ရောက်တတ်ရာရာ၊ တွေးမိတွေးရာ၊ ဘောလုံး အတွေး
ကဲ။
မနေနိုင်လွန်းလို့ ပြော၊ အဲလေ ရေးပါရစေ။
ပြီးမှ ဟိုလူ့ အပြစ်တင်၊ ဒီလူ့ လက်ညှိုးထိုးမလုပ်တော့ပါဘူးးး
လိုအပ်တာတွေပဲ ပြောပါတော့မယ်။
ဟိ။ :mrgreenn:
လိုတာပြောမယ် ဆိုလို့ ပညာရှင်မမှတ်ပါနဲ့။ လူပြိန်းတွေး တွေးပြီး ပြောမှာပါ။
ဘောလုံး ဆိုတာ လုံးတယ် ဆိုတာက လွဲပြီး ကျန်တာမသိပါဘူးးး (ဟိ) :mrgreenn:
ဘောလုံးပွဲ ဆိုရင်လည်း မြန်မာပွဲပဲ ကြည့်ချင်ပါတယ်။ အစွဲလေးနဲ့မှ ကြည့်တတ်လို့ပါ။
မန်းလေးမှာတုန်းက တစ်ခါတစ်ခါ ဇော်သန့်က တစ်ယောက်တည်း ညနက် မကြည့်ချင်တဲ့ အခါလောက် မှာပဲ ပရီးမီးယား လိ(ဂ) ပွဲတွေ ဘယ်သူချောတယ် ဘယ်ဝါချောတယ် စသည်ဖြင့် ဖျားယောင်းသွေးဆောင်လို့ ကြည့်ဖူးပါတယ်။
ခြေမကြည့်ပဲ မျက်နှာလိုက်ကြည့်တတ်တဲ့ အမကို စိတ်ကုန်သွားလို့ နောက်မခေါ်တော့ပါဘူးးး ဟိဟိ
စကြည့်ဖူးတာ ၈ တန်းပါ။ ၁၉၉၆ ဘာ ပွဲတွေတုန်းတော့မသိ။
မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင်တို့ အောင်ကျော်ကျော်တို့ ပွဲတွေ ကြည့်ဖူး ဒေါသဖြစ်ဖူးးး၊ ယူကြုံးမရဖြစ်ဖူးပြီးကတည်းက အသည်းနုနု ဒဏ်ရာရတယ် ခေါ်မလားးးး စိတ်လှုပ်ရှားတဲ့ဒဏ်မခံနိုင်လို့ နောက် မြန်မာပွဲ မကြည့်တာပါ။
ဟိုးတလောတော့ ခရိုနီ တစ်ဦး တာဝန်ယူလိုက်တဲ့ မြန်မာ အသင်းအကြောင်း ကြားသိရတုန်းက ဪ ပိုက်ဆံရှိသူတာဝန်ယူတော့ လိုအပ်တာ မှန်သမျှ ဖြည့်ဖို့ ငွေရေးကြေးရေး မပူရဘူးပေါ့လို့ပဲ စိတ်ချမ်းသာလိုက်ရသေးးးးး
အရှုံး အနိုင်နဲ့ ပတ်သက်လို့ကလည်း ကစားသမားတွေမှာလည်း ပြောစရာ ကိုယ်စီရှိကြမှာပါ။ ကိုယ်ချင်းစာနိုင်ပါတယ်။
ကိုယ်တွေက ကျ တစ်သက်လုံး ပရိတ်သတ်နေရာက နေခဲ့ရတော့ ပရိတ်သတ် ခံစားချက်ကိုပဲ အပြည့်အဝ နားလည်ပါတယ်။
အွန်လိုင်းမျိုးချစ်တွေ မစခင်ကတည်းက ကျနော်တို့ မျိုးချစ်စိတ်က ဘောလုံးပွဲတွေမှာပဲ တွေ့နိုင်တာပါ။ အစွဲနဲ့ ကြည့်ကြသကိုးးးး
မြန်မာပြည် မနေရတဲ့ ကျနော်တို့ ဆို ပိုဆိုးပါတယ်။ မြန်မာဆို အထင်သေးတာက စတာ ကြုံရပါများတော့ မြန်မာနဲ့ ပတ်သက်ရင် ရတဲ့ နေရာက လက်မ ထောင်ချင်စိတ်က လူတိုင်း လိုလို ရှိပါတယ်။
တစ်ချို့ မျှော်လင့်သလောက် မဖြစ်လို့ ကရုဏာဒေါသနဲ့ ဘက်တိုက်ပြောတတ်တဲ့ လူတစ်ချို့ကလွဲရင်ပေါ့။ ကိုယ့် မြန်မာ အသင်းပဲ နိုင်စေချင်တာချည်းပါပဲ။
ဟုတ်ကဲ့။ ထင်သလောက် တက်မလာတာ၊ မဖြစ်လာတာလည်း မြင်တဲ့ အတိုင်းပါပဲ။
~~~
ပထမဆုံး ကြည့် ရအောင်။
စိတ်။
စိတ်လုံခြုံမှု အနေနဲ့ က မြန်မာအသင်းအနေနဲ့ သန်း ၆ဝ နောက်ကရှိပြီးသားပါ။
နိုင်သာနိုင်ခဲ့စမ်းပါ၊ လူချတာလည်းခွင့်လွှတ်တယ်၊ ညစ်တာလည်း ခွင့်ပြုတယ် ဆိုတဲ့သူက ခပ်များများပါပဲ။
ရှုံးတဲ့ ထိ ကို ကိုယ့် အသင်းကို အပြစ်မြင်တာ နောက်…..အတတ်နိုင်ဆုံး ဒိုင် ညစ်လို့ပါ၊ အဝေးကွင်းကိုး၊ ရာသီနဲ့ မကိုက်ဘူး စသည်ဖြင့် သူများ ကို ကြိုးစား လက်ညှိုးထိုးတဲ့ ပရိတ်သတ်ကလည်း အပုံအပင်။
ဟီးးးး
အဲဒီတော့ စိတ်ကိုပြင်ရမှာ ပရိတ်သတ်ကြီးကိုယ်တိုင်ရောပါ……………..
၁) အရှိအတိုင်း မြင်နိုင်ရမှာပေါ့၊ မြန်မာရှေ့က ရွှေတပ်ပြီး လက်သီးလက်မောင်းတန်းရုံနဲ့ မနိုင်ပါဘူးးးးး
၂) ပြိုင်ပွဲတိုင်း ပြိုင်ရုံနဲ့ မနိုင်ပါဘူးးး
၃) အိမ်ရှင်ဖြစ်တိုင်း အိမ်ကွင်းဖြစ်တိုင်း လည်း မနိုင်ပါဘူးးး
၄) ကိုယ် က ကိုယ့်ဒေါသနဲ့ကိုယ် လက်မှတ်တန်ဖိုး ၁ဝ စ ပေးကြည့်လည်း မနိုင်ပါဘူးးး
၅) ကိုယ်တွေ လောင်းကြေး အများကြီးလောင်းထားတိုင်းလည်း မနိုင်ပါဘူးးး
အဲ! မနိုင်လည်း မနိုင်ရော အထက်ကပြောခဲ့တာတွေ ရဲ့ စိတ်နာစရာတွေ ကပေါက်ထွက်တော့တာမှာ နိုင်ငံတကာ မျက်စိအောက် အရှက်ကွဲပါလေရောလားးးးး နားလည်ပေးလို့ရပေမဲ့ မဖြစ်သင့်တဲ့ အထဲ ရှေ့ဆုံးကပါပါတယ်။ ကိုယ်တွေ ပရိတ်သတ်ကြီး မပြင်နိုင်တဲ့ စိတ်ထားလေးတွေပေါ့။
ကဲ! မနိုင်တာတွေချည်းပြောသွားလိုက်တာ။ ဘယ်လိုဆို နိုင်မတုန်း??
ဟုတ်ကဲ့!!
တကယ်နိုင်ချင်တာ ရွှေရချင်တာ သန်း၆ဝ ပြည်သူတွေသာမက ကွင်းထဲက ၁၁ ယောက်ပါ နိုင်ချင်.. ရချင်မှ… နိုင် ဖို့ အလားအလာများပါတယ်။
မိဘနဲ့ ကလေးတွေလိုပေါ့။ အဆင့် ၁ ရချင်တာက မိဘတွေ၊ ကလေး စာမကျက်ရင် စာမေးပွဲ ထင်ရာလုပ်ခဲ့ရင် မိဘတွေရချင်တဲ့ အဆင့် မရပါဘူးးး ကလေး ကိုယ်တိုင် ရချင်စိတ်ရှိမှ ကြိုးစားဦးမှ ရတာမျိုးပေါ့။
အဲဒီတော့ ကန်တဲ့ သူတွေ ပါဝင် ကစားသမားတွေ ပြင်ရမှာက…….
၁) အားကစားသမားတိုင်း ခြင်္သေ့ သားကောင်ဖမ်းသလို နည်းစံနစ် သုံးရမှာပါ။ ခြင်္သေ့တွေ ဘယ်လို သားကောင်ဖမ်းလည်း ဆို သူ့ ရှိတဲ့ အား ကုန်သုံးဖမ်းပါတယ်။ ယုန်လေးမို့လို့ အားလျော့ဖမ်းမယ်၊ ဆင်ကြီးမို့လို့ အားတင် ဖမ်းမယ် မရှိပါဘူးးး
အဲတော့ ပွဲတိုင်း အစွမ်းကုန် ကစားရမှာက ကိုယ့်တာဝန်ပါ။ ထိုင်း မို့ ဟိုစိတ်နဲ့ ဟိုအားကုန်၊ အင်ဒိုမို့ ဒီလောက်နဲ့ ဒီအား လုပ်လို့ မရဘူးလို့ မြင်ပါတယ်။
၂) နောက်ပြီး ပရိတ်သတ် ဖိအားးးကို လည်း ခံနိုင်ရမယ်ထင်ပါရဲ့။ ဒီပရိတ်သတ် အကြောင်းသိထားရင်တော့ အကျင့်ရသင့်ပါပြီ။ ပရိတ်သတ် Emotion နောက် မလိုက်သင့်တော့ပါဘူးးး။
၃) ခေတ် အဆက်ဆက်ပြောလာတဲ့ အားကစားစိတ်ဓာတ်၊ ရှိလားမရှိလားတော့ မသိ။ နိုင်ချင်တာ တစ်ခုတည်းက အားကစားစိတ်ဓာတ်မဟုတ်တာမို့ နိုင်ရင်လည်း မကြွ၊ ရှုံးရင်လည်း စိတ်ထားတတ်ဖို့ များလေကျင့်သင့်သလားးး
၄) သိပ် Emotional ဖြစ်တဲ့သူတွေက ဘယ် နယ်ပယ်မှ ကြာရှည် မအောင်မြင်တာမို့၊ ဒေါသတို့ စိတ်လှုပ်ရှားမှုတို့ကို ထိမ်းနိုင်ဖို့ကလည်း လိုသေးးး
၅) နိုင်ငံ အတွက် လို့ စိတ်ထားတတ်ရင်း အခက်အခဲတော်တော်များများကို အောင်မြင်နိုင်ပါစေလို့သာ ဆုတောင်းပါတယ်။
နည်းစံနစ်
အဲလာက ပညာရှင်ပိုင်းဖြစ်လို့ မပြောတော့ဘူးးး (လူပြိန်းပြောနည်းပဲ ပြောမယ်လို့ ပြောထားတယ်နော်)
တစ်ခုရှိတာက ပိုက်ဆံ ကိစ္စနောက်ဆံတင်းစရာမလိုရင်၊ နိုင်ငံတော် ကိုယ်စားပြု အသင်းဟာ အရေးကြီးတယ်လို့ ယူဆရင်တော့ ကိုရီးယား နည်းပြထက် ကောင်းတဲ့ နိုင်ငံကောင်းက နည်းပြတွေ ငှါးလို့ရသလားးးး
ဘယ်နိုင်ငံတွေက ကောင်းတုန်းတော့ မသိ။
နောက် လိုအပ်တာတွေက (ဟိ၊ မနေနိုင်လို့ပြောဦးမှ)
၁) နီးစပ်ရာ ရွေးချယ်ထည့်တာမျိုးမဟုတ်ပဲ၊ ငယ်ကတည်းက ပါရမီရှိသော၊ ဖြစ်မြောက်ချင်စိတ်ရှိသော ကစားသမားကို စီမံကိန်းနဲ့ကို ရှာရမှာ။
၂) ကျောင်းတွေ ရပ်ကွက်တွေမှာ ဘောလုံးကွင်း စံနစ်တကျရှိလို့ရလားးး၊ တက္ကသိုလ်တွေမှာတောင် မရှိတတ်တော့ မမေးတော့ပါဘူးးး ။ လမ်းပေါ် ကန်နေရတာတော့ အလုပ်မဟုတ်။
၃) အချိန်မှန် ထရိန်းနင်း ဆင်းရလား၊ နီးမှ ကန့်(မ) သွင်းပြီး လေ့ကျင့်သလားမသိ၊ ကန့်(မ) သွင်းရင် မိသားစုမကလို့ ဘယ်သူနဲ့မှ မတွေ့ရဘူးဆိုလားလို့၊ ခေါက်ဆွဲစားမှာတို့ ဘာတို့ အဆက်အသွယ် ပေါက်ကြားမှာစိုးလို့ ဆိုတာမျိုး ကြားဖူးတယ်။
၄) နောက်ပြီး အရက်သေစာသောက်စားတာတွေ ဘာတွေ ဘယ်လို ထိမ်းချုပ်လဲ မသိ၊ အားကစားသမား သက်လုံအတွက် ရှောင်ရမှာတွေ ကိုယ့် အသိစိတ်နဲ့ ကိုယ်သိရင် ကောင်းမယ်နော်။
၅) နောက်ပြီး ကိုယ်ကာယ အနေအထားးး၊ မြင်လိုက်တာနဲ့ အားကိုးချင်စရာ အနေအထား ရှိမရှိ ကိုယ်တွေ အသိဆုံးပေါ့။ ဟိဟိ။
၆) အဲဒီတော့ ကျနော် နောက်တစ်မျိုးစဉ်းစားမိတာ အစားအသောက်……၊ အရင်ကတော့ ကြံ့ခိုင်ရေးအတွက် ကုလားပဲ ဝါးရတယ် ဆိုပဲ။ အဖိုးတို့ လက်ထက်က၊
ဒါတွေက ခေတ်မမှီဘူး လို့ ထားပါတော့။ ခေတ်မှီတဲ့ သင့်တော်တဲ့ အားကစားသမား ဒိုင်ယက် ပလန် ရှိသလားးးးး၊ အစာကောင်းကောင်း မဝင်ပဲ ဟို အရေတွေချည်း သောက်နေတာမျိုးတော့ နိုင်ငံ တော် အဆင့် အားကစားသမားတွေကို မဖြစ်စေချင်……..
၇) ဒါဆို အားကစား နဲ့ ပတ်သက်တဲ့ တက္ကသိုလ် ရှိသလားးး ရှိသင့်သလားးး၊ အနေအထိုင်၊ ခေတ်ပညာ၊ အသိ၊ စိတ်ထား၊ ဗဟုသုတ၊ အစားအသောက်၊ အသောက်အစား ဆင်ခြင်နိုင်မှု စတာတွေ အကုန်သင်ပေးနိုင်မဲ့ နေရာလေးမျိုးပေါ့။
ဟူးးးးးး ပွါးရတာ မောချက်ဗျာ။
ဒါတွေက ည ၃ နာရီလောက် က တရေးနိုးပြီး ဖဘမှာ မြန်မာအသင်း ရှုံးလို့ ခံစားနေရတဲ့ သူငယ်ချင်းတွေသနားရာက စစဉ်းစားမိတာတွေပါ။
ကိုယ်တိုင်တော့ အနေအထိုင် ဘာလိမ္မာသလဲ မမေးနဲ့။ အိပ်ဆေးသောက်ပြီး အစောကြီးအိပ်တာရယ်။
ပြောထားတယ်နော်။
ဒါလူပြိန်း အတွေးနဲ့ ရေးတာ။
ပညာရှင်တွေ စကားတော့ကြားချင်သားးးးးး
ဒါတွေက စာမဖတ်ရသေးဘူးးး
မနေနိုင်လို့ ရေးလိုက်တာ။
အားကစားသမားတွေ လိုအပ်တဲ့ ဓာတ်နဲ့ အစားအသောက်တွေ ရှာဖတ်လိုက်ဦးမယ်။ :mrgreenn:
37 comments
Nay Chi
December 17, 2013 at 1:37 pm
ပွဲမစခင်ကတည်းက နာပြောပါတယ်..။ rapper ပုံပေါက်နေတဲ့ ကစားသမားတွေကို ပဲများများကျွေးပါဆို..။ ခုတော့ ပဲမစားပဲ ခေါက်ဆွဲစားကန်တာကိုး..။ ဟိဟိ တူညားပြောတာ လိုက်ပြောတာ..။ အမှန်က ဘာစားကန်ကန် ခြေရော..စိတ်ရော တန်းဝင်ဖို့ အဆင်သင့်ဖြစ်သေးဘူး…။ ပရိသတ်ကလည်း အားကာညွှန်မှုးတောင် ကားမှန်ရိုက်ခွဲတယ်ဆိုပြီး အားတက်သွားပုံရတယ်..။ ဒီတော့ အဓိကပြင်သင့်တာ စိတ် စိတ်…။ ဟိုး အထက်ကနေ အောက်ခြေအထိ လူတန်းစားမျိုးစုံရဲ့စိတ်…။
အင်း…. သေချာပြန်တွေးလိုက်တော့ အရင်ဆုံးပြင်သင့်တာက စိတ်တွေပြင်သင့်တယ်လို့တွေးမိနေတဲ့ နာ့ရဲ့စိတ်ပဲ…။ ပြင်လို့မရမှာသိသားနဲ့ ဒါပဲတွေးမိနေတယ်..။ ခက်တယ်..။ 🙂
KZ
December 17, 2013 at 1:40 pm
ဟင်၊.
နိ ပြောခါမှ လူပြိန်းတွေးနဲ့ နိုင်ငံ့ အားကစားသမားတွေကို ဆရာလုပ်ချင်တဲ့ နာ့ စိတ်ကို ပြင်ဖို့ သတိရသွားပြီ။
😀
Mr. MarGa
December 17, 2013 at 2:27 pm
ဒါကြောင့်
တာဝတိံသာမှာ ဘောလုံးပွဲ ကျင်းပခွင့် မပေးတာ :kwi:
ခင် ခ
December 17, 2013 at 2:38 pm
ဒါဆို တာဝတိသာမှာ ဘောကွင်း မရှိဘူးပေါ့။
KZ
December 17, 2013 at 3:10 pm
တာဝလိန်တာ နတ်ရွာ လော
နတ်ရွာလော။
ရွာမှန်ရင် ကွင်းရှိရမှာပဲ။
နတ်သမီးတွေ ကန်ခိုင်းလိုက်..
:kwi:
Mr. MarGa
December 17, 2013 at 4:18 pm
နတ်သမီး နှစ်ဆယ့်နှစ်ပါးကို
မန်းမှာ ပို့ထားတယ် :mrgreenn:
မနက်ဖြန်နဲ့ သောကြာမှာ ကွင်းထဲမှာ တွေ့ပါလိမ့်မယ် :kwi:
kyeemite
December 17, 2013 at 2:55 pm
၁) အားကစားသမားတိုင်း ခြင်္သေ့ သားကောင်ဖမ်းသလို နည်းစံနစ် သုံးရမှာပါ။ ခြင်္သေ့တွေ ဘယ်လို သားကောင်ဖမ်းလည်း ဆို သူ့ ရှိတဲ့ အား ကုန်သုံးဖမ်းပါတယ်။ ယုန်လေးမို့လို့ အားလျော့ဖမ်းမယ်၊ ဆင်ကြီးမို့လို့ အားတင် ဖမ်းမယ် မရှိပါဘူးးး
အဲတော့ ပွဲတိုင်း အစွမ်းကုန် ကစားရမှာက ကိုယ့်တာဝန်ပါ။ ထိုင်း မို့ ဟိုစိတ်နဲ့ ဟိုအားကုန်၊ အင်ဒိုမို့ ဒီလောက်နဲ့ ဒီအား လုပ်လို့ မရဘူးလို့ မြင်ပါတယ်။
ကျုပ်လည်းအဲဒီအချက်ကြောင့်လို့ပဲမြင်တယ်..ကနားစီး ပို့စ်မှာတောင်မန့်ခဲ့သေး…
ထိုင်းပွဲနဲ့ အင်ဒိုနဲ့ပွဲယှဉ်ကြည့်တော့ အဲလိုပဲမြင်မိတယ်
ဘောလုံးတစ်ခါမှမကန်ဖူးတဲ့
ဘောကောက်
ကြီးမိုက်။ 😀
KZ
December 17, 2013 at 3:11 pm
ဟုတ်ပ။
တွေ့လိုက်တယ် မိုက်မိုက်။
ဟိ။
အမှန်ဆိုရင်တော့ ဘေးက လေကန်ရတာ လွယ်ပါတယ်ဗျာ။
ကစားသမား ဘဝတွေက ပြောသလောက် မလွယ်ပါဘူးးး
ပံ့ပိုးမှုတွေလည်း လိုအပ်နေသေးသလားလို့ တွေးမိလို့ပါ။
😀
TNA
December 17, 2013 at 3:30 pm
အင်းဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူး။ ခံရဖန်များတော့ သုမနကျောမှဒဏ်ရာ တွေနဲ့ဆိုတာ မျိုးပါပဲ
အသည်းလဲကွဲခဲ့ရပေါင်းများလို့ပြန်တောင် မဆက်နှိုင်တော့ပါဘူး။ ပွဲပြီးလို့သတင်း ရှင်းလင်းပွဲလုပ်ရင် အားလုံးသူတို့ အမှန်ချည်းပဲ။ ဘယ်သူအှမမှားဘူး။ ဟိုမင်းသမီးစကားငှားပြောရင်တော့ ကစားသမားကလဲ မမှားဘူး အုပ်ချုပ်သူအဖွဲ့ကလဲ မမှားဘူးဆိုရင်တော့ မှားနေတာက အားပေးတဲ့ ပရိတ်သတ်ပဲဖြစ်မယ်ထင်ပါရဲ့ 😥
KZ
December 17, 2013 at 3:33 pm
အားပေးတဲ့ ပိတ်သတ်မမှားပါဘူး မွသဲရယ်။
မြန်မာကန်တဲ့နိုင်ငံတကာပွဲလို့ ဆိုနိုင်လောက်တဲ့ ပွဲမှ အားမပေးရင် ဘယ်ပွဲ အားပေးရမလဲ။
အဘက်ဘက်က လိုအပ်မှုတွေပါ။
😥
TNA
December 20, 2013 at 11:20 pm
လိုတာကတော့ တော်တော့ကိုလိုပါတယ်။ စိတ်ဓါတ်ကအစလိုပါတယ်အေရယ်။ အမျိုးသားတွေ အမျိုးသမီးတွေလိုစိတ်ဓါတ်မျိုးရှိဖို့ နောင် ၁ဝ နှစ်တောင်ဖြစ်ပါ့မလားအေရယ်။
ကြောင်ဝတုတ်
December 17, 2013 at 3:59 pm
မှတ်မိကြဦးမယ်ထင့်…
မြန်မာ့ဂိုးသမားအောင်ကျော်ကျော်…
ထိုင်းရှေ့တန်းလူကို ထကန်လို့ အနီကဒ်နဲ့ အထုတ်ခံရတဲ့ မြန်မာ့သမိုင်းဝင်နေ့…
အဲဒီနေ့ပြီး နောက်ထပ် (၃)နှစ်လောက်ကြာတော့ ချင်းမိုင်က အဲဒီဘောလုံးကွင်းထဲကို ကျွန်တော်ရောက်ခဲ့တယ်…
အဲဒီ ဂိုးတိုင်ရှေ့မှာ (၁၀)မိနစ်လောက်ထိုင်ခဲ့တယ်…
ငါတို့ မြန်မာဟေ့လို့… နာမည်ပျက်ခဲ့တဲ့နေရာ…
အဲဒီတုန်းက… မြန်မာအသင်းကိုချစ်စိတ်နဲ့ စိတ်မကောင်းတကယ်ဖြစ်ခဲ့သေးတယ်…
ကြက်သီးထခဲ့သေးတယ်…
အခုတော့ အဲဒီလိုမျိုးမဟုတ်တော့ဘူး…
၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားမှာထင်ပါရဲ့…
ဂါနာနိုင်ငံဟာ အုပ်စုပွဲကိုကျော်ပြီး ကွာတားဖိုင်နယ်မှာ အီတလီနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး…
ရှုံးထွက်သွားခဲ့တယ်… အဲဒီအသင်းကို ကိုင်တွယ်တဲ့နည်းပြဟာ မြန်မာအသင်းကိုကိုင်တွယ်ခဲ့တဲ့နည်းပြပါတဲ့…
ဒါဆိုရင်တော့ဖြင့် နည်းပြကောင်း မြန်မာအသင်းရခဲ့ဖူးပါရဲ့…
အဓိကပြသနာက မြန်မာတို့တတွေ ဘယ်အရာမဆို ကွာလတီဦးစားမပေးဘဲ…
အရာရာကို အဖြစ်ပဲလုပ်ခဲ့ကြလို့ပါ…
အဲဒါက အဓိကတရားခံပါပဲ…
ဘယ်အရာမဆို အဖြစ်ပဲလုပ်ခဲ့ကြတာ…
ခင်မင်လျက်-
ဖက်ဖက်ကက်
KZ
December 17, 2013 at 4:03 pm
ကောက်ရိုးမီးတွေ ထထတောက်သရွေ့တော့
ကိုယ်တွေ အားမလိုအားမရ ခံစားချက်က ဖွဲမီးတွေတွေလို တငွေ့ငွေ့ဖြစ်နေဦးမှာပဲ..
:hint:
Zaw Thant
December 17, 2013 at 4:40 pm
.. ဒီတစ်ခါတော့ တော်တော်များများကို သဘောတူပါတယ်.. ဘောလုံးပဲ ဖြစ်ဖြစ် ဘယ်အားကစားပဲ ဖြစ်ဖြစ် အောင်နိုင်ဖို့ ပုံသေနည်းမရှိပါဘူး..
.. အားပေးသူတွေ ဘယ်လောက် နိုင်စေချင်ချင်၊ ဘယ်လောက် အနှစ်နာခံ အားပေး အားပေး နိုင်ချင်မှ နိုင်မှာပဲ.. ကိုယ်အားပေးမှု ကိုယ့်အသင်းအတွက် အထောက်အပံ တစ်ခုရစေတယ်လို့ ပဲ တွေးပြီးအားပေးရတာပဲ..
.. ကစားသမားတွေ များသောအားဖြင့် စိတ်ဓာတ်ပိုင်း အားနည်းတာက ရင့်ကျက်မှု (Maturity) ပဲ.. တချို့တွေ ပြောသလို မကြိုးစားလို့တို့၊ နိုင်ချင်စိတ်မရှိလို့ တို့ မပြောချင်ဘူး.. ကာယကံရှင်ကစားသမားတွေ ကိုယ့်ထက်ပိုနိုင်ချင်ပါတယ်.. နိုင်ရင်ရလာမယ့် မက်လုံးတွေက မနည်းသလို (သိန်းရာဂဏန်း ပြေးမလွတ်ပါဘူး) ရှုံးရင်ရလာမယ့် စိတ်ဓာတ်ပိုင်းထိခိုက်မှုက ကိုယ့်ထက်ပိုပါတယ်.. အဲ့လို နိုင်ချင်စိတ်နဲ့ ကစားရင်း ကွင်းထဲမှာ မနိုင်တဲ့ အခါ ကစားပုံ တည်ငြိမ်မှုနည်းလာတာ၊ စည်းကမ်းပိုင်း ဖောက်လာတွေ ကို တွေ့ရပါတယ်.. ဒါပေမယ့် ဒီလို တည်ငြိမ် ရင့်ကျက်မှု အားနည်းတာက ကစားသမားတွေတင် မကတော့လည်း ပြင်ဖို့ ခက်သားပဲ..
ဘောလုံးအောင်နိုင်ဖို့ နည်းစနစ်ပိုင်း ဆိုတာလည်း အတော်ခက်တယ်.. သူ့ထက်စာရင် ဖွဲ့စည်းပုံ ပြင်တာကမှ ပိုလွယ်အုံးမယ်.. ဥပမာပေးရရင် ဘောလုံးဘိုးအေ အင်္ဂလန်ဆို သူ့အပြင် ငှားလိုက်တဲ့ ပြည်တွင်းပြည်ပ နည်းပြတွေမနည်းဘူး၊ ပြည်တွင်း ဘောလုံးပွဲတွေ ဆိုတာလည်း အောင်မြင်သလားမမေးနဲ့၊ လူငယ်သင်တန်းကျောင်းတွေလည်း မှိုလိုပေါက်၊ ဘောလုံးသမားတွေ ကို ပံပိုးမှုအပိုင်းလည်း ပြောစရာမရှိ၊ ဒါတောင်မှ တကယ်ပွဲ တွေဖြစ်တဲ့ ဥရောပ၊ ကမ္ဘာ့ဖလား တို့ ဆို ကွာတားလောက်နဲ့ လှည့်လှည့်ပြန်နေရလို့ သူ့တို့ ဘောလုံးအဖွဲချုပ်လည်းစိတ်ညစ်နေရတယ်.. အဲ့လို မအောင်မြင်ပဲ ပြန်လာရတိုင်း နည်းပြထုပ်ရတာနဲ့၊ ကစားသမားတွေ အပြစ်ဖြစ်ရတာနဲ့၊ အင်္ဂလန် လူငယ်တွေနေရာမရဖြစ်နေ့တဲ့ ပြည်တွင်းပွဲတွေကို အပြစ်တင်ရတာနဲ့ သူတို့လည်း ကိုယ့်အဖြစ်နဲ့ မထူးဘူး..
၁) နီးစပ်ရာ ရွေးချယ်ထည့်တာမျိုးမဟုတ်ပဲ၊ ငယ်ကတည်းက ပါရမီရှိသော၊ ဖြစ်မြောက်ချင်စိတ်ရှိသော ကစားသမားကို စီမံကိန်းနဲ့ကို ရှာရမှာ။
– မလွယ်ဘူး၊ အခြေခံပညာရေးတောင် လျာထွက်အောင်လုပ်နေရတာ အားကစားအတွက်ဆိုပိုဆိုးမယ်.. အောက်ခြေအထိလိုက်ရတာ ခက်တာကို ပြောပါတယ်..
၂) ကျောင်းတွေ ရပ်ကွက်တွေမှာ ဘောလုံးကွင်း စံနစ်တကျရှိလို့ရလားးး၊ တက္ကသိုလ်တွေမှာတောင် မရှိတတ်တော့ မမေးတော့ပါဘူးးး ။ လမ်းပေါ် ကန်နေရတာတော့ အလုပ်မဟုတ်။
– မြေနေရာရှားပါးတဲ့ အတွက် ဘောကွင်းရှားပါးမှု
၃) အချိန်မှန် ထရိန်းနင်း ဆင်းရလား၊ နီးမှ ကန့်(မ) သွင်းပြီး လေ့ကျင့်သလားမသိ၊ ကန့်(မ) သွင်းရင် မိသားစုမကလို့ ဘယ်သူနဲ့မှ မတွေ့ရဘူးဆိုလားလို့၊ ခေါက်ဆွဲစားမှာတို့ ဘာတို့ အဆက်အသွယ် ပေါက်ကြားမှာစိုးလို့ ဆိုတာမျိုး ကြားဖူးတယ်။
– ထရိန်နင်ကတော့ ဆင်းရပါတယ်..ကန့်(မ) ကတော့ နည်းပြ အကြိုက်ပေါ်မူတည်တယ်
၄) နောက်ပြီး အရက်သေစာသောက်စားတာတွေ ဘာတွေ ဘယ်လို ထိမ်းချုပ်လဲ မသိ၊ အားကစားသမား သက်လုံအတွက် ရှောင်ရမှာတွေ ကိုယ့် အသိစိတ်နဲ့ ကိုယ်သိရင် ကောင်းမယ်နော်။
– ကြီးကောင်ကြီးမား ယောင်္ကျားသားကြီးတွေကို ထိမ်းရတာဆိုတော့ ထင်သလောက်မလွယ်၊ ကစားသမားကောင်းရှားတဲ့ အတွက် ရှိတဲ့လူတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ခက်
၅) နောက်ပြီး ကိုယ်ကာယ အနေအထားးး၊ မြင်လိုက်တာနဲ့ အားကိုးချင်စရာ အနေအထား ရှိမရှိ ကိုယ်တွေ အသိဆုံးပေါ့။ ဟိဟိ။
– ဒီအပိုင်းက sports medicine ပေါ့.. နိုင်ငံခြားမှာဆို ကစားသမားရဲ့ ခန္ဒာကိုယ်တည်ဆောက်ပုံကို ကြည့်ပြီး အပေါ်ပိုင်း၊ အောက်ပိုင်း အချိုးညီဖို့တို့၊ လိုအပ်တဲ့ muscle တွေပိုတက်လာဖို့တို့ ကျင့်ပေးတာမျိုးရှိတယ်.. ကိုယ့်ဆီမှာတော့ ဒီလောက် advance မဖြစ်ရင်တောင် လူရိုသေ ရှင်ရိုသေ အလုံးအထည်ရှိဖို့တော့ ကောင်းတာပေါ့.. ဒါပေမယ့် တသက်လုံး စားချင်သလိုစား နေချင်သလိုနေလာတဲ့ လူတွေကို အချိန်နည်းနည်းနဲ့ တက်လာအောင်လုပ်ပေးဖို့တော့ မလွယ်.. Gene ကလည်းရှိသေးတယ်..
၆) အဲဒီတော့ ကျနော် နောက်တစ်မျိုးစဉ်းစားမိတာ အစားအသောက်……၊ အရင်ကတော့ ကြံ့ခိုင်ရေးအတွက် ကုလားပဲ ဝါးရတယ် ဆိုပဲ။ အဖိုးတို့ လက်ထက်က၊
ဒါတွေက ခေတ်မမှီဘူး လို့ ထားပါတော့။ ခေတ်မှီတဲ့ သင့်တော်တဲ့ အားကစားသမား ဒိုင်ယက် ပလန် ရှိသလားးးးး၊ အစာကောင်းကောင်း မဝင်ပဲ ဟို အရေတွေချည်း သောက်နေတာမျိုးတော့ နိုင်ငံ တော် အဆင့် အားကစားသမားတွေကို မဖြစ်စေချင်……..
– အပေါ်မှာ ရေးထားတဲ့ အတိုင်း
၇) ဒါဆို အားကစား နဲ့ ပတ်သက်တဲ့ တက္ကသိုလ် ရှိသလားးး ရှိသင့်သလားးး၊ အနေအထိုင်၊ ခေတ်ပညာ၊ အသိ၊ စိတ်ထား၊ ဗဟုသုတ၊ အစားအသောက်၊ အသောက်အစား ဆင်ခြင်နိုင်မှု စတာတွေ အကုန်သင်ပေးနိုင်မဲ့ နေရာလေးမျိုးပေါ့။
– အားကာ သိပ္ပံ တော့ရှိတယ်.. အားကစား နဲ့ ပတ်သတ်တဲ့ တက္ကသိုလ်တော့ မပြောတတ်ဘူး.. ရှိရင်ကော ဘယ်လိုမိဘများလာထားချင်မလဲ၊ အားကစား ပါရမီကို တက္ကသိုလ်က သင်လို့ရပါ့မလား စဉ်းစားမိတယ်.. နောက်ဆုံးစဉ်းစားမိတာက တစ်တိုင်းပြည်လုံး အဖက်ဖက် ကအားနည်းနေတုန်းမှာ ဘောလုံးအားကစားနည်းတစ်ခု ကိုပဲ အမြန်အောင်မြင်အောင် မန်းမှုတ်ယူဖို့ လွယ်ပါ့မလားဆိုတာပဲ (ဘရာဇီးကလေးတွေလို အားအားရှိလမ်းပေါ်မှာ ဘောလုံးကန်နေတယ့် ပါရမီရှင် ငတိလေးတွေဆိုလည်းတမျိုးပေါ့)
KZ
December 17, 2013 at 4:48 pm
အောင်မြတ်လေးးးး
နိ က အတော်များများ သဘူတောတယ်ဆိုပြီး ဝမ်းသာလို့ မဆုံးခင်
အဖြေတွေ ကြည့်ပြီး အားချိစရာဖြစ်သွားတယ်။
😀
အာ့ကြောင့် ဦးသေးစိမ်တို့ အဟွာမနိုင်ပဲ ပဲကြီးဟင်းစားးးး
ပေါင်သေးစီးကြောင်း မဆေးပဲ သနပ်ခါးလိမ်းကြတာဆိုတော့လည်းးးးး
:mrgreenn:
ဒီကာလက ဒါမို့ ဒါကိုစဉ်းစားပြီးပြောကြည့်တာပါ။
အစိုးရချမ်းသာပြီး နိုင်ငံ မချမ်းသာပဲ တော့ ဘာမှ မလုပ်တာသာ အကောင်းဆုံးးးးးး
:hint:
KZ
December 17, 2013 at 4:52 pm
ပါရမီ ရှင် ဖြစ်ဖို့ သင်လို့မရပေမဲ့
သီဝရီ ကို သင်လို့ရတယ်။
စံနစ်တကျ တတ်တဲ့ သူထဲက ပါရမီရှင်ရှာတာပိုမကောင်းဘူးလားးးး 🙄
ဘာလို့ဆို ဗျောက်သောက်ထဲက ပါရမီရှင်ရှာပြီး သီဝရီသင်ရတာ ပိုခက်မလားးး 🙄
😀
လုံမလေးမွန်မွန်
December 18, 2013 at 3:31 pm
ပြောရရင် ပညာရေးကိုပဲ လှည့်ရဦးမယ်… ဆရာဝန် နဲ့ အင်ဂျင်နီယာကိုပဲ လူထင်တဲ့ခေတ်လေ…
သားဘောလုံးသမားဖြစ်ချင်တယ်လို့ ပြောကြည့်…
ဘောလုံးကျောင်းပို့ဖို့နေနေသာသာ… အိမ်က ဘောလုံးတွေကိုတောင် ပေးမကစားတော့ပဲ လွှင့်ပစ်မယ့် မိဘတွေ အပုံကြီး….
ချောက်တိချောက်ချက်.. လမ်းထဲမှာဘောကန်…မြို့နယ်အဆင့်..တိုင်းအဆင့်ကနေမှ.. လက်ရွေးစင်ထဲရောက်ပြီး ခဏတာ ကမ့်ပေးခံရတာ…
ရှုံးတာ သိပ်တော့မထူးဆန်း.. 🙂
•*¨နန်းတော်ရာသူ •*¨
December 17, 2013 at 7:04 pm
၁) နီးစပ်ရာ ရွေးချယ်ထည့်တာမျိုးမဟုတ်ပဲ၊ ငယ်ကတည်းက ပါရမီရှိသော၊ ဖြစ်မြောက်ချင်စိတ်ရှိသော ကစားသမားကို စီမံကိန်းနဲ့ကို ရှာရမှာ။
မနက်ကလေးတင် အိုပါးကလည်းအာ့လိုပြောတယ်
😀
ပြည်နယ်နဲ့တိုင်းအသင်းတွေမှာ တကယ်ကောင်းတဲ့ကစားသမားတွေရှိတယ်။
အိမ်မှာတောင်တစ်ယောက်ရှိတေးတယ်၊ဗလကလည်းမိန်းကလေးပရိတ်သတ်အကြိုက်နော်
😀
အလကားနောက်တာပါ။အတည်မန့်တော့မယ်။
ဘာပဲဖြစ်ဖြစ်မနက်ကဖွဘုတ်မှာပြောခဲ့သလိုပဲ
သူတို့ခံစားရတာနဲ့တန်အောင် သူတို့အများကြီးကြိုးစားသင့်ပါတယ်။
တစ်ကိုယ်တော်နာမည်ရဖို့လောက်မတွေးပဲ စုပေါင်းဆောင်ရွက်ခြင်း၊မခံချင်စိတ်ရှိလိုခြင်းနဲ့သူများတိုင်းပြည်တွေလောက်အခြေခံမကောင်းတဲ့အပေါ်ဆတိုးကြိုးစားခြင်းများကို မာန်တက်စိတ်ဘေးချ၊နှိမ့်ချစိတ်မွေးလို့ တိုင်းပြည်ကဖူးဖူးမှုတ်တာနဲ့တန်အောင်
နေထိုင်ကြစေလိုပါတယ်။
🙁
KZ
December 18, 2013 at 11:00 am
တလွဲ ဆံပင်ကောင်းနေကြတာခက်တယ်..
🙁
alinsett
December 17, 2013 at 9:27 pm
ပြောတတ်ဘူးရယ်.. ။
တညားပြောတာတွေပဲ..နားထောင်တော့မယ်. .။
ဘောလုံးအကြောင်း… သိပ်မသိလို ့…
ဘောလုံးပွဲကို..ကြည့်ရင်..ဘောလုံးလေးတစ်လုံးကို..လူတွေအများကြီး..လိုက်လုနေတာ…စိတ်ရှုပ်စရာ..
ဆိုတဲ့အတွေး…မတွေးမိ ရုံလေးပဲ..ရှိသေးတယ် ။
:kwi:
KZ
December 18, 2013 at 11:00 am
နာ လည်း အရင်က ဒီလိုပဲ။
ဘယ်လိုမှ ခံစားလို့မရသော ကစားနည်းးးးး
:kwi:
Swal Taw Ywet
December 17, 2013 at 9:37 pm
ဟဲ ဟဲ ဟိုဘက် ပို့စ်တွေမှာ ကေဇိ အမြဲသုံးတဲ့စကားလေးလေ။
လူမှန်နေရာမှန်မဟုတ်၊မိုးကျရွှေကိုယ်တို့ကြောင့်ပါဗျားးးးးးးး
With respect,
Swal Taw Ywet.
KZ
December 18, 2013 at 11:01 am
ဘယ်ကတည်းက မမှန်ခဲ့ပြီးဆိုတာတော့ အသိ
ဘယ်အထိ မမှန်မကန် ဖြစ်ဦးမတုန်း မသိ။
:hint:
မဟာရာဇာ အံစာတုံး
December 18, 2013 at 12:05 am
ကျော် …
ဒီဂနေ့ကစလို့ ဘောနည်းပြလုပ်ဖို့ ဆုံးဖျတ်လိုက်ဘီ
ကျော် မျန်မာ့နည်းပြဂျီး ဖစ်ဒဲ့အခါ
ရွှေတစ်ခတ်ကို ပြန်ရောက်အောင် ကျိုးစားတွားမှာဘာ
ဂယ်ဘာ …
အဲ့ဒီအခါ ခညားဒို့လည်း မတေဒေးဘဲနဲ့ ကျိတွားဒါဂို မျင်ဂျင်ဘာဒယ် …
လက်မှတ် တန်းစီစရာ လိုဘာဝူးးး
ကျော်ဆီ လာယင် ဖဒီး ပေးပီး ကျိခိုင်းဘာ့မယ် …
အဏာဂတ် မျန်မာ့ဘောနည်းပြ ဆြာဂျီး
အံချာဒုံး
KZ
December 18, 2013 at 11:02 am
ကျော် နည်းပြလုပ်ရင် အသင်းထဲ က အချောဆုံးလေးတွေ ရွေးပြီး ထမင်းစားဖိတ်ချင်ပါတယ်။
😀
မိုက်ကယ်ဂျော်နီအောင်ပု
December 18, 2013 at 9:05 am
ပြောရရင်တော့
မြန်မာအသင်းဟာ
ဘာ့ကြောင့် အင်ဒိုနီးရှားအသင်းကိုရှုံးရသလဲဆိုတော့
အင်ဒိုအသင်းက မြန်မာကို
တစ်ဂိုးသွင်းလိုက်လို့ဖြစ်တယ်
ဒင်းတို့သာ တစ်ဂိုးမှ မသွင်းနိုင်ရင် ခုလိုရှုံးမှာမဟုတ်ဘူး
surmi
December 18, 2013 at 9:21 am
မိုက်ကယ်ဘပု အမှန်တွေပြောနေပါလား
သူများတွေပြောပြီးပြီဆိုတော့…
ဘာဘာ ဘာမှမသိတော့ပါဗျာ 🙂
ဦးကြောင်ကြီး
December 18, 2013 at 10:17 am
ချေပဂိုး မသွင်းနိုင်လို့ ရှုံးဒါဗာဗျာ။
KZ
December 18, 2013 at 11:03 am
ဆြာပု နဲ့ ဆြာ ကြောင် ပြောတာ အရှင်းဆုံးပဲ။
အဲတော့ ဂိုးများများသွင်းနိုင်ဖို့ သား များများ မွေးကြပါ…
:kwi:
Wow
December 18, 2013 at 2:22 pm
ဒါနဲ့ ဘောသမားတွေကို တစ်ယောက်ဘောတစ်လုံးပေးပြီး ဆော့ခိုင်းလို့ရဝူးလား.. တစ်လုံးထဲလုနေရတာ ပင်ပန်းပါတယ်…
KZ
December 18, 2013 at 2:29 pm
နာ တို့ ဝံဂျီး ဖစ်မှ အဲလို အသစ်ထွင်ပြီး ရွှေတံဆိပ် ဆုတွေ နိုင်ဂံ အတွက် အများကြီးယူလိုက်မယ်လေ။
Paing Lay
December 18, 2013 at 3:51 pm
ဒါကတော့ ဘိုးဘိုးအောင်ဆန်းရဲ့ မိန့်ခွန်းပါဂျာ
၁၉၄ရ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းမှ (ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကား တော်တော် မှန်တယ်)
၁၉၄ရ ကနေ ၂၀၁၃ ထိ ၆၆ နှစ်ကျော် ခြားသွားတာတောင် မပြောင်းလဲနိုင်သော အကျင့်စိတ်ဓာတ်များ
ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့စကား တော်တော် မှန်တယ်
===============================
““ကျွန်တော်တို့ ဗမာတွေမယ် စောက်ကျင့်တစ်ခုရှိတယ်…။ ဘာစောက်ကျင့် တစ်ခုရှိလည်းဆိုရင် ဒါက လည်းဘဲ ကျွန်တော်တို့ ကျွန် ဖြစ်ခဲ့ရတာကြောင့် ဖြစ်ချင်ဖြစ်မယ်…။ ဂျပန်ခေတ်တုန်းက ပုသိမ် ဘက်ကို သွားတဲ့အခါ လှေ ပြိုင်ပွဲ ကြည့်ခဲ့တယ်…။ လှေတွေ ပြိုင်လိုက်တာ… နိုင်တဲ့အသင်းက ပန်းတိုင် မရောက်သေးဘူး…၊ ရှေ့ကိုနည်းနည်းရောက်တယ်ဆိုရင်ပဲ… တက် ထောင်တယ်…။ ကြွားတာ… ကြွား တာ…၊ တက်ထောင်တာ….။ တခါ ရှုံးတဲ့ နောက်ကျနေတဲ့ လှေ ကလည်းဘဲ… ပန်းတိုင်မရောက် သေး ဘူး… ကြိုးစားမယ်ဆိုရင် ကြိုးစားနိုင်သေးတယ်…။ မကြိုးစားချင်တော့ဘူး…။ ရှုံးမှာပါပဲကွာ…ဆိုပြီး ခြေပစ် လက်ပစ်ကို တယ် မခတ်ချင်တော့ဘူး…။ ဒါဟာ ဘာလဲဆိုရင်.. တကယ့် တိုင်းပြည်ထူထောင်တဲ့ နေရာမယ်… လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုးမဟုတ်ဘူး…။ အဲ့ဒီစိတ်ဓါတ်မျိုးက ကျွန်ဖြစ် တဲ့စိတ်ဓါတ်မျိုး…၊ ကျွန်ဖြစ်မယ့်စိတ်ဓါတ်မျိုး…””
““ဒီတော့ ဘောလုံးပွဲကြည့်…၊ ကျွန်တော်တို့ ဗမာတွေ..ဟုတ်လား…၊ ဘောလုံးပွဲမယ်… ကန်ကြတဲ့ အခါ မယ် ဆိုရင်…၊ ကိုယ်ကပထမ စ ဂိုးသွင်းရရင်.. အတော်လေး တခါထဲအားတက်လာတယ်…။ နောက် တစ်ခါ တော်တော်လေး ဂိုးလေးများလာပြီဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာပြီ…။
သတင်းအပြည့်အစုံနှင့် Video > http://www.todaymyanmar.org/2013/12/blog-post_5079.html
KZ
December 18, 2013 at 3:53 pm
အေးလေ။
ဗိုလ်ချုပ်ပြောခဲ့တာဖြင့် ကြာကြာလှပေါ့။
ပြင်မယ်ဆိုရင် ဒီကြားထဲ တိုးတက်မှု မြင်ရမှာပေါ့။
TNA
December 20, 2013 at 11:23 pm
ဖွဘွတ်က အသိတယောက်ကပြောဒယ် သူသာနည်းပြဖြစ်ရင် မြန်မာအသင်းတပွဲမှမရှုုံးစေရဘူးဒဲ့။
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
အဲဒါဘာလုပ်မလဲဆိုတော့ သွားမပြိုင်ခိုင်းတော့ဘူးဒဲ့
KZ
December 22, 2013 at 9:24 am
ဟုတ်တယ်။
ဒါမှ မှုတ် အသင်းကို ပံ့ပိုးနေတဲ့ ပိုက်ပိုက်ကို ခေါက်ဆွဲစားဖို့ သုံးရင်မြန်း ကောင်းမားးးးး 🙄
😀
Ma Ma
December 21, 2013 at 4:48 pm
ဒီစာက ဘောလုံးပွဲကို ပြောပေမယ့် နေရာတိုင်းမှာ သုံးလို့ရတဲ့သီဝရီတွေပဲ။ 🙂
အကောင်းဆုံးကတော့ ရှုံးပွဲမရှိစေချင်ရင် မသဲပြောသလို လုပ်မှပဲ။
KZ
December 22, 2013 at 9:26 am
ချစ်မ။
အနော်က အားကစားရော အနုပညာရော တက္ကသိုလ် သီးသန့်ရှိစေချင်တာ။
🙂