” လှမ်းမြင်မိလေသောအခါ “

 

မိုးလေးက တစ်ဖျောက်ဖျောက်

လူတစ်ယောက်က တစ်တောက်တောက်

မိုးကာဝတ်လို့ လမ်းလယ်လျှောက်

တိတ်ဆိတ်ငြိမ်သက် လမ်းတစ်ဖက်တစ်ချက်

နုတ်ဆက်မည့်သူ ခေါ်မည့်သူမဲ့

ထိုလူကတော့ လမ်းလျှောက်မပျက်

စိတ်ထဲမှာတော့ အားလုံးနုတ်ဆက်

သူသွားသင့်ခရီး စတင်လို့ထွက်

တဖြေးဖြေးနဲ့ ဝေးလှကျောပြင်

မိုးကမသဲမစဲ ရွာလျှက်အစဉ်

ပြူတင်းပေါက်က မြင်ကွင်းတစ်ခုပင်။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..