ကိုယ်​​ရေးကိုယ်​တာ မီး​တောက်​​လောက်​နဲ့
မီးလှန့်​ ဥဩသံ ဆွဲချရမလား
ဖော်​ကျူးမှုအတတ်​ပညာဆိုတာ
မိန်းမတစ်​​ယောက်​​ရေးရမယ့်
စိတ်ဆယ့်​နှစ်​ကြိုးမဟုတ်ဘူး
ညအခါလာသာသာက
ငှက်​တစ်​​ကောင်​ရဲ့
ခေါက်​ပြန်​​ပေး ၀မ်း​ကျောင်းမှုကို
အရသာခံ ​ဗိုင်းငင်​​နေပုံများ
ကြော်​ငြာစာသားနဲ့တင်​သိရပြီ
လောင်​ပါ
ဒီစကားအတွက်​နဲ့
ငါ့ကို ​လှောင်​ချင်​လည်း​လှောင်​ပါ
ကိုယ့်​အကြိုက်​နဲ့ကိုယ်
ကာမဂုဏ်​မှာ
လောင်​ချင်​သ​လောက်​​လောင်​ပါ
ဖြာကျပြီးရင်​​တော့
ပြာတစ်​စအဖြစ်
ကိုယ်​ပိုင်​ဇ​တွေဟာ
အ​ငွေ့​တောင်​ထွက်​ချိန်​မရ​တော့ဘူး
ငရဲဆိုတာ
လူငယ်​​တွေ​ပြော​ပြော​နေတဲ့
၉ ​လောက်​ရှိတဲ့ အသည်းကလာတာ
ဇရှိရင်​​တော့
သူ​ဌေးသားဖြစ်​ဖို့ မလိုအပ်​ပါဘူး
တစ်​ခုပဲ
ဓာတ်​လိုက်​ပြီဆိုမှ
ပလပ်​ခေါင်းဆွဲဖြုတ်​လို့မရဘူးဆိုတာ
ကိုစစ်

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014