကွယ်…

အဲလိုနဲ. ရွာထဲ မှာ၊ ရွာဈေးထဲမှာ ရွာသူားတွေ ပါးစပ်ဖျားမှာ ဒီမိုကရေစီ ရပြီဆိုတဲ့အကြောင်းပဲ ရေပန်းစားနေတော့တာပေါ့ကွယ်….

အဲဒီအချိန် ရွာဦးကျောင်းပေါ်မှာ ရွာဦးကျောင်းဆရာတော်ရဲ.ရှေ.မှာ ကိုရင်တပါးက ဆရာတော်ကို လက်စုံမိုးပြီး ရှစ်ခိုးတောင်းပန်နေတယ်ကွယ်…

ဟင် ဟုတ်လား အဲဒီ ကိုရင်က ဘာဖြစ်လို.လဲ ဖေဖေ..

အော် အဲဒီ ကိုရင်က ငယ်ငယ်ကလေးထဲက ကိုရင်ဝတ်ပြီး ရွာဦးကျောင်းမှာ နေနေတဲ့ ကိုရင်စည်သူဆိုတဲ့ ကိုရင်လေးကွယ့်…သူက ဒီမိုကရေစီရလို. လူထွက်ချင်တဲ့အကြောင်း ဆရာတော်ကို လျှောက်နေတာပေါ့ကွယ်..

ဟဲ့ ကိုရင်စည်သူ မင်းဘယ်နှယ့်ကြောင့်လူထွက်ချင်ရသတုန်းကွယ့်…

အရှင်ဘုရား တပည့်တော် ရွာထဲမှာ ဒီမိုကရေစီ ရပြီဆိုလို.ပါဘုရား..

ဟဲ့ နင်နဲ. ဒီမိုကရေစီ ဘာဆိုင်လို.တုန်းဟဲ့ ငမိုက်သားရဲ…

အော်ဒီလိုဘုရား… တပည့်တော်တို. ရွာက ဒီမိုရွာ အဲအဲ မြို.ဖြစ်သွားပြီဆိုတော့… တပည့်တော်လဲ လူဘ၀နဲ. အဲဒီ ဒီမိုကရေစီ အရသာလေး ခံစားချင်လို.ပါဘုရာ့

ကဲထားပါတော့ အမောင် လူထွက်ပြီး ဘာအလုပ်များလုပ်စားမယ် စိတ်ကူးသတုန်းကွဲ.

တင်ပါ့ဘုရား တပည့်တော် မာဆတ်လေး ကေတီဗွီလေးများ ဖွင့်စားမလားလို. စိတ်ကူးတယ်ဘုရာ့..

ဟေ……….. ဘာကွယ့်..

အော်ဒီလိုလေ ဘုရာ့ ရွာထဲမှာလဲ မိုက်ခဲတွေ၊ အရက်သမားသမဂ္ဂတွေ ရှိနေလေတော့ သူတို.တွေနဲ.တင် တပည့်တော် စီးပွားဖြစ်ပါတယ်ဘုရား….

ငါတယ်လေ.. ဒီကိုရင်တော့ ငါ့ကြိမ်လုံးနဲ.တွေ.တော့မယ်… ကိုရင် ထွက်ချင် ကျုပ်လဲ တားလို.မရဘူး ထွက်မယ်ဆန္ဒရှိရင် ထွက် ဒါပေမယ့် ကောင်းရောင်းကောင်း ၀ယ်တော့ လုပ်စားကွယ့် ကြားလား…

တင်ပါ့ဘုရား…

အဲလိုနဲ. ကိုရင်စည်သူလဲ လူထွက်ပြီး ရွာထိပ်က သရဲခြောက်တယ်လို. နာမယ်ကြီးတဲ့ ဗိုလ်အိမ်အဟောင်းကြီး ကို ငှားပြီး ကေတီဗွီဖွင့်တာပေါ့ကွယ့်… အရင် အဲဒီအိမ်ကြီးနားကို သွားတောင်မသွားရဲ ကြတဲ့လူတွေ အခု တော့ အဲဒီအိမ်ကြီးမှာ မီးတွေ ထိန်လင်းပြီး စည်ကားနေတာပေါ့ကွယ်…

ဟင်ဖေဖေ ငယ်ငယ်လေးကတည်းက ကိုရင် ၀တ် တဲ့ အဲဒီ ကိုရင်က ဘယ်က ပိုက်ဆံရတာလဲ ဟင်…

အော် ဒီလိုကွယ့် သူအစ်ကို သင်္ဘောသား တစ်ယောက်ဆီက နေ စီးပွားရေးလုပ်မလို. ပိုက်ဆံအကူအညီ ရတာပေါ့ကွယ်..

အော် ဒီလိုလား…….

ကိုရင်စည်သူ. အိမ်မဲကြီးက ရွာသူားတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတာပေါ့ကွယ်… ဘယ်လောက်ရေပန်းစား လဲ ဆိုရင် ရွာသားတွေမပြောနဲ. ရွာသူတွေ ပါးစပ်ဖျားမှာတောင် ပြောစရာဖြစ်နေတာပေါ့ကွယ်…

ဟဲ့ မိတုံ ညည်းဟို အိမ်မဲကြီးအကြောင်းကြားပြီးပြီလား..

ဟယ် ညည်းနှယ့် မိပန်ရယ်.. လူတိုင်းပြောနေမှတော့ မသိနေမလားဟဲ့..

အေးဟဲ့ အဲဒီ အိမ်မဲကြီးမှာ ကာလာအိုကေ ဆိုလား ဘာလားရှိတယ်တဲ့.. အဲလို လာဆိုတဲ့သူတွေက ငါ့တို.အရွယ် ကောင်မလေးတွေက ဘေးနားမှာထိုင်ပြီး ဘာလုပ်ပေးတယ်ဆိုလားပဲအေ့…

ငါသွားကြည့်ချင်လိုက်တာအေ…

ဟဲ့ကောင်မ မိဗုံ အဲဒါ ယောင်္ကျားလေးတွေ သွားတဲ့နေရာလေ… ညည်းသွားလို.မရဘူးလေအေ..

ဟဲ့ ကောင်မရယ်.. ညည်းနှယ့် စကားအဖြစ်ပြောတာပေါ့အေ.. ဘယ်သွားရဲမလဲ..

ညည်းတို.သာပြောတာပါအေ.. ရွာထဲက ကိုဘလက်ချောတို.၊ကိုနို.စို.မိ တို.၊ ကိုအမတ်မင်းတို.၊ ကိုခင်ခ တို. ရွာသားတွေဖြင့် အရင်တုန်းက သရဲခြောက်လို. ခြေဦးတောင်မလှည့်တဲ့ ဟာ အခု ပြန်တောင်မပြန်ချင်ဘူးဆိုပဲ အေ့….. ဟိဟိ

အဲဒီအချိန် ရွာသူ မသဲနုအေးလဲ ရေခပ်ဆင်းရင် ရွာသူတွေ အတင်းပြေနေတာကြားပြီး ဟဲ့ဟဲ့ ငါလဲ အဲဒါပြောမလို. မိတုံ၊မိပန်၊မိဗုံ တို.ရေ ညည်းတို.သိတာနည်းနည်းရယ်တော့.. ညည်းတို.မသိတာရှိသေး တယ် ဟဲ့ ကောင်မတွေရဲ..

ဟင်… ဟုတ်လား မသဲနုအေး.. ပြောစမ်းပါအုံး…

အဲလို ရွာအပျိုတွေက စိတ်ဝင်တစားနဲ. ရေခပ်နေရင်း မသဲနုအေးနား ၀ိုင်းအုံလာကြတာပေါ့ကွယ်… ဒါနဲ. ရွာသူ ဒေါ်သဲက ဆက်ပြောတယ်..

ဒီလိုအေ့.. ညည်းတို.သိတာ ကေတီဗွီသီချင်းဆိုလို.ရတာပဲ သိတာလေ.. ဟိုမှာက ဘာတဲ့ မာဆတ်ဆိုလား မာစွတ်ဆိုလားအေ… အဲဒါလဲ ရှိတယ်တဲ့..

မာဆတ်ဆိုတာ ဘာလဲ မမသဲ..

အော် ညည်းနှယ့်အေ.. အနှိပ်ခန်း ပေါ့အေ.. အပ..

အော်သိပြီ…. ရွာလယ်က ဆရာထက်ဝေးလို အကြောပြင် မြန်မာဆေးခန်းလား မမသဲ..

 

ဟဲ့ အဲလိုမဟုတ်ဘူးအေ့.. ဟိုက ညည်းတို.အရွယ် ကောင်မလေးတွေ နှိပ်တာတဲ့တော့…

ဟင်….ရှင်… ဟုတ်လား…

ဟုတ်ပတော် ဟုတ်ပ … ပြီးတော့ရှိသေးတယ်… ဟို တိုင်ကြီးတွေထောင်ပြီး အဲဒီတိုင်တွေကို ကောင်မလေးတွေ က ဖက်ဖက် ကတဲ့ ဟာလဲ ရှိတယ်တဲ့တော့….. ကျုပ်ယောင်္ကျားတောင် လှစ်ကနဲ လှစ်ကနဲ ပျောက်ပျောက် သွားလို. ဗိုက်ခေါက်ကို နာနာဆွဲ ဆုံးမထားရတယ်တော့….

ဖေဖေ… ဖေဖေ..

ဟေသမီး…

ဖေဖေ ရော အဲလို နေရာတွေသွားလားဟင်…

အော်…..ဟဟဟ အဟီးးးး တစ်ခါတလေပေါ့သမီးရယ်…

ဟွန်. ဒါဆို ဖေဖေက လူဆိုးပေါ့…

အော် ငါ့သမီးနှယ့် အဲလိုလဲဘယ်ဟုတ်မလဲ သမီးရဲ. ယောင်္ကျားဆိုတာ အကုန်သိအကုန်တတ်ထားရတယ်ကွယ့် .. အလွန်အကျွံ. မလုပ်ပဲ ကိုယ်ကိုကိုယ့် ထိန်းနိုင်ဖို. လိုတယ်လေ နော် သမီး..

ဟင့်အင်း မရဘူး ဖေဖေ့ ကို မေမေနဲ.ကို တိုင်ပြောအုံးမယ်…

ဟေ…..ရှူးးးးးးးးးးးးးးးးးးးးးးးးးး မလုပ်ပါနဲ.သမီးရယ်.. ဖေဖေလဲ သမီးမေမေမသိအောင် ခိုးသွားနေရတာ..ဟိဟိ

ဟာ မရဘူး တိုင်မှာပဲ..

သမီး ပြောမရဘူးလား.. ဒါဆိုပုံပြင် ဆက်မပြောတော့ဘူး ကွာ.. ကဲ..

ဟဟဟဟ အဲလို မလုပ်နဲ.လေ.. ဖေဖေကလဲ ကဲကဲ မတိုင်တော့ဘူး…နော်…

ဟေးးးး အဲလိုလုပ်ပါသမီးရယ်….

ကဲကဲ ပုံပြင်ဆက်ရအောင်…

ဟုတ် ဖေဖေ..

သမီး မတိုင်ရဘူး သေချာတယ်နော်.. Promise

Promise ဖေဖေ… ဟဲဟဲဟဲ..

အဲလိုနဲ. ကိုရင်စည်သူရဲ. အိမ်မဲကြီးက နံမယ်ကြီးလာပြီး ရွာသားတိုင်း အဲဒီရောက်နေတော့…. ရွာပြင်က ထောင်ထွက်ကြီးမိုက် အရက်ပုန်းဆိုင်… အဲအဲ အရက်ပုန်းဆိုင်မဟုတ်တော့ဘူး… သူက ဒီမိုကရေစီ ရတော့ ဘယ်အချိန်က သူကြီးဆီက လက်မှတ်ယူထားတယ်မသိဘူး… သူဆိုင်ထိပ်မှာ သူကြီးလက်မှတ်နဲ. ခွင့်ပြုချက် ဆိုပြီး မှန်ဘောင်သွင်းချိတ်တာတာပေါ့ကွယ်.. အဲဒီတော့ သူ.ဆိုင်က အရက်ပုန်းဆိုင်မဟုတ်တော့ဘူးပေါ့ တရားဝင် ဆိုင်ဖြစ်သွားတာပေါ့.. ဒါပေမယ့် အခုတော့ အဲဒီဆိုင်က လူမလာတော့ ခြောက်ကပ်ပြီး ပြုတ်လုလု ဖြစ်နေတော့တာပေါ့ကွယ်… အဲဒါကို ဦးကြီးမိုက်ကြီးက မကျေနပ်တော့ သူကြီးဆီ တိုင်စာပို.တာပေါ့… အဲဒီ တိုင်စာပို.လို.ရတဲ့ ကိစ္စကို လဲ ဟို နိုင်ငံရေးသမားယောင်ယောင် ဂျာနယ်လစ်ယောင်ယောင် ကိုဘလက်ချော ကြီးက ပြောထားတာကိုးးးးး အဲဒီလိုနဲ.တိုင်စာရေးပြီး မနက်မနက် ဆွမ်းခံလာတဲ့ ကပ္ပိယကြီး ဦးဆာမိ နဲ. ထည့်ပေးလိုက်တာပေါ့ကွယ်… အဲဒီ ကပ္ပိယကြီး ဦးဆာမိကလဲ ဒီရွာမှာ ဒီမိုကရေစီရပြီး မှပဲ ဆွမ်းခံတဲ့အလုပ် အပြင် တိုင်စာ လိုက်ပို.တဲ့ အလုပ်တစ်ခုပါ ပိုလာတာပေါ့…

ဆွမ်းတော်ဗျို…… လို.အော်လိုက်ရင် အိမ်ထဲကနေ ဆွမ်းဟင်းနဲ. အတူ တိုင်စာစာရွက်လေးပါ ပါလာပြီး သူဂျီး ဆီပေးပေးပါ ကပ္ပိယကြီး ဆိုပြီး ပေးကြတာပေါ့ကွယ်… အေးလေ ကပ္ပိယကြီးက တစ်ရွာလုံးလျှောက်သွားရ တော့ ဒီအလုပ်နဲ.သူနဲ.လဲ ကိုက်တာကိုး…..

ကဲကဲ သမီးရေ ဒီနေ.တော့ ဒီလောက်ပဲ အိပ်ရာဝင်စို.နော်..

ဖေဖေလဲ ဒီနေ. မြန်မာဘောလုံးပွဲကြည့်ပြီး အရမ်းပင်ပန်းနေလို.နော်.. သမီး..

ဟုတ်..ဖေဖေ..

ဖေဖေကလဲ မြန်မာ အသင်းက အုပ်စု တတိယ ရသွားတာကို ဖေဖေတို.က ဂုဏ်မယူပဲ ဘာလို. တောက်တခေါက်ခေါက်နဲ. ဒေါသထွက်နေရတာလဲဟင်..

အော် ငါ့သမီးနှယ့်.. သမီးက ငယ်သေးတာကိုးကွယ်.. ဖေဖေ တို. အဲလို ဖြေသိမ့်နှစ်သိမ့်လာရတာ… ဖေဖေ အသက် ၃၀ နားနီးနေပြီသမီးရေ… ကဲကဲ အိပ်တော့နော်…

ဟုတ် ဖေဖေ Goodnight …

အေးအေး သမီး Goodnight…

TO BE CONTINUE >>>>>>>>>>>

About ရွှေတိုက်စိုး

has written 79 post in this Website..