Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုအလင်းဆက်ရဲ့ ရွာ့အရေး အဆက်…

Kaung Kin PyarMay 3, 20141min88837

အမှန်က ကိုအလင်းဆက်ရေးတဲ့ ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးရအောင် ပိုစ့်အောက်မှာ ဝင်မေးရမယ့် မေးခွန်းတစ်ခုပါ…။ ဒါပေမယ့် ရေးရင်းရေးရင်း ပြောချင်တာရှည်သွားတာမို့ ပို့စ်တစ်ခု သတ်သတ်ခွဲထုတ်လိုက်တာပါ….

ကောင်းကင်ပြာ မေးချင်တာက….

” Gay စိတ်ပေါက်ချင်ချင်ဖြစ်နေတဲ့ ယောကျာင်္းလေးတစ်ယောက်ကို ပြန်ပြီး ယောကျာင်္းပီပီသသ ဖြစ်လာအောင် ထိန်းလို့ ရနိုင်သေးလား..၊ ဘယ်လိုနည်းမျိုး သုံးရင် အဆင်ပြေနိုင်မယ် ထင်ပါသလဲ..? ” အဟဲ..

ကောင်းကင်ပြာတို့ အမျိုးမှာ ယောကျာင်္းလေး နည်းပါတယ်…။

ဟိုဘက်ဒီဘက် ပြေးကြည့်ပါမှ အမေ့ဘက်က အကိုဝမ်းကွဲတစ်ယောက်ရယ် ရှိတာပါ..။ ငယ်ငယ်က သိခဲ့တာပေါ့လေ…

အကိုဝမ်းကွဲကတော့ ငယ်ကတည်းက အမျိုး အချစ်တော်ကြီးပေါ့လေ…။ သားဖြိုးကြီး သားဖြိုးကြီးနဲ့ကို နေတာပါ…။

အမေဆိုလဲ အဲ့ဒီအကိုကို ချစ်လိုက်တာမှ…။ ပြီး ရှိသေးတယ်..။  မြန်မာဗွီဒီယိုကားလေးများ မကြည့်လိုက်နဲ့… ။ ဇာတ်ကားထဲမှာ မင်းသားကများ သားလိမ္မာလေးဖြစ်နေရင် ငါ့သားလေးဖြစ်လိုက် ဘယ်လောက်ကောင်းမလဲ နဲ့ကို ဖြစ်ဖြစ်နေတာရယ်…။ အမိဝမ်းတွင်းပါ လိမ္မာလာတဲ့ ကောင်းကင်ပြာတို့ ညီအစ်မနှစ်ယောက်ကို ဘယ်ညာရံပြီး ခုလို ပြောတာကတော့ ရင်ခံမိပေါ့…။ ဒါပေသည့်ပေါ့လေ…အကျယ်အကျယ်မငြိမ်းဖွယ်တွေ မဖြစ်ချင်တော့လဲ အမေ့ကို ညီအစ်မ ၂ ယောက် မျက်စောင်းထိုး၊ အမေက မသိချင်ယောင်ဆောင်နဲ့ပဲ ပြီးခဲ့တာပါပဲ…။

ဝမ်းကွဲအစ်ကိုတော်ကတော့ အစ်မ၊ ညီမတွေကြား နေခဲ့ပေမယ့် ယောကျာင်္းပီပီသသပါပဲ..။ ချောလဲ ချောတယ်..။ ငယ်ငယ်က အဲ့ဒီအကိုနဲ့ ကျောင်းအတူတက်ခဲ့သေးလို့ ကျောင်းမှာ ဒီအကိုမျက်နှာကောင်းမှု အကြောင်းပြုပြီး မမကြီးတွေဆီက နေ့တွက်စည်ခဲ့တာလဲ မှတ်မိသေးတယ်..။ (သတင်းရောင်းတာတော့ နည်းနည်းပါတာပေါ့လေ…)

အကိုက ခုတော့ မိန်းမရသွားပါပြီ…။ အကို့မိဘတွေတော့ မသိပေမယ့် ကောင်းကင်ပြာတို့ ညီအစ်မတွေကတော့ ဒီအကို့မျက်နှာကြီးကို တခြားတစ်ယောက်ဆီ တရားဝင်ပေးလိုက်ရတော့လဲ အတော်နှမြောစိတ်ဖြစ်လိုက်မိသေးတယ်…။ သူရို့ မင်္ဂလာဆောင်က ဒါ့ပုံတွေတောင် ဖွဘုတ်မှာ တင်လိုက်သေးရဲ့…။ နှမြောတသတွေ ရွတ်ရွတ်ပြီးတော့ပဲ….

ခုပြောချင်တာက မောင်လေး ဝမ်းကွဲပါ…။ အဖေ့ဘက်က…..။ အဖေ့အမျိုး့တွေနဲ့က သိပ်မရင်းနှီး၊ သူရို့ကလဲ မန်းလေးမှာ နေလေတော့ မတွေ့ဖြစ်။ အဲ့မောင်လေး ရှိတယ်ဆိုတာကို ကောင်းကင်ပြာ အသက် ၂ရ နှစ်၊ သူ ၈ တန်းကျောင်းသားဖြစ်မှ သိတာရယ်…။ ထားပါတော့….။ မန်းလေးက အဖေ့အကို ဘကြီးတို့ ရန်ကုန်လာလည်ကြမယ်ပေါ့…။ သားလေးလဲ ပါမယ်ပေါ့…။ အမေကတော့ ထုံးစံမပျက် သားလေး သားလေးပေါ့…။ ဟွန့်….လိမ္မာလို့၊ စာတော်လို့၊ အားကိုးရလို့…ဒါတွေထက် သားယောကျာင်္းလေးမို့ ဆိုတာကတော့ ကောင်းကင်ပြာတို့ ညီအစ်မတွေ နည်းနည်းတမျိုးတော့ ဖြစ်တယ်…။ ဒါပေသည့် ကောင်းကင်ပြာ ချစ်ပါတယ်..။ ကိုယ့်မောင်လေးပဲလေ နော့…။

သူလာမယ်ဆိုတော့ ကောင်းကင်ပြာတို့ ညီအစ်မတွေ ဘယ်လိုလေးလဲပေါ့…ဘာလေးလဲ…၈တန်းကျောင်းသား ကောင်လေးတစ်ယောက်ဆိုတာ။ မျောက်လောင်းလေးလားပေါ့…။  ဒီတော့ ဒီကောင်လေးပျော်အောင် ဘာတွေ ပြင်ဆင်ရင် ကောင်းမလဲတို့ ဘာတို့ပေါ့လေ…။ ဘာမျိုးလေးတွေ ကြိုက်တတ်သလဲ၊ ဘယ်လိုများ ဆော့ချင်မလဲ..။  ညီအစ်မ ၂ ယောက် ထုတ်မပြောပေမယ့်လဲ ဒါမျိုးလေးတွေးတွေးပြီး ကောင်းမယ်ထင်တာလေးတွေ ပြင်ဆင်ကြည့်ပေါ့…။ အဟဲ…ဒါပေမယ့်လဲ ပထမဆုံးပြင်ဆင်လိုက်တာကတော့ ကွဲနိုင်ရှနိုင် ကိုယ် အမြတ်တနိုးထားတဲ့ပစ္စည်းလေးတွေ အရင် စ သိမ်းတာပဲ…။

ပြီးတော့ ကောင်းကင်ပြာတို့ဆီမှာ သေနတ်လေးတွေ ရှိသေးတယ်..။ အဖေက ငယ်ငယ်ကတည်းက ကောင်းကင်ပြာတို့ကို ဝယ်ပေးလိုက်ရင် Remote နဲ့ သွားတဲ့ ကားလေးတွေ၊ အိမ်ဆောက်ရတာလေးတွေ၊ သေနတ်တွေ၊ အရုပ်ဆက်ရတာလေးတွေပဲ ဝယ်ဝယ်ပေးတယ်…။ အဖေဝယ်ပေးတဲ့ထဲက ခလုတ်ညှစ်လိုက်ရင် ဒက်ဒက်ဒက်ဒက် မြည်တဲ့ သေနတ်လေးတစ်လက် ကျန်သေးတယ်..။ ပြီးတော့ ကောင်းကင်ပြာတို့ သင်္ကြန်တွင်းဝယ်လိုက်တဲ့ ရေသေနတ်ကြီး ၂ လက်ရှိသေးတယ်..။ အဲ့ဒီသေနတ်ကလဲ ကောင်းကင်ပြာတို့ ညီအစ်မတွေ ပျင်းရင် ကြီးခေါင်ကြီးမားနဲ့ အိမ်ပတ်ပြီး သေနတ်ပစ်တိုင်း ဆော့ကြသေးတယ်…။ သေနတ်က အမြဲ ပုရွက်ဆိတ်တက်တယ်..။ ရေထည့်ရတဲ့ထဲမှာ ကောင်းကင်ပြာတို့က ရေမထည့်ဘူးရယ်..။ အငယ်မက သူ့ကို ကောင်းကင်ပြာ ပစ်လို့မှန်ရင်လဲ ညစ်တတ်လို့ အဲ့ထဲကို အရောင်ပါတာထည့်ပြီး ပစ်တယ်..။ ဆေးအရောင်တွေ ကုန်ရင် ဇီးဖျော်ရည်တွေ လိမ္မော်ရည်တွေလဲ ဖြစ်တတ်သေးတယ်…။ အဲ့ဒါလေး သေချာ တိုက်ချွတ် ဆေးကြောပေါ့…။ လူက ၃ ယောက်၊ သေနတ်က ၃ လက်၊ ကွက်စတိပဲ….

မောင်လေးက ရောက်လာပါရော….။

အဲ ငြိမ်သားရယ်…။ ဒင်းလေးက ကောင်းကင်ပြာတို့ထက်တောင် ဗိုင်းကောင်းကျောက်ဖိနေသေးတယ်…။ သားကလဲ ဒီတစ်ယောက်ပဲ…။ တစ်ဦးတည်းသောသား၊ အစ်မမရှိ၊ ညီမမရှိရယ်…။

ဟင်းထည့်စားချင်တောင် သူ့အမေကို အမေသားကို ဟိုဟင်းလေး ထည့်ပေးပါ….အဲ့လို…။ ညီအစ်မ ၂ ယောက် မျက်စပစ်၊ ၈ တန်းကျောင်းသား ယောကျာင်္းလေးဆိုတာ အဲ့ဒါမျိုးလေးလားပေါ့….။ အင်းးးးစိမ်းနေသေးလို့ ဖြစ်မှာပါလေ…..။

နည်းနည်း ရင်းနှီးသွားတော့ သူ စိတ်ဝင်စားတာ သေနတ်တွေထက် မှန်တင်ခုံဖြစ်နေတယ်…။ မှန်တင်ခုံကိုသွား…အငယ်မဝယ်ထားသမျှ အလှပြင်ပစ္စည်းတွေကို ဟိုကြည့်ဒီကြည့်၊ စမ်းလူးကြည့်….

ဟင် ဘယ်လိုကြီးလဲ…….. သိပ်တော့ မသင်္ကာချင်တော့….. ဒါနဲ့ပဲ ကွန်ဖမ်းလိုက်ကြရအောင်လို့  ညီအစ်မ ၂ ယောက်တိုင်ပင်ပြီး……

အဲ့ဒါနဲ့ပဲ ညီအစ်မ ၂ ယောက် ရောက်တုန်းရောက်ခိုက်ဆိုပြီး မောင်လေးကို အပြင်ခေါ်ထုတ်ကြတယ်…။ သူတို့ မန်းလေးမှာ မရှိတဲ့ ရေခဲကမ္ဘာဆိုတာ လိုက်ပို့မယ်ပေါ့…။ သူလေးကလဲ လိုလိုချင်ချင်ပါပဲ…။ လိုက်မယ်ပေါ့…။ ဒါနဲ့ အစ်မ ၂ ယောက်က တွေ့ရာ ကောက်ဝတ် ပြီးပြီ။ ဒင်းလေးက မပြီးနိုင် မစီးနိုင်…။

ဒါနဲ့ပဲ ရေခဲကမ္ဘာကို ရောက်သွားရော ဆိုပါတော့….

ဟိုလဲ ရောက်ရော…ညီမ ၂ ယောက် ခေါင်းချင်းဆိုင်၊ ကဲ ဘယ်လိုငိုမလဲ ဘယ်လောက်ငိုမလဲ သိချင်တယ်ဆိုပြီး သူတို့ ရေခဲကမ္ဘာထဲက တစ်နေရာကို ခေါ်သွားတယ်…။ အဲ့ဒီနေရာက ဘောကွင်းတွေနဲ့ အပေါ်က လျှောဆင်းတဲ့ နေရာပါ….။ သူ့ခမျာ ဒူးလေး တတုန်တုန်နဲ့ ပါရှာပါတယ်…။ အပေါ်လဲရောက်ရော ဘောကွင်းပေါ်သူမထိုင်ရသေးခင်မှာပဲ ညီအစ်မ ၂ ယောက် မျက်စ ပစ်ပြီး တစ်ယောက်က ခြေထိုးခံ၊ နောက်တစ်ယောက်က ဆောင့်ကန် ချလိုက်တာ…သူ ဘောမစီးရဘဲ လျှောပြီး အောက်ကျသွားပါလေရော…။

အမှန်က ကန်လိုက်တာ ခြေစလက်စ လေးနဲ့ပါ…။ သူ့မိဘတွေကို ဟိုကြော်ငြာထဲက သေသွားတဲ့ ကိုသားကြီး ပြောခဲ့သလို…” ချစ်လို့ကျီစယ် သေသွားတယ်  ဘာဖြစ်လဲ၊ ဘာဖြစ်လဲ” လို့ သွားပြောလို့မှ မရတာ…။ ပြီးတော့ ကိုယ့်မောင်လေးပဲ လေနော်… ။ သူသိပ်တော့မနာလောက်ပါဘူး….( ကိုယ်မှ မခံရတာ :D)။ ကောင်းကင်ပြာတို့ ညီအစ်မ ၂ ယောက်က သူ့မျက်နှာလေးသေချာကြည့်.. ဘာလိုလေးများ ပြောင်းလဲမလဲပေါ့။ ဒါလေးလိုချင်လို့ ဒီလိုလုပ်ခဲ့တာပဲကိုး….နော်..။ ဒီယုန်မြင်ဖို့ ဒီခြုံထွင်ထားတာ..။ ကိုယ်တော်ချောလေးက ခဏတော့ ကြောင်သွားသေးတယ်…။ ပြီးတော့ မျက်ရည်လေးတွေ ဝို်င်းဝိုင်းလာပြီး ငိုပါလေရော…။ ခြေလေး ဆောင့်ဆောင့်ပြီးငိုတာ ကိုယ်တွေတောင် ဒီအိုက်တင် မကျင့်ရသေးဘူးရယ်…။ ငိုတာမှ သူဘယ်လိုနာတာကို ပြောပြောပြီးတော့ကို ငိုတာ….။ အတော်ကြာကြာပဲ….။ အွင်းးးးးး။ ကွန်ဖမ်းတယ်ပေါ့…….။

ကဲ ခုတော့ ဒင်းလေးသတင်းကြားတာ ၄ ပုံ ၃ ပုံလောက်က ခြောက်သလောက်ဖြစ်နေပြီတဲ့။ ပေါင်းတာကလဲ အခြောက်လေးတွေနဲ့…။ ဒီမောင်လေးက ကောင်းကင်ပြာတို့ ညီအစ်မ ၂ ယောက်နဲ့ သာ ရှိရင် အသက်ထွက်ရင်လဲ ထွက်၊ မထွက်လဲ ယောကျာင်္းစင်စစ် ဧကန်ဖြစ်ဖို့ ကြိုးစားကြည့်မိမှာပဲ…။ ခုတော့ သူကလဲ မန်းလေးမှာ။

ဒီတော့ ကိုအလင်းဆက် အဲ့ပိုစ့်တင်တော့ ဒါလေး မေးချင်နေတာ သွားသတိရမိတယ်…။

ရွာသူားတွေလဲ ဖြေပေးပါဦး။ ဘယ်လိုများ တတ်နိုင်ပါဦးမလဲလို့…..။ Comment များ စောင့်မျှော်လျက်….

 

ကောင်းကင်ပြာ

 

 

 

 

 

 

37 comments

  • ROssI

    May 3, 2014 at 12:19 pm

    အိုက်ဒလို ရန်စတာတော့ မကောင်းဘာဘူးကွယ်..
    တခြား ကြိုက်တာမေးချင်မေးပါ ..
    ဒီတခုတော့ ချမ်းသာပေးလိုက်ဗါ..
    ဘာဂျောင့်လဲဆိုဒေါ့လေ.. တိယား
    အဲ့သည့် .. ပန်တျာဒညင်းဝက် ကိုယ်တိုင်ကိုက ….

    ..
    .

    ဘာမှ မီဟုတ်လော့ဘာဘု ကွယ်…
    ဟိဟ…

  • Kaung Kin Pyar

    May 3, 2014 at 12:33 pm

    အိ အာ့မျိုးလားးးး
    တိပါဝူးတော်။ အောင်ရဲလင်းဆိုကတည်းက သိသင့်တာရယ်လေ နော်။

    ဪ လူချောမှန်း ပြောပါဒယ်။

  • alinsett (gazette)

    May 3, 2014 at 12:36 pm

    ဟိုလူဂျီး ပေါက်ကရရှောက်မပေါနဲ့။
    သားဂ အဲ့လိုင်း ဟုတ်ဖူး။

    🙂
    ————–

    ဒီကိတ်စနဂျီးကတော့ဖြစ့်
    ဆွေးနွေးတတ်ဖူးရယ်
    ဟိုအပေါ်က ကနားစီးတို့ကိတ်စနကိုးး

    အကျယ်တဝင့်ပြောနိုင်သူတွေ ပြောဆိုဆွေးနွေး အကြံပေးကြမှာကို စောင့်ဖတ်နေပါဦးမယ်။

    ကျနော့်မှာလည်း အဲ့လို သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။

    ဟူးးးး
    ခုန ပိုစ့်တက်လာလာချင်း
    မန့်လိုက်တဲ့ကွန်မန့်
    သေသေချာချာရေးထားပြီးမှ လိုင်းကျပြီးပျောက်သွားလို့ အစက ပြန်ရေးလိုက်ရတယ်။

  • kyeemite

    May 3, 2014 at 1:24 pm

    သူကိုယ်တိုင်စိတ်မပါပဲတော့မလွယ်ဘူးဗျ….အရွယ်ရောက်တာနဲ့ မိန်မပေးစားကြည့်လိုက်ပါလား..

  • Kaung Kin Pyar

    May 3, 2014 at 2:38 pm

    အွင်းး အူးမိုက်ပြောတာမျိုး စဉ်းစားလိုက်သေးတယ်
    ဒါပေသည့် သူများသားသမီးဒုက္ခပေးသလိုများ ဖြစ်သွားမလားရယ် လို့

    • alinsett (gazette)

      May 3, 2014 at 3:52 pm

      ယူမယ့်မိန်းမကို
      ညီအစ်မလိုပဲနေကြရအောင်နော် ဆိုပြီး ညှိနေပါဦးမယ်
      အဟိ

      မိန်းကလေးတွေနဲ့ အနေနီးရင် ပို မိန်းမဆန်သွားပြီး ပိုနွဲ့သွားနိုင်တယ်။
      ဒါဖြင့် ယောကျာ်းစစ်စစ်တွေကြား ထည့်ထားရင်ကော
      အင်းးးဒါလည်း မဖြစ်သေးပါဘူး
      ပို ရင်ခုန်နေပါဦးမယ်။

      တကယ်တော့ ဖြစ်လေရာ ဇာတ်ရုပ်မှာ
      အကောင်းဆုံး တန်ဖိုးအရှိဆုံး သရုပ်ဆောင်နိုင်ဖို့ပါ။
      ဘာဇာတ်ရုပ်ဖြစ်ဖြစ်
      အကယ်ဒမီရအောင်သာ အပီအပြင်သရုပ်ဆောင်နိုင်ဖို့
      ကြိုးစားရမှာ

      ( လို့ ထင်ပါဂျောင်း )

      🙂

      • sorrow

        May 6, 2014 at 10:13 am

        ””’ မိန်းကလေးတွေနဲ့ အနေနီးရင် ပို မိန်းမဆန်သွားပြီး ပိုနွဲ့သွားနိုင်တယ် ””’ ..ဟုတ်မယ်ဗျ..ကျော်လဲ ..အစ်မ တွေအဒေါ်တွေနဲ့ကြီးလာလို့လားမသိဘူး….ယောက်ျားလေးတွေဆို သိပ်ကြည့်လို့မရတော့ဘူး….သာမီးလေးတွေကိုမှ. ရှလွတ်…….( ဖက်တီးမကြီးမမြင်ဇီရ ) အဟိဟိဟိ

        • alinsett (gazette)

          May 6, 2014 at 10:19 am

          အာ့ဆို ကဆောက ယောကျာ်းမယူတော့ဘူးပေါ့…
          တူလိုက်တာ..တူလိုက်တာ…
          ကျနော်လည်း..မိန်းမပဲ..ယူမှာ..
          ယောကျာ်းတွေကို ကြည့်မရဘူး ။
          အာ့ကြောင့်…. ယောကျာ်းတွေ အကြောင်း ပျစ်ပျစ်နှစ်နှစ်ရေးထားတာ ရှိတယ်..။
          :mrgreen:

        • Kaung Kin Pyar

          May 7, 2014 at 9:58 am

          ဟယ်…ဖက်တီးမကြီးမဟုတ်ပါဘူး…။ လေယာဉ်မယ်လေးကိုများ ပြောထည့်လိုက်တာ…ပစ်ပစ်ခါခါ…

  • TNA

    May 3, 2014 at 3:08 pm

    အဓိကကတော့ မိဘပဲပေါ့။ ငယ်ငယ်ကတဲက လုပ်နိုင်သလောက်လုပ်ရမှာပေါ့။ ငယ်သေးတယ် ငယ်သေးတယ် နဲ့ ဟာသလုပ်ပြီးသဘောကျနေရင်တော့ အရွယ်လွန် သေချာခိုင်မာမှပြင်ဖို့ခက်မပေါ့။ မိဘတွေ အတင်းအကျပ်တားတဲ့ကြားကနေ ယုံကြည်ရကို ရဲရဲဝံ့ဝံ့လုပ်တာမျိုးဆိုရင်တော့ သူ့ကိုက ဒီလိုဖြစ်ဖို့ပါလာတယ်လို့မှတ်ရတာမို့ဘာမှတတ်နိုင်မှာမဟုတ်။ ခုကြည့်ရတာတော့ အမေကိုယ်တိုင်က ဒီလိုဖြစ်အောင်လမ်းလွဲဖောက်မိသလားမသိ။ အမေဟိုဟင်း၊ ဒီဟင်းဆိုတာက အမေကိုယ်တိုင်က ကြည်ဖြူတာမို့ အမေ့ကိုအရင်ပြင်ရမယ်ထင့်။ သားကိုတလွဲချစ်တဲ့အမေတိုင်းဒီလိုမှားတတ်တယ်။

    အဟိ ထင်တာမြင်တာရမ်းတုတ်လိုက်တာ။ သူငယ်ချင်းတွေထဲမှာ အဲလို မိန်းမရှာလေးတွေလဲရှိသလို ယောင်္ကျားရှာလဲရှိသမို့ မှန်းကြည့်မိတာပါ။ အဲ့သူငယ်ချင်းတွေလဲ သူ့မိသားစုတွေက မပြုပြင်တဲ့အပြင် အားပေးအားမြျောက်ပြုထားတာတွေ့ခဲ့ဖူးလို့ပါ။

  • Kaung Kin Pyar

    May 3, 2014 at 3:24 pm

    ဟုတ်တယ် ဟုတ်တယ်
    သူ့မိဘကိုယ်တိုင်က သားလိမ္မာတယ် ဆိုတာမျိုးပဲ မြင်နေပြီး နွဲ့သလိုဖြစ်လာတာကို သတိမထားမိတာရယ်။
    ဘေးလူကတော့ သိနေတယ်။
    ကြာရင် ဟိုလိုင်းထဲ ဝင်တော့မယ်။

  • kai

    May 3, 2014 at 4:08 pm

    ရမယ်လို့… မထင်..။

    ဆိုတော့..
    သူ့သဘောသူဆောင်… လွှတ်ထားလိုက်ပါကွယ်..။
    လောကကြီးငြိမ်းချမ်းပါတယ်..။

    စကားအတင်းစပ်..
    ဂေးကောင်လေးကို ကျားကျားယားယား… ခြေထိုးခံ/ကန်ချ(လိုက်)တဲ့ လုံမပြာပြာတို့ညီအမကရော.. မိန်းမစစ်ရဲ့လား… လို့..။ :mrgreen:

  • Myo Thant

    May 3, 2014 at 4:35 pm

    အင်းးးးး
    ကောမန့်လာပေးပါ ဆိုတဲ့ အမိန့်တော်ကို မလွန်ဆန်ရဲလို့ ဝင်ဖတ်တော့မှ
    လှလှ နဲ့ ဒုက္ခတွေ့ရတော့တာပဲ ၊
    ဘယ်လိုပြောရပါ့ ၊

    ကျောင်းသားဘဝက အဲဒီလို တစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ဖို့ အကြောင်းဖန်ခဲ့သေးတယ် ၊
    သူ အဲသလိုမျိုးမှန်း သိသိချင်း ပြေးတာပါပဲ ၊ ကိုယ်ကမှ အဲသလို အလွဲကို လက်မခံတာ ၊
    ယောကျင်္ားလျာမျိုးလည်း လက်မခံဘူး ၊ ဘဝအမှန်နဲ့ပဲ ရှိစေချင်တယ် ၊
    ဒါပေမယ့် အရွယ်ရလာတော့ သူတို့ ဘဝကို စာနာလာတယ် ၊
    ရပ်ကွက်ထဲမှာ တစ်ယောက်ရှိတယ် ၊ သူ့နာမည်က မျိုးမင်းကို ၊ အများက မိုးဟေကိုလို့ခေါ်ကြတယ် ၊
    သူ့အဒေါ်က အစပဲ ၊ သူတို့က မနက် မုန့်ဟင်းခါး လဘက်ရည် ၊ နေ့လည် ထမင်း ၊ ညနေ ယမကာ ၊
    အရင် လိုင်းပေါက် ဗန်ဒါ ဆိုင်ပေါ့ ၊
    အားလုံးက ရပ်ကွက်သားတွေဆိုတော့ သူ့ကို ခင်ကြ စကြတယ် ၊ ကျနော့်ကိုများ မျိုး တဲ့ ၊
    မျိုး မိုးကို မုန့်ဝယ်ကျွေး ဆိုပြီး ပူဆာသေးတယ် ၊ ကျနော့်သား နဲ့လည်း ခင်တယ် ၊
    သူတို့က ညောင်တုန်းဘက်က ၊ ဆိုင်ရှင် ကိုအုန်းဝင်းကို အကြောင်းပြုပြီး ကျနော်တို့အဖွဲ့ ညောင်ချောင်းသာရောက်ကြသေးတယ် ၊
    သူ့ကို မေးဘူးတယ်၊ ယောင်္ကျားလေးလို ပြန်နေဖို့ ၊ လုံးဝငြင်းသဗျ ၊ ဒီလိုနေရ ပြောရ ဝတ်ရတာကိုပဲ ကျေနပ်တယ် ၊ ပျော်တယ်တဲ့ ၊
    ကျနော့် သူငယ်ချင်းတွေ ပြောလဲ ဒီအတိုင်းပဲ ၊
    လွတ်လပ်ရေးနေ့ ရပ်ကွက်ပျော်ပွဲရွှင်ပွဲ ကာရာအိုကေပြိုင်ပွဲဆို သူက ဆုအပြင် ဆုငွေတွေအရဆုံး ၊
    မိန်းကလေးသီချင်းကို မူရင်းနီးနီးဆိုတတ် ၊ ဆိုနိူင်သူ ၊
    ကဲ ကျနော်တို့ ဘာများတတ်နိူင်ဦးမလဲ ၊

    ( ကောင်းကင်ပြာ့မောင်လေးကတော့ ပြင်ဆင်ချိန် ရပါသေးတယ် ၊ )
    ဆိုက်ကိုနည်းနဲ့ဆိုရင်ကော ?
    ၈ တန်းဆိုတာ သိပ်မကြီးသေးပါဘူး ၊ သန့်ကောင်းစံနဲ့ ရွယ်တူပဲ ၊ ပုံသွင်းလို့ရပါသေးတယ် ၊
    ပညာသားတော့ ပါရမပေါ့ ၊

  • ကေဇီ

    May 3, 2014 at 5:37 pm

    ထာားးလိုက်ပါအေ။
    ပတ်ဝန်းးကျင်ကို လိုက်နှောက်ယှက်နေတတ်တဲ့
    တဏှာရူးးးတွေ အစစ်တွေ ထက် အများးကြီးးးတော်ပါတယ်
    :mrgreen:

    • ROssI

      May 3, 2014 at 6:23 pm

      ဒါကျော်တို့ ..နှူးဘာဂိုဏ်းကို သက်သက် ရန်စတာဗျဲ ….

      :harr:

  • lu lu

    May 3, 2014 at 7:20 pm

    အင်း ပီလိုပြောရ မလဲ ခူ ိဒေါ့
    ပထမ = မိဘ
    ဒုတိယ = အ ပေါင်းအသင်း
    တတိယ = ကံတရား ( ဘာဝဋ် ညာဝဋ် ဆိုတာတွေ )
    ငယ်သေးတယ်ဆိုတော့ပြင် လို ့ရမှာပါ အချိန်ယူပြီး
    ဆုံးမတတ်ဖို ့တော့လိုမယ်ထင် တယ် စိတ်ရောဂါ စွဲ
    သွားရင် ဒုက္ခ . . .

  • ခင် ခ

    May 3, 2014 at 8:05 pm

    မန်းမှာနေတယ်ဆိုပါလား မိတ်ဆွေတစ်ယောက် တိုးရအောင် ဆက်သွယ်ရမည့်လိပ်စာလေး မစပါလားကွယ်

    • lu lu

      May 3, 2014 at 10:27 pm

      မိတ်ဆွေ ဆိုတော့
      ဟိုက ဟိုစိတ် ပေါက်နေတာဆိုတော့
      ဒီက ဒီစိတ်များ ပေါက် . . ပေါက် . .ပေါက်လောက်ပါဘူးညော်

  • ဦးဦးပါလေရာ

    May 4, 2014 at 5:44 am

    ဂေး ကို ဂေး အတိုင်းပဲ..
    လူတောထဲမှာ လူရာဝင် အဖိုးတန် အသုံးကျ အောင် နေရာပေး တွဲခေါ်နိုင်ပါတယ်။
    တကယ်တန်း လူရာဝင် လူတောထဲ မျက်နှာပန်းလှတဲ့ ဂေးတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်မြင့်မားလာပြီး
    အဲသည်ယုံကြည်စိတ်ကပဲ လမ်းမှား(အရောက်မခံနိုင်လို့)မရောက်အောင် ထိန်းကျောင်းသွားပါလိမ့်မယ်။
    ကျုပ်ဘဝမှာ ကျုပ်ကိုယ်တိုင် ထိုင်ကန်တော့ချင်လောက်အောင် လေးစားစရာကောင်းတဲ့ အဖိုးတန် ဂေး များ နဲ့ ကြုံဖူးပါကြောင်း..

  • Kaung Kin Pyar

    May 4, 2014 at 5:53 am

    အင်းးး ငယ်သေးလို့ ပြင်လို့ရင် ပြင်ပေးချင်တာရယ်။
    အဖေကတော့ ပြောပါတယ်။ သူ့မှာ ဂျင်းပါလာတယ်တဲ့။ ဟီး ဟီး။
    ကောင်းကင်ပြာတော့ ဂျင်းမပါပါဘူး သဂျီးရဲ့။ 😀

  • Iris

    May 4, 2014 at 7:30 am

    က​လေး​တွေကို နားလည်​​ပေးဖို့ ကြိုးစားကြည်​့​စေချင်​တယ်​။ အတင်​းအကြပ်​ လုပ်​တာရယ်​။ သူတို့စိတ်​ခံစားချက်​ကိုနားမလည်​​သေးပဲ မှတ်​ချက်​​ပေးတာမ​ကောင်​းဘူးလို့ထင်​တယ်​။ ကိုယ်​​တွေလည်​း က​လေးဘဝ ကို ဖြတ်​သန်​းလာခဲ့ဘူးသူချည်​းပါပဲ။ ဥပမာ..ကျမ တူ​လေးက အမြင်​့သိပ်​​ကြောက်​တယ်​။ သူ့ညီမ​လေး​တွေ ဖြတ်​ရဲတဲ့ ကြိုးတံတားနိမ်​့နိမ်​့​လေးကို သူအရမ်​း​ကြောက်​တာ။ ဒါ​ပေမဲ့ သူက စက်​ရုပ်​​တွေနဲ့စကားရတာ အရမ်​းကြိုက်​ပြန်​​ရော။ သူကြိုးတံတား​ကြောက်​တာ သူရဲ့ ပထမဦးဆုံး အကြိမ်​မို့လို့ပါ။ သူ့​ခြေ​ထောက်​​တွေ အရမ်​းတုန်​ပြီး ဆက်​မ​လျှောက်​ဖို့​တောင်​လုပ်​ခဲ့တာ။ သူ့ကိုအား​ပေး ​မြောက်​ပင်​့​ပေးပြီးဆက်​​လျှောက်​ခိုင်​း​တော့ တစ်​ဖက်​ကို တုန်​တုန်​ရီရီနဲ့​ရောက်​သွားခဲ့တယ်​။ ကျမ ထင်​တယ်​ တကယ်လို့ ဒုတိယ အကြိမ်​​သူ့သူငယ်​ချင်​း​တွေနဲ့သွားတဲ့အခါ ​ပေါ့​ပေါ့ပါးပါး သူဖြတ်လိမ်​့မယ်​။ ကျမ တူမအငယ်​​လေး က​တော့ သူ​ပြောတာ​သေချာနားလည်​​အောင်​မကြိုုးစားပဲ သူ့ကိုမှတ်​ချက်​​ပေးရင်​မကြိုက်​ပါဘူး။ သူအဲ့ဒီအ​ကြောင်​းအရာကို လူကြီး​တွေကို မ​ပြောပြ​တော့ဘူး။ အင်​း .. ​ကောင်​းကင်​ပြာရဲ့ ​ဂေးနဲ့​တော့ မသက်​ဆိုင်​​ပေမဲ့ က​လေး​တွေရဲ့ စိတ်​ကို လူကြီး​တွေ နားလည်​​ပေးနိုင်​​အောင်​ကြိုးစား​စေချင်​လို့ပါ။

    • ကေဇီ

      May 4, 2014 at 8:32 am

      အပေါင်းတစ် ပေးသွားချင်သော်လည်းးးးးး ဖုန်းကော်မန့်ကိုပေးလို့ မရသမို့ ဒီ ကော်မန့်လေးကို ထောက်ခံကြောင်းဝင်ပြောသွားပါသည် အိုင်းရစ်လေးးးး။
      🙂

      ကလေးတွေ ရဲ့ စိတ်ထားနဲ့ အကြိုက်ဟာ အချိန်တိုင်းပြောင်းလဲနေတတ်တာမို့ မှတ်ချက်မစောစေချင်။
      ကိုယ့်စိတ်တောင် ဒီလောက် အသက်ကြီးနေတာတောင် အကြိုက်ဟာ အချိန်တိုင်းပြောင်းလဲနေတတ်တာမို့ ကိုယ့်ကို ဘောင်လာခတ်ရင် မကြိုက်ချင်ပါဘူးးး

      လူ အချင်းချင်းဆက်ဆံရင်ပဲဖြစ်ဖြစ် ကလေးတွေနဲ့ ရီလေးရှင်းပဲဖြစ်ဖြစ် ဘာ စတစ်ကာမှ မကပ်ပဲ စိတ်ရှင်းရှင်းနဲ့ ဆက်ဆံနိုင်ကြရင် အကောင်းဆုံးပေါ့။
      မြန်မာပြည်မှာ ပတ်ဝန်းကျင်က သတ်မှတ်ချက်တွေကို မကျော်လွန်နိုင်ပဲ ဆုံးဆုံးမြုပ်သွားတဲ့ အရည်အချင်းရှိသူတွေ ဒုနဲ့ဒေးးး မို့။

  • တညင်သား

    May 4, 2014 at 7:55 am

    အရွယ်ရောက်လာရင် မြန်မာ့တပ်မတော်ထဲ ပို့လိုက်ပါ…တိုင်းပြည်အတွက်လဲ အကြိုးရှိ သူလဲအကြိုးရှိ စစ်သားတွေလဲပျော်ကြမှာ မိဘတွေလဲ စိတ်ချရပြီ.
    :mrgreen:

  • ရာမည

    May 4, 2014 at 10:05 am

    တပ် /ရဲ တစ်ခုခုထဲပို့လိုက်ပါ
    စစ်ရေးပြ လေ့ကျင့်ခန်းလုပ်ရင်း ပြန်တည့်သွားပါမယ်ခင်ဗျာ
    တစ်ပတ်အတွင်း အာမခံပါတယ်ခင်ဗျာ ဟီးဟီး

    သများလို့တခါပြောတိုင်း ပါးတစ်ချက်ဗျင်းကြမှာ 🙂

  • ခင် ခ

    May 4, 2014 at 2:05 pm

    မန်းမှာနေတယ်ဆိုတော့ လိပ်စာသိရင် ဆက်သွယ်လိုက်မယ် မိတ်ဆွေတိုးတာပေါ့

  • Kaung Kin Pyar

    May 4, 2014 at 2:22 pm

    မလုပ်ပါနဲ့။ မောင်လေးကြောင့်နဲ့ ကိုခင်ခ စိတ်ညစ်မှာ စိုးပါတယ်။ 😀

  • Kaung Kin Pyar

    May 4, 2014 at 2:33 pm

    မကေဇီနဲ့ အိုင်းရစ် ပြောသလိုပဲ ကလေးတွေရဲ့စိတ်ကို နားလည်အောင် ကောင်းကင်ပြာ ကြိုးစားပါတယ်။ ဒါပေမယ့် မာသွားတဲ့ မြေအိုးက ပုံသွင်းလို့ မရတော့ဘူး မဟုတ်လား။
    အဓိကကတော့ သူ့မိဘပါပဲ။
    မတတ်သာလို့ လက်လွှတ်လိုက်ရင်တောင် နှမြောစိတ်လေးတော့ ဝင်မိမယ် ထင်တယ်။
    ခုလဲ မန်းလေးမှာမို့ လက်ချာလဲ ရိုက်ချင်တောင် မလွယ်ပါဘူး။
    ပြန်ပြင်လို့ ရမယ်ဆိုလဲ ပြင်ကြည့်ချင်ရုံပါ။ ငယ်သေးတော့ မှီလိုမှီငြားပေါ့လေ။

  • kyawtheinmyint

    May 4, 2014 at 11:20 pm

    ဘဝမှာ ၊အခွင့်ရေး
    နဲ့၊ဘဝနေထိုင်မှု တခုုခုကို ရွေးရမယ်ဆိုလျှင် သူဘာလုပ်မလဲ။

  • ဦးကြောင်ကြီး

    May 5, 2014 at 12:27 pm

    အခြော်တကောက်
    ကျနော်ဖောက်
    အော်မကြောက်
    လော်ထောက်
    ဖော်မလောက်
    ဇော်ပေါက်
    ဆော်အမြောက်
    စပေါ်နောက်..

  • အင်းးးး.. လုံမလည်း အဲ့ဒီကိစ္စမျိုး ကြုံနေရတယ်..
    သူငယ်ချင်းတစ်ယောက်ပေါ့.. အခုလို အသက် ၂၃-၂၄ ထဲမှာဆိုတော့ ဘယ်လိုပြင်ပေးရမှန်း မသိဘူးရယ်..
    သူက ဂေးဆန်ဆန်ကောင်လေးတွေနဲ့ ပေါင်းနေသလို သူငယ်ချင်းယောက်ျားလေးတွေနဲ့လည်း အေးဆေးပဲရယ်.. သူက ခြောက်တာမဟုတ်ဘူး.. အခြောက်တွေနဲ့ ပတ်သက်နေတာ.. မျိုးတူချင်း စိတ်ဝင်စားတယ်ပဲ ပြောရမလား မသိဘူး.. သူငယ်ချင်းတွေကြားထဲလည်း ခေါင်းခဲနေရတယ်.. အခုတော့ ဒီအတိုင်းလေးပဲ ကြည့်နေဖြစ်တယ်.. မသိမသာလေး သတိပေးရင်းနဲ့ပေါ့.. ငါတု့ိ ဘာကို စိတ်ပူလဲဆိုတာ သိတယ်နော်လို့ ပြောတော့.. ဘာမှ မဖြစ်စေရပါဘူးဟာ တဲ့.. ကဲ ဘယ်လိုလုပ်ရမလဲ.. 🙄

  • အာဂ

    May 6, 2014 at 5:10 pm

    သူငယ်ချင်းရဲ့ ညီတစ်ယောက်တော့ရှိတယ်။ သူက ကျတော့ အကိုတွေအဖေတွေနဲ့ နေပြီးတော့ အော်တို ခြောက်နေတာ..။အဲဒါပေမဲ့..။ ၁ဝတန်းလည်းအောင်ရော သူအဖေက ဗိုလ်သင်တန်းပို့လိုက်တယ်။အဲဒီတုန်းက တစ်ခါအံဩတယ်။ နောက် သင်တန်းဆင်းတော့လည်း နည်းနည်းခြောက်နေတုန်းပဲ။ နောက် ကောင်လေးတစ်ယောက်နဲ့တွဲနေတာလည်းသိတယ်။ သိပ်မကြာသေခင်က သူမင်္ဂလာဆောင်သွားတယ်။ အဲဒီတုန်းကလည်း နည်းနည်းတောင်ကြောင်သွားတယ်။ဟုတ်ပမလားလို့..အခုတော့ ခြောက်သေးလား စိုနေဘီလားဆိုတာတော့ မသိဘူး။သူမင်္ဂလာဒင်နာ ကပြန်တော့ သူကောင်မလေးကို မေးကြည့်မိတယ်။ သူနဲ့ ဘယ်လိုတွေ့တာလဲလို့..ဆိုတော့..ကောင်မလေးက ရှက်ပြီးရယ်နေလိုက်တာဗျာ..။အဲဒါနဲ့ ဘာဆက်မေးရမှန်းတောင်မသိတော့ဘူး..။ အဲလိုမျိုုးကြဘယ်လိုလုပ်ကြမလဲ..။ငင်

    • kai

      May 6, 2014 at 5:40 pm

      Brokeback Mountain ရုပ်ရှင်ထဲမှာ.. ခြောက်တဲ့သူက.. မိန်းမရပြီးလည်း.. ဆက်ခြောက်နေတာပဲ..။
      လက်တွေ့အပြင်မှာလည်း.. မိန်းမရပြီးကလေးရှိနေပေမယ့်.. ဂေးဖြစ်နေတဲ့သူတွေ့ဖူးတယ်..။
      ဘယ်လိုသိသလည်းမမေးနဲ့..။ အလှဖက်ရှင်ဒီဇိုင်နာလုပ်တယ်.။ တွဲတဲ့မိတ်ဆွေတွေအကုန်..ဂေးတွေ..
      အခု..အဲဒီလူကလေးဆို.. ကောလိပ်တောင်တက်နေပြီ…။ :mrgreen:

      • alinsett (gazette)

        May 7, 2014 at 9:53 am

        ကလေး လေးယောက်နဲ့ မိန်းမနဲ့
        ဈေးရောင်းစားနေတဲ့ အခြောက်ကြီးတစ်ယောက်
        မိုးမင်းသားတို့ရပ်ကွက်ထဲမှာ ရှိပါ့။
        သူငယ်တွေ တဂျိမ်းဂျိမ်းဖမ်းလို့
        :mrgreen:

      • Kaung Kin Pyar

        May 7, 2014 at 10:02 am

        တဂျိမ်းဂျိမ်းဖမ်းတဲ့ထဲ ကိုအလင်းစက်ကြီးရော ပါသွားသေးလား…???? 😛

        • alinsett (gazette)

          May 7, 2014 at 12:30 pm

          ကျုပ်ကတော့ သူ ့မြင်တာနဲ့ ပြေးတာ အုန်းအုန်းကို ထ လို့
          အဟိ

          🙂

  • Kaung Kin Pyar

    May 7, 2014 at 9:54 am

    အင်းးး ဒါဆို အဖေပြောသလို ဂျင်းပါလာနဲ့ တူပါရဲ့….။ ;(

  • Tint Lwin

    December 13, 2014 at 12:31 pm

    ရသလောက်တော့ပြောင်းကြည့်ပေါ့ မရတော့လည်း မတတ်နိုင်ဘူး
    ကံအကြောင်ပဲပေါ့
    တခြားနိုင်ငံတွေမှာဘယ်လိုကုသလဲမသိဘူးနော google ထဲရှာကြည့်ပါလား

Leave a Reply