ကျနော်တွေ့နေရ မြင်နေရ တစ်ခါတစ်လေ စိတ်အနှောက်အယှက်ဖြစ်မိလို့ ဒီပို့စ်လေးရေးဖြစ်တာပါ

ကျနော်တို့ နိုင်ငံမှာ မိုဘိုင်းဖုန်းတွေ လူတန်းစားမျိုးစုံသုံးစွဲ လာနိုင်တာ အရမ်းကောင်းပါတယ်.. တစ်ဦးနှင့်တစ်ဦး အလုပ်ကိစ္စပဲဖြစ်စေ၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအ၀၀ မှစလို့ အလွယ်တကူဆက်သွယ်နိုင်တော့ တော်တော်လေးအဆင်ပြေတယ်ဗျာ (ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာကလွဲလို့ပေါ့)….

ဒါပေမယ့် ကျနော် ပါတ်ဝန်းကျင်လေးမှာ တွေ့နေရတာ တစ်ခါတစ်လေ စိတ်အနှောက်အယှက်ဖြစ်မိတာက.. ကုန်စုံဆိုင်လေးတွေ၊ လမ်းဘေးဈေးဆိုင်လေးတွေ (တချို့ပေါ့) …. ကိုယ်က အရေးတကြီးလိုလို့ ဈေးလာဝယ်တယ် မောင်မင်းကြီးသား၊ မယ်မင်းကြီးမ များက ဂိမ်းဆော့နေသလား အင်တာနက်ကြည့်သလားတော့မသိဘူးဗျာ..

ဈေးဝယ်ချင်တဲ့သူက အကိုရေ အမရေ ဈေးရောင်းပေးပါအုန်း လို့ ပြောမှထတော့တယ်… တခြားတစ်နေရာ သွားဝယ်ဖို့ကြတော့လည်း နေရာကလှမ်းနေတော့ သူတို့ရောင်းမယ့် အချိန် စောင့်ဝယ်ရတာပေါ့ဗျာ…

Customer နဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ ကုမ္ပဏီတချို့ မှာ လုပ်ငန်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးမပြုရလို့ စည်းကမ်းထုတ်ထားတာတွေ တွေ့ဖူးတယ်… အဲဒီတုန်းကတောင် တွေးမိလိုက်သေးတယ် ကိုယ့်ပိုက်ဆံတဲ့ ၀ယ်ထားတဲ့ဖုန်းတောင် ကိုယ်စိတ်ကြိုက်သုံးလို့ မရပါလားလို့ ……..

အခုတော့ သိလိုက်ရတာ ဒီလိုသူတွေရှိနေလို့ ဖြစ်မှာပဲလို့ … ကျနော် ဈေးဝယ်နေရင်း တွေးခဲ့မိတာပါ……

တစ်ခုတော့ ထပ်ပြီးစိုးရိမ်မိပါသည်….. ကုမ္ပဏီမှာ လုပ်နေတဲ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေပဲဖြစ်ဖြစ်ပါ အင်တာနက်ရှိမယ်။ Wifi ရတဲ့နေရာမှာ အလုပ်လုပ်နေသူတွေ ဒီအွန်လိုင်းဆိုတာကြီးကို အကျိုးရှိရှိအသုံးမပြုပဲ …. အချိန်းဖြုန်းနေကြမယ်ဆိုရင်တော့ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကျလာမယ်၊ လုပ်ငန်းအတွက်ပေးရတဲ့အချိန်တွေ လျော့နည်းလာမယ်၊ နောက်ဆုံးကိုယ့်မျက်လုံးပါ ထိခိုက်လာမယ် စသည်ဖြင့်ပေါ့ဗျာ….. တလွဲအသုံးချမိကြမှာကိုတော့ ကျနော်တို့ နိုင်ငံသားတွေအတွက် စိုးရိမ်မိပါကြောင်း…… တွေ့ရာမြင်ရာ တွေးမိတွေးရာလေး တင်ပေးလိုက်ပါတယ်ဗျာ…………..

ဖိုးမေတ္တာ

About Phoe Myinttar

Phoe Myinttar has written 4 post in this Website..