ဒီလူ ရူးများနေလားမသိဖူး…

 

၂၀၀ဝ ဆိုတာ ဆင်းရဲသားတောင် မလောက်ဖူး…..

 

ထမင်းကြော်တပွဲ ၅၀ဝ ဆိုတာ မေ့များနေလျော့သလား…..

 

အိမ်ပြန်ရာ လမ်းတလျှောက် ထိုစကားသံများနဲ ့ စီနေသည်…..

၂၀၀ဝ ဆိုတာ လောက်နိုင်သလား…… အတွေးထဲမှာ ချာချာလည်….. ဆန်တပြည် အနဲဆုံး ၁၀၀၀… ကြက်ဥတလုံး ၁၄ဝ (နှစ်နပ် နှစ်လုံး)…. အလုပ်ကြမ်းသမားဆို တနေ ့ လေးလုံးချက်တော့ စားနိုင်သား…. ဆီဖိုး ဆားဖို း ဘာညာကွီ ကွ ဖိုး ထည့်တွက် နှစ်နပ် ၉၀ဝ ပျောပျော့ လောက်တော့ အသာလေးသွားသား…. ဒါဆို မနက်စာလေးပါပေါင်းရင် ၄၀၀.. ၁၃၀၀… အလုပ်အသွားပြန်လေးပါ ပေါင်းရင် တနေ ့ ၁၆၀၀… ဒါတောင် အိမ်လခ မပါသေး… ကျောတခင်းစား ဆင်းရဲသားရပ်ကွက်တောင် တနေ ့ ၁၀၀၀… ၂၆၀၀… ကွမ်းဖို း ဆိပ်လိပ်ဖိုး… ၃၀၀၀… ဒါတောင် တခြား ဘာညာကွိကွ မပါသေး….. မောင်လေး မျက်စိလည်သွားသည်…. ၂၀၀၀… လောက်ပါ့မလား…..

အမောတကော အိမ်ရောက်လာသော သားကို အမေရဲ့ မျက်နှာပြုံးပြုံးက ဆီးကြိုလျက်….

“သား ဆာလာပီလား….. ”

“ဟုတ် အမေ… ဆာတယ်… ဘာဟင်းချက်လဲ….”

“ကန်းစွန်းရွက်ကြော်နဲ ့မှိုနဲ ့….. ပဲဟင်း….. ဝတ်ပုန်းရေကြီး…. ”

အင်း… ကိုယ့်စိတ်ထဲ များလိုက်တာလို ့ထင်သား… ဒါမျိုးမိသားစုဝိုင်းဆို…. တဝိုင်းစာ ၆၀၀ဝ ပျော့ပျော့လောက်သွားပီ…. ပိုတောင်မလားပဲ….

“အမေရေ… သား တီးဆိုင်သွားလိုက်ဦးမယ်”

“သား… မိုးမချုပ်စေနဲ ့နော်… အိမ်နားမှာ သူခိုးကပ်တယ်တဲ့….”

စိတ်ထဲမှာ ဇဝေဇဝါ…. ခုနက တွက်လိုက်တဲ့အထဲမှာ ညပိုင်း အပျင်းပြေ တီးထိုင်သောက်တာ မပါသေး… မိသားစု ထမင်းဝိုင်းမပါသေး… တကိုယ်ရေသတ်သတ်သာ…..

သို ့နဲ ့အတွေးတွေက ရုံးကိတ်စ ပြန်ရောက်သွားသည်…. မျက်မှန်ပါဝါကြောင့်လား…. ညကြောင့်လားတော့ မသိ… ကားတွေကလည်း မီးထိုးလွန်းတယ်ဟုထင်လှသည်…

ကားအနီးအဝေးကို သိပ်မချိန်တက်…. ညဆို ကား မရှင်းရှင်းအောင် စောင့်ပီး လမ်းကူးရတာကလည်း စိတ်ရှည်ခြင်းတမျိုး…

အတွေးပေါင်း များစွာနဲ ့ တီးဆိုင်ကိုရောက်လာသည်…. ဝေ ့ကြည့်လိုက်သည်…. ရုံးတက်ရုံးဆင်း မိန်းမပျိုလေးများ အလန်းဇယား…. တနေကုန်လုပ်လာတာတောင် မိတ်ကပ်က မပျက်လေရော့သလား…

သို ့မဟုတ် ဆင်းချိန်မှ ပြင်လာလေရောသလား… အော်… တွက်တဲ့အထဲမှာ မိန်းကလေး တွေ အတွက် အလှကုန်စရိတ်မပါသေး… ဟူး……… သက်ပြင်းရှည်ကတဖုံ…..

သို ့နှင့် ဆိုင်ထဲ ဝေ့ကြည့်လိုက်သည်…. မြင့်အောင်… အေးမောင်… လူတော့စုံသားဟ……

 

လေး ။ အေးမောင်… မင်းမလဲ ပျောက်ချက်သား ကောင်းလိုက်တာကွာ…..

အေး ။ အေးကွ ပျောက် ဆို အလုပ်များနေတာကို….

မြင့် ။ ဟေ့ကောင်… မောင်လေး… အဲ့ဒါတွေအသာထား… ငါ မင်းကို သိပ် အစာမကြည်ဖူး….

လေး ။ ဟ.. ဘာလို ့လဲဟ….

မြင့် ။  မင်းကွာ… ဖဘ မှာ ရေးထားတာ… ဘာတဲ့… အလုပ်သမားအချို ့တောင် တလ ၆၀၀၀ဝ မရဖူးဆို…. ဘာလဲ မင်းက ဟို ညဏ်တုံးဘက်က ဝင်နာတာလား… မင်းက ဘာလဲ ပြည်သူဘက်ကလား… ဟို ခရိုနက်ဘက်ကလား….

အေး ။ မင်းကလည်း ခရိုနီ လုပ်စမ်းပါ….

မြင့် ။  မနီဖူးကွ… အနက် အနက်… အနီဆိုတာ ရဲရင့်ခြင်းကို ကိုယ်စားပြုတယ်… ဒီကောင်တွေက အနီနဲ ့တောင် မတန်ဖူး… အနက်အနက်… ခရိုနက်တွေ……

လေး ။ ဟုတ်သေးဖူးဟ.. ငါ့ကောင်ရ… ငါက ဟို မင်းပြောတဲ့… ညဏ်တုံးဘက်က ပါတယ်လို ့မဟုတ်ပါဖူး… တကယ်တော့ သူပြောတာက မမှားဖူး… ပြောတဲ့သူ ပြောတဲ့စကားလွဲသွားတာ…. ဒေတာကတော့ အမှန်ပဲ…..

မြင့် ။  ပြောစမ်း… ပေါက်ကရတွေ….. မင်းပါးစပ် ဝဲထဦးမယ်….

လေး ။ ထချင်လည်း ထပေါ့ကွာ… ငါ့အမြင်လေးပဲ ပြီးအောင် ပြောပါရစေ….

အေး ။ ပြောပါအုံး… မောင်လေးရ… မင်း အမြင်လေးကို….

လေး ။ ဒီလိုကွာ… ၂၀၀ဝ ဆိုတာက ငါ့အမြင်… အလုပ်သမား တိုင်း တဦးတယောက်ခြင်းဆီရဲ့ လုပ်ခကို ပြောတယ်လို ့ယူဆတယ်…. မှီခို တွေလည်း ရှိတာပေါ့ကွာ…. သို ့ပေသိ အခုဟာက တချို ့စက်ရုံ တွေမှာ တလကို ခြောက်သောင်းတောင် မရဖူး.. အဲ့ဒါလည်း ကြာပေါ့…. မင်းတို ့ပြောသလို… ခြောက်သောင်းက နဲတယ်ဆိုရင်… အဲ့လူတွေ စားမလောက်လို ့ သေတာကြာပေါ့….. မရှိတဲ့ လူဆိုတာ ဒီလိုပဲ စားရတာပဲပေါ့ကွာ….. မင်းတို ့ငါတို ့လို ညနေ တီးဆိုင်လေးလဲမထိုင်နိုင်ဖူး…. ထမင်းလဲ ဝဝ ဘယ်စားရမလဲ… ဆေးလိပ်ဆိုရင်တောင် ဆေးပေါ့လိပ်ပဲသောက်တာ…. ရူဘီနားတောင်မကပ်ဖူး….

မြင့် ။ မင်းဆိုလိုချင်တာက ခြောက်သောင်း ရရင် ငတ်မသေဖူးပေါ့….

လေး ။ အဲ့လိုလည်း မဟုတ်ပါဖူးကွာ… ကဲ ငါမေးမယ်… မင်းသားဆင်ရဲသားဆို ဘယ်လိုစားမလဲ….

မြင့် ။  မနက် အခြောက် တစ်ခု ၁၀ဝ ကောက်ညှင်းပေါင်း ၁၀ဝ တီးလေး ၁၅ဝ ဖိုး ၃၅ဝ … အသွားနှစ်ဆင့်စီး… ၃၀ဝ လောက်တော့သွားသား အသွားအပြန် ၆၀၀… ပေါင်း ၉၅၀… နေ ့လည် ဆိုလည်း ချက်စားရင် ၃၀ဝ ၄၀၀.. ဝယ်စားလည်း ၅၀ဝ လောက်တော့ရှိသား… ၄၀ဝ ထားကွာ…. ၁၃၅၀… ညနေစာလည်း ၄၀ဝ ၁၇၅၀… ရေလည်းဘာလေး လမ်းဘေး ဝယ်သောက်ရတဲ့အခါရှိသေး…. အိမ်သာသွားတာ… ဆေးလိပ်ဝယ်သောက်တာ… ဘာညာကွိကွအသေးသုံးက ၃၀ဝ လောက်တော့သွားသဟ…. ပေါင်း ၂၀၅၀… ဒါတောင် ကျောချ စရာ ရှိသေးတယ်… လပဲချုပ်ချုပ် တလချင်းပဲရှင်းရှင်း အနဲဆုံး လူတယောက် ၈၀ဝ လောက်တော့သွားတယ်ဟ ၂၈၅ဝ ရှိပီနော်… ဘယ်အိမ်နေနေ မီးဖိုး ရေဖိုးလေးတော့ လာမယ်ဟ…. အဲ့ဒါကလည်း… တနေ ့ ပျှမ်းမျှ ၃၀ဝ လောက်တော့သွားသား… ၃၁၅၀… နေမကောင်းတာ… မိသားစု ကလေးကျောင်းစရိတ် ဘာတခုမှ မပါသေးဖူး…..  ကဲစဉ်းစားကြည့်…. တလ တသိန်းမှ မရှိရင် ဘယ်လိုလုပ်မလဲ….

လေး ။  မင်းတွက်သလို… ငါလည်း ပြန်တွက်ပြပါ့မယ်…. ဆင်းရဲသား လက်လုပ်ခြေလုပ်ပါဆိုမှကွာ…. ကောက်ညှင်းပေါင်း အကြော်တခုဆို တော်ပီပေါ့… အရသာခံဖို ့ တီးမစ် လိုသေးလား… ရေမျော ဗိုက်ဝပေါ့… ၂၀၀… လက်လုပ်ခြေလုပ်က ဘက်စ်ကားမစီးဖူးငါ့မောင်… မနက်အစောထပီး… ရထားပတ်စီးတယ်… အဲ့မှာ ၁၅ဝ လောက်ပဲကျတယ်… အသွားအပြန် ၃၀ဝ ပေါ့ကွာ… ပေါင်း ၅၀၀…. ဒါတောင် မြို ့ထဲအထိ လာလုပ်တဲ့သူမှနော်… နယ်နားကလူတွေဆို ၁၀ဝပဲရှိတယ်…. တချို ့ဆို ခြေကျင်…. ကဲကဲ ၅၀ဝ ပဲ… လက်လုပ်ခြေလုပ်ပါဆိုမှ ထမင်းဝယ်စားမလားဟ…. အိမ်ကနေ ယူလာမှပေါ့… ရေလည်း ရေချမ်းစင်… တွေ ့တဲ့နေရာပေါ့… အိမ်သာလား မစဉ်းစားနဲ ့ကော့ပန်းပဲ…. ဘဝပဲလေကွယ်… ဒါကတော့ လမ်းသွားပီး မအောင့်နိုင်လို ့ပါ… အောင့်နိုင်ရင် အလုပ်ကျမှ ရှင်းလည်း ရပါတယ်…. ကဲကဲ…. မင်းပြောတဲ့ဘာညာကွိကွကို  ၁၅ဝ လောက်ပဲထား… ဆေးလိပ်ကတော့ ဆေးပေါ့လိပ်ပေါ့… ၆၅၀… ညနေ မနက်ထမင်းအိမ်ချက်… တနက် ကြက်ဥ တလုံး ဆီဆားနဲနဲ… ရေမျိုချ … ဒါဘဝ…  ၆၅ဝ လောက်ပဲသွားသဟ… ၁၃၀၀… အိမ်ကတော့ မစဉ်းစားနဲ ့ဆရာသမား…. သူများအိမ်ကပ်နေရင်နေ… မဟုတ်ရင် ဘုန်းကြီးကျောင်းသွားနေ… အဲ့ဒါမှဟုတ်လဲ ကျူးကျော်မှာ တလတသောင်း တန် တဲကန် ့လေးတွေ ရှိသား… ရေဖိုး က ချောင်းက… မီးဖို ့က ဖယောင်းတိုင်…. ၄၀ဝ ပေါ့ဗျာ… တနေ ့ကို…. ၁၇၀၀… ကဲ… ၃၀ဝ တောင်ပိုသေး….

မြင့် ။ မင်းဟာကလည်ကွာ… သူတောင်းစားကျနေတာပဲ….

လေး ။ အေး သူတောင်းစားကို အထင်မစမောနဲ ့ငါ့ကောင်… ဒီခေတ်မှာ အလှူတခါထည့် ၅ဝ ၁၀ဝ အနဲဆုံး… တခါတလေ သဒ္ဒါပေါက်ရင် ၂၀ဝ ထည့်သွားသေး… တနေ ့ ဆယ်ယောက် ပျှမ်းမျှ ၁၅ဝ ဆို ၁၅၀၀… တလ လေးသောင်းခွဲရှိတယ်မောင်…. အဲ့ဒါ အနိမ့်ဆုံး… တခေတ်တခါက BA ဘွဲ ့ရတောင်… တောင်းစားတာ ကောင်းမှန်းသိလို ့…. ရုပ်ဖျက်တောင်းစားတဲ့ ဇာတ်လမ်းလေးတောင်ရှိသေး…. ငါပြန်ရှာပြမယ်….

မြင့် ။ မင်း ဆိုလိုချင်တာကဘာလဲကွ…..

လေး ။ ဒီလိုလေကွာ…..

အေး ။ ဆက်ပြောပါအုံးဟ….

ဒီလိုနဲ ့ပဲ…. ၂၀၀ဝ တန် စကားဝိုင်းက တော်တော်နဲ ့ မပြတ်နိုင်ရှာ…..

.

.

.

.

 

လေးစားလျက်

တိမ်မည်း

 

 

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........