မျက်နှာမမဲ့လိုက်ပါနဲ့ ..ကျုပ်ကောင်းကင်အမိုးက ခင်ဗျားလေး အပြုံးနဲ့ထောက်ထားတာရယ်….
စိတ်မပူပါနဲ့ ..ကျုပ်ကခင်ဗျားလေး ရဲ့လူပါ တသက်စာ ……..
( ကြည့် ကြည့် ..အဲ့လောက်ချစ်တတ်တာကို …မယုံ ဂီဂီ့မေးကြည့်…တုန်တက်နေတာကို …အဲ့ဖက်တီးမကြီးက ….အဟိ )

*********************
ဗီဇာအကြောင်းရေးလိုပါသော်လည်း ..ဘာတွေရေးမိမှန်းမသိပါဘူး…တဏှာအဆိပ်က ငယ်ထိပ်တက်နေတာမို့ သည်းခံဖတ်ကြကုန်…အဟီး

လိုရင်းက ..အင်မတန်မှ ဖုန်းခေါ်ရခက်တဲ့ သံရုံး ဖြစ်တဲ့အပြင် အလွန်အလုပ်ရှုပ်ဆုံးဖြစ်တဲ့ သြဇီဗီဇာအကြောင်းလေး ပြောပြချင်လို့ဗျာ ။ မျိုးကွဲများကြီးရှိတဲ့အထဲမှာမှ …ခက်ပါတယ်ဆိုတဲ့အထဲမှာမှ သြဇီ စီးပွားရေးဗီဇာ လျောက်ဖို့ဖြစ်လာတယ်ခင်ဗျ ။
ဆိုတော့ကာ ရစ်ပါတယ်..ဆိုတဲ့ ..နာမည်ကြီး သြဇီစီးပွားရေးဗီဇာ အကြောင်းလေးကို ရွာသားစီးပွားရေးသမားများအတွက်ရည်ရွယ်ပြီး ရေးပါတယ်ခင်ဗျ ။

ဒီဗီဇာကတော့ စီးပွားရေးနဲ့ပတ်သတ်တဲ့ကိစ္စတွေအတွက် လျောက်ထားရတာဖြစ်ပါတယ် ( သြော်..ရှင်ပြောမှသိတော့တယ် ) ။ ဥပမာ ..
business meeting , conference မျိုးတွေအတွက် လျောက်ထားရတာဖြစ်ပြီး တခြားဗီဇာမျိုးကွဲများထက်
စာရွက်စာတမ်း လိုအပ်ချက်နည်းပါတယ်ခင်ဗျာ ။ ပုံမှန်အားဖြင့် သြဇီမှာ သုံးလနေထိုင်ခွင့်ရမှာဖြစ်ပြီး
အကြောင်းပြချက်ခိုင်လုံခဲ့ရင် သက်တမ်းတိုးနိုင်မှာဖြစ်ပါတယ် ။ ထုတ်ပေးတဲ့ရက်ကစပြီး တစ်နှစ်အတွင်း သြဇီနိုင်ငံတွင်းကို ၀င်ရောက်နိုင်ပါတယ် ။
အပြည့်အစုံကို ဒီလင့်မှာကြည့်ပါခင်ဗျ။
www.immi.gov.au/contacts/overseas/

နာမည်သာကြီးနေပေမယ့် တစ်ခါမှ နဖူးတွေ့ဒူးတွေ့မတွေ့ရ ။ လျောက်လဲမလျောက်ဖူး ။
ဗီဇာကို တစ်ပတ် ( လိုချင်တာက နှစ်ရက်အတွင်းဆိုပဲ ) လျောက်ရဖို့ဖြစ်လာရောခင်ဗျ ။ ဒီမှာပဲ ကချင်နုထွားကြီးနဲ့ အော်ဇီဗီဇာ တွေ့တာပါပဲ ။ ဆိုတော့ ကောင်စစ်ဝန်ကလေးနဲ့ စကားပြောဖို့ဖြစ်လာရောခင်ဗျ ။
လက်ရှိ ထင်တာပြောပါတယ်…မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ၊ မြန်မာ ပညာရှင်တွေကို သြဇီက ဗီဇာပေးဖို့ .လိုလိုလားလား ရှိပုံပေါ်ပါတယ်ခင်ဗျ ။ သိပ်ထွေထွေထူးထူးမေးမြန်းမနေပါဘူး ။ ဘာကြောင့်သွားချင်တယ်..ဘယ်လောက်ကြာမယ် ဒီလောက်ပဲမေးပါတယ်ခင်ဗျ ။ ကျော်တို့ စာအုပ်တွေထဲမှာ အနောက်နိုင်ငံဗီဇာတွေတန်းစီ ရှိနေလို့လားတော့မသိ ။ ထင်တာပြောပါတယ်.ကပ်ကြွားလေး.အဟီး

ဗီဇာဖောင် NO 1415 ကို ဒီလင့်ကယူရပါတယ်ခင်ဗျ ။
http://www.burma.embassy.gov.au/rang/Visas_and_Migration.html

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်းပါပဲခင်ဗျ

1) ပတ်စ်ပို့စာအုပ် ( သက်တမ်းခြောက်လကျန်ရပါမည် )
2) ပတ်စ်ပို့ မိတ္တူ ( ခရီးသွားဖူးပါက ရှိသမျှ ဗီဇာစာရွက်အကုန် ) အဟီး..သူတို့နဲ့ဘာမှလဲမဆိုင်ပဲတောင်းတယ်..
2) ဓါတ်ပုံတစ်ပုံ
3) မှတ်ပုံတင် ( မိတ္တူ + နိုတြီ မိတ္တူ )
4) သန်းခေါင်စာရင်း ( မိတ္တူ + နိုတြီ မိတ္တူ )
5) သြဇီ မှ ခေါ်စာ ( Letter of Invitation )
6)မြန်မာကုန်ပဏီမှ ထောက်ခံစာ ( Letter of recommendation )
7) မြန်မာကုန်ပဏီ မှတ်ပုံတင် ( Form 6 & 26 )
8) ဘဏ်စာအုပ် ( စုဆောင်းငွေ များလေ ကောင်းလေ ။ ခြောက်လအနည်းဆုံးထည့်သွင်းထားပြီးဖြစ်ရမည် )
9) ဗီဇာဖောင် NO 1415 နှင့် NO 80
10) ဗီဇာကြေး 130 ဒေါ်လာ
စသည်ဖြင့်လိုအပ်ပါတယ် ခင်ဗျ ။ ဗီဇာက 14 ရက်အချိန်ယူပါတယ်ခင်ဗျ ။ ဆိုတော့ သွားမည့်ရက်ထက် အနည်းဆုံးတစ်လလောက်ကြိုတင်လျောက်ထားဖို့ အကြံပေးလိုပါတယ်ခင်ဗျ ။

တကယ်ပြောချင်တာက အခုမှလာတာ ။

ဗီဇာရပါပြီတဲ့… လေယဉ်လက်မှတ်လိုမှာပေါ့နော်.ခြေကျင်သွားလို့မှမရတာ..ဘဖောဆိုရင်တော့တမျိုး …သူကသိန်းဘောကြီးရှိတယ်…..အဟီး

ဒါလေးကမြန်မာတွေအသွားများတဲ့ Perth အချိန်စာရင်းလေး ညွှန်းတာပါ ။

1 SQ 997 RGNSIN 1035AM 310PM
2 SQ 215 SINPER 645PM 1155PM
3 SQ 224 PERSIN 630AM 1155AM
4 MI 518 SINRGN 220PM 345PM

ရန်ကုန်မှ စင်ကာပူ ပျံသန်းချိန် သုံးနာရီရှိပြီး စင်ကာပူမှ သြဇီ ပါ့တ်သို့ ပျံသန်းချိန် ငါးနာရီဆယ်မိနစ်အတိရှိပါတယ်ခင်ဗျ ။  မဲလ်ဘုန်းဆိုရင်တော့ ခုနှစ်နာရီ မိနစ် 20 ပျံသန်းချိန်ရှိပါ့မယ် ။
ဆိုတော့ကာ ဒီခရီးစဉ်မှာလဲ စလုံး ၀င်မယ် စိတ်ကူးမရှိရင် အိတ်ကို တခါထဲ check through လုပ်ထားရင် ပိုအဆင်ပြေပါတယ်ခင်ဗျ ။
စင်ကာပူလေကြောင်းလိုင်းက 970 အစိမ်းလောက်နဲ့ အသက်သာဆုံးရှိနေပါတယ် ။
ထိုင်းလေကြောင်းလိုင်းဆိုရင်ဖြင့် 1070 အစိမ်းလောက်ကျပါလိမ့်မယ် ။
ဆစ်ဒနီ ။ မယ်လ်ဘုန်း ။ ဘရစ်စဘန်း ဆိုရင်လည်း ဈေးအနည်းငယ်ပဲကွဲပါမယ် ..(အနည်းငယ် = 200 လောက် ) ။

နာမည်ကြီး QANTAS AIRWAYS ။ LUFTHANSA ။ VIRGIN AUSTRALIA ။ VIRGIN ATLANTIC အစရှိသည့်  ဘန်ကောက် ။ စင်ကာပူက တဆင့်ရှိနေသော်လည်း ဘူဆို ဘူးးးမှမစီး..ဈေးကြီး အဟီး

ဆိုတော့ဖြင့် ဘဖော ပို့စ်များဖတ်ပြီး နယူးဇီလန်သွားလိုသည့် ရွာသား စီးပွားရေးသမားသူဌေးကလေးများ ရှိရင်ဖြင့် တစုံတခု အထောက်အကူရနိုးနိုး ရေးပါသည် ခည…..

 

 

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ

   Send article as PDF