Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေတြိဂံသို့ အလည်တစ်ခေါက် (၁)

weiweiApril 27, 20145min131828

ရွှေတြိဂံသို့ အလည်တစ်ခေါက် (၁)

သင်္ကြန်ပိတ်ရက်မှာ (၉) ညအိပ် (၁၀) ရက်ခရီးစဉ်နဲ့ သွားဖြစ်ခဲ့တဲ့ ရွှေတြိဂံခရီးစဉ်ကို ပို့စ်တင်ဖို့ စိတ်ကူးလိုက်တိုင်း အပျင်းစိတ်က နောက်ကလိုက်လာပါတယ်။ စုတ်ပြတ်နေတဲ့ကော်နက်ရှင်နဲ့ ပြချင်တဲ့ဓါတ်ပုံတွေနဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ တွေးပူမိတာ အကြိမ်ကြိမ်ပဲ။ ခရီးစဉ်ရဲ့ အချိန်အများစုကလဲ ကားပေါ်မှာ ကားစီးရင်းကုန်ခဲ့တာမို့ ပြန်စဉ်းစားလိုက်ရင် အိပ်ပျော်နေတာကိုပဲ ပြန်သတိရမိပြန်တယ်။ ဒါပေမယ့်လဲ မှတ်တမ်းကျန်ခဲ့ချင်လို့ရယ်၊ မရောက်ဖူးသေးတဲ့သူတွေကို ခရီးစဉ်အကြောင်း ပြန်ပြောပြချင်တဲ့အတွက်ရယ် ကြိုးစားပြီး ပို့စ်တင်လိုက်ပါတယ်။
ရန်ကုန်ကနေ တောင်ကြီးအထိတစ်ရက်ကို ချန်ထားခဲ့ပြီး တောင်ကြီးကနေ စထွက်တဲ့အချိန်ကနေပဲ အခုခရီးစဉ်ကို စလိုက်ချင်ပါတယ်။
လိုက်ဖို့ အဆင်သင့်ဖြစ်ကြပြီလား??
တစ်နေကုန် ကားစီးရမှာနော် .. ကားက ၄၁ ခုံပါတယ်။ အဲယားကွန်းပါတယ်။ ကျန်းမာရေးအတွက်ဆိုရင် ခဏရပ်ပေးပါလိမ့်မယ် …

တောင်ကြီးဘက်က စိန်ပန်းပြာ
တောင်ကြီးဘက်က စိန်ပန်းပြာ

တောင်ကြီးကနေ မနက်စောစော ဘုရားဖူးပြီး တာချီလိတ်ခရီးစဉ်ကို စတင်လိုက်ပါတယ်။ တောင်ကြီး-တာချီလိတ် မိုင် ၃၉ဝ ရှိပါတယ်။ တစ်ရက်ထဲ အရောက်မောင်းလို့ မဖြစ်နိုင်တဲ့အတွက် လမ်းခရီးမှာ ညအိပ်ရမှာဖြစ်ပါတယ်။ ဒီနေ့ပို့စ်မှာတော့ တောင်ကြီးကနေထွက်ပြီး ညအိပ်တဲ့ ကွန်ဟိန်းမြို့အထိ လမ်းခရီးပုံတွေနဲ့ ကြုံတွေ့ရတာတွေကို ပြောပြမှာဖြစ်ပါတယ်။

ကျွန်မတို့ ညအိပ်ခဏနားမယ့် ကွန်ဟိန်းမြို့က တောင်ကြီးကနေ ၁၃၂ မိုင် ကွာဝေးပါတယ်။ တောင်ကြီးကနေ နမ့်စန်ကို ၆၅ မိုင်ရှိပါတယ်။ နမ့်စန်မှာနေ့လည်စာစားမယ်လို့ စီစဉ်ထားတဲ့အတွက် တောင်ကြီးကနေ နမ့်စန်ကို အရင်သွားကြရအောင် ..

သွားဖူးပြီးသား တောင်တက်လမ်းတွေမို့လို့ ဘာမှထူးထူးခြားခြား မခံစားရသေးလို့ အိပ်ငိုက်လို့ရတယ်နော် ..

ထမ့်ဆန်းရောက်ပြီ .. အိပ်နေရင် နိုးသွားမှာသေချာပါတယ်…. ကားတွေ ကားတွေ … အများကြီး … ရွှေကြေးစည်အဖွဲ့တစ်ခုထဲက ကားတွေကို ရေတွက်ကြည့်လိုက်တာ တန်းစီရပ်ထားတဲ့ကားကြီး ၁၅ စီးတောင်မှ .. ဓါတ်ပုံရိုက်ဖို့ အဆင်မပြေခဲ့လို့ ဒီအတိုင်းပဲ မှန်းကြည့်လိုက်ကြပါနော် .. တခြားအဖွဲ့တွေလဲ အများကြီးမို့လို့ ဂူထဲမှာက အခြေအနေကိုမှန်းကြည့်တာ အသက်ရှူကြပ်မိတယ် ..

ထမ်းဆန်းဂူ အပေါ်ဘက်တောင်ကစလို့ တောင်တက်လမ်းက ကြောက်စရာကောင်းလာပါပြီ။ တောင်မြင့်လာပြီး အကွေ့တွေများလာလို့ အိပ်ငိုက်နေရာကနေ မျက်လုံးကျယ်သွားပါတော့တယ်။ ဟိုပုံးကိုရင်လေးရဲ့ ရွှေတိဂုံ ပုံတူ စေတီတော်ကို တောင်တက်လမ်းဘက်ကနေ လှမ်းပြီး မြင်တွေ့နေရပါတယ်။

ဟိုပုံးကိုရင်လေးတည်ထားတဲ့ ရွှေတိဂုံပုံတူစေတီတော်
ဟိုပုံးကိုရင်လေးတည်ထားတဲ့ ရွှေတိဂုံပုံတူစေတီတော်
ထီးမတင်ရသေးဘူး ..
ထီးမတင်ရသေးဘူး ..
တောင်ပါတ်လမ်းတွေ
တောင်ပါတ်လမ်းတွေ
လမ်းတွေက အသဲယားစရာ
လမ်းတွေက အသဲယားစရာ
တောင်တွေတက်လို်က်ဆင်းလိုက် ..
တောင်တွေတက်လို်က်ဆင်းလိုက် ..
စမ်းချောင်းရေတွေက ကြည်စိမ်းနေတာပဲ
စမ်းချောင်းရေတွေက ကြည်စိမ်းနေတာပဲ
ဒီလိုမျိုး စိမ်းစိုနေတဲ့နေရာတွေကိုလဲ တွေ့ခဲ့ရတယ်
ဒီလိုမျိုး စိမ်းစိုနေတဲ့နေရာတွေကိုလဲ တွေ့ခဲ့ရတယ်

ကားကြီးတွေအတွက် သွားလာရခက်ခဲပါတယ်။ မောင်းချင်တိုင်း မောင်းလို့မရတော့ဘူး။ တစ်နာရီ ၁၅ မိုင်နှုန်းတောင် အနိုင်အနိုင်နဲ့ ရှမ်းပြည်တောင်ပိုင်းက ရှမ်းတောင်တန်းတွေပေါ်မှာ တရွေ့ရွေ့ သွားနေရပါတယ်။ ပါတ်ဝန်းကျင်က အရောင်ပြောင်းလာတယ်။ မြေကြီးတွေ နီရဲပြီး သစ်ပင်တွေကစိမ်းစိမ်းစိုစို၊ ဧပြီလပေမယ့် ရာသီဥတုက အေးမြမြ၊ တောင်လေက လတ်လတ်ဆတ်ဆတ် …

ဘယ်ကိုကြည့်ကြည့် တောင်တန်းတွေ
ဘယ်ကိုကြည့်ကြည့် တောင်တန်းတွေ
မြေကြီးနီနီ ..
မြေကြီးနီနီ ..
ရွာကလေးက နေချင်စရာ
ရွာကလေးက နေချင်စရာ
ဘာတွေများ စိုက်ပျိုးထားပါလိမ့် .
ဘာတွေများ စိုက်ပျိုးထားပါလိမ့် .

နေ့လည် ၁၂ နာရီလောက်မှာ တော်တော်လေးဗိုက်ဆာလာပြီဆိုတော့ နမ့်ဆန်ကို ရောက်နိုးရောက်နိုးနဲ့ မိုင်တိုင်တွေကြည့်ရင်း ငေးလာခဲ့တယ်။

မိုင်းပွန်မြို့ထဲမှာ သင်္ကြန်ရေကစားနေတာ အေးအေးဆေးဆေးပဲ ..
မိုင်းပွန်မြို့ထဲမှာ သင်္ကြန်ရေကစားနေတာ အေးအေးဆေးဆေးပဲ ..

နေ့လည် ၁ နာရီထိုးခါနီးမှ နမ့်ဆန်ကို ရောက်ပါတယ်။ မြို့ထဲမှာရှိတဲ့ You & Me စားသောက်ဆိုင်မှာ နေ့လည်စာ စားကြတယ်။ ကားကြီး ၂ စီး၊ လူ ၉ဝ လောက်ဆိုတော့ ကြိုမှာထားလို့သာ အဆင်ပြေခဲ့တာပေါ့။ ဖုန်းလိုင်းတွေကတော့ မြို့နယ်နမိတ်တွေမှာ မိပေမယ့် တောင်ကြားတွေမှာတော့ လိုင်းမမိဘူး။ လိုင်းမိတဲ့နေရာရောက်ရင် အရမ်းသိသာတယ်။ ကားပေါ်မှာ ဖုန်းပြောသံ၊ ဖုန်းခေါ်သံတွေ၊ တောင်တောင် တီတီ မက်စေ့ချ်သံတွေ ကြားရလိမ့်မယ်။

You & Me စားသောက်ဆိုင်ရှေ့မှာ
You & Me စားသောက်ဆိုင်ရှေ့မှာ
ကောင်းကောင်း မကောင်းကောင်း ဗိုက်ပြည့်အောင်ဖြည့်ထားမှ ..
ကောင်းကောင်း မကောင်းကောင်း ဗိုက်ပြည့်အောင်ဖြည့်ထားမှ ..

နယ်မြို့ သေးသေးလေးဆိုတော့ အစားအသောက်လက်ရာ သိပ်မကောင်းဘူး။ လူအရမ်းများလို့ ဟင်းပွဲတွေမှာလဲ လျော့ထည့်ပေးလိုက်ပုံရတယ်။ ရ ယောက် တစ်ဝိုင်းစားရတာမို့ ဟင်းနဲနေတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဝအောင်စားထားမှဖြစ်မယ်။ ညနေဘယ်အချိန်မှ ညနေစာစားရမလဲ မသေချာသေးဘူးလေ …

စားသောက်ပြီး ခရီးဆက်ခဲ့ကြပါတယ်။ နမ့်စန်ကနေ ညအိပ်မယ့် ကုန်ဟိန်းမြို့အထိ ၆ရ မိုင်တဲ့ ..
တစ်မနက်ခင်းလုံး ၆၅ မိုင်ခရီးကို စီးပြီးပြီဆိုတော့ ဘယ်လောက်ထပ်ကြာမလဲ မှန်းလို့ရပြီမို့လို့ စိတ်အေးအေးထားပြီး အိပ်ငိုက်ရင်း လိုက်ပါလာခဲ့တယ်။

ရှမ်းပြည်အရှေ့ပိုင်းပို ဦးတည်ပြီး သွားနေပေမယ့် အခုအထိ ရှမ်းပြည်တောင်ပိုင်းမှာပဲ ရှိနေပါသေးတယ်။ ကုန်ဟိန်းမြို့ကလေဲ ရှမ်းပြည်တောင်ပိုင်းမှာလဲ ရှိသေးတယ်တဲ့။ ကုန်ဟိန်းဆိုတာ ရှမ်းလိုခေါ်တာဖြစ်ပြီး အဓိပါယ်က ကျွန်းတစ်ထောင်မြို့တဲ့လေ။ ကျွန်းဆိုတာက Island ကို ပြောတာ။ မြစ်ထဲမှာ ကျွန်းလေးတွေပေါ်နေတာ စုစုပေါင်း တစ်ထောင်ရှိတယ်လို့ပြောတယ်။ တံတားပေါ်ကနေလှမ်းကြည့်ရင်တော့ နဲနဲပဲ မြင်ရတယ်။

မောင်းပြီးရင်းမောင်း ပဲ ...
မောင်းပြီးရင်းမောင်း ပဲ …
တည်းခိုခန်း ရောက်ပါပြီ ..
တည်းခိုခန်း ရောက်ပါပြီ ..

ညနေ ၅ နာရီလောက် ကုန်ဟိန်းမြို့ကို ရောက်ခဲ့တယ်။ မြို့ထဲမှာ နံမည်အကောင်းဆုံး ရွှေတောင်တန်း တည်းခိုခန်းနဲ့ စားသောက်ဆိုင်မှာ ညအိပ်မယ်။ ညနေစာလဲ စားမယ်တဲ့။ တည်းခိုခန်းတွေက သေးသေးလေးတွေမို့လို့ ကား ၂ စီးက လူအားလုံးအတွက် နေရာ ၃ နေရာခွဲပြီး တည်းခဲ့ရတယ်။ အခန်းကျဉ်းလေးတွေမို့လို့ လိုအပ်သလောက်ပဲ ကားပေါ်ကချပြီး ရေချိုးကြရတယ်။ ကြည်စိမ်းနေတဲ့ရေနဲ့ရေချိုးရတာ လန်းဆန်းသွားပါတယ်။
ထူးခြားတာကတော့ ညနေစာပဲ။ ထမင်းကြော်၊ ထမင်းပေါင်း၊ ခေါက်ဆွဲကြော် ၃ မျိုးထဲက ကြိုက်တာမှာနိုင်တယ်ပြောလို့ စားဖို့အရင်မှာပြီးမှ ရေချိုး၊ လမ်းလျှောက်၊ ပြန်လာ၊ ထိုင်စောင့်၊ အူခေါက်အောင် ဗိုက်ဆာပြီး ည ၈ နာရီနီးမှ စားလို့ရခဲ့တဲ့ စားသောက်ဆိုင် .. ကမ္ဘာပေါ်မှာ အကြာဆုံး စောင့်စားရတဲ့ စံချိန်တင်ရမယ့် ညနေစာပေါ့ ..

ကုန်ဟိန်းတံတား နေဝင်ချိန်
ကုန်ဟိန်းတံတား နေဝင်ချိန်

ညဘက်အိပ်တဲ့အခါ ရာသီဥတု တော်တော်လေးအေးလာပါတယ်။ တည်းခိုခန်းက ပေးထားတဲ့ စောင်ထူထူကြီးတွေကို မခြုံချင်ပေမယ့် မတတ်သာတဲ့အခါမှာတော့ ခြုံလိုက်ရတယ်။ ခြင်မရှိလို့တော်သေးတယ်။

မနက်မိုးလင်းတော့ အနီးအနားလမ်းလျှောက်ရင်း ကုန်ဟိန်းတံတားကနေ ကျွန်းလေးတွေကို ဓါတ်ပုံရိုက်ခဲ့သေးတယ်။

မနက်ခင်း မြူတွေကြားထဲမှာ စေတီတစ်ဆူ ..
မနက်ခင်း မြူတွေကြားထဲမှာ စေတီတစ်ဆူ ..
ကျွန်းဆိုတာ အဲဒါမျိုးကိုပြောတာ .. သူ့ထက် သေးတာလဲရှိတယ် ..
ကျွန်းဆိုတာ အဲဒါမျိုးကိုပြောတာ .. သူ့ထက် သေးတာလဲရှိတယ် ..
ကျွန်းလေးတွေ
ကျွန်းလေးတွေ

ပုံတွေလဲများနေပြီ .. မောလဲမောနေပြီမို့ ဒီမှာ ခဏနားအုန်းမယ် ..

ကုန်ဟိန်းကနေ ကျိုင်းတုံကို ခရီးဆက်ဖို့ ရှိသေးတာမို့လို့ အားမွေးလိုက်ကြပါအုန်း …

28 comments

  • weiwei

    April 27, 2014 at 8:51 pm

    လမ်းခရီးပုံအားလုံးက ကားပေါ်ကနေ ကားသွားနေရင်းရိုက်ခဲ့ရတာမို့လို့ လှုပ်ရှားမှုရယ်၊ ခပ်ဝါးဝါးကားမှန်ရယ် ခံထားလို့ မှုန်တုန်တုန်ဖြစ်နေတာကိုတော့ သီးခံပေးကြပါ ..

  • padonmar

    April 27, 2014 at 10:31 pm

    လိုက်ဖို့ အဆင်သင့်။
    စိန်ပန်းပြာက လှလိုက်တာ။

  • TNA

    April 27, 2014 at 10:47 pm

    အောင်မယ်လေးဗိုက်ဆာလိုက်တာ အဲ့ဟုတ်ပေါင် လှလိုက်တဲ့ရှု့ခင်းတွေပါမဝေရေ။ ကိုယ်ကိုတိုင်ရောက်နိုင် ဖို့ခက်ခဲတဲ့နေရာမို့ မဝေနဲ့သေချာလိုက်နေပါတယ်။ စိန်ပန်းပြာမြင်တော့ ငယ်ဘဝလေးတွေလွမ်းမိပါသေး တယ်။ နာမည်တွေအကုန်ကြားဖူးနေပြီး တခါမှမမြင်ဖူးတဲ့မြို့တွေမို့ ကျေးဇူးပါ။ နောက်နေ့တွေလဲလိုက်ပါ အုံးမယ်။

    • weiwei

      April 27, 2014 at 11:02 pm

      ဒီက ကော်နက်ရှင်နဲ့ နောက်တစ်ပိုင်းတင်ဖို့ အရှိန်ယူရအုန်းမယ် ..
      သင်္ကြန်ရက်လို အရမ်းပူတဲ့အချိန်မှာ ရှမ်းပြည်ဘက် ခရီးထွက်ရတာ အရမ်းကောင်းပါတယ် .
      သဘာဝအလှအပတွေက စာနဲ့လဲ မဖော်ပြနိုင်၊ ဓါတ်ပုံနဲ့လဲ မပြနိုင်ပါဘူး ..
      အတတ်နိုင်ဆုံး ရသလောက်ပုံလေးနဲ့ ဖော်ပြရတာ အားမရဘူး ..

    • weiwei

      April 27, 2014 at 11:14 pm

      ကိုပေါက်တို့ ဓါတ်သေဆရာတွေကို အားကျနေရတာပါ ..
      ကျွန်မ ဓါတ်ပုံတွေက လက်ရာတက်မလာပဲ ဒီအတိုင်းပဲ ရပ်နေတာကြာပြီ ..
      ခရီးတွေလဲ ထပ်နေပြီ ..

  • ဦးကြောင်ကြီး

    April 28, 2014 at 8:14 am

    မတရားမှာ ပျော်မွေ့နေသလော အမ်တီဝေ…

  • ကေဇီ

    April 28, 2014 at 8:17 am

    ဟယ်။ ဝေ။
    သွားနိုင်တယ်တော့။

    ရာသီ မှုံမှိုင်းမှိုင်းလေးနဲ့ လွမ်းစရာ။

    ခရီးသွားဖို့က
    ဆောင်းပါးရေးတတ်ရင်ရယ် ဓာတ်ပုံရိုက်တတ်ရင်ရယ် ပို ပျော်စရာကောင်းတယ်နော်။

    ဟင့်။
    သများကလေ အဲလို လမ်းတွေ အင်မတန်ကြောက်တာ။
    ခရီးထွက်ဖို့ဆို အစား စားဖို့လောက် မတက်ကြွ။
    အပျင်းကလည်းကြီးသေးးး

    😀

  • ကထူးဆန်း

    April 28, 2014 at 9:00 am

    ကျေးဇူးအကြီးကြီးပါ မဝေ။
    လမ်းဆိုးတယ်ဆိုပြီး သွားဖို့ မစဉ်းစားထားတာ ..ကျိုင်းတုံ ကို သွားဖို့ ကိစ္စရှိတာကို
    လေယာဉ်နဲ့လည်း မသွားချင်လို့ ရွှေ့ထားတာ နှစ်ချီနေပါပြီ .. အခုတော့လည်း လမ်းတွေကြည့် ရတာ ကောင်းပုံဘဲ ..
    ကုန်းဟိန်းကိုလည်း ကြည့်ရတာ ချစ်စရာ ။
    မြေကြီးနီနီ ကတော့ကြည့်ချင်ဘူး … မြန်မာပြည်တနံတလျား လမ်းဘေးကြည့်လိုက်ရင် ချစ်စရာမြေကြီးနီနီ မတွေ့ဘဲ .. ကျွတ်ကျွတ်အိတ်တွေ ..သဘာဝ မဟုတ်တဲ့ အမှိုက်တွေဘဲ တွေ့လွန်းလို့ …

    • weiwei

      April 28, 2014 at 10:07 am

      ကားအသေးနဲ့သွားရင် အဆင်ပြေပါတယ် .. လမ်းကကျဉ်းပြီး အကွေ့များလွန်းတော့ ကားကြီးနဲ့ကျတော့ ခရီးသိပ်မတွင်ဘူး ..
      တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လိုင်းကားတွေက စူပါကာစတန်တွေသုံးကြတာများတယ် ..
      ကွန်ဟိန်းကနေ မိုင် ၃ဝ လောက်မှာ သံလွင်တံတားတစ်ခုရှိတယ် .. အဲဒီတံတားက ညနေ ၆ နာရီပိတ်တယ် .. အဲဒီတံတားကြောင့် ကွန်ဟိန်းမှာ အိပ်ရတာ ..

  • kyeemite

    April 28, 2014 at 10:05 am

    အင်း..ရှမ်းတောင်တန်းတွေလည်း ကတုံးနီးပါး ပါပဲလေ…

    • weiwei

      April 28, 2014 at 10:11 am

      ကုတုံးတုံးပြီး ရော်ဘာစိုက်နေတာလဲ တွေ့ခဲ့ရပါတယ် ..

  • ဦးဦးပါလေရာ

    April 28, 2014 at 10:14 am

    တော်ရုံနဲ့ သွားဖြစ်ဖို့မလွယ်တဲ့ ခရီးမျိုးပဲ ….
    သွားတဲ့ ကားလိုင်း ၊ စားရိတ် နဲ့ ဈေးနှုံးတွေပါ ထည့်ရေးရင် ပိုပြည့်စုံသွားမယ်လို့ ထင်မိတယ်..။

    • weiwei

      April 28, 2014 at 10:27 am

      ခရီးသွား tour အဖွဲ့နဲ့ လိုက်သွားခဲ့တာပါပဲ …
      နောက်ဆုံးအပိုင်းကျမှပဲ ဈေးနှုန်းနဲ့ ကုမ္ပဏီကို ဖော်ပြမယ် စိတ်ကူးတယ် ..

  • Ma Ei

    April 28, 2014 at 10:19 am

    တောင်ကြီး ထန်စမ်းဂူထိဘဲ ရောက်ဖူးတာမို့
    ဟိုဘက် မရောက်ဖူးသေးတဲ့ခရီးကို ဝေဝေရဲ့ ဓာတ်ပုံတွေနဲ့
    စိတ်ကူးထဲက ခရီးစဉ် ဆက်လိုက်ခဲ့ပြီ…
    မြူနှင်းလေးတွေထဲက ကျွန်းလေးတွေလှနေလိုက်တာ…

    • weiwei

      April 28, 2014 at 10:30 am

      ထမ့်ဆန်းအထိ ရောက်ဖူးတဲ့သူများလို့ ခရီးစဉ်ကို အဲဒီကနေ စလိုက်တာ ..
      အတူလိုက်ဖို့ အဖော်တွေများလာပြီမို့လို့ ဒီနေ့ ကော်နက်ရှင်ကိုကြည့်ပြီး နောက်တစ်ရက် ခရီးစဉ် ဆက်ပါအုန်းမယ် …

  • Wow

    April 28, 2014 at 11:31 am

    ရှမ်းပြည်ခရီးက ဘယ်အချိန်သွားသွား ကြည်နှုးစရာ 🙂

  • Crystalline

    April 28, 2014 at 12:47 pm

    ၆ရမိုင်ကို နေ့တစ်ဝက်ကျော်မောင်းရတာပေါ့နော်…. မဝေသတ္တိကောင်းတယ်.. ကားကြီးနဲ့များ အဲ့လမ်းတွေ သွားရဲတာ… အိမ်လေးတွေကိုတွေ့တော့ ရှမ်းပြည်မှာ နေဖူးခဲ့တာကို သတိရသွားတယ်… အခုအချိန် အဲဒီဖက်မှာ သွားနေချင်မိတယ်…

    • weiwei

      April 28, 2014 at 4:06 pm

      တာချီလိတ်အထိ စီးပြီးချိန်မှာ လေယာဉ်ပျံနဲ့ ပြန်ချင်တဲ့သူတွေ များသွားပါတယ် ..
      ဒါပေမယ့် လေယာဉ်က တာချီလိတ်-ရန်ကုန် တစ်သိန်းတစ်သောင်းဖြစ်ပြီး ရက်အနဲငယ်ကြိုဝယ်ရမယ်တဲ့ ..

  • အ တည် ပြော ပြီ မ ဝေ ရေ

    အဲ ဒီ လမ်း ကို သွား ရ မယ် သွား ရ မယ် ပြော ပြီး တစ် ခါ မှ မ ရောက် ခဲ့ တာ။

    ရောက် ဘူး သူ က လဲ လှ တယ် ပြော တော့ ပို သွား ချင် ခဲ့ မိ တယ်။

    အခု တော့ မ ဝေ ပုံ တွေ နဲ့ ဘဲ လော လော ဆယ် ကျေ နပ် ထား အုံး မယ်

  • lu lu

    April 28, 2014 at 5:42 pm

    ဝါသနာ တူ တွေ တောင်ကြီးများရောက် ခဲ့ရင် အလည်လာခဲ့ဖို ့
    ဖိတ်ခေါ်ပါတယ် လုလု ကအခု တောင်ကြီးမှာစခန်း ချနေသူပါ
    အင်းလေး ၊ပင်းသယ လိုက်ပို ့ပေးပါမယ်
    ကက်ကူ ၊ထမ်ဆန်းဂူ အ ရောက် ပို ့ပေးမယ်
    တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပွဲလည်း လာကြည့်စေချင် ပါတယ်

    • Ma Ma

      April 28, 2014 at 8:10 pm

      လုလုရေ-
      မှတ်ထားလိုက်ပြီနော်။ :mrgreen:

      ဝေဝေ ကားပေါ်က ရိုက်တဲ့ပုံတွေကြည့်ပြီး အားကျလို့ ခရီးသွားရင် ကားပေါ်ကရိုက်တယ်။
      ပြန်ကြည့်ရင်တစ်ပုံမှ သုံးလို့ မရဘူး။ 🙁

      • weiwei

        April 28, 2014 at 9:15 pm

        ကားလှုပ်တဲ့အတိုင်း လက်ကိုပါလှုပ်ပေးနိုင်ရင် ကြည်ကြည်လင်လင်ထွက်ပါတယ် ..
        ကျွန်မက အလေ့အကျင့်တော်တော်များနေလို့ အဆင်ပြေနေတာ ..
        တရုတ်ပြည်ထဲက လျှပ်တစ်ပြတ်ရိုက်ချက်တွေနဲ့ ရွာထဲရောက်ခဲ့တာ သတိရမိသေးတယ် ..
        ၄ နှစ်တောင်ပြည့်တော့မယ် ..

  • nozomi

    April 29, 2014 at 8:47 am

    အားကျလိုက်တာ
    ခရီးစဉ်မှာ အတူလိုက်နေပါတယ်
    ဖုံးနဲ့မို့ နောက်မှ ရှည်ရှည် မန့်တော့မယ်

  • Mr. MarGa

    April 29, 2014 at 11:44 am

    နောက်ကျသွားတယ်ဗျို့ ခုံတစ်နေရာစာကျန်သေးရဲ့လား
    မကျန်လဲ အလယ်လိုင်းကနေ လိုက်လာတယ်ဗျာ
    အဲဒီကျွန်းတွေရှိတာ ဘာမြစ်လဲဗျ သံလွင်လားဟင်

  • black chaw

    July 24, 2014 at 8:14 pm

    အစ က ပြန်ဖတ်နေပါတယ်ဗျို့။
    ထမင်းပွဲဟင်းပွဲတွေကြည့်ပြီး ဗိုက်တောင် ဆာသွားတယ်။
    😀

  • ခင် ခ

    July 24, 2014 at 10:59 pm

    ကားသွားရင်းနဲ့ရိုက်တာကို မိုးမှောင်နေတာလားဆိုပြီးပုံတွေကြည့်တုန်းထင်မိတာလေ

Leave a Reply