Gardens By the Bay – အပိုင်း (၂)

ဇီဇီFebruary 5, 20147min45519

ဘယ်က စပြောရမတုန်းဆိုတော့ ဟိုဘက် ပို့(စ)မှာပြောခဲ့သလိုပေါ့။
ဆုတွေ များကြီးရထားတယ်။
ရည်ရွယ်ချက်ကောင်းတယ် ဘာညာသာရကာနဲ့ အတော်ကို ထင်ထားတာပေါ့။
ထင်တာလည်း ကိုယ့်အမှားမုတ်ပေါင်။

ခါတိုင်းဆို ဥယျာဉ်မြို့တော်ဖြစ်ရမယ်ဘာညာ ဆိုပြီး အလှဆင် စိုက်သမျှ ဘာတွေတုန်းဆိုတော့ ………. စက္ကူပင်တွေ။

စက္ကူပန်းပင်လောက် ဖြစ်တဲ့ မြေကိုးးး
ပန်းတွေ မမွှေး အသီးတွေ မချိုသောမြေ…..

စက္ကူပန်းကတော့ ရောင်စုံရှိတယ်။ သူတို့လေးတွေ ရေလောင်းဖို့က အလုပ်တစ်လုပ်အနေနဲ့ လုပ်ကြတာ ဆိုတော့။  :mrgreenn:

သူတို့ကလည်းပြောတယ်လေ။  Gardens By the Bay – အပင်မျိုးပေါင်း ဘယ်လောက်၊ ကမ႓ာ ရှားပါး အပင်မျိုးစိတ် ဘာညာရှိတယ်ပေါ့။
ကိုယ်ကလည်း အပင်နဲ့ ပတ်သက်ရင် အမြစ်နဲ့ အကိုင်းတောင် ကွဲတာမဟုတ်တဲ့ လူပြိန်းဆိုတော့ အတော်ထင်ထားတာပါ။
ဘယ်လိုထင်တုန်းဆိုတော့……… မေမြို့ ကန်တော်ကြီးထဲရောက်ဖူးတယ်ဟုတ်?
ဝင်ဝ ကနေ သစ်ပင်ကြီးအောက်တွေကဖြတ် ပြီး ပန်းပွင့်ရောင်စုံနဲ့ မျက်ခင်းစိမ်းကြီးမြင်လိုက်တဲ့ချိန် “ဟာ” “ဟယ်” “လှလိုက်တာ” စသည်ဖြင့် ရင်သတ်ရှုမော ဖြစ်မလားပေါ့။
အဲဂလို ထင်တစ်လုံးနဲ့ သွားတာပါ။
ဟိုရောက်တော့ ဖြစ်ပါတယ်။ အပင်တွေကိုတော့ မဟုတ်ဘူးးး အဆောက်အဦးနဲ့ အာတီဖစ်ရှယ် ဖီချာတွေကို။
အေးလေ။ ကိုယ့်ဘက်ဂရောင်းက အပင်နားလည်တဲ့ ဘက်ဂရောင်းမှ မဟုတ်ပဲ။။ အဆောက်အဦးလည်း သေချာမသိပါဘူးးး၊

:mrgreenn:

အပင်ထက်နီးစပ်လို့သာပြောနေရတာ။
ကိုယ့်စိတ်ကိုဖြေသိမ့်ပြီး အပင်တွေ ပန်းတွေပဲလိုက်ရိုက်မပေါ့။
ပန်းပွင့်တွေက အတော်ရှာရတယ်။
ရှာရမှာပေါ့။ ကိုယ်က ပန်းဆို နှင်းဆီ၊ စံပယ် သစ်ခွလောက်သာသိတာကိုးးးး  :mrgreenn:
တွေ့ပါတယ် ပေါပေါများများးးးးးးး ကိုယ်တွေဆီမှာ လမ်းဘေး အလေ့ကျပေါက်ပင်တွေ……ဒီမှာ အဲကွန်း အဆောက်အဦးထဲ မျှတအောင်လုပ်ပေးထားတာ ငြိမ့်လို့။  :mrgreenn:
ပြည်သူတွေ ရဲ့ အခြေခံလိုအပ်ချက်ပြည့်အောင်လုပ်နိုင်ပြီးတဲ့ အစိုးရဆိုတော့လည်း ဂလို အပိုတွေလုပ်တာ အပြစ်မမြင်တဲ့ပြင် ပိုက်ဆံတောင်ပေးပြီး လာကြည့်ကြတယ်ဆိုတော့ ……………….
အင်းးးးးးးးးး ………. သူ့အရပ် သူ့ဇာတ်ကတော့ကိုက်လို့ နေမှာပဲလို့။
ကိုယ်က ကြားထဲက နှမြောနေတာ။ နောက် နှစ်တရာ အတွက်စိုးရိမ်ပြီးမြန်း ပိုက်ဆံတွေ ဂလောက် သုံးရသလားပေါ့။
သူတို့ အနေနဲ့ကျ ဒီလိုနိုင်ငံ သေးသေးလေး၊ သဘာဝ အလှ ဘာမှ မရှိတဲ့ နိုင်ငံလေးက ဒါကိုလုပ်နိုင်တာကျ လက်မထောင်စရာပေါ့လေ။
ဟူးးးးးးးးးးးးးးးးး
အာ့နဲ့ပဲ စိတ်လျှော့ပြီး ရှိတဲ့ ပန်းလေးတွေ ဟိုရိုက် ဒီရိုက်။ ဟိုရှာဒီရှာ။
ကိုယ့်ကိုယ်ကိုကလဲ ပန်းခင်းကြီးထဲ ရိုက်ချင်တယ်လို့ တွေးထားတာ။ ပန်းခင်းကြီးမရှိဘူးလားပေါ့။
ရှာတာ။ ။
ရှိပါ့။ ဂန္ဓမာ ပန်းအိုးတွေနဲ့ ပြင်ထားတာ။ ပန်းခင်းမှ မဟုတ်ပဲ။ ပန်းအိုးခင်းပဲဟာ။
တရုတ်နှစ်ကူးဆိုတော့ ဗုံ အနီတို့ မီးပုံအနီတို့ မြင်းရုပ်(မြင်းနှစ်) တို့ နဲ့ အလှဆင်ထားတာနဲ့ မရိုက်ခဲ့တော့ဘူးးး (ပိတ်သတ်ကြီး မျက်စိနောက် သက်သာတယ်အောက်မေ့ပါ)  :mrgreen:

 

နောက် သွားတဲ့ အချိန်မှားလာတာ။
သူ့မှာ ကျူးလစ်ပန်းပွဲတော်တို့ ဘာတို့ရှိတယ်ဗျ။ အဲတုန်းကမရောက်လိုက်တော့ ဒီ အချိန်က ပန်းပွင့်ရှားသကိုးးးး

အဲတော့ ရိုက်လာတဲ့ ဘာပန်းမှန်း မသိတဲ့ ပန်းတွေကိုပဲ သည်းခံ အားပေးကြပါဦးး လို့။

ဘာမှ ပြင်မထားပါဘူးးး
ရိုက်လာတဲ့အတိုင်းပဲ တင်ပါမယ်။

1
1

 

IMG_6361
2
IMG_6363
3
IMG_6366
4
IMG_6369
5
IMG_6373
6
IMG_6375
7
IMG_6376
8
IMG_6377
9
IMG_6378
10
IMG_6381
11 – ဒီ အပွင့်တွေကြိတ်ပြီး ထွက်လာတဲ့ အဆီတွေကို ငယ်တုန်းက အိုးပုတ်တမ်းကစားရာမှာ ဆီ အဖြစ်သုံးပြီး ဆော့ဖူးတာပဲ။ ဟေးဟေးးး
IMG_6382
12
IMG_6383
12
IMG_6384
14
IMG_6385
15
IMG_6388
16 – အနော်တို့ဆီတော့ ကြက်မောက်ပန်းခေါ်သလားမသိ
IMG_6389
17
IMG_6390
18
IMG_6392
19
IMG_6394
20
IMG_6395
21
IMG_6398
22
IMG_6400
23
IMG_6401
24 – Pink Lily
IMG_6402
25 – White Rose
IMG_6403
26
IMG_6490
27
IMG_6581
28
IMG_6590
29 – ဒါမျိုးနဲ့ ဆင်တဲ့ အင်းဆက်ဖမ်းစားတဲ့ အပင်ရိုက်လာသေးတယ်။ ပြန်ရှာတာ မတွေ့တော့လို့
IMG_6629
30
IMG_6632
31
IMG_8002
32
IMG_8003
33
IMG_8004
34
IMG_8005
35
IMG_8006
36
IMG_8007
37
IMG_8010
38

 

IMG_7986
39
IMG_7987
40

 

ကျနော် သဘောကျခဲ့တဲ့ အပိုင်းတွေက
၁) ဒီလို ပုံဆန်းဆန်း အဆောက်အဦးကြီးကို သဘာဝအလင်းရောင်ရအောင်ရယ်၊ အတွင်းထဲဝင်လိုက်တာနဲ့ အေးစိမ့်စိမ့်ဖြစ်အောင်ရယ် ပေါင်းလုပ်ပေးထားတော့ နေရတာ အတော်သက်တောင့်သက်သာဖြစ်တယ်။
၂) သူတို့ ပြတဲ့ ရှိုးတို့ ဒေတာတို့က ကြည့်အပြီးမှာ အပင်လေးတွေ တနိုင်စိုက်ချင်စိတ်ပေါက်လာတယ်။ ကဘာ မြေကြီး အတွက် နိုင်သလောက် ပြန်ပေးချင်တာမျိုးပေါ့။ (ခု စ စိုက်နေပြီ။ ကြက်သွန်ပင်။ ဟီးဟီးးး)   :mrgreenn:

 

19 comments

  • Myo Thant

    February 5, 2014 at 10:50 am

    ပို့စ် ၂ ခုလုံး ကြည့်အပြီး

    အမြည်းမပါပဲ တစ်လုံးလုံး မော့လိုက်မိသလို

    ချာချာလည် မူးရပါတယ် ကေဇီရယ် ၊ 🙂

    ပန်းခရမ်းရောင်လေး လှ၏ ၊

    • KZ

      February 5, 2014 at 12:47 pm

      ၂ ပို့(စ) နဲ့လောက်အောင်တင်ရတာ ဂလောက်တော့ရှိပေမပေါ့။
      ဂနေ့ အမူးဖိုးသက်သာပြီလို့ သဘောထားလိုက်ပါ..
      😀

  • Mr. MarGa

    February 5, 2014 at 11:07 am

    ဟို အင်းဆက်စားတဲ့အပင်နာမည်က pitcher plant ဖြစ်မယ်
    အပေါ်က အဖုံးပါမယ်ထင်တယ် :mrgreenn:

    • KZ

      February 5, 2014 at 12:48 pm

      ဟုတ်တယ်။
      အဖုံးလေးနဲ့။
      ၁ဝ တန်း ဘိုင်အိုမှာလားမသိဘူး ပါတယ်လေ။ :mrgreenn:

      • Mr. MarGa

        February 5, 2014 at 12:57 pm

        မှာလား မသိဘူး လုပ်ပါနဲ့
        ၁ဝ တန်း ဘိုင်အို chapter one မှာပါ။
        :mrgreen:

      • Wow

        February 6, 2014 at 11:34 am

        Venus Fly Trap အပင်ဟုတ်ဝူးလား… :boss:

        • KZ

          February 6, 2014 at 3:10 pm

          ဝါး ပြောတာလည်း ဟုတ်တယ်။
          :boss:

  • Ma Ei

    February 5, 2014 at 12:47 pm

    32-38 ဘာပန်းလေးတွေမှန်းမသိ..
    ချစ်ဖို့ကောင်းတယ်..
    အရောင်လေးတွေလှတယ်…
    အခင်းလိုက် စိုက်ထားချင်လိုက်တာ…

    • KZ

      February 5, 2014 at 12:59 pm

      အကြိုက်တူတယ် မွအိ။
      အဲဒါမိုး ရောင်စုံလိုချင်တာ။
      အခင်းလိုက်တော့ဟုတ်ဘူးးး
      တစ်ပင်ချင်းလေးတွေ။
      အပွင့်လေးတွေက သေးသေးလေးး
      ဒါ အနီးကပ်ရိုက်လာလို့..
      🙂

  • ဟဲ.. အဲ့ပန်းတွေကြည့်ပြီး အန်တီအိတို့ အန်တီဝေတို့ ပန်းအိုးထဲက ပန်းတွေလို့ပဲ ထင်မိနေတာ.. ဟီး…

    အနော်လည်း အတင်းတုပ်ဦးမယ်.. ရုံးကလူတွေက ဒီနှစ် ခရီးထွက်ရင် ခြင်္သေ့ကျွန်းကို သွားချင်တယ်တဲ့..
    အနော်က ပျင်းစရာကြီးလို့ .. မသွားချင်ဘူးလို့.. လည်စရာလည်း များများမရှိဘဲနဲ့လို့ ပြောလိုက်တယ်.. ဟီး :mrgreen: အာတီဖစ်ရှယ်တွေချည်းကို နော့..

    ဒါမယ့် မမတွေချိတော့ လာလည်ချင်တယ်.. လတ်မှတ်ပို့ပေးမားဟင်င်.. :kwi:

    • KZ

      February 5, 2014 at 3:13 pm

      ဘတ်(စ) ကားလက်မှတ်ပေးမယ်လေ။
      လာခဲ့။
      :kwi:

      ဒီမှာ လည်စရာ များဂျီး ရှိဘူးရယ်။
      😀

  • TNA

    February 6, 2014 at 9:32 pm

    ဟုတ်ပါ့ဟယ် ပန်းလေးတွေက မြန်တျန့်မှာဆို လေးဗန်းပင် အလေ့ကျပင်တွေများသကိုး။ သူတို့ကမြေသေးသေးလေးမှာ အကုန်ရှိအောင်လုပ်ထားတာ။ တကယ်တော့ စွမ်းအင်ဖြုန်းတီးနေသလားလို့။ မလိုအပ်ပဲ စွမ်းအင်တွေသုံးပစ်နေသလိုပဲ။ ဘာပဲဖြစ်ဖြစ်ဒီပိုစ့်တော့ ပုံတွေစုံအောင်ကြည့်ရသမို့ အားကျမိ ပါတယ်။

    • KZ

      February 7, 2014 at 8:11 am

      ပုံတွေ အစုံကြည့်ရတယ်ဆို စိတ်ချမ်းသာရသေးးးး
      သူတို့ အစိုးရက လိုအပ်တာတွေ ဖြည့်နိုင်ပြီးတော့ အပိုတွေပါလုပ်နိုင်တဲ့ အစိုးရဖြစ်သွားပြီလေ။
      တစ်ဦးတည်းသော ကလေးကို ဘာဆင်ယင်ပေးရမလဲပဲတွေးနေတဲ့ မိဘလိုပါပဲ။

      🙂

  • ဒီလိုသေသေချာချာတန်ဖိုးထားပြီးအရောင်စုံအောင်စိုက်တော့လည်း ဆီလုပ်ဆော့တဲ့ခေါင်ရမ်းပန်းတောင်တော်တော်လှတယ်။
    မမြင်ဖူးတဲ့အရောင်လေးတွေကြောင့်ပိုလှတယ်။
    အကြာကြီးစောင့်ပြီး ပိုက်ပိုက်အကုန်ခံကြည့်သွားရတာ
    ချင်ကျားပူကဥယျာဉ်ထဲဝင်ကြေးပေးကြည့်ရသလိုပါပဲ
    :p

    • KZ

      February 7, 2014 at 7:55 pm

      ဟီးးး
      ဒါနဲ့ အဲလာခေါင်ရမ်းပန်းလားးး ဟုတ်သလားဟမ်?
      မသေချာလို့။
      ကိုယ်တွေ နင်းခြေတဲ့ အပင်တွေက ဒီမှာ အဲကွန်းနဲ့ ငြိမ့်လို့ သော်ရေ။
      😀

      စောင့်ဆိုင်းကြည့်ရှုသွားလို့ ကျေးဇူးအားဂျီးတင်ပါတယ်။
      :chit:

  • Crystalline

    February 9, 2014 at 12:38 pm

    ဟိုဖက်ပိုစ့်မှာလည်း.. သုံးလေးပုံ.. ဒီဖက်ပို့စ်မှာလည်း သုံးလေးပုံပဲကြည့်ရပြီးသကာလ… အဲဒီတွေကိုမရောက်ဖူးခဲ့ဘူး.. အချိန်နဲ့ငွေပေါတဲ့အခါလာပါအုန်းမည်။ :))

  • kai

    February 9, 2014 at 3:31 pm

    မြန်မာပြည်က ရာသီစုံစုံရှိတာမို့.. မြန်မာပြည်ထဲရှိတဲ့… မရှိတဲ့..ကမ္ဘာတန်းဈေးကောင်းရတဲ့ပန်းပင်.. သစ်ခွပင်တွေကို.. စနစ်တကျစီးပွားဖြစ်စိုက်ကြဖို့ကောင်းတယ်..။
    သစ်ပင်ကြီးတွေခုတ်လှဲပြီးအလုံးလိုက်”ချ”နေကြတာထက်..အများကြီးငွေရမယ့်အပြင်… မိခင်သဘာဝကလည်း..သာဓုခေါ်မှာ.. :mrgreen:

  • KZ

    February 9, 2014 at 6:51 pm

    တောင်းပန်ပါတယ် ခွစ်ရယ်။
    နောက်ခါ ကြည့်ရလွယ်အောင်တင်ပါ့မယ်။

    တဂျီး၊
    ကျနော်လည်း အဲလို ခံစားမိတယ်။
    အီကွေတာ ရာသီဥတုပဲ ရှိတဲ့ နေရာက ရာသီမျိုးစုံဖန်တီးပြီး ပိုက်ဆံ အကုန်ခံလုပ်ရတာ။
    ဟိုးအရင်ကတော့ သစ်ခွရှာတဲ့ ဇာတ်လမ်းတွေဖတ်ဖူးတာတော့ တောကြီးမျက်မည်းက ပင်ခေါင်ထိပ်ဖျား ရှာရတာဆို။
    ခုတော့ တောနက်ဆိုလို့ မဟာမြိုင်တောပဲ ကျန်တော့သလားမသိ။ :mrgreenn:
    ဘာသာရပ်မှာလည်း ဘော့တနီတို့ ဇော်လော်ဂျီတို့ကလည်း အဖြစ်ပဲသင်တဲ့ ဘာသာတွေ ဖြစ်ကုန်ကြသလိုပဲဆိုတော့။

Leave a Reply