“ယောင် ချာ ချာ နဲ့ ဘီး “

 

တစ် ချိန် က ပေါ့ဖေ ဖေ ရယ် ကျွန် မ ရ ယ် သား ရယ် သ မီး ရယ်

ကား တစ် စီး ရဲ့ ဘီး လေး ဘီးလို

ဟန် ချက်  မှန် မှန်တာဝန်တွေ ကိုယ်စီ နဲ့

လို ရာ ခရီး ဆက် ပျော် ခဲ့ ကြ ဘူး ပါ တယ်။

ရှေ့ တည့် တည့် သွား မယ် ဆို လဲ ညီ ညီ ညာ ညာ

နောက်ပြန် ဆုတ် ကြ စို့ ဆို လဲ တ သ ဘော ထဲ

ညာ ဘက် ကွေ့ မလား ဘယ် ဘက် ကွေ့ မလား

ရှေ့ သွား နောက် လိုက်  ညီ ညာ စွာ နဲ့

ဘီးလေး ဘီး ဘ ၀ တစ်သက် လုံး ဘဲ

ဒီ လို အမြဲ ရှိ နေ တော့ မလို လို။

တစ် ခါ တစ် လေ ကား ဘီး လေ လျော့ နေ လို့

ထင် တိုင်း မ ပေါက် တာ လဲ ရှိ ခဲ့ ဘူး ပါရဲ့။

တစ် ခါ တစ်ရံ များ မှာ တော့ လေ ထိုး တာ များ သွား လို့

ကား တစ် စီး လုံး လဲ ခုန် ပေါက် နေတာမျိုး လဲရှိ တ တ် ခဲ့ ပါတယ်။

ဘယ်အ ချိန်မှာ များ ဘီး တစ်လုံး လုံးကပွင့် ထွက် မ လဲဆို တဲ့ စိုး ရိမ် စိတ်နဲ့ ပေါ့။

 

တစ်ခါ တစ် ခါ  အသွား မေ တာ် လို့ များဘီး တစ် ဘီး က

အ ကြောင်း တစ် ခု ခုေ ကြာင့် ပေါက်သွား ခဲ့လို့

ခရီး မဆက် နိုင် ငုတ် တုတ် ထိုင် နေ ရ  တာ မျိုး ကြုံ  ချိန်မှာ

ကျ န် တဲ့  သုံး ဘီး စ လုံး က ပေါက် သွား ခဲ့ တဲ့ ဘီး ကေ လး ကို

အား ပေး စောင့် စား ရင်း နဲ့ ပေါ့။

 

ဒီ လို အ နေ အထား မျိုး စုံ နဲ့ ဘီး လေးဘီး ကား လေး

ခရီး ဆက် ကောင်း နေ တုန်း

တစ် ချိန် မှာ တော့  အ ဓိ က ဘီး တစ် ဘီး ဖြစ် တဲ့

ဖေ ဖေ က   ထာ ၀ရ ခွဲ ခွာ သွား တဲ့ အခါ

ဘီး လေး  ဘီး က နေ

သုံး ဘီး ကား ဖြစ် သွား ပါ လေ ရော။

သုံး ဘီး ကား က လဲ ကား ဘဲ လေ။

ဘီး လေး ဘီး နဲ့ ကား လောက် ဘဲ မမြန် တော့ တာ ဘဲ ရှိ တာ ပေါ့။

ခ ရီး ကေ တာ့ ဆက် နိုင် တုန်း။

 

ဒီ သုံး ဘီး ကား လေး က လဲ တစ် နေ့ တော့ နှစ် ဘီး ထဲ

ဖြစ်ဘို့ ကြုံ လာ ခဲ့ ပါတယ်။

၂၇ နှစ် လောက်  အတူ တူ မောင်း လာ ခဲ့ တဲ့ သမီးက

သူ ကိုယ် ပိုင် နှ စ် ဘီး ဘ၀ ကို ပြောင်း ပါ ရ စေ လို့

ဆို လာ တဲ့အ ခါ မှာ တော့ သုံးဘီး ဘ၀ က နေ

ကျွန် မ နဲ့ သား က နှစ် ဘီး ဘ ၀ ကို ပြောင်း လဲ လို့

“ရှိ တာ လေး နဲ့ ခရီး ဆက် မ ဟဲ့ “ဆို ပြီး

ဆိုင် ကယ် လေး  ဘ ၀ ကို ရောက်ခဲ့ ရ ပြန်ပါ တယ်။

“အို ……… ဆိုင် ကယ် နဲ့ လဲ ခရီး တွင် ပါ သေး တယ်” ဆို ပြီး

အား မာန် တင်း ရင်း နဲ့  သား  အ မိနှစ် ယောက် ခရီး တွေဆက်။

နှစ် ဘီး ဘ၀ နဲ့ တစ်နှစ် ကျော် ကျော်ေ လာက် လဲ ကြာ ရော

သား ဖြစ် သူ က ပါ ဆိုင် ကယ် ဘီး ဘ၀ ကို စွန့် သွား တော့

ဘီး တစ် ဘီး ဖြစ် တဲ့ ကျွန် မ

ဘယ် လို မှ ခရီး ဆက် ဘို့ မဖြစ် နိုင်ေ တာ့။

 

မောင်း လာ ခဲ့ တဲ့ သက် တမ်း ကလဲ ကြာ ပြီ ဆို တော့

ခရီးဆက် ဘို့ လဲ စိတ် မ ပါ တော့ တာ မို့

ရောက် တဲ့ နေရာ မှာငြိမ် ငြိမ် လေး နေ ရင်း။

အခု တော့တစ်ဘီး ထဲ ဖြစ် နေတဲ့ကျွန်မ

ဘ၀ရဲ့လို အပ် ချက် အ ရ

လိမ့် တဲ့ အခါ လိမ့်

လမ်း လျှောက်တဲ့ အခါ လျှောက်

ရပ် တဲ့ အ ခါ ရပ်

တစ် ဘီး ထဲ မို့ ထင် တိုင်း မ ပေါက် တဲ့ အခါ များ မှာ

စိတ် ရှိ တိုင်း အရှိန် ပြင်း စွာ သွား လာ နိုင် ခဲ့ တဲ့

ဘီးလေးဘီး ဘ ၀ ကို တမ်း တ မိ ပါ တယ်။

 

တစ် ခါ တစ် လေ များ မှာ တော့ ဟိုးးးးးးးးးးးးးးးး

အ ရင် က ဘီး လေး ဘ၀ ကို ပြန်လွမ်း သလို လို။

 

အော် ………………….

ဘီး လေး ဘီး နဲ့  ကား ဘ၀ တုန်း က ဘီး။

ဘီး သုံး ဘီး နဲ့  ကား ဘ၀ တုံး က ဘီး

ဘီးနှစ် ဘီး နဲ့ဆိုင် ကယ် ဘ ၀ က ဘီး

ဘီး တစ်ဘီး ထဲ နဲ့ ဘာ လုပ် ရ မှန်း မ  သိ တဲ့

ယောင် ချာ ချာ နဲ့ ဘီး။

ယောင် ချာ ချာ နဲ့ ဘီး။

ယောင် ချာ ချာ နဲ့ ဘီး။

 

မ နှင်း ပြုံး ရဲ့ အမှတ် တရ များ

27-3-2014

 

 

 

 

 

 

 

About snow smile

snow smile has written 6 post in this Website..