တဂျီးကို ခေါင်းစဉ်တပ်လို ဆဲစာလို့ မမှတ်ကြပါနဲ့နော်။
အဟီးဟီးဟီးးးးး

ဒီ ရွာသူ ရွာသားတွေရဲ့ ကလောင် နာမည်တွေကို တဂျီး ဆီ ကလင်ကလင် ဖုန်းဆက်လိုက်ရင် ကလက်တက်တက် ဖြစ်မစိုးလို့ ပို့(စ) တင်လိုက်တယ်။

:-D                                       

လက်လှမ်းမှီသလောက် တော့ လိုက်မေးထားပါတယ်ဗျာ။

ရွာထဲမှာလည်း သိပ်မခင်၊ အီးမေးလည်း မရှိ၊ ဖဘ လည်း မသုံးဖြစ်တဲ့ မမ်ဘာတွေ ကျန်ကောင်းကျန်ပါလိမ့်မယ်။

 တစ်ချို့ကတော့ ကျနော့ ကို စပ်စုတယ်မှတ်လားမသိ၊ ဟစ်ဟစ်။   :mrgreenn:

ပို့(စ) ရေးဖို့ ဒေတာ စု တာက လွဲရင် သူများအကြောင်း မစပ်စုပါ။

 နားပဲ စွင့်ပါတယ်။ ဟေးဟေးဟေးးးး :wink:

 

ဒီ ပို့(စ) ရေးဖို့ စိတ်ကူးမိတာက (လေကြောက ရှည်ပါပြီ မိကေဇီ)

ကိုနိုရဲ့ ပို့(စ) မှာ မမ ကော်မန့်ကို မြင်ရာက စ တာပါ။

 အဲဒါ ကိုနို ကို သွားမေးတော့ သူလည်း ဒီ စိတ်ကူးရှိနေပါတယ်။  အဲဒါနဲ့ သူ့ အရင် လုပြီး တင်တယ်လို့ မှတ်လိုက်ပါ။  :twisted:

 မမ ရဲ့ ကော်မန့် အရရော၊ အမတ်မင်းနဲ့ မွန်မွန် ပြောကြားချက် အရရော တဂျီး က သိချင်နေတဲ့ အကြောင်းအရာမျိုးဖြစ်တယ်လို သိရပါတယ်။

အဲဒါနဲ့  ဖားမယ် ဆိုပြီးး (အဲလေ) ဒီ တဂျီး အတွက် ခေါင်းစဉ်တတ်မယ် ဆိုပြီး တတ်လိုက်တာပါ။ :mrgreenn:

အဟုတ်ထင်မနေကြနဲ့ဦးနော်။

(တံဆိပ် အသစ်ရမှာ သိပ်ကြောက်တတ်တာ။ ငိငိ)

ဒီ ပို့(စ) ရဲ့  အကြံ ခရက်ဒစ် အတွက် ချစ်မမ နဲ့ ကိုနိုကို ပေးပါရစေ။

ဒီလို လိုက်မေးနိုင်အောင် အားတာကတော့ ကျနော် တစ်ယောက်ပဲ လတ်လျား လတ်လျားရှိလို့ပါ။

:s:

အချိန်မှီ မပေးနိုင်တဲ့သူများး

အခုမှ သိလိုက်သူများ ကော်မန့်မှာ ပေးသွားပါ၊။ ကျနော် ထပ်ဖြည့်ပေးပါ့မယ်။

:mrgreen:

 

~~~~~~~~~~~~~~~~~~~~~~

 

အရီးလတ်

Nickname မှာရော Display Name မှာပါ လောလောဆယ် “အရီးခင်” ပါ။
“အရီးခင်” လို့ ပန်းချီဆရာ ခေါ်လိုက်တာကို သဘောကျသွားလို့။
“အရီးခင်” မတိုင်ခင်က “အရီးခင်လတ်”
“အရီးခင်လတ်” မတိုင်ခင်က “ခင်လတ်” လို့ လုပ်ထားတော့ – လူတွေက ကျား ထင်ပြီး ကိုခင်လတ် တဲ့လေ။
ဟို ကကြီးမိုက် ရှေ့ဆုံးကပေါ့။
ဒါနဲ့ဘဲ ရွာ နဲ့လိုက်အောင် “အရီးခင်လတ်” ပလိုက်တာ။
ကြားထဲ နာမည်တွေကို ပြောင်းပြန် တွေး ပြီး Post တင်သူလဲ ရှိခဲ့သေးရဲ့။
ဒီမှာတင် ချစ်စနိုးအခေါ် “အရီးလတ်” ခမြာ ဗျာများသွားရရှာသေးတယ်။ :-)))

နောက် ကဗျာလာတောင်းတော့ ကလောင်ကို “မြစာကလေး” လို့ပေးတာက ဟို သူပုန်ရဲစည် ရဲ့ “စိန်ကြက်ဆင်” ကို သဘောကျလို့ သူ့ကို ပြိုင်ဖို့ပေးတာ။
နောက်တော့ ဒင်းက ပျောက်သွားပါရောလား။
မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်တော့ဘူး။ (ဒေါ်မြလေး ကိုလဲ ချစ်လို့ပါ)

 ဦးကြီးမိုက် ဖြည့်စွက်ချက်:

နိုး..နိုး..နိုး…ဒါတော့မဟုတ်သေးဘူးကေဇီ ရ..မှားခေါ်တာမဟုတ်ဘူး…(သမိုင်းမှား မစိုးလို့.. :-D )
တစ်ခါက ရွာထဲမှာ လူငယ်တစ်စု ကွန်မန့်တွေနဲ့ နောက်ကြ၊ ပြောင်ကြနဲ့ ပျော်ခဲ့တဲ့အချိန်လေးရှိခဲ့ဖူးတယ်…
အဲဒီထဲက..ဘယ်သူက စလိုက်တယ်မသိ…သိသိကြီးနဲ့ ကျားကို မလိုခေါ်..မ ကို ကျား လိုခေါ်နဲ့ နောက်ခဲ့ကြတာ… ကျုပ်တောင် ဒေါ်ကြီးမိုက် ဖြစ်လို့…
အင်ဇာဂီ ကို မိဂီ
ဖရဲသီး ကို ဖြဲမ
ရွှေတိုက်ကို မိတိုက်
ဗိုက်ကလေး ကို မိစိန်ဗိုက်
အာတီဒုံ ကို အန်ကယ်ဒုံ
အရီးခင်လတ်ကို ကိုခင်လတ်ကြီး…စသဖြင့်သိသိကြီးနဲ့ နောက်ခေါ်ခဲ့ကြတာ.. 

 

ပဒုမ္မာ

အန်တီငယ်ငယ်က အဖေပေးထားတဲ့ တရုတ်နာမည်က အိုက်လျဲ တဲ့။ ချစ်စရာကောင်းတဲ့ ကြာပန်းလေး လို့ အဓိပ္ပါယ်ရတယ်။
အန်တီက ကြာပန်း crazy ၊ဘယ်လို ကြာပန်းမဆို ကြိုက်တယ်။ ကြာဖြူ  ကြာနီ ကြာညိုကအစ ပဒုမ္မာ၊ကုမုဒြာ အဆုံး။
နာမည်ပေးတော့ ကုမုဒြာ ပေးကြည့်တာ မရဘူး။ နာမည်တူရှိတယ်တဲ့။ ဒါနဲ့ ပဒုမ္မာ ပေးကြည့်တော့ ရသွားရော။
မောင်ဂီနဲ့တွေ့တော့ အန်ကယ်ဒုံဖြစ်၊ မယ်ဆွိနဲ့တွေ့တော့ အာတီဒုံဖြစ်လေသတည်းးးး

Ma Ma

အစောကတည်းက ဒီလို pen name နဲ့ ကျော်ကြားမယ်မှန်းသိရင် နာမည်လှလှပေးပါတယ်။ ခုတော့ ကိုယ့်နာမည် အတိုကောက် မ၃လုံး (မမမ) လို့ ထည့်မယ်လုပ်ပြီး မှ မတစ်လုံးဖြုတ်လိုက်ရင် မဆိုးဘူးဆိုပြီး ပေးလိုက်တာ။
မြန်မာလို မမ လို့ ရေးရင်လည်း တင်စီးရာကျမှာစိုးလို့ မသိမသာ Ma Ma လို့ ပေးလိုက်တာ….
(U Sur Mi says: အဟမ်းးး အန်တီမမကို မြန်မာ့မီးရထား ဟုလည်း ခေါ်ဆိုပါသေးကြောင်းးးးး)

ရွာထဲရောက်ပြီး အရင်ဆုံး စကားပြောဖြစ်တာက ဆူး။

သူက အသက်မေးပြီး ဒါဆို မမ မဟုတ်ဘူး။ အန်တီခေါ်ရမယ်ဆိုပြီး အန်တီမမ ဖြစ်သွားတာ။

စာလုံးပေါင်းသတ်ပုံကိစ္စပြောဖြစ်ရင်းနဲ့ ဘယ်သူက စလိုက်တယ်မသိပါဘူး မြန်မာ့မီးရထားနဲ့တွေ့သွားမယ်ဆိုပြီး မြန်မာ့မီးရထားလည်း ဖြစ်လိုက်သေးတယ်။

ကကြီးမိုက်ပြောသလို ကျားကို မ၊ မ ကို ကျားလို ခေါ်ပြီးနောက်ပြောင်ကြတဲ့အခါကျတော့….
ဘယ့်နှယ်လဲ မမ ကိုကျတော့ ပြောင်းပြန်လုပ်လို့ မရဘူး မဟုတ်လားလို့ ပြောမိတာနဲ့ မောင်ဂီက မာမား လို့ ခေါ်ပါလေရော။

Foreign Resident

ဘာရယ် ဟုတ်ပါဘူး ။ ရွာသားနာမည် ပေးရမယ့် အချိန်မှာ ၊ ကိုယ်ကလဲ နိုင်ချံကား မှာ အခြေချနေမိတော့ ၊ Foreign Resident ဆိုပြီး ပေးလိုက်တာ ။

အင်းးးး ။ ထပ် ပြောရမယ် ဆိုရင် ။
ကိုယ့်မလဲ ဆံထုံးနောက် ယောင်ပါ ။
နိုင်ချံကား မှာ အခြေချနေမိနေတော့ Foreign Resident ဆိုပြီး ပေးလိုက်တာ ။
အဲဒါကို ၊ အစပိုင်းမှာ Foreigner နိုင်ငံခြားသား နှင့် မှားခေါ်ကြသေးတယ်လေ ။

 

ကိုယ် ကိုယ်တိုင်မမှတ်မိတော့တဲ့ ကိစ္စ ကတော့ ၊
Foreign Resident ကနေ အလွယ် F R ဆိုပြီး တစ်ချို့က အတိုကောက်ခေါ်ကြတယ် ။
အဲဒီကနေ ဘယ်က ဘယ်လို ” အဘ ( အဘ ဖေါ ) ” ဆိုပြီး နာမည်တွင်သွားရတယ် မသိ ။
( ကိုယ့် အသက်အရွယ် ကလည်း အဘ အဆင့်တော့ မရှိသေးဘဲ နှင့် )

 

အင်းးးးးး ၊ ကျနော် အပြင်မှာ ပြောလေ့ရှိနေတဲ့ စကားတစ်ခွန်းကြောင့်လား မသိ ။
” ဒါမျိုးလေးဆို ၊ အဘတို့က လဘက်ထက်တောင် ကြိုက်သေး ” ဆိုပြီး ပြောလေ့ရှိလို့ ။

 

ဦးဦးပါလေရာ

လွန်ခဲ့တဲ့သုံးနှစ်နီးပါးကစပြီး သူငယ်ချင်းတစ်ယောက်က ပြောတာနဲ့ ဒီရွာထဲဝင်ကြည့်ဖြစ်တယ်။ သူ့ကွန်ပျူတာနဲ့ တစ်ခါသုံးအင်တာနက်ကဒ် သုံးပြီးတော့ပေါ့..။
နောက်တော့ သဘောကျတာနဲ့ သူငယ်ချင်းတွေရော ဦးပါ ပါ မင်ဘာဝင်ခဲ့တယ်။ အဲဒီတုန်းက ဒီလောက်ကြာမယ်လဲမထင်ဘူး ၊ ပေါ့ပေါ့ပါးပါး ကွန်မင့်လေးတွေလျှောက်ရေးမယ်စိတ်ကူးလို့ နာမည်ပြောင်အဖြစ် parlayar46 ဆိုပြီးပေးထားတာ။
46 ဆိုတာက အဲဒီတုန်းက အသက်ပေါ့။
နောက်တော့ တစ်နေရာရာမှာ သူကြီးက ဦးဦးပါလေရာ လို့ ခေါ်လိုက်လို့- အဲဒါလေးသဘောကျပြီး ဆက်သုံးနေလိုက်တာ…

ကြီးမိုက်

အမှန်အတိုင်းပြောရရင်…ကျုပ်က ငယ်ငယ်တုန်းက ဆင်းဆင်းရဲရဲနေခဲ့ရပေမဲ့…လိမ္မာတယ်လို့ ပြောလို့ရတယ်..
အခု ကြီးတော့ သိပ်မလိမ္မာတော့ဘူး (ကွကို သုံးသပ်တာပေါ့) ဒါ့ကြောင့် ကြီးမှမိုက်လို့.. “ကြီးမိုက်”
  ဖြစ်လာသပေါ့လေ..
ကျုပ်တို့ အရွယ်လူကြီးအချို့နဲ့ လမ်းထိပ်ကွပ်ပျစ်မှာ ထမင်းဟင်းတွေချက်စားပြီး အရက်ဝိုင်းဖွဲ့ကြတာတွေ့တော့ အရပ်ထဲက အသိမိတ်ဆွေတွေက “ကြီးမိုက်”
 ကြီးတွေလို့ ပြောကြလို့ စိတ်ကူးရသွားတယ်ဆိုပါတော့…ခုခိခုခိကွိကွိ…..ကွကို ပေးထားတဲ့ နစ်နိမ်း နဲ့လည်းလိုက်အောင်နေပါသဗျာ..ဟီဟိ

ဦးကျောက်ခဲ

ဘူမိဗေဒသမားမို့ ဦးကျောက်ခဲ လို့ ပေးထားတာပါ…

ဦးကျောက်ခဲလို့ ကလောင်ကလင်ခဲ့ရပုံက ဒီလိုပါဒေါ်ကေဇီရယ်…
ကျောက်စ်တို့ ဘူမိကျောင်းတော်ဆင်းတွေက စာအတော်ရေးကြပါတယ်…
ဒါရိုက်တာဦးကြည်စိုးထွန်း (ကျောက်ခဲ) ၊ ဆရာငြိမ်းကျော် တို့ကနေ စ လိုက်တာ…
(မ)မိုးချိုသင်း ၊ (မ)ကေ ၊ ဘလော်ဂါကိုကြီးကျောက် အထိ မရေတွက်နိုင်အောင်ပါပဲ…
အားလုံးမှာတူညီတာက ဘဝတကွေ့ ဘူမိကျောင်းတော်သားဘဝကို လွမ်းကြသူတွေချည်းပါ…

ကျောက်စ်က မရည်ရွယ်ပဲ စာပြန်ရေးဖြစ်တာပါ ၊ ဂဇက်မှာ ကလောင်နာမည်ပေးရမယ်ဆိုတော့…
(ဦး)ဇော်ဝမ်းရဲ့ “ကျောက်ခဲ” သီချင်းကိုလည်းကြိုက် ၊ ကိုယ့်အသက်မွေးဝမ်းကြောင်းကလည်း “ဘူမိ” မို့
ကျောက်နဲ့ကလည်း ကင်းကွာလို့မရ ၊ အသက်ကလည်း ဒုတိယအရွယ်အရောင်ရင့် ဖြစ်လေတာကြောင့်…
အမည်နာမခေါ်တွင်စရာသည်ကား “ဦးကျောက်ခဲ” လို့ ပေးလိုက်တာပါ… ဟုတ်ပြီလား

Hnin Hnin

နှင်းနှင်း ဆိုတာ တော့ အပြင်လူတွေခေါ်ကြလို့။
နှင်းမမ ဆိုတာက မေမေတစ်ယောက်တည်းက ခေါ်တဲ့နာမည်မို့။

ဆာမိ

ဒီအကြောင်းကိုပြောရမယ်ဆိုရင် အကြောင်းအရာနှစ်မျိုးခွဲပြောရမယ်ဗျ ။
ဆာမိ ရယ်လို့ ဖြစ်လာတာရယ် ပြီးတော့ ဂျလေဘီသည်လို့ဖြစ်လာတာရယ်ပေါ့ဗျာ ။
ကျုပ်ငယ်ငယ်က အထက်တန်းကျောင်းသားဘဝမှာ လူရွှင်တော်တစ်ယောက်နဲ့ခင်ခဲ့ဖူးတယ် ။ သူ့နာမည်က ဆာမိ တဲ့ ။
လက်ဘက်ရည်ဆိုင်ထိုင်ရင် ပါးစပ်မပိတ်ရအောင် ရယ်စရာပြောတတ်သူပေါ့ ။ အပြောင်အပျက်တွေနဲ့ သရော်တတ်လွန်းလို့ ကျုပ်တို့ ရဲ့ ပွဲတိုင်းကျော်ပေါ့ဗျာ ။ ကျောင်းကပွဲတွေမှာဆိုရင်လည်း သူပဲလာပြီး ပျက်လုံးတိုက်ပေးတာပါ။

ဒီရွာထဲမှာ နာမည်ရွေးတော့ သူ့ကိုသတိယသွားတာနဲ့ surmi ဆိုပြီး နာမည်ရွေးလိုက်တာ ။ ကျုပ်ကလည်း အပြောင်အပျက်တွေဘဲပြောလေ့ ၊ ရေးလေ့ရှိတော့ ဒီနာမည် မြဲသလိုဖြစ်နေတာဗျို့ ။
အဲ ဂျလေဘီသည်ဆိုတာကတော့ ဒီလိုဗျ ။ တစ်ခါက ဟံသာဝတီ ကားပွဲစားတန်းမှာ ဂျလေဘီတို့ မလိုင်လုံးတို့ ရောင်းတဲ့ကုလားကြီးတစ်ယောက်ရှိဘူးတယ် ။ သူ့အကျင့်က အရောင်းအဝယ်စကား ကောင်းကောင်းပြောနေပြီဆိုရင် လူအုပ်ကြားထဲဝင်ပြီး ” ဆရာဂျလေဘီ …… ဂျလေဘီဆရာ ” ဆိုပြီး ရောင်းတော့တာဘဲ ။
အတော်ကို စိတ်ရှုပ်အောင်လုပ်တာပေါ့ ။ ဒီလိုအလိုက်ကန်းဆိုးနားမလည်ဘဲ ဂျလေဘီရောင်းတဲ့သူလို ကျုပ်လည်း အလိုက်မသိ ဝင်ပြီးမန့်တတ်လွန်းလို့ရယ် ပြီးတော့ ကုလားနာမည်နဲ့လိုက်တဲ့ အလုပ်အကိုင်ရယ်ကြောင့် ဂျလေဘီသည်ဆာမိ ဖြစ်လာကြောင်းပါဗျား

Myo Thant

ရွာထဲကနာမည်က မျိုးသန့်ပါပဲ ၊ ဖွဘုတ်နာမည်ကတော့ ကိုယ်က မြန်မာပြည်မြောက်ပိုင်းမှာမွေးခဲ့တာ ၊ အဲဒီမွေးတဲ့သူတွေအထဲမှာမှ တောက်ပတဲ့ကြယ်တွေထဲက ကြယ်တစ်ပွင့် မဖြစ်ရင်တောင် သာမန်ထက်ပိုတဲ့ကြယ်တစ်ပွင့်ဖြစ်ချင်တယ် ၊ ဒါပါပဲ ၊

အမတ်မင်း

ငယ်ကတည်းက ဖတ်ဖူးသိဖူးပီး လေးစားအားကျတဲ့အမတ်တွေထဲမယ် မွန်ရာဇဝင်ထဲက အမတ်ဒိန်ကို နာမည် ရော သူ့သမိုင်းကိုရော အကြိုက်ဆုံးမို့ ထင်ပဗျာ ။
ကွကိုယ် နာမည်ပေးရွေးလိုက်ထှာ ဒီအမတ်မင်း ဖြစ်သွားတာ ရယ် ။

Pchogyi

ကိုယ်ငယ်နာမည်က ဖိုးချိုကြီးမို့ P Cho Gyi လို့ ပေးထားတာ…

Black Chaw

ဦးဘလက် ၁၀ တန်းလောက်က သူငယ်ချင်းကောင် မ လေးတွေက ဦးဘလက်ကို နာမည်ပြောင်ပေးထားတာ ဘလက်ချော တဲ့…။နောက်မှ ပြန်သိတာနော်…

ဒါနဲ့  ရွာထဲဝင်တော့ နာမည်စဉ်းစားတော့ အဲဒီ နာမည်လေး ပေးရင်ကောင်းမယ်ဆိုပြီး ပေးလိုက်တာ……

နောက် အဓိပ္ပါယ် ရှိသေးတယ်. ဘလက်က ရုပ်ကို ကိုယ်စား ပြုပါတယ်..ချောက စိတ်ကို ကိုယ်စားပြုပါတယ်…အသားမည်းပေမယ့်..စိတ်ထားချောမောသူပေါ့ဗျာ…..ဟေးဟေး

ကိုပေါက် (မန္တလေး)

အ ဖွား က ​​အောင်​ မြင်​​ပေါက်​​မြောက်​​အောင်​ အိမ်​ နာ မယ်​ ကို ​ပေါက်​ လို့ ​ပေး ခဲ့ တယ်​..ကျ ​နော်​ က ​ပေါက်​ က ရ လုပ်​​တော့ သူငယ်​ ချင်း ​တွေက လဲ င​ပေါက်​ လို့ ​ခေါ် တယ်..

ကျ ​နော်​ တို့ ​ခေတ်​ တုန်းက ​ပေါက်​ တယ်​ ဆို တာ မ​ကောင်း​ တဲ့ သ ​ဘော ​ဆောင်​​တော့ ဒီ နာမယ်​ ကို ​ဖျောက်​ ထား ခဲ့ တယ်..အင်​ တာနက်​ မှာ စာ​ရေး ​တော့ အဖွား ​ပေး တဲ့ နာမယ်​ ကို အမှတ်​ တရ နဲ့ သုံးဖြစ်​ တယ်​…ဖြစ်​ ချင်​​တော့ မန်း ​လေးသား ရုပ်​ ရှင်​ ဒါ ရိုက်​ တာ ကို ​ပေါက်​ က ရှိ ပြီး သား ဆို ​တော့ ​နောက်​ က ​နေ ​မွေး ဇာ တိ မန်း ​လေး ကို ထည့်​ လို​ က်​ ပါတယ်​…အ ဓိ က က ​တော့ အဖွား ​ပေး တဲ့ နာမယ်​ ကို ချစ်​ လို့ ပါ…

ကျနော် က တော့ ကို ပေါက် (မန္တလေး ) ဆို တဲ့ နာ မယ် ကို မြတ် နိုးလေးစား ပါ တယ်။
ဒီ နာ မယ် လေး တစ် လုံး စာ ဖတ်သူ တွေ ကြား မှာ ခိုင် မာေ အာင် လူ ရော
စိ တ် ရော အချိ န် တွေ ရော စိုက် ထု တ်ပြီး ကြိုး စား ခဲ့ ရ လို့ ပါ။
ဒါ ပေ မယ့် ကျနော် နာ မယ် ကို ဘာ ဖြစ် ညာ ဖြစ်ဆို ပြီး ဇာ ချဲ့ ပြီး အပို လေ မထွား ပါ ဘူး။

သို့ သော်

ဒီ နာ မည် တ စ် လုံး ထဲ ကို ဘဲ ဆိုက် ပေါင်း စုံ မှာ သုံး ပြိး ရေး ပါတယ်။

အပျော် ဖြစ် စေ သူ များ ယောင် လို့  လိုက် ယောင် တာ ဖြစ်စေ
လုံး ၀ မ ပြောင်း ဘဲ ဒီ နာ မယ် ကို ဘဲ
အမြဲ အသုံး ပြု ခဲ့ ပါ တယ်။
ကြွား ပြော ရ ရင် လူ တစ် ယောက်က ကိုယ့် နာ မယ် ကို တကယ် တန် ဘိုး ထား တယ် ဆို တာကို
အသံ တိ တ် ပြ သလိုက် တာပါဘဲ။

ကိုေ ပါက် ( မန္တလေး) ဆို တာ ကို ပါ။

အလင်းဆက်

အလင်းတွေနဲ့ဆက်သွယ်ပေးချင်တဲ့သူဆိုတဲ့ အဓိပ္ပာယ်နဲ့ အလင်းဆက်လို့ ကလောင်ယူထားခဲ့တာလေ။
ဂဇက် ထဲ ဝင်တော့လည်း တခြားနာမည်မသုံးတော့ပဲ ကိုယ် စာရေးမယ့်ကလောင်နာမည်နဲ့ပဲ ဝင်ရေးနေတာပါ။

Mr. MarGa

ဟိုး အရင် မြန်မာ ဆိုရှယ်ဆိုက်တွေ ခေတ်ကောင်းချိန်က
ကိုယ်တိုင်လဲ အင်တာနက်ကို စ မွှေခါစကပေါ့…
မှတ်မှတ်ရရ အိုင်တီပြပွဲတစ်ခုမှာ ဝက်ဘ်ဆိုက်တစ်ခုကို သွားတွေ့တယ်။ နာမည်က နတ်သဘင် တဲ့ (netthabin.com) စိတ်ဝင်စားစရာနာမည်ပေါ့။
အဲဒီမှာ မန်ဘာဝင်ဖြစ်သွားတယ်။ မန်ဘာဝင်တော့ နာမည်လိုလာတာပေါ့…..အစကတော့ ပေါ့ပေါ့ပါးပါးပဲ စဉ်းစားပြီး ပေးလိုက်တယ် ။ ကိုကြီးကျော်လို့ ။နောက်မှ ပြန်တွေးကြည့်ပြီး ပေးတဲ့နာမည်ကို သိပ်မကြိုက်ချင်ဘူး… ဒါနဲ့ ပြန်ဖျက်ပြီးတော့ နောက်တစ်မျိုး စဉ်းစားကြည့်တယ်….ဝင်တဲ့ ဝက်ဘ်ဆိုက်က နတ်သဘင်ကိုးး ဆိုတော့ အဲဒါနဲ့ကိုက်အောင် နတ်တို့သနင်း သိကြားမင်းရဲ့ နာမည်ကို သွားတွေးမိရော….

မာဃ ပေါ့လေ။
မာဃ ဆိုတာက သိတဲ့အတိုင်း ပါဠိနာမည်လေ ခေါ်ရတာ သိပ်မကောင်း ဒါကြောင့်မို့ ခေတ်မီမီဖြစ်အောင်လို့ နာမည်ရှေ့က လူကြီးလူကောင်းဆန်ဆန် မစ္စတာ တပ်လိုက်တယ်။ Mr.မာဃ ဖြစ်သွားရော။ ကိုယ်တွေ ဆိုရှယ်ဆိုက်နဲ့ အကျိုးပေးပုံများ ဝင်ပြီး သိပ်မကြာဘူး အဲ့ဝက်ဘ်ဆိုက် ပျောက်သွားတယ်။ ပျက်သွားတယ် ပြောရမှာပေါ့။မပျက်ခင် မတိမ်းမယိမ်းမှာ မန်းဂဇက်ကို စတွေ့တယ်။ ဖတ်မိတယ် ပြီးတော့ မန်ဘာဝင်ဖြစ်တယ်။ (အဲ့တုန်းက နာမည်တစ်မျိုး)
ဝင်ဖြစ်ပြီးတဲ့နောက်မှာ အဲဒီနာမည်လေးကိုပဲ သဘောကျမိတာနဲ့ Mr. MarGa တစ်နည်း ဦးမာဃ(ခေတ္တ လူ့ပြည်) ဖြစ်တည်လာပါတယ်။
တဖြည်းဖြည်း ရင်းနှီးလာချိန်မှာတော့ ဦးမာဃ နာမည် ရွှေ့လျောလို့ မောင်မာဃ၊ သိကြားမင်း။ သိကြား၊ ဖိုးသိကြား၊ သဂျား၊ ဒဂျားမဲ.. ဖားသဂျိုးးရယ်လို့ ပြောင်းကုန်ပါလေရော….. ဒါကတော့ Mr. MarGa ဖြစ်တည်လာပုံနဲ့ ပြောင်းလဲလာပုံ တစ်ချို့တစ်ဝက် ပေါ့…

မဟာရာဇာ အံစာတုံး

ထူးထူးဆန်းဆန်း​လေး​တွေ သ​ဘောကျတတ်​​တော့ ထူးဆန်းတဲ့နာမည်​ကို လိုက်​ရှာရင်း အံစာတုံးဆိုတာကို ​တွေ့ခဲ့တာပါ ​နောက်​ကျ ရွာက ပန်းချီဆရာကြီးတစ်​​ယောက်​က သူ့နာမည်​​ရှေ့မှာ အနန္တစကြာဝဠာ မဟာရာဇာ ထည့်​တာကို သ​ဘောကျပြီး နာမည်​​ရှေ့မှာလည်း မဟာရာဇာ ထည့်​ခဲ့တာပါ….

Wei Wei

ဝေ့ နာမည်ရင်းကို တရုတ်လို ခေါ်တော့ ခိုင်​ထက်​​ဝေး…. တခြားစီပဲ … မထင်​မှတ်​ပဲ နံမည်​အသစ်​ရလို့ အဲဒါကို သုံးဖြစ်​တယ်​…

ကလောင်နံမည်ကို kai လို့ ပေးမလို့ .. မူရင်းအတိုင်း စိတ်ကူးခဲ့တာ .. ဒါပေမယ့် သူကြီးနဲ့ နံမည်တူနေလို့ weiwei လို့ ပေးလိုက်တယ် ..
သူငယ်ချင်းတွေကို မန်းဂဇက်ထဲမှာ တစ်ခါတစ်လေ စာရေးတယ်လို့ ပြောမိတိုင်း သူတို့က သူကြီးနဲ့ အမြဲမှားပြီး ပြောလေ့ရှိတာက ..
နင်ဘာတွေ ပေါက်ကရလျှောက်ရေးနေတာလဲတဲ့ …
:mrgreen:

ဆုမြတ်မိုး

နာမည်က ဆုမြတ်နဲ့စတဲ့ စာရေးဆရာမရဲ့နာမည်ပါ  ။ စာရေးတာလည်းဝါသနာပါတော့ ကဗျာတွေ ၊ စာတွေ ဟိုပို့ဒီပို့လုပ်တဲ့အချိန်မှာတော့ နာမည်အရင်းကိုသုံးချင်ပေမယ့် best seller ဆရာမရှိနေတော့ နာမည်ရဲ့တစ်ပိုင်းတစ်စဖြစ်တဲ့ ဆုမြတ်ကိုယူ ၊ နှစ်သက်တဲ့မိုးရာသီ ရဲ့ မိုးကိုယူပြီးတော့ ဆုမြတ်မိုး ဆိုပြီး nick name ပေးခဲ့ပါတယ် ။ ဆုမြတ်မိုးဆိုတဲ့နာမည်လေးနဲ့  မြန်မာ blog , forum တွေကိုဝင်ပြီး english forum , english blog မှာတော့ Bella ဆိုတဲ့နာမည်ကိုသုံးပါတယ် ။ Bella လို့သုံးဖြစ်တာ Twilight ထဲက မင်းသမီးကိုသဘောကျလို့ပါ ။နာမည်နဲ့ပက်သက်ပြီးအမှတ်တရလေးတစ်ခုရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဖုန်းစာအုပ်ဆိုပြီး တွေ့ရာနံပါတ်လျှောက်ကူးထားတဲ စာအုပ်လေးတစ်အုပ်ရှိပါတယ် ။ အဲဒီထဲမှာ မဂဇင်းဖုန်းနံပါတ်တွေပါတယ် ၊ ဂျာနယ်ဖုန်းနံပါတ်တွေပါတယ်၊ မင်းသမီးမင်းသားနံပါတ်တွေလည်းပါတယ်၊  သူငယ်ချင်းတွေရဲ့ နံပါတ်တွေလည်းပါတဲ့အပြင် စာရေးဆရာ၊ဆရာမတွေရဲ့ စာအုပ်တွေမှာပါတဲ့ နံပါတ်တွေလည်းမှတ်ထားပါတယ် ။

တစ်ရက်နေ့က ပျင်းတာနဲ့သူငယ်ချင်းဆီဖုန်းဆက်မယ်လုပ်ပြီး  ဖုန်းစာအုပ်လေးလှန် ၊ အဲဒီထဲမှာမှ နာမည်မပါဘဲ နံပါတ်ပဲမှတ်ထားတာလေးတွေတော့ ဒါတော့ ဟိုတလောကမှ အဆက်အသွယ်ရတဲ့ သူငယ်ချင်းပန်းသီးပဲနေမှာဆိုပြီး 0950***** နံပါတ်လေးကိုခေါ်လိုက်ပါတယ် ။ တစ်ဖက်က မိန်းကလေးအသံနဲ့ ဖုန်းပြန်ထူးတော့….ပန်းသီးသူငယ်ချင်း ဆုမြတ်…..ပါ ။ ပန်းသီးနဲ့  ပြောချင်လို့ပါ  ပြောတေ့ဟိုဘက်က  ပြန်မေးပါတယ်… အခုပြောနေတာက ဘယ်သူလဲပေါ့…။ ဒီကလဲ ဆုမြတ်.. ..ပါလို့ ထပ်ပြောတော့…နောက်နေတာလားဟင်တဲ့ ။ မနောက်ပါဘူး ပန်းသီးနဲ့ပြောချင်တာပါဆိုတော့…. ဟိုက ပန်းသီးမဟုတ်ဘူး အခုပြောနေတာလည်း ဆုမြတ်…. ပါဆိုပြီးစာရေးဆရာမက ပြန်ပြောတော့မှာ… ကိုယ်နဲ့ နာမည်တူတဲ့စာရေးဆရာမဖုန်းကိုမှားဆက်မိမှန်းသိပါတော့တယ်..။နှစ်ယောက်သား ဘာပြောလို့ပြောရမှန်းမသိ ကြောင်နေကြတာနဲ့ …. နောက်တာမဟုတ်ပါဘူး.. တကယ်နာမည်ရင်းပါဆိုပြီး  မြန်မြန်ဖုန်းချလိုက်ရပါတယ်။ ကိုယ်ကြိုက်တဲ့ စာရေးဆရာပေမယ့် မိတ်တောင်မဆက်လိုက်ရပါဘူး။နောက်မှ အဲဒီဆရာမကို facebook ပေါ်မှာပြန်တွေ့တော့ ဖုန်းမှားဆက်ဖူးတဲ့အကြောင်းနဲ့ ပြန်မိတ်ဆက်တော့ သူကမှတ်မိပြီးရယ်နေရပါသေးတယ် ။

ဆုမြတ်မိုးဆိုတဲ့ နာမည်လေးစွဲသုံးဖြစ်နေတာ 2009 လောက်ထဲကနေပေါ့ ။ စာတိုပေစလေးတွေ print ပေါ်လည်းရောက်ပြီးပြီမို့ ရှေ့လျှောက်နာမည်ပြောင်းဖို့အစီစဉ်တော့မရှိတော့ပါဘူး ။လောလောဆယ် ကျောင်းနဲ့မအားလို့ပုံမှန်မရေးဖြစ်ပေမယ့်  ၀ါသနာအရ ရှေ့ဆက်ပြီး အားရင်အားသလိုရေးဖြစ်နေဦးမှာပါ ။

 

လုံမလေး မွန်မွန်

ဟီး… နာမည်​မှာက  “မွန်​”.ပါတယ်…​နောက်​.gmail လုပ်​​တော့ နာမည်​အစ​လေး​တွေနဲ့လုပ်​တာ အမွန်​ဆို​ပြီး အသံထွက်​တယ်​.. သူငယ်​ချင်း​တွေက အမွန်​ မွန်​မွန်​ ဆိုပြီး​ခေါ်​တော့ မွန်​မွန်​ ကို သ​ဘောကျလို့.မွန်​မွန်​ လို့ အရင်​​ပေးဖြစ်​တာ.
.နောက်​ “ရွာ”ကို ရွာလို့ ​ခေါ်ကြတယ်​.. ​နောက်​ အဘ ဆိုတာကို ​တွေ့တယ်​…နောက်​ဆုံး အရီးက အရီးခင်​လတ်​ လို့​ပေး​တော့ အရမ်းကြိုက်​သွားတယ်​….ကိုယ်​လည်း ရွာအ​ငွေ့အသက်​​လေးပါ​အောင်​​ပေးမယ်​ဆိုပြီး စဉ်းစား​တော့ လုံမ​လေး ဆိုတာ သွား​တွေ့တယ်​…ရွာထဲမှာလည်း ဘယ်​သူမှ မရှိ​သေး​တော့ လုံမ​လေးမွန်​မွန်​ ဆိုပြီး ​ပြောင်းဖြစ်​သွားတယ်​….

ဝင့်ပြုံးမြင့်

ခင်မင်ရသော ကေရေ။
အလက်ဇင်းက မေးလ်ပို့လာတယ်လေ။  ကေက အမ ကလောင်အဓိပ့ါယ်ကို သိချင်တယ်ဆိုလို့။  ဒီတစ်ခါလည်း  အထင်ကြီးခံလိုက်ရပြန်ပြီ။ ဒီလောက်အထင်မကြီးစမ်းပါနဲ့တော်။  ၀င့်ပြုံးမြင့် ဆိုတာ  နာမည်ရင်းပဲ။ တခြား ဘာမှ မဟုတ်ဘူး။
အဖေ ဆုံးသွားလို့  ဖျာပုံနဲ့ မအူပင် သွားလိုက်ပြန်လိုက်၊ ကြုံသလိုစားပြီး  အသုဘကိစ္စလုပ်နေရလို့  ဂဇက်ထဲ မ၀င်အားသေးတာပါ။ သင်္ကြန်အပြီးမှာ တစ်လပြည့် ဆွမ်းကျွေးလုပ်ရဦးမယ်။  ပြီးရင် သားကို ကာကွယ်ဆေးထိုးရဦးမယ်။ ပြီးရင် ရန်ကုန်ပြေးပြီး အမေ မျက်လုံးခွဲဖို့ သွားလုပ်၇ဦးမယ်။ ကိုယ်ရေးကိုယ်တာတွေ နဲ့ ချာလပတ်ရမ်းနေလို့  ဂဇက်ကို ၀င်တောင်မဖတ်နိုင်ဖြစ်နေတာ။ ပြီးတော့ အစ်မထွက်မယ့်စာအုပ် တစ်နေပြန်ပြီ။  အဲဒါလည်း စိတ်ညစ်ရတယ်။  ထုတ်ဝေမယ့်သူက ယာဉ်တိုက်မှုဖြစ်တယ်။  အမှုဆိုင်နေတာ သိန်း၁၀၀လောက်ကုန်နေပြီ။ ဒီတော့ အစ်မစာအုပ်ထုတ်ဖို့ကို အားမရှိဖြစ်နေတာပေါ့။ အမ စာမရေးနိုင်တာ သားကိုမွေးပြီးကတည်းကပဲ။ နောက်ထပ်တစ်နှစ် လောက် စာရေးတာ နား၇ဦးမယ်။  မူကြိုက  ၂နှစ်ခွဲမှ လက်ခံမှာ။ ကလေးကို မူကြို ပို့နိုင်ပြီဆိုမှ အမလည်း  ဘာသာပြန်ကို ပြန်ကိုင်နိုင်မှာ။  ဒီအလုပ်က ဈာန်ဝင်ဖို့  အချိန်အရမ်းပေးရတယ်။ စာတစ်ကြောင်း ကောက်ဖတ်လိုက်၊ ကောက်ပြန်လိုက်လုပ်ရင် အရည်အသွေးကျရော။ ဘာသာပြန်  ပြန်မကိုင်နိုင်သေးလို့ ကိုယ်တို်င်လည်း  အရမ်းစိတ်ဆင်းရဲနေတာပါ။ ကေတို့ကိုလည်း ခင်ပါတယ်။ ဖေ့ဘုတ်မ၀င်တာက  အဲဒီအတွက် အချိန်မပေးနိုင်လို့ပါ ကေရေ။  အချိန်ရတာနဲ့ ဂဇက်ထဲ ပြန်ဝင်ဦးမှာပါ။

TNA

ဝင်တုန်းက နာမည်အရင်းနဲ့ဝင်တာ။ ပြန်ပြောင်းတာ ပြောင်းမရတာနဲ့ အတိုကောက်လုပ်လိုက်တာ… ဒီကြားထဲ ပြောင်းသေးတယ် အကုန်ကန့်ကွက်တာနဲ့အတိုကောက်ပလိုက်တာ….

 

ရွှေကြည်

အမေ့ကို သူ့အမျိုးတွေကကြည်ကြည်လို့ခေါ်တယ်။ အငယ်ဆုံးသမီးဖြစ်တဲ့ သာမီးကို တိုးရွှေကြည် လို့ခေါ်ကြတယ်။ တချို့ကပေါ့… အဲ့နာမည်ကိုကြိုက်လို့ တိုးရွှေကြည်လို့အပြည့်ဆိုရင် အစ်ကိုဖတ်မိရင်သိမှာစိုးလို့ ဆူမှာကြောက်လို့..တိုးကိုဖြုတ်လိုက်တာ။

Nozomi

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ချစ်ချစ်က အဝေးမှာ ၊ အဲဒီတုန်းက ဂျပန်စကားလုံးလေး nozomi ဆိုတာ တွေ့တော့ သဘောကျသွားတယ် ၊ မြန်မာလိုက မျှော်လင့်ချက် တဲ့၊
သူနဲ့ မြန်မြန်နီးရဘို့ မျှော်လင့်ချက် ၊ ဘ၀အတွက်မျှော်လင့်ချက် ……
အဲဒီလို မျှော်လင့်ချက်တွေကတော့ လူတိုင်းမှာ ရှိကြတာပဲ အနဲ အများသာ ကွာမယ် ၊ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ်လို့တောင် ဆိုသေးတာပဲ ၊ အဲဒီကတဲက ကြိုက်ခဲ့ တဲ့ စကားလုံးလေး ရွာထဲ ရောက်လို့ ပထမ Pen Name သုံးတာ အဆင်မပြေတော့ ၊ ဒါလေး ပြန်အမှတ်ရပြီး ဒါလေးပဲ တောက်လျှောက်သုံးဖြစ်လာတာ။

သစ်မင်း

ကိုသစ်မင်း ရဲ့ နာမည်အရင်းကိုက
သစ်မင်းလွင် ခင် ဗျ။
စာရေးတော့
လွင်ဖြုတ်ပြီး
မောင် သစ်မင်း လို့  ရေးတယ်ထင် ပါတယ်။ (by Black Chaw)

ခင်ခ

ကျွန်တော်အနေနဲ့ အမည်မှာ ” ခ ” ပါဝင်ခဲ့ပြီး လူသိများ ကျော်ကြားခဲ့မှု့တွေကို ငယ်စဉ်ကစိတ်ဝင်စားခဲ့ ဘူးတယ်။
ကျွန်တော်တို့ ကျောင်းသားအရွယ်ကာလက မဆလ ခေတ်ဆိုတော့ ပြည်သူပိုင်စီးပွားစနစ်မို့ အစိုးရ၀န်ထမ်း အလုပ်ဘဲ အများဆုံး အလုပ်အကိုင်အခွင့်အလမ်းရှိတာမို့ ညွှန်မှူး ညွှန်ချုပ်တွေ ၀န်ကြီးတွေ နိုင်ငံတော် ကောင်စီဝင်တွေဆိုရင် သတ်မှတ်ရပိုင်ခွင့် အိမ် ကား တွေနဲ့ ဇိမ်နှင့်နေရတော့ လူငယ်ဘ၀ သဘောကျမိတာပေါ့
အဲဒီထဲမှာ ၀န်ကြီးချုပ် ဦးမောင်မောင်ခ ယာဉ်တန်း ကျွန်တော်နေခဲ့တဲ့ လှည်းတန်းမီးပွိုင့်လမ်းဆုံက ဖြတ်ရင် ငေးခဲ့ဖူးပါတယ်။ တစ်ခုတော့ရှိတယ် အဲဒီလို လူတန်းစားကွာခြားမှုကြောင့်လည်း ၈၈ မှာ ထိုအချိန်က အစိုးရကို တွန်းလှန်ခဲ့ဖြစ်ကြတာလို့လည်း ပြောရင်ရတာပေါ့ဗျာ။
စာပေလောကမှာ သူရေးခဲ့တဲ့စာပေ ၀တ္ထုတွေ ဆောင်းပါးတွေ အလွန်ဖတ်ကောင်းခဲ့ပြီး လက်မလွတ်တမ်း လူရွယ်ကာလတုန်းက ဖတ်ခဲ့ရပြီး ထင်ပေါ်ကျော်ကြားသူကတော့ ဆရာကြီးမင်းသိင်္ခ ပါ။ နောက်ပြီးတော့ ရုပ်ရှင် ဂီတ စာပေ စသည်ဖြင့် သက်တမ်းရှည်စွာ ရပ်တည်နိုင်ခဲ့သော ကျွန်တော် ငယ်စဉ် ကျောင်းသားဘ၀ ကထဲက ကြိုက်နှစ်သက်ခဲ့တဲ့ ကျွန်တော်ကလေးစီး ဖြစ်သည့် အနုပညာရသမျိုးစုံဖန်တီး နိုင်တဲ့ ဦးကျော်ဟိန်း ၏ သမီးကလည်း ခင်ခင်ခ ဆိုပြီး လူသိများခဲ့ဖူးတယ်လေ။
ဒါအပြင် ငွေဆောင် ချောင်းသာ အပန်းဖြေစရာသွားလို့ ပုသိမ်ရောက်ရင် ခရီးသွား ကားကြီး ကားသေး ၀င်ကာ စားသောက်ကြသော လူသိများသည့် ထမင်းဆိုင်ကြီး အမည်ကလည်း ခခကြီး တဲ့လေ။
အဲဒီလိုတွေ အမည်နာမ်မတွင် ” ခ ” ပါဝင်ပြီး လူသိများခဲ့ဖူးလေတော့ လွန်ခဲ့တဲ့ ၂ နှစ်ကာလလောက်တုန်းက ဒီရွာထဲကို မန်ဘာအဖြစ်ဝင်မယ်ဆိုတော့ နစ်နိမ်းပေးရဖို့ဖြစ်လာတဲ့အခါ ကျွန်တော်၏ အမည်အရင်း နဲ့ ကနဦး စ၀င်ခဲ့တယ် ခင် X X X ဆိုပြီးပေါ့။
ဒါပေမယ် အဲဒီအမည်ဟာ ရွာထဲတွင် မန်ဘာအဖြစ်ရှိနေပြီးသားမို့ အမည်ချိန်းပါတဲ့လေ။ ဒါနဲ့ဘဲ ကျွန်တော်အမည်အရင်း၏ ဦးဆုံးစကားလုံး ” ခင် ” နှင့် ကျွန်တော် စိတ်ဝင်စားခဲ့ ဖူးသော ” ခ ” ဟူသော စကားလုံးနှစ်လုံးကို တွဲလိုက်ပြီး ကျွန်တော်၏ ရွာသားအမည်ဟုဆိုရမည့် ကလောင် နံမည်ကို ” ခင်ခ ” အဖြစ်သတ်မှတ်ကာ ရွာထဲမန်ဘာအဖြစ် ၀င်လေသောအခါ ရွာမှလက်ခံပါသောကြောင့် ကျွန်တော်ကလောင်အမည် ” ခင်ခ ” ဖြစ်လေသတည်း။

နွေဦး

ပြောမယ့်သာပြောရမှာ ကလောင်နာမယ်ရွေးတိုင်း ကိုယ့်ရဲ့ နာမယ်လောက် မလှဘူးရယ်..ဂေဇက်မှာရေးတော့ အဆင်ပြေတဲ့နာမယ်တခု ပေးလိုက်တာ..
သူများတွေလို ဗေဒင်ဆြာနဲ့ရွေးတဲ့နာမယ်မဟုတ်ပါဘူး..
နာမယ်ရွေးပြီးမှ သူများတွေလို လူနားထောင်ကောင်းအောင်လဲ ပုံပြင်လေးတွေ ဇာတ်လမ်းဆင်ပြီးမပြောတော့ပါဘူးနော်.
.ပြောရရင်တော့ မဒမ်နွေဦးရဲ့ နာမယ်ပွါးတခုက နွေလတ် လေ..ဒီတော့ သူ့ထက်ဦးအောင် နွေဦးလို့ ပေးဖြစ်သလားဘဲ..အဲဒီအကြောင်းသိရင် ဗိုက်ခေါက်ကြောတော့ နာတော့မယ်ထင်ပါရဲ့…ဟီး…ဟီး….

မှီ

မမှီအမေရဲ့ နာမည်ပါ။ အမေ့နာမည်က ဒေါ်စံမှီပါ။

Mလုလင်

ထူးထူးထွေထွေ မဟုတ်ရပါဘူး ဗျာ . . .လွယ်လွယ် ဖွင့်ရင်တော့ Myanmar ပြည်က လူလတ်ပိုင်း တစ်ယောက်ပါ လို့ . . . . M means Myanmar.

 

Sonny

အ မေ ဒေါ်သန်း သန်း နု က ဆ ရာ့ ဆံ ပင် က ငယ် ငယ် တုံး က by birth နီ တယ် လေ။ အဲ ဒါ အ ဆွဲ ပြု ပြီး ဆန် နီ လို့ ခေါ် တာ။
နောင် အ င်္ဂ လိပ် စာ လော က ထဲ အ မေ က သင် ကြား ဆွဲ သွင်း ပေး ရင်း အင်္ဂ လိပ် နာ မည် ကို ရှာ ရင်း ဆန် နီ red hair ကို မှီ ပြီး Sonny သား သား ဆို တဲ့ သ ဘော ယူ လိုက် တာ။ တ ကယ် တော့ Red Hair ပါ။ ကြီး မှ ပြန် နက် သွား တာ သ မီး ရေ။

ကောင်းကင်ပြာ

ကောင်းကင်ပြာရောင်ကို ကြိုက်လို့ပါ…Nick name စဉ်းစားလို့မရတော့ ကိုယ်ကြိုက်တဲ့ အရောင်ပဲ ရွေးလိုက်တာ…

ရွှေမိုးတိမ်

အဓိက ကတော့ အဲ့နာမယ်လေးကို ချစ်လို့ပေါ့နော် ။ပြီးကျတော့ တိမ်တွေလှနေတဲ့အချိန်ဆို အရမ်းသဘောကျတာ တိမ်တွေကိုချည်းရိုက်ထားတဲ့ ဒါ့ပုံတွေလည်းရှိတယ် ။ ကဗျာပုစိညောက်တောက်တွေ လျောက်ရေးမိရင်လည်း ကွကို ရွှေမိုးတိမ်ဆိုပြီးနာမည်ရေးတယ်… ခြုံပြောရင် အာ့နာမည်လေးကို ချစ်လို့ပေါ့နော်….

ရဲစည်

နာမည်အရင်းအတိုင်းပဲ ရဲစည်သူ … အထက်တန်းကျောင်းတုန်းက နာမည်က ၄လုံး…  စစ်တက္ကသိုလ်တက်တော့ ပြောင်းပေးရတာ….အခြားထွေထွေထူးထူး စိတ်ကူးတော့ မရှိပါ…

တိမ်မည်း

၁) သူရဲကောင်း တွေ ကို သ ဘော ကျ ခဲ့တယ် အရင် တုန်းက Black Knight ဆို တဲ့ နာ မည် ပြောင် ရှိ ဖူး တယ် ရွာ မှာ ကျ နော့ အဲ့ ဒါ နဲ့ အဆင် မ ပြေဖူး ထင် လို့ crouching tiger ထဲ က ဇာတ်ကောင် ရဲ့ black cloud တိမ်မည်း ကို ယူ ခဲ့တာ ။.

၂) ကျွန်တော်က စိတ်ကူးသမား။ မိုးရွာထဲ မှာ ပျော် ရ မယ် လို့ မျှော်လင့် ခဲ့ တယ် ဒါ ပေ မယ့် လက် တွေ့ ဘဝ က တခြား စီပဲ မျက် ရည် တွေ ကိုပဲ ဖုံး စေခဲ့ တယ်။ တိမ်မည်း အောက်က အမှတ်တရ တွေ အများ ကြီး

၃) စာ လည်း ရေးဖူး စ မရှိ တော့ တွေ့ တာ လေး ကောက် ရေး လိုက် တာ ခံ စား ချက် က လောင် နာ မည် ပေါ့။ လေး လေး နက် နက် ပေး ထား တာ တော့ မဟုတ်ပါဖူး။ အဲ့ဒါပါပဲ..

 

Pooch

ပါးစပ်ထဲ တွေ့ရာ nickname ပေးခဲ့တာ မဟုတ်ပါဘူး။ ကျမရဲ့ မသိစိတ်မှာ အမှတ်တမဲ့နဲ့
စွဲလန်းခဲ့တဲ့ အမှတ်တရ အကြီးကြီးရှိတဲ့ နာမည်တခုကို ပေးမိရက်သားဖြစ်ခဲ့တာပါ။

 

အင်ဇာဂီ

Min Zarni ဆိုတာက အသံဖြစ် အင်ဂါတွေအရမှာ အသံပြင်းတွေများတယ်….ဆိုတော့ အဲ့ကာလတုန်းက ကတ်စတမ်မာ ကလိုင်းယန့်နဲ့ မန်းနေ့ခ်ျမန့် ခရူ အကုန်လုံးက နားသွားပြီဖြစ်တဲ့ တချိန်က အီတာလျံဘောလုံးသမားနာမည် Inzaghi လို့ပဲခေါ်ကြတယ်…နစ်နိမ်း ကိုပဲစာရေးတော့သုံးဖြစ်တာ…..

 

ကြောင်ဝတုတ်

၁) ကြောင်ချစ်တယ်

၂) ဝတဲ့ကြောင်ကို ပိုချစ်တယ်      …

ကမ်းဝေး

ကျော့်အတွက်တော့ အထွေအထူး မဟုတ်ပါဘူးဗျာ…..ကလောင်ကတော့ ဖောလေးရယ်၊ မိုးစွေငှက်(ရမ္မာဝတီ)ရယ်၊ ရိုးကျော်ဝေးရယ်၊ ကမ်းဝေး ရယ် လေးခုရှိတယ် ကမ်းဝေးကတော့ ရှင်းရှင်းပဲဗျ အိန်းဂလိပ်လို ကမ်းက လာသည် ဝေးက လမ်းမ ဆိုတော့ သဘောက ဒီလမ်းကို လာသည် ဒီလမ်းကို လျှောက်မည်ပေါ့ ဘာလမ်းဆိုတာကျတော့အများကြီးပဲ ရည်ရွယ်ချက်က အနုပညာလမ်း ဖြူစင်ခြင်းဖြင့်သာ တစ်သက်လုံး လျှောက်မယ့်လမ်း၊ သူတစ်ဖက်သားကို အမှားမပြုမိအောင် လျှောက်မည့်လမ်း ဆိုလိုတာက မိကောင်းဖခင်သားသမီးတစ်ယောက် လျှောက်သင့်လမ်းဟူသမျှကို လျှောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ်းဝေး လို့ ပေးလိုက်တာ နောက်တစ်ခုက ကဗျာရေးတဲ့လူဆိုတော့ စကားလုံး လှလှဆန်းဆန်း သဘောလည်း သက်ဝင် အဓိပယ်လည်းရှိ ဆိုပါတော့ဗျာ သူများတွေ နောက်ကြသလို ကမ်းနဲ့ ဝေးနေတဲ့ သဘောတော့ လုံးဝ မဟုတ်ဘူးရယ် တီလေးရာ။။

ရွှေတိုက်စိုး

သများက တိုက်မျိုးတိုက်နွယ်အေ့… တစ်ဝမ်းကွဲအစ်ကိုတွေကို အဘိုးက အောင်တိုက်စိုး အောင်တိုက်မိုး အငယ်ဆုံးမြေးဖြစ်တဲ့ ကျုပ်ကို အောင်တိုက်ဝင်းဆိုပြီး အဖေရောအမေရော ၀င်ပါလို. မှည့်ပေးထားတာ.. အဲဒါ ရွာမှာ မန်းဘာလုပ်တော့ တိုက်လဲပါအောင် ရွှေလဲပါအောင်.. စဉ်းစားရင်း ငတတ်ပြား ဇာတ်ကြောင်းဖတ်မိတော့ ရွှေတိုက်စိုးဆိုတဲ့ နာမည် ကို တွေ.တာ သဘောကြလို. ပေးလိုက်တာ လဒ်လဲကောင်းအောင်လေ.. ရွှေတိုက်စိုးပါဆိုတော့ ဘောစိပေါ့အေ…

အာဂ

အဟမ်း အဟမ်း….ပြောရမယ်ဆိုရင် ကျနော်က အရင်က အတိအကျဆိုရင် ၂၀၀၀ ခုနှစ်လောက်ကတည်းက အငွေ့(Angwei) တဲ့ ကလောင်နဲ့ ဘလော့ရေးပါတယ်။ မန်ဂေဇက်ကိုစရောက် ရောက်ခြင်း…Angwei လို့ပဲကလောင်ကိုသုံးပါတယ်။ဒါပေမဲ့ လူတွေသိပ်မသိတော့…။ အာဂ လို့ပြောင်းလိုက်မိတာပါ။ အာဂဆိုတာ ကလည်းဟိုးလွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ပေးဖို့ စိတ်ကူးထားတဲ့ ကလောင်ပါ။ အထူးသဖြင့် တော့ ငယ်ငယ် ၄ ၅နှစ်လောက်ကတည်းက ကျွန်တော့်အ ဖိုး ဦးထွန်းရွှေက ချစ်လွန်းလို့ အခုနာမည်အရင်းအစား အာဂ ထွန်းရွေလို့ အုန်းပင်မှာ သဘောင်္ဆေးနဲ့သူဖာသာသူပေးထားတဲ့နာမည်ပါ။ ဒါကြောင့်အဲဒီနာမည်လေးပေးဖြစ်သွားတာပါ။

Maung

Its apart of my real name.

Crystalline

စာဝင်‌ဖတ်‌ပြီးကွန်‌မင့်‌‌ပေးချင်‌‌တော့ ‌ခေါင်းထဲ‌ပေါ်တဲ့နာမည်‌‌ပေးလိုက်‌တာ….

နန်းတော်ရာသူ

သော် တို့ အထက၂ တောင်ငူ က ကေတုမတီနန်းတော်နေရာပါ ကျောင်းထဲမှာ တမြို့လုံးမှာ ပန်းချီတံခါး။စင်တံခါး။ စသည်ဖြင့် ဆိုင်းဘုတ်တွေရှိသလို သော်တို့ကျောင်းမှာလည်း နန်တော်ရာ ဆိုတဲ့ဆိုင်းဘုတ်ကြီးစိုက်ထားတာမို့ ဒီနာမည်ယူဖြစ်တာ….

 

တညင်သား

ရန်ကုန်မှာ သင်တန်းတခုတက်တော့ဆရာမ ပေးတဲ့ နာမည်ပါ
ရန်ကုန်သူားတွေ ကြားထဲ သန်လျင်က တယောက်ထဲမို့. နာမည်မခေါ်ပဲ တညင်သားလို့ ပဲ ဆရာမကခေါ်တယ်
ကိုယ်နယ်ရဲ့ အမည်နာမ ထည့်သုံးရတာ ဇာတိမာန် နဲနဲ ထကြွမယ်ထင်လို့
ကလောင်နာမည် တခုအနေနဲ့တော့ ကဗျာမဆန် ဘူးပေါ့နော့်….

 

ရှူံးနိမ့်မှုများနဲ့လူ

တစ်ကယ်တော့ ကျူပ် ရှူံးနိမ့်မှုများနဲ့လူ ဖြစ်လာရတာဘာလို့လဲဆိုတော့ ကျုပ် အောင်မြင်မှုများနဲ့.. လူ မဖြစ်ခဲ့တာကနေ စမယ်ဆိုရမယ်…

ကျူပ်ငယ်ငယ်ကဆို အင်ဂျင်နီယာကြီးဖြစ်ချင်ခဲ့တာလား…အဲ့ဒီတုန်းက သင်္ဘောသီးနဲ့ အင်ဂျင်နီယာဆိုတာ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ပေါ့…အဲ့ဒီခေတ်တုန်းကတော့ YIT ၀င်ဖို့ပေါ့..

၅ ဘာသာပဲရှိတော့ ၅ ဘာသာ ဂုဏ်ထူးရှင်ဖြစ်ချင်သပေါ့လေ…ဒီတော့ ကျုပ်နှယ်အတန်းစဉ် Top 3 ၀င်အောင်ကြိုးစားလိုက်ရတာ…. ၈တန်းလဲရောက်ရော ခြေထောက်ရိုက်ချိုးခံရပါလေရော…

ဒါနဲ့ကျုပ်အတောင်ပံကျိုးပြီး ၉ တန်းနှစ်မှာ ကျောင်းစပြေးခဲ့ဖူးတယ်….ဆယ်တန်းလဲရောက်ရော နွေရာသီအလကားဖွင့်တဲ့ စံမြင့်မိုရ်မှာ တက်ဖြစ်တယ်       .….

ကျုပ်ဦးလေးဝမ်းကွဲ ဒေါက်ကျော်(စာပန်းအိမ်)က အဆောင်အလကားထားပေးမယ်ပြောတာတောင် မတက်ဘူး….အဲ့ဒီကျူရှင်မှာ စာမေးပွဲစစ်တိုင်း ကျုပ်က ၁ ကနေ ဘယ်တော့မှ မဆင်းဘူး…

ဒါနဲ့ ပိုက်ဆံပေးရမယ်လဲဆိုရော တစ်လ ၃၀၀၀ တဲ့!!ကျုပ်ခမည်းတော်ကြီးက တစ်လ ၁၈၀၀၀ စား….ကျုပ်ကို ကျူရှင်ဖိုး တစ်လ ၃၀၀၀ ဖယ်…..

ကျန်တာ အိမ်ကစားကြဆိုပြီး ၃၀၀၀ ကျုပ်လပ်ထဲအပ်။ ကျန်တဲ့ ၁၂၀၀ ကိုကျူပ်အမေလက်ထဲအပ်ပြီး ပြီးရောပေါ့ဗျာ

အဖေပေးတဲ့ ကျူရှင်လခကို အမေ့ဆီအပ်၊ ကျုပ်စက်ဘီးအစုတ်လေးကိုနင်းပြီး အဖေပြန်လာချိန် လမ်းပေါ်မှာ အချိန်ဖြုန်းရင်းနဲ့ ကျုပ်တစ်ယောက် လမ်းသရဲတွေကို သူတို့ကောင်မလေးတွေ ကူးပေးလိုက်တဲ့စာတွေကို တစ်ရက်ဖတ်၊ နောက်ရက်ရှင်းပြရင်း ဂုဏ်ထူးမှတ်တွေပြုတ်ပြီး GTC ၀င်ခွင့်နဲ့ ဆယ်တန်းကို အောင်လာပါရော

ဘ၀မှာ ကြိုးစားတည်ဆောက်ခဲ့တာတွေ၊ သူများထက်သာအောင် ကြိုးစားခဲ့တာတွေ ဘာတစ်ခုမှ ဖြစ်မလာပဲ သူများနောက်ကောက်ကျနေကျသူမို့ ဒီနာမည်လေးကိုပဲ မြတ်မြတ်နိုးနိုး သဘောကျပီး ပေးလိုက်ပါကြောင်း

 

ရွှေအိ

အိုက်ဒါ သများရဲ့ ဗဲရီးဖါးစ် ဂျော့တုန်းက လူအများခေါ်ကျတဲ့ ချစ်စနိုး နံမယ်လေးဘာ…

ခိခိခိခိ

 

Mahar Myanmar

မြန်မာကတော့ သိပါတယ်နော့။

မြ၀တီ ရုပ်သံ မှာ တည်းဖြတ် ဘ၀ တုန်းက မြသန်းစံ ရေးပြီး ဇော်ဝင်းထွဋ် ဆိုထားတဲ့ မဟာ ၁ ၂ ၃ ၄ သီချင်းကို ကိုယ်တိုင် Edit လုပ်ဖူးတယ်…

ဆီးဂိမ်း ဖွင့်ပွဲ မှာ သုံးသွားတဲ့ မဟာ သီချင်း။ အဲဒီ တုန်းက မဟာ ဆိုတဲ့ အနော်ရထာက စလို့  ဧရာဝတီ အဆုံး ကြီးမြတ်ခြင်းတွေ နဲ့  စုထားတဲ့  နိုင်ငံ

ဒီ သံစဉ် စာသား တွေ အရုပ်တွေ နေ့  ည မနား ၁ ပတ်လောက် edit မှော် ၀င် လုပ်ဖူး ခဲ့ လို့  မဟာ ကို ရွေးတာ…

 

ဘဆွေ

တစ်ကယ် က အေကေဆွေ ဆိုပြီးမိတ်လိုက်..အဲအဲ မှားလို့.. မိတ်ဆက်တာ ကို ဟိုရွာတော်ရှင် ဖွားဆူးက အဘဆိုပြီးခေါ်ရာက နောက် တော့ ကာလရွေ့လျောပြီး ဘဆွေဖစ်တွားတာ။ ဘာမှ ရေရေရာရာ မရေးဖူးပါဘူး ဇီဇီ ရယ် ကွမ်ရင်မယ်တော် ဆောင်ထား တော့ လွှတ် နာမည်ကြီးသွားတာ..ပြောပြရတာ ရှက်ထှာ..

 

Moon Poem

ဟီး ကျနော်က ကဗျာဆန်တဲ့ နာမည်လေးတွေကို ကြိုက်တယ်အစ်မရယ်။အဲဒီမှာ နာမည်စဉ်းစားတော့ ကဗျာဆန်တဲ့နာမည်တွေများပြီးကြပ်နေတုန်း ကဗျာဆိုတာပါအောင် ထည့်မယ်ပြီးတော့ ပန်းကဗျာ ဘာညာနဲ့တွေးမိတုန်း လမင်းကဗျာဆိုတာ လှမယ်လို့ တွေးမိလို့ပါ။

 

Nyo Win

စိတ်..အတွင်းစိတ်လေးအမြဲဖြူစင်နိုင်အောင်ကိုယ့်ကိုယ်ကိုသတိပေးတဲ့ရည်ရွယ်ချက်နဲ့ ပါ.

ဗုံဗုံ

မိဗုံ တို့အမ၀မ်းကွဲက သုန်သုန် အဲ့နောက်ကနေ တန်းစီပြီး သံယောင်လိုက်ပြီးခေါ်ကြတာ ကိုယ့်အလှည့် မှာ ဗုံ ဖြစ်ကရော….

 

Snow Smile

မက အ ကောင့် ၂ ခု ရှိ တယ်.. တ ခု က family n friends တွေ နဲ့ သုံး တဲ့ အ ကောင့် friends အ နဲ ငယ် ပေါ့…အ သိ လဲ နဲ ပါ တယ်…

အဲ့ ဒီ့ အ ကောင့် ထဲ က fri တွေ က လူ ရင်း တွေ ချည်း ဘဲ ဆို တော့ ရှင်း ရှင်း ပြော ရ ရင် ပေါ လို့  မ ရ ဘူး……

အ ဟီးးးးးး

အဲ့ ဒီ့  မှာ နောက် အ ကောင့် တခု ဖွင့် ခိုင်း လိုက် တာ… ဘာ နာ မည် ပေး မ လဲ profile ဘာ ရေး မ လဲ ဆို တော့ ရေး ချင် ရာ ရေး ဆို ပြီး ပြော လိုက် တာ…

အ တွေး ကောင်း တဲ့ က လေး မ
နှင်း လို လဲ မ အေး
မ ပြုံး ဘဲ ဝါး လုံး ကွဲ အောင် သာ
ရီ တတ် သော ကျွန် မ ကို
အ မြင် ကပ် ၍ ထင်
ပြောင်း ပြန် ဖြစ် သော
snow smile ဟူ သော အ မည် ကို
ပေး ခဲ့ လေ ၏
ထို နာ မည် နှင့် ကျွန် မ
ဘယ် လို မှ အ သား မ ကျ
ပြောင်း မယ် ပြောင်း မယ် ပြော ရင်း နဲ့ ပင်
snow smile
အ မည် တွင် လေ ၏

 

Sorrow weaver

ကျော်က အမြဲတမ်း အချစ်နဲ့ပတ်သတ်ရင် ခံနေရတာဗျ… အဲ့ကြောင့် အဲ့နာမည်ပေးဖြစ်တာ..     

 

ကင်း

ရွာထဲကို ၀င်ခါစကသူများတွေ စာတွေကို ဖတ်တယ်။ သဘောကျတယ်။ ကိုယ်လည်း စာလေးတွေ ပြန်ရေးချင်တဲ့အခါ မန်ဘာ ၀င်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်.. နာမည် ပေးမယ်ဆိုတော့ အတော်စဉ်းစားခဲ့ရတယ်… အရင်ဆုံး သုံးနေကြ နာမည်တွေကို ရှောင်လိုက်တယ်…နောက်ပြီးပေါက်ကရလည်း လုပ်ချင်တယ်…အဲဒါနဲ့ပဲ နောက်ပြီး ဖွဘုတ်က စုန်းဘုရင်ဆိုတဲ့ နာမည်နဲ့ ဆက်စပ်ပြီး ပေးတာလည်း ပါတယ်ဂျ….ဘုရင် ဆိုတော့ ကင်း ဆိုပြီး……

ကျော်စွာခေါင်

ကျော်စွာ က ဇာတာထဲက အမည်

ခေါင် က လေးစားရတဲ့ ကျေးဇူးရှင်ရဲ့နောက်ဆက်တွဲ နာမည်

Nicolus Agral

My name derived from the game “Hero of might and magic 5″

Nicolus derived from Nicoli

The human prince Arrange to married a lady die in a battle with demon Revived by dead lord and become vampire prince

Agral derived from agrael The Demon lord who come to human world for a mission (send by Demon King) to take care nicoli’s girl

ဂန္ဓာရီ ဆြာအုပ်

ကျူပ်ကမာနမကြီးတတ်ပါ. ဒါကြောင့် တွေ့ရင် ဘယ်နေရာမှမဆို ခေါ်နိုင်ပါတယ်

ဂေဇက်ကို စသိတာက ပထမဆုံး ဓာတ်ပုံပြပွဲ တုံးက ဈေးသည် ဆိုတဲ့ ခေါင်းစဉ်မှာ .. ကြည့်ဖြစ်တယ်..

ဓာတ်ပုံလေးတော့ တင်ကြည့်ဦးမယ်ဆိုပြီး 19-11-2011 မှာ အကောင့် လုပ်ခဲ့ပေမယ်. မေ့သွားလို့ မတင်ဖြစ်လိုက်ဘူး

7-7-2012 မှာ ချစ်စရာ့အရွယ်ခေါင်းစဉ်နဲ့ တင်တဲ့ ပုံက အများကြိုက်ကြတာနဲ့ တိုးပြီး မန်မိုရီ စတစ်ရတယ်.. ဓာတ်ပုံပြပွဲကလဲ အဲဒီမှာတင် တစခန်းရပ်သွားတယ်..

မတောက်တခေါက် ရိုက်တတ်တာကို ခပ်တည်တည်နဲ့ ဖြီးထားတဲ့  (၃) မိနစ်အတွင်းဆရာ ဖြစ်နည်း ဆိုတဲ့ ပေါက်တတ်ကရ ရေးထားတဲ့ ပို့စ်တစ်ခု 11-7-2012 မှာ စတင်ဖြစ်တယ်။

တစ်ခေါက်..ရူးကြောင်မူးကြောင်နဲ့ မိုးပြာ ပို့စ်တွေ တခြားက ကူးချပြီး ပို့စ်လုပ်တင်လိုက်တာ ဂဇက်ထဲမှာ တော်တော် လေ တိုက်သွားတယ်

နောက်ပိုင်းတော့ ကိုယ့် အလုပ်ပဲ ကိုယ် လုပ်တော့မယ် လို့ ဆုံးဖြတ်ပြီးတော့ ဖိုတိုပို့စ်တွေပြန်တင်တယ်..

စာဖတ်ပြင်းတာမို့လို့ ..ကိုယ့်ရေးထားတဲ့ ပို့စ် ပြန်ဖတ်တာကလွဲရင်တခြားပို့စ် တွေမဖတ်ဖြစ်… ဓာတ်ပုံပို့စ်တွေ တွေ့ရင်တော့ ဦးစားပေး ကြည့်ဖြစ်တယ်…

ကိုပေါက် ပို့စ်တွေကိုတော့ အကြည့်ဖြစ်ဆုံးပဲ…အကြွားကတော့ သန်သလားမမေးနဲ့..တစ်ခါရိုက် ၁၂ ဂစ်လောက်ထဲက  ကြက်ကန်း တိုးပြီး ကြည့်ပျော်ရှုပျော် ရှိတဲ့ ပုံတွေ မွှေနှောက်ရှာ ပြီး ပို့စ်လုပ်တင်တတ်…ပို့စ်များတင်ပြီးသွားရင် ညဖက်ညဖက် တရေးနိုးရင်တောင် ဖုံးလေးဖွင့်ပြီးတောင် စစ်လိုက်သေး.. ကိုယ်ရေးထားတဲ့ ပိုစ့် တင်ထားတဲ့ပုံပြန်ကြည့်ရတာလဲ အမော…ကွန်မန့်လေးများတွေ့ရင် တနေ့လုံးဖတ်လို့မဆုံး.. ကွန်ပြူတာနဲ့ဖတ်လိုက်.. ဖုံးကဖတ်လိုက်..မန့်ထားတဲ့ ပုံကိုပြန်ကြည့်လိုက်နဲ့ ရင်ဝယ်ကြည်နူးပြီး နှလုံးပီတိ ဂွမ်းဆီထိ

အမြှောက်ကလဲကြိုက်သလားမမေးနဲ့ အရမ်းလှတာပဲ၊ ဘာညာဆိုရင် ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီ ကွန်မန့် ၃မိနစ် တစ်ခေါက်ဖတ်တယ်…ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်ပြီး ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ လဲမဟုတ် ခပ်တည်တည် ယူသုံးထားတဲ့ဘွဲ့နဲ့ ကင်မလာကတစ်လုံးလွယ်ပြီး ကိုယ့်ကိုယ်ကို တတ်လိုက်တဲ့နာမည်က “ဂန္ဓာရီ ဆြာအုပ်”တဲ့…..

ကိုဘလှိုင်

My great grandfather name was U Ba Hlaing.

He is the most notorious man in his time. But I like him. He was dead one year before I was born.

TTNU

 ဒီ လို ပါ ရှင်။ နာမည် ရဲ့ initial  အ နေ နဲ့ TTNU  လို့
ရေး ရင် ခေါ် ရ တာ လည်း မြန်။
ရေး ရ တာ လည်း မြန်။ ပြီး တော့
တစ် ချိန် တုန်း က wedding ring  မှာ Date နဲ့  TTNU  လို့
TT    NU ဆို တာ နှစ် ယောက်
လုံး ရဲ့ နာ မည် ထိုး ထား ခဲ့ ကြ
ပါ တယ်။

မအိ

မအိ ဆိုတာ….အမည်ရင်းက အိအိရှိန် လေ…ရုံးမှာမအိလို့ဘဲ ခေါ်ကြတာ မို့ ရွာကိုအ၀င် မအိ လို့ဘဲ အမည်ပေးလိုက်တာပါ…ခုတော့ အန်တီအိလို့ပြောင်းရင် ကောင်းမား..တွေးနေရပြီ…ရွာထဲမယ် လူငယ်တွေများနေကိုးနော့်…

မှော်ဆရာ

ကျွန်တော် မန္တလေးဂဇက်မှာ ပျော်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဖြစ်ချင်တဲ့ မှော်ဆရာ တစ်ယောက် ဖြစ်ခွင့်ရခဲ့လို့ပါ… ဒါပေမယ့် အချိန်တွေ နှောင်းခဲ့ပါပြီလေ..ကိုယ့်ကို ခွင့်လွှတ်ပါတော့ မျိုးရေ…. ပြန်စဉ်းစားကြည့်မိလျှင် သူပုံရိပ်တွေက မနေ့တနေ့ကလိုပင် တရစ်ဝဲ၀ဲ.. ပြန်တွေးလိုက်တိုင်း ရင်နာမိသည် …ဖြေဆည်၍ မရနှိုင်ခဲ့ အိမ်မက်တွေကို အသက်သွင်းရန် ကြိုးစားမိသူ တစ်ယောက်ပမာ လက်တွေ့ဘ၀ထဲမှာ မရှိတော့သော သူ့ကို ကျွန်တော် နောက်တစ်ခေါက်လောက် တွေ့ချင်မိပါသည်။ အမြဲတမ်း နှစ်လိုဖွယ်ရာ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးရယ်နေတတ်သော သူ့ကို စတင် တွေ့မိချိန်က ကို့ကို တသက်တာ အမှတ်တရ ပေးသွားခဲ့မဲ့မိန်းကလေးလို့ မတွေးဖြစ်ခဲ့ပါ။ကံကြမ္မာရဲ့ မှော်ဆန်ဆန် ပညာစွမ်းတွေအောက်မှာ တို့နှစ်ယောက် ချစ်သူတွေအဖြစ် ဆုံဆည်းခဲ့ကြဖူးတယ်နော်… ပျော်စရာအချိန်လေးတွေက တိုတောင်းလွန်းတယ်လို့လဲ ကျွန်တော်မထင်ရက်ပါ။အမှောင်ကမ္ဘာထဲမှာ လက်ခနဲ လင်းလက်သွားတဲ့ ငွေကြယ်တပွင့်လို သူ့ရဲ့ အကြင်နာတွေအတွက် တသက်လုံး ကျေးဇူးတင်နေမှာပါ. “““သဲသဲမဲမဲ မိုးရေထဲမှာ ၊ အကြင်နာမိုးလဲ ရင်မှာတိုးသဲ… ရန်ကုန်ကမိုး ရင်မှ “မျိုး” ကို၊ ခပ်ဆိုးဆိုးမို့ ချစ်ရတယ် ..””” မိုးတွေ သဲသဲမဲမဲ ရွာနေတဲ့ အချိန် နေ၀င်ဖြိုးဖျအမှောင်ရိပ်အောက်မှာ ထီးလေးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရင်း လျှပ်ပန်းနွယ်တွေကို ငေးကြည့်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်လိုချင်တယ်။မိုးရေထဲမှာ တွေ့ခဲ့ရတဲ့ချစ်သူမို့ မိုးတွေရွာတိုင်း မိုးရေစက်တွေကြားမှာ သူ့ကို နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရှိမလား မသိစိတ်က ရှာဖွေမိတယ်။ငယ်ရွယ်နုပျိုမှုတွေ အပျံသင်စ အချစ်စစ်တွေနဲ့အတူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရဲ့ အဓိပတိလမ်းပေါ်မှာ လက်ခြင်းတွဲလျှောက်ခဲ့ရချိန်တိုင်းကို ပြန်လည်အသက်သွင်းချင်တဲ့ သူတစ်ယောက်ဟာ ကျွန်တော်ပဲပေါ့။ဒါပေမယ့် ကျွန်တော်ဟာ မှော်ဆရာတစ်ယောက် မဟုတ်ခဲ့ဘူးလေ.. ကျောင်းတွေပိတ်လို့ ခွဲရတော့မဲ့အချိန် နောင်နှစ်လကြာရင် ပြန်ဆုံရမှာပါလို့ ထင်ခဲ့မိတာ ၊ သူနောက်ဆုးံအကြိမ်တောင်းတဲ့ ကတိလေးကို ဖြည့်ဆည်းမပေးနှိုင်ခဲ့ မိလိုက်တာ..၊နာမကျမ်းဖြစ်နေတဲ့ သူ့မိခင်ရှိရာ ကမ်းခြေရွာကလေးကို လိုက်မသွားဖို့ မတားဖြစ်လိုက်တာ၊နာဂစ်မုန်တိုင်း သူ့ရှိနေတဲ့ ရွာကလေးကို ရက်ရက်စက်စက် ခြေမှုန်းသွားတာကို တားမြစ်နှိုင်စွမ်းမရှိလိုက်တာ ၊ ရက်စက်လွန်းတဲ့ ပင်လယ်လှိုင်းလုံးတွေအကြား ကျွန်တော့်ချစ်သူ အသက်လုကူးခတ်နေချိန်မှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ပြည့်နှက်နေမယ့် သူ့ရဲ့ ခေါ်သံလေးကိုတောင် ကြားနှိုင်စွမ်း မရှိခဲ့တာ၊ တသက်တာလုံး ကျွန်တော့ရင်ခွင်မှာ အေးချမ်းစေရပါမယ်ဆိုပြီးကတိပေးခဲ့ပေမယ့် သူအလိုအပ်ဆုံးအချိန်မှာ သူ့အနားမှာ ကျွန်တော် မရှိခဲ့လိုက်နှိုင်တာတွေအားလုံးဟာ ကံကြမ္မာကို ကြိုတင်မြင်နှိုင်စွမ်းတဲ့ မှော်ဆရာတစ်ယောက်မဟုတ်ခဲ့လို့လေ… ခွင့်လွှတ်ပါတော့ မျိုးရေ … နောင်တတွေများစွာနဲ့ မင်းရှိရာကို အပြေးရောက်လာပေမယ့် မင်းချန်ရစ်ခဲ့တဲ့ မီးကြွမ်းနေတဲ့ ပြာမှုံလေးတွေဘေးနားမှာပဲ ယောင်္ကျားတန်မဲ့ ငိုကြွေးခဲ့ရတဲ့ မင်းကို ချစ်တဲ့သူတစ်ယောက်၊ မင်းချစ်ခဲ့တဲ့သူတစ်ယောက်ကိုလေ..။ နောက်ထပ် သူနဲ့ ဘယ်တော့မှ ဆုံတွေ့ခွင့်မရှိတော့တာကို ရင်နာနာနဲ့ ကျွန်တော်လက်ခံလိုက်ရအပြီးမှာ ကျွန်တော်အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုက တန်ခိုးအစွမ်းနဲ့ ပြည့်စုံတဲ့ မှော်ဆရာတစ်ယောက်ပါ။ကျွန်တော်သာ မှော်ဆရာတစ်ယောက် တကယ် ဖြစ်ခဲ့မယ်ဆိုရင်လေ.ကျွန်တော် အရင်ဆုံးလုပ်မိမှာက ဒါပေမယ့် ကျွန်တော်က မှော်ဆရာ တစ်ယောက် မဟုတ်ခဲ့ဘူးလေ ဒါအကြောင်းလေးက မှော်ဆရာ ဖြစ်ချင်ခဲ့တဲ့ မှော်ဆရာရဲ့ အကြောင်းလေးပေါ့ …

နွယ်ပင်

ရွာထဲဝင်ကာစက ငြိမ်းဝေလွင်ဆိုပီးပေးသေးတယ် ပီးမှ ဒီနာမယ်က လူမမှတ်မိလို့ဆိုပီး….နွယ်ပင်လို့ပြောင်းတာ ဒီနာမယ်က ငယ်ငယ်က သူငယ်ချင်းတွေပေးထားတာလေ… အရစ်ရှည်အထွန့်တက်မပီးနိုင်မစီးနိုင်ရစ်လွန်းလို့ စိတ်ကောက်ရင်လည်း အရမ်းကောက်လို့…. ခိခိ

Wow

နာမယ်အရင်းအတိုင်းပဲ အားလုံးကို သုံးချင်တာချွိရဲ့…..ဒါပေမဲ့ နာမယ်အရင်းကို လက်မခံဝူး ဆော့ဖဝဲက အာ့နဲ့ နောက်ဆုံး စိတ် ရှုပ်၂နဲ့ wow လို့ရိုက်လိုက်တာ တခါထဲ access ဖစ်တွားဒါဟ..!

ပန်ပန်ချစ်

ကျောင်းတုန်းက အရမ်းခင်တဲ့ သူငယ်ချင်းတယောက်က ဘာအဆက်အစပ်မှမရှိဘဲ ရုတ်တရက် ပန်ပန်ချစ် ဆိုတဲ့နာမည်က တမျိုးပဲ ဆန်းတယ် ထူးတယ်တဲ့….သူက အဲ့လိုပြောပီး ပီးသွားပေမဲ့ ကိုယ့်စိတ်ထဲ အဲ့နာမည် ကျန်နေခဲ့တာပဲ တီဆွီရယ်….အာ့နဲ့ အဲ့နာမည်လေးကြိုက်လို့ တခုခုဆို nick ကို အာ့လေးပဲထားလိုက်တာာာာာ…..

ဖရဲသီး

ဖရဲသီးဆိုတဲ့ နာမည်က တက္ကသိုလ်တုန်းက သူငယ်ချင်းတွေပေးခဲ့တာ…ဘာလို့လဲဆိုတော့…စာမေးပွဲပထမနှစ်တွေပီးတော့ ဆရာမတွေကို ဖရဲသီးတွေနဲ့လိုက်ကန်တော့လို့ ..သူငယ်ချင်းတွေက ဖရဲသီးလို့ပေးခဲ့တာ အမ…. ခုထိ ဖရဲသီးနာမည်က တွင်သွားတာ….

Winner Get Prize

အမှန်အတိုင်းဝင်ခံရရင် ကလောင်အမည်ရယ်လို့ ရွေးလိုက်တာမရှိသေးပါဘူး။။။ login name က ပေါ်သွားတော့ အဲဒါကပဲ ကလောင်လို ဖြစ်သွားတာပါ…
အဲ… e-mail address လေးကို ရွေးတုန်းကတော့ နည်းနည်း story ရှိခဲ့တယ်…လှိုင့်အပေါ်မှာ အရမ်းကောင်းတဲ့ လူတစ်ယောက်က ပွဲတခုမှာ winner ရတယ်…
သူဆုယူနေတာလေးကိုကြည့်ပြီး winnergetprize လို့ ရေးလိုက်မိတာ။.

Char Too

ဂဇက်ကိုစပီးဖတ်မိတုံးက ပျော်စရာကောင်းလို့
ကောမန့်တွေမှာပြောနေကြတာလဲ ရီရတယ်….
ပီးတော့ တခြားနည်မည်တွေကလဲ အတည်ပေါက်တျောက်မှမချိဘူးလေ…..
ကျနော်လဲ မန်ဘာဝင်တော့ ပျော်စရာကောင်းတဲ့နေရာကို ရီစရာကောင်းတဲ့ နာမည်စဉ်းစားပီးဝင်လိုက်တာပါ,…..
ပီးတော့ကျနော်ကလဲ ရီစရာတွေပဲပျောမယ့်သူမို့လို့ ဒီနာမည်ပဲ ပေးလိုက်တာပါ….

ဆူး

အရင်က winne ဝင်နီ ဆိုတဲ့ နစ်နိမ်း သုံးတယ် နောက် နာမည် တူတွေ များလာလို sue winne ဆူး ဝင်းနီ တရုတ်နာမည်ပေါ့….
တရုတ် ရှေ့စာလုံး ဆူး ကိုပဲ ယူလိုက်တာ… ဆူး ဝင်းနီ ကိုယ်တိုင်ပေး တဲ့နာမည်လေး…
စာလုံးပေါင်းနဲ့ အသံထွက်လွဲ တဲ့ ပြသနာလည်းပါတယ်… တလုံးတည်းနဲ့ အသံမှန်စေချင်လို…..
“ရွာတော်ရှင်” တညင်သား က စခေါ်တာ.. နေရာတကာ အကုန်ပါပြီး မသိတာ မရှိ ပို့စ်တိုင်းမှာ အကုန်ဖြေပေးနေလို….

ကြောင်ကြီး

မေးစရာလား…..??
အူကြောင်ကြောင်ကောင်….
ကြောင်တောင်တောင်နဲ့….
အောင်ကျားကြူ …….

သော်ဇင် (လွိုင်ကော်)

သော်ကပန်း သဇင်ပန်းကိုအထူးပြု၏
အဲဒီပန်းတွေက တော်ဝင်ပန်းတွေလေ
သဇင်ဆိုလည်းမြေခပန်းမဟုတ်ဘူး သော်ကပန်းက နွယ်ပန်းဝင်
သဘောက ရစ်ပတ်နောင်နွယ်စေပြီး အမြင့်ရောက်စေမယ့်အဓိပ္ပါယ်ပေါ့.

သျှားသက်​မာန်

အကြိုက်​ဆုံး စာလုံး.၃လုံးကို ​ပေါင်းပြီး နာမည်​​ပေးလိုက်​တာပါ.
တစ်​လုံးချင်းစီက အကြိုက်​ဆုံး​တွေပါ…

Ko Six

ကျနော့်မိသားစုက ညီအစ်ကို ခုနှစ်ယောက်ရှိတယ် ကျနော်က အထွေးဆုံးဗျ
ကျနော့်အထက်မှာ အစ်ကို ခြောက်ယောက်ရှိတော့ အစ်ကိုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုစစ်လို့ပေးလိုက်တာပါ
ပြီးတော့ ကျနော် ခြောက်တန်းနှစ်က မန်းလေးကို ပြည်နယ်နှင့်တိုင်းအသက် ၁၆ နှစ်အောက်ဘောလုံးလက်ရွေးစင်ဖြစ်ခဲ့ဖူးတယ်လေ၊ အဲဒီတုန်းက ကျောနံပါတ် ၆ ဂျာစီဝတ်ခဲ့ရတာကော အမှတ်ရပြီး အဓိပ္ပါယ်ရှိရှိနဲ့ပေးခဲ့တာပါ
အိမ်မှာလည်း ကိုစစ်လို့ပဲခေါ်ကြတယ်ဗျ ခုတော့ ရူပဗေဒ လေးပါထည့်ရေးနေတာပါ လွန်ခဲ့သောနှစ်တွေ သက္ကရာဇ် ၂၀ဝ၀ ၀န်းကျင်က ရယ်စရာမဂ္ဂဇင်းမှာ ကျင်လည်ခဲ့ဖူးတယ် ကိုစစ်ထာဝရ ဆိုပြီးလေ
ဆောင်းပါးတွေ၊၀တ္ထုတွေ၊ကဗျာတွေ၊ကာတွန်းတွေ၊သရော်စာတွေလေ ကမ်းဝေးတို့၊မျိုးသန္တာ၊သီဟသက်တံ၊ဧကန် အနုပညာ၊မြရွန်းလဲ့ယဉ်၊ဖောင်းဖောင်း၊ ကာတွန်း ကျော်သူရိန်၊ ရွှေလူ၊ ချိုမိုင်မိုင်(ခ)ရဲဟန်ဟန် တို့နဲ့ပေါ့ဗျာ၊ ဆရာကောက်တပည့်တွေခေါ်ရမှာပေါ့
ခုလည်း ဘော်ဘော်တွေပါပဲ ကျနော်ကသာ စာပေနဲ့အဆက်ပြတ်ပြီး ပညာရေးဘက်လိုက်သွားရတာ သူတို့ကတော့ တကယ့်ဆရာတွေဖြစ်နေကြပြီ…

ခရီးသည်ကြီး

အနားသတ်ကမ်းစပ်မရှိတဲ့ သံသရာထဲ ခရီးသွားနေရသူအဖြစ် ကိုယ့်ကိုကိုယ်သတိပေးရင်း ဒီနံမည်ကို ယူမိတာပါ ။  ခရီးသွားပီပီ မောလာရင်တစ်ထောက်နားပြီး ရောက်လေရာစပ်စပ်စုစုနဲ့ ဟိုပြောဒီပြောလုပ်ရင်း ဒီရွာထဲကို ရောက်လာမိတယ်ပေါ့ဗျာ ။ မကြာမကြာရောက်လာခဲ့သော်ငြား နောက်တစ်ခါပြန်ရောက်ဖို့ဆိုတာကတော့ ဝေးနေဦးမယ်ထင်မိပါတယ် ။  ငယ်ငယ်က ကြိုက်နှစ်သက်ခဲ့တဲ့  ” ဖိုးမောင်လာပြီ” ဆိုတဲ့ ကဗျာလေးကိုမှီးပြီး ရေးထားတာကတော့ ……

စည်းရိုးတစ်လျောက် တဖြောက်ဖြောက်နှင့်
လမ်းလျောက်နေသံ ကြားရပြန်သော်
သန်းကောင်ညရိပ် ဆိတ်ဆိတ်ငြိမ်သား
ဂုတ်ကျား ကျယ်လောင် ထိုး၍ဟောင်လျှင်
အသင်လူသား ခရီးသွားတစ်ယောက်
ပြန်ရောက်လေပြီ ရွာဆီ တမ်းတလွမ်းလျက်တည်း ။     ။

Le Le Kyi

အစ်မ မှာကလောင်နာမည်မရှိဘူးလေ အဲ့တော့ထွေထွေထူးထူး ဘာမှ မရှိဘူးလေ။ စာရေးတာ ၀ါသနာပါတာထက် ခံစားချက်တွေတစ်ခါတလေရေးယုံပါ။

ရွာစားကျော်

ကျနော် ရွာသားအမည်ပေးမယ်စဉ်းစားတော့ ရွာနဲ့ပတ်သက်တာလေး ပါအောင်ပေးမယ် တွေးတာပေါ့ ရွာသားကြီးလို့ပဲ ပေးလိုက်မလား စဉ်းစားသေးတယ် ဒါပေမယ့် ကိုယ်က ခုမှ စ၀င်ခါစဆိုတော့ ရွာသားကြီးပေးလို့ မကောင်းဖူးလေ ရွာသားလို့ ခပ်ရိုးရိုးပေးရမှာလည်း တုံးတယ်ထင်လို့ ရွာစားလို့ ပေးရင်လည်း သူဂျီးထိုင်ခုံမှန်းသလိုဖြစ်နေပြန်ရော
အဲဒီမှာ ဆိုင်းဆရာတွေကို ရွာစားကျော် စိန်ဗေဒါ ဆိုတာမျိုး ခေါ်တာ သတိရပြီး ရွာစားကျော် ဆိုတဲ့ အမည်ပေးဖြစ်ခဲ့တာပါ
အစတုန်းက ကျနော့် status မှာ “ရွာထဲမှာပျော်တဲ့ ရွာစားကျော်” လို့ ရေးထားတာ ခုတော့ ရွာထဲ ၀င်မပျော်ဖြစ်တာတောင် ကြာပါပေါ့ဗျာ

 

Novy

နိုဝင်ဘာမွေးတဲ့လရယ်နာမည်အစရီရီ က ဝိုင်ဆိုတာကိုပေါင်းယူထားတာပါ။
ချစ်သောရွာက နာမည်ပေးလိုက်တာ နိုဗွီဖြစ်သွားတာပါ…

ရွှေမင်းသား

ကျ​နော်​ က ​ရွှေမင်းသား ဆပ်​ပြာ ထုတ်​လုပ်​ပါတယ်​။
လမ်းမှာ ​ဈေးမှာ ​တွေ့ခဲ့ရင်​လဲ အား​ပေးပါအုံးလို့ ​တခါတည်း​ကြော်​ငြာ ဝင်​လိုက်​ပါတယ်​…..

ရွာသူ ဂျူးဂျူးမ

ဂျူုးဂျူးမကတော့ မေဂျူလိုင်ကို မဂျူးး ခေါ်ရင်းနဲ့ အပြင်မှာ ဖြစ်လာတဲ့နာမယ်ပါချင့် မေဂျူ လိုင် နာမယ်တူတွေက များတော့ မတူအောင် ဂျူဂျူးမ ဆိုပြီး ပြောင်းထားလိုက်တာပါ .

မင်းမင်း

သားငယ်နာမည်က မင်းခန့်ကျော်ဆိုတော့ ဒီအတိုင်းပဲယူသုံးဖြစ်တာပါ။ နာမည်ရင်းက ခေါ်ရတာခက်မှာ မို့ ။.

 

Thu Wai

နာမည်အရင်း မင်းသုဝေကို မင်းဖြုတ်ထားတာ။

မောင်ပေ

ရွာသားအမည်လည်းပေါက်အောင် ရွာထဲမှာ စလောင်ကျရအောင် ရည်ရွယ်ချက်နဲ့ ပေပေတေတေ ဘုကလန့် နာမည် မောင်ပေပေါ့။

မနှင်းဖြူ မှန်မှန်ပြော

ဒီလိုပဲလျောက်ပေးလိုက်တာ နှင်းက နာမည်တူရှိနေတာနဲ့ နာမည်အရင်းနဲ့လဲ ခပ်ဆင်ဆင်ဆိုပြီး မင်းကွန်းခေါင်းလောင်းလို မှတ်ရလွယ်လွယ် မမင်းဖြူကနေ မနှင်းဖြူဆို လုပ်လိုက်တာ…

နေဝန်းနီ

ကျောင်းတုန်းက ကဗျာ​ရေး​တော့ က​လောင်​နာမယ်​ “​မောင်​​ကျော်​မိုး (တပ်​ကုန်း) ” တဲ့ ခုထိ သူငယ်​ချင်း​တွေက ​ကျော်​မိုး လို့ ​ခေါ်​နေကြတုန်း အပြင်​မှာ ။ ၂၀၀၉ အင်​တာနက်​စသုံး​တော့ ဆိုင်​က အ​ကောင့်​ဖွင့်​​ပေးတာက
naywoonni111@gmail.com  အဲ့ ဂျီ​မေးကို အစွဲပြုပြီး ​နေ၀န်းနီ  naywoo ni ဖြစ်​သွားတာ ။ သိပ်​​ထွေ​ထွေ ထူးထူး သူများ​တွေလို ​ခေါင်းရှုပ်​ခံ ​ပေးထားရတဲ့ နာမယ်​ မဟုတ်​ပါဘူး ။ အဲ့ဒါ​ကြောင့်​နဲ့တူရဲ့ ။ အွန်​လိုင်း​ပေါ်မှာ နာမယ်​တူ​တွေ ဆင်​တူ​တွေ များမှများ ။ ခုမှပြန်​စဉ်းစားကြည့်​​တော့ မြန်​မာပြည်​မှာ ​နေ၀န်း​တွေက များမှများ ။ အ​ကြိုက်​ဆုံး “​နေ၀န်း” က​တော့ သခင်​ဘ​သောင်း တို့ရဲ့ ဒို့ဗမာ အစည်း အရုံးက​နေ၀န်း   ဘာတဲ့
အ​ရှေ့က “​နေ၀န်း” ထွက်​သည့်​ပမာပ ဒို့​ခေတ်​ကို ​ရောက်​ရမည်​မှာမလွဲပါ
တဲ့ ခုထိ​တော့ ​နေ၀န်းနီ ရဲ့ ​ခေတ်​မ​ရောက်​​သေးတာ ခက်​တယ်

 

 

အိမ်စိုးမေ

မဒမ်ဘလက် က ရွာထဲပို့စ်မတင်ပေမယ့် ကွန်းမန့်လေးတွေတော့ ၀င်ဝင်ပေးတတ်ပါတယ်ဗျ…။ သူ့ ကလောင်နာမည်က အိမ်စိုးမေ တဲ့…။
ဘာလို့ အဲဒီ နာမည်ပေးတာလဲလို့ မေးကြည့်တော့… ဂျူး ၀တ္ထုထဲက အမည်ကို ကြိုက်လို့တဲ့ ခင်ဗျ…။ (by Black Chaw)

 

 

တောတွင်းပျော်

ဟုတ်ကဲ့ ခင်မျ! ကျနော်ကတစ်နှစ်မှာ ၁၀လ ၁၁လလောက်ပဲတောထဲ နေတာခင်မျ။ နေတာကလည်း ၁၀စုနှစ် ၁ခုလောက်ပဲရှိပါသေးတယ်ခင်မျ။
ကျနော်ဒီရွာထဲရောက်လာတာ ၃နှစ်သာသာလောက်ပဲရှိပါသေးတယ်။
အရင်က အထဲမဝင်ပဲ အပြင်စာဖတ်သူသက်သက်နေရာက ‘ မြစ်ဆုံကမြွေကြီး’ ဆိုတဲ့ post မှာ comment ပေးချင်လို့  အထဲကိုဝင်လာတာ။ ရွာထဲမှာသုံးမယ့် နာမည် စဉ်းစားကြည့်တော့  သူများနဲ့ မတူရအောင် ကိုယ့် အနေအထားနဲ့  အလိုက်လျောညီထွေဆုံးဖြစ်ရအောင် နောက်ပြီး တောတကာ့ တောအကျဆုံးဖြစ်ရအောင် တောတွင်းပျော်နာမည်ကို သုံးဖြစ်သွားတာပါ။
နောက်ပြီးအရစ်နည်းနည်းထပ်ရှည်ရရင် ရွာထဲရောက်လို့  comment ၄/၅ခုလောက်စပေးပြီးအချိန်လောက်မှာ ကိုသစ်မင်းက သူ့ ရဲ့  နှစ်သစ် မင်္ဂလာဆုတောင်း post မှာ ကျနော့ နာမည် တခုတ်တရထည့်သွင်းဖော်ပြပေးရာက ဒီရွာထဲလုံးလုံးရောက်လာတာပါ။ ပြောရရင်ကိုသစ်မင်းကျေးဇူးကြောင့် ။ နောက်ပြီး ကျနော့ ရဲ့  ပထမဆုံး ‘ သားသားဖိနပ်ချွတ်ထားတယ်’ postမှာ commentတွေနဲ့ အားပေးကြိုဆိုခဲ့ ကြလို့  ဒီရွာထဲနေပျော်သွားတာပါ။

 

 

lu lu

အဟမ်းးးး နာ့ နာမည်အ ကြောင်းလည်းပြောပြရမယ်
ထွေထွေထူးထူးမရှိ ပါဘူး လုလုဆိုတာကချင် လူမျိုး တွေရဲ့ ဒုတိယ သမီးကိုခေါ်တာ လေ။ အိမ်နာမည်ပါ ကျောင်းနာမည်ကသပ်သပ် ရှိတယ်
ကိုယ့်ဟာကိုယ် လုလု လို့ ထည့်ပြောရတာလဲအ ဆင် ပြေလို့ နောက် ပြီး ကချင် လူမျိုးဆိုတာကိုလည်း အမြဲတမ်းအမှတ် ရ နေ အောင် ဒီနာမည်ပဲ သုံးတာများတယ် အများလည်း ပိုသိတဲ့အတွက် သုံးဖြစ်သွားတာပါ ။

 

 

ကထူးဆန်း

အရီးလတ် က နံမည် တွေ ရှေ့ မှာ က တွေ တပ်တပ်ခေါ်တော့ သဘောကျပြီး ထူးဆန်းကနေ ကထူးဆန်း လို့ ပြောင်းထားတာ …
ထူးဆန်း လို့ ခေါ်တာ တော့ ဘာလို့လဲ ပြောဖူး .. ဟိဟိ .. လျို့ ဝှက်ချက် .. ခိခိ ..
ခုလို ရှင်းလင်းရမယ် မှန်းလည်းမသိလို့ပါ … ပထမ စ၀င်ဝင်ချင်း က ဇော်မောင် ။ စာက လည်း တစ်ခါမှ မရေးဘူး ။ အမြီးအမောက်လည်း တည့်အောင်မရေး မပြောတတ် ။ မြန်မာ လက်နှိပ်စက် ကလည်း မရိုက်တတ် .. သူများတွေ ရေးထားတာကို လည်း ၀င်ပြီး ကိုယ်ထင်ရာ ကိုယ်ဝင်ပြောချင်နဲ့ .. ဘာနံမည်ပေးရမှန်းမသိလို့ ဇာတာ ထဲ ပါတဲ့ နံမည်ကို တစ်လုံးဖြုတ်ပြီး ထည့်လိုက်တာ ။

 

 

အိမ်လွမ်းသူ

အနော်နာမီက တော့ရှင်းတယ် အိမ်ပြန်ချင်လို့ ပေးထားတာ။
မမကေဇီ အနော်ကို ကြတော့ နီးနီးလေးနေပြီး မေ့ထားတာလား။ နီးနီးလေး မကေဇီ အရင်က chinese garden မှာနေတယ်လို့ ပြောဘူးသလားလို့ အနော်က lake site မှာနေတာ။ ဟီးးးးးးးး;

 

 

ZarZarHtwe

နာမည်အရင်းပါပဲ။ ဂေဇက်မှာ တင်တဲ့ postတွေ အားလုံးနီးပါး ဖတ်ပေမယ့် comment တွေတော့သိပ်မပေးဖြစ်ဘူး။ (ကိုယ်တိုင်ကစကားပြောမကောင်းတဲ့သူဆိုတော့)

 

ရာမည

တခုသောနွေရာသီ၏ ပူပြင်းသောနေ့လည်ခင်း၌
ရာမညဆောင်အနီးရှိ ဦးချစ်ကန်တင်း ဟုအမည်တွင်လေသော
စားသောက်ဆိုင်တန်း၏စာပွဲတစ်လုံးတွင်
အသက်အားဖြင့် ၃၀ ခန့်ရှိသော အမျိုးသားနှစ်ဦးသည်
လက်ဆွဲသေတ္တာဖြင့် သဏ္ဍန်တူသောကွန်ပြူတာကိုဖွင့်လျှက်
စိတ်ဝင်စားစွာဖတ်ရှုနေလေသည် ။
ထိုစားပွဲ၏ ဘေးခြင်းကပ်စာပွဲ၌ နွမ်းပါးဟန်ရှိသော လူလတ်ပိုင်းယောက်ကျားတစ်ဦးသည်
ထိုသူနှစ်ဦးဖွင့်ကြည့်နေသော ဝဘ်ဆိုက်အားမသိမသာ စပ်စုနေလေတော့သည်။
ထို့နောက် ထိုလူကြီးမှာ မိမိ၏ သေးငယ်လှစွာသော 8810 Huawei ဖုန်းလေးအားထုတ်ယူပြီးလျှင်
အဆိုပါ ဝဘ်ဆိုက်အား ရှာဖွေကြည့်ရှုလေရာ mandalaygazette ဟုအမည်တွင်သော
ရွာကြီးတစ်ရွာကိုတွေ့ရှိသွားလေသည်ဖြစ်ရာ
ရွာတွင်းသို့ပြောင်းရွေ့နေထိုင်ရန် ဆုံးဖြတ်လိုက်လေတော့သတည်း ။
ဤသို့ဖြင့် ရွာထိတ် ဂိတ်ပေါက်သို့ရောက်သော် နာမည်မေးသဖြင့်
မျက်နှာခြင်းဆိုင်တွင် တွေ့မြင်ရသော “ရာမညဆောင်” ဟူသောဆိုင်းဘုတ်ကြီးကို
အမှတ်ရမိသဖြင့်
“ကျွန်တော့်နာမည် ရာမည ပါခင်ဗျာ ” ဟု ဖြေကြားလိုက်လေတော့သတည်း ။

 

 

Mobile

မန်ဘာဖြစ်ခါစမှာ ရွာထဲက ရွာသူားအဟောင်းတွေ နာမည်ပေးထားတာတွေကြည့်ပြီး
ကျနော်လည်း ကိုယ့်ကိုယ်ကို ခေါ်လိုမှတ်လို့ အဆင်ပြေမယ့် နာမည်တစ်ခုပေးဖို့စဉ်းစားတာ…
အဲ့ဒီအချိန်မှာ Mobile Phone နဲ့ပါတ်သတ်တဲ့ အလုပ်လေးတွေလုပ်နေတာဆိုတော့
Mobile ဆိုပြီးပေးဖြစ်ခဲ့တာ။ mobile ဆိုသလိုပဲ လူကလည်းအပြင်မှာ ဟိုသွားဒီသွားနဲ့
ခြေသလုံးအိမ်တိုင်သမားပါ။

 

manawphyulay

စိတ်တွင် မနော
ဖြူသည့် စိတ်ရင်း
သတ်မှတ်ရင်းဖြင့်
မနောဖြူလေးဟု
မည်တွင်သညာ၊ အဟံ ငါသည်
အလင်္ကာမှ၊ သိမ်မွေ့လှသည့်
ရသစာပေ၊ ကဗျာများကို
ပေးဝေပြီးခါ၊ ဆက်၍သာလျှင်
ဖြန့်ဝေသွားမည်။
မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု
ဝမ်းနည်းမှုကို မျှဝေသွားမည်
လောကတစ်ခွင် ဘုံ ၃၁
နေနေသမျှ ကာလပတ်လုံး
သင်းပျံ့ပန်းကုံး သီကုံးရင်းနဲ့
တတ်စွမ်းသမျှ ကူညီသွားမည့်
မနောဖြူလေးပင် ဖြစ်ပေသည်။

 

 

Zaw Thant

..ခက်ခက်ခဲခဲပဲ ရှိတဲ့နာမည်ရင်း ၃ လုံးကနေ နောက်ဆုံး ၂ လုံးကိုသုံးလိုက်တယ်..

 

 

 

KZ

ရွာထဲဝင်တော့ ဘာကလောင်နာမည်မှ မစဉ်းစားဖူးဘူးးးး စဉ်းစားရကောင်းမှန်းလည်း မသိ။ နာမည် အရင်းနဲ့ ရေးတယ်။ မန်းလေး စားညွန် ပို့(စ) တောင် ကိုယ့် အိမ်နာမည်နဲ့ပဲ ပေးလိုက်တာ။
နောက်တော့ ကိုယ့်နာမည် ပြူးပြူးကြီးနဲ့ ဒီမှာ စာရေးတာကို မသိစေချင်သူတွေ အတွက် နာမည် ရဲ့ အတိုကောက် စာလုံး KZ  ကို ရွေးပါတယ်။ ဂီ က အဲ့တုန်းက GZ   ဆိုပြီး လိုက်ပြောင်းပြီး ပုံမှားတွေ ရိုက်ဖူးတာပဲ။ နောက် တော့ အရီး က စပြီး ကေဇီလို့ ခေါ်ရာက အဲဒီ နာမည်ပဲ ဆက်သုံးဖြစ်သွားတာပဲ။ ချစ်လို့ပါ။ အရီးကိုရော အရီးပေးတဲ့ နာမည်ကိုပါချစ်လို့ပါ။ ဒီကြားထဲ ကိုဖက်ကက်နဲ့ ကျနော့ ကို အိမ်က ချစ်စနိုးခေါ်တဲ့ ဂါးဖီး (Garfield) ဆိုတဲ့ နာမည်ကို ပြိုင်တူမှည့်ပြီး မျက်စေ့လည်အောင် လုပ်ဖူးပါသေးတယ်။

နောက်တော့ ဂီ ပို့(စ) ထဲက မမချွိ ကိုလည်း ပြောင်းဖူးတယ်။ ဦးဆာပေးတဲ့ နာမည် ဘရန်းဒက် ကေဇီလို့လည်းပြောင်းဖူးတယ်။ ဝါး ပေးတဲ့ ရဲရဲတောက် ကေဇီလို့ လည်းပြောင်းဖူးတယ်။။ ယွဲပေးတဲ့  Swint  ကို လည်း ပြောင်းဦးမှာ။ (Sweet+Pwint) တဲ့ အရပ်ကတို့။ မားဆွေ ခေါ်တဲ့ ဇီဇီ ဆိုတာလေးလည်း ချစ်လို့ ပြောင်းဦးမှာ။ကိုယ့်ကို ပေးတဲ့ နာမည်တွေ အချိန်ရရင် ရသလို ပြောင်းဦးမယ်လို့ ကတိပုပါသည်။ ဟောဟဲ။

Kai  (သူက တဂျီး ဆိုတော့ နောက်ဆုံးပို့ထားတယ်။)

နာမယ်ရင်းထဲ..ဗမာလို.. ခိုင်ဆိုတာပါတယ်လေ..အဲဒါ.. ဂျပန်ရောက်တော့.. ဂျပန်လိုနာမယ်အဓိပ္ပါယ်ရှိတဲ့.. Kai ကိုပဲ တရားဝင်အမည်အဖြစ်သုံးတာ..။ Khaing, Khine တခုမှသူတို့(နိုင်ငံခြားသားတွေ) အသံထွက်လို့မှအဆင်မပြေတာ..။တကယ့်ကလောင်နာမယ်က. ကြီးစိုး(GyiSoe) ပါခင်ဗျ..။

~~~~~~~~~~~~~~~~~~~~

ကျနော် သိသလောက် ကျန်နေသေးတဲ့ သူတွေက အောက်ပါစာရင်း အတိုင်းးး

နိဂိမိ

အိတုန်
အေကေကေအို

နွေးတီး

ခိုင်ခိုင်

မွန်ကစ်

အန်တီအေး

Kyaw Ba Thit

Myat Pearl Phyu

ဘုန်းကျော်
မနောဖြူလေး

ရို့(စ) မင်း

စွယ်တော်ရွက်

မိုက်ကယ်ဂျော်နီအောင်ပု

TunWinLatt

မောင်ခိုင်မာ (စမ်းချောင်း)
ဘဲဥ

ဆုမြတ်မိုး

Lu Lu

ဘီလူးကြီး ogre

မီမီ

ကိုကြီးမှိုင်း

 

    
အရီးရဲ့ လစ် ထဲက ခပ်တည်တည် ထပ်ယူလိုက်တယ်။
မြင်တဲ့သူများ ကော်မန့်မှာ ပြောသွားကြပါ။

:mrgreenn:

.
စံလှကြီး၊။
မိုချို၊
Green Rose၊
မနော၊
မိုးဇက်၊
ဇော်သန့်၊
ဇော်မင်း၊
ဘားမား၊
ကိုရင်စည်လေး၊
မောင်ပေါက်ဖော်၊
အညာသား၊
အန်ကယ်ကြီး၊
ကိုအောင်၊
မိုဘိုင်း၊
garuda ၊
နေခြည်၊
ပန်းစံပါယ်၊
may flowers၊
အညာတမာ၊
အဘနီ၊
ကို Out Of ၊
ရာမည၊
awra-cho၊
ဒီပါကို၊
ကြည်ဆောင်း၊
ကိုနေးချား၊
ဦးဂျစ်၊
အောင်မိုးသူ၊
ကိုရင်မောင်၊
ကိုဇောက်ထိုး။
မိုးမင်းသား၊
သူရဇော်။
လူဆိုးကြီး၊
အေးဝတီကြီး၊
ရွှေအိမ်စည်၊
ဆရာမိုးညို၊
ရင်နင့်အောင်၊
သူရဿဝါ, ၊
ရာဇ၀င်လူဆိုး၊
Alpha Vanishing၊
ကိုထက်ဝေး၊
မောင်နာဂရချစ်သူ၊
ကြေးမုံ ဂျီး၊
သုရှင်၊
ခပ်မိုက်မိုက် ကောင်မလေး ၊
ချစ်ရင်ထူး ၊
ကိုလင်းမြွှေ၊
ဖြိုး

~~~~~~~

http://myanmargazette.net/151302   ဒါက ၂၀၁၂ မှာ အရီး တင်ဖူးတဲ့ သန်းခေါင်စာရင်းပါ။  

http://myanmargazette.net/105066   ဒါက ၂၀၁၂မှာပဲ အံစာ ကောက်ထားတဲ့ စာရင်းပါ။

 

ဒီ ပို့(စ) ၂ ခုလုံး ပေးပို့တဲ့ အရီးကို ကျေးဇူးတင်ပါတယ်။

ကျနော့ စာရင်းဟာ ကလောင်နာမည် ဦးစားပေး နဲ့ အက်တစ်ဖြစ်တဲ့ မန်ဘာတွေလောက် ပဲ စုစည်းထားတာမို့
အံစာတို့ အရီးလောက် မစေ့စပ်တာမို့ ဒီ ပို့(စ) လေးတွေကိုပါ အတက်(ချ) လုပ်လိုက်ပါတယ်။

ပို့(စ) ခုလုံးမှာ ကျန်နေတဲ့သူများ မြင်ရင် ကလောင် နာမည် အတွက် အဖြေလေးနဲ့  ကော်မန့်မှာ ပေးသွားပါ။ ကျနော်ပို့(စ) မှာ ထပ်ဖြည့်ပေးပါ့မယ်။

 

ကူညီ စုဆောင်းပေးသော အမတ်မင်း၊ သိကြားမင်း, ကယွဲစည်၊ ကိုဘလက် နဲ့ အောင်မဲလင်း တို့အား ကျေးဇူး အထူးတင်ပါသည်။

:s:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 352 post in this Website..

CJ # 129120