Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါက်တာ သန်းထွန်း ရေးသားတဲ့ “မြန်မာသစ်”…

ကုိ ထြဋ္June 25, 20141min58111

မြန်မာနိုင်ငံ (၁၃၀ဝ – ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ်

ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ (LuZein)

၁၃၀ဝ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်

၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉ဝ – ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်
၁၄၃ရ သံတွဲ ရခိုင် လက်အောက်ခံ စဖြစ်
၁၄၄၆ သိုဟန်ဘွား တရုတ်မှာ အညံ့ခံ
၁၄၅ဝ ဗညားကျန် ရွှေတိဂုံစေတီ ဉာဏ်တော်ကို ပေ ၃၀၂ ထိမြှင့်
၁၄၅၃ တာ့ခ်တွေ ကွန်စတန်တီနိုပယ်မြို့တော်ကြီးကိုသိမ်း
၁၄၅၃ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသတို့ မွေးဖွား၊ မြန်မာစာပေ ကြီးပွား
၁၄၅၆ အဝက ကန္ဒီစွယ်တော်တိုက်ကို အဖူးအမျှော်သွား
၁၄၆ဝ ရှင်စောပု ရွှေတိဂုံ စေတီ ရင်ပြင်တော်ကို ချဲ့
၁၄၇၂ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက ဗုဒ္ဓဂါယာကို အလှူတော် ပို့လွှတ်
၁၄၅ရ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက သာသနာ သန့်စင်ရေး အတွက် သီရိလင်္ကာနဲ့ ဆက်သွယ်၊ ကလျာဏီ
ကျောက်စာ ရေးထိုး
၁၄၉ဝ ဗာ့စကိုဒဂါမက အိန္ဒိယ ရေလမ်းကို စပြီး တွေ့ရှိ
၁၅၀၃ တောင်ငူက ကျောက်ဆည်နယ်ကို သိမ်းယူ
၁၅၀၃ မိုးညှင်းက ရွှေဘိုနယ်ကိုသိမ်း
၁၅၀ရ လုဒိုဗိကိုဒီဗာသိမ ရောက်
၁၅၁၉ မဒမမှာ ပုတကေ (ဖုရတုဂုစေေ) တွေ ကုန်တိုက် လာဖွင့်

၁၅၂၃ သိုဟန်ဘွား အဝ မင်းဖြစ်
၁၅၃၉ တပင်ရွှေထီး ဗဂိုးသိမ်း၊ ဗဂိုးမှာ နန်းသစ်ဆောက်
၁၅၄၁ တပင်ရွှေထီး မဒမကိုသိမ်း
၁၅၄၄ တပင်ရွှေထီး မြင်းခြံ အထိ အညာမြန်မာကိုသိမ်း
၁၅၄၆ ငကြည်မြောင်း ဖောက်
၁၅၄ရ မြို့ဟောင်းကို တိုက်လာတဲ့ မြန်မာတပ်ကို မင်းဘင်က တွန်းလှန်
၁၅၄၈ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပထမ အကြိမ် ဝန်းရံတိုက်ခိုက်
၁၅၅ဝ တပင်ရွှေထီး လုပ်ကြံခံရ၊ မွန်တွေက မြန်မာကို ဗဂိုးက နှင်
၁၅၅၁ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) ဗဂိုးရ၊ သမိန်ထောကို ကွပ်
၁၅၅၅ ကန္ဒီ စွယ်တော်တိုက်ကို ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က ပူဇော် ကန်တော့လွှတ်
၁၅၅၅ – ၅၉ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က အညာမြန်မာ၊ ရှင်းပြည်၊ မဏိပူရက လင်းဇင်း (ဗိယင်ချန်း)
ထိသိမ်း၊ သူပိုင်တဲ့ နယ်တွင်းမှာ နတ်ကို သားကောင်နဲ့ ယဇ်ပူဇော်တာ၊ လူစတေးတာ တွေကို တားမြစ် ပိတ်ပင်။
၁၅၆၄ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဒုတိယ အကြိမ် ဝန်းရံ၊ မြို့ကိုသိမ်း၊ တနင်္သာရီ မြန်မာ လက်အောက်ခံ
ဖြစ်လာ၊ ဗဂိုးကို မီးရှို့ ဖျက်ဆီး၊
၁၅၆ရ အကြေမြန်မာ (မြစ်ဝကျွန်းပေါ် ဒေသ) မှာ ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဆိုက်
၁၅၆၉ အယုဒ္ဓယ (ယိုးဒယား)ကို မြန်မာက တတိယ အကြိမ် ဝန်းရံ၊
၁၅၇၄ – ၇၆ ဟံသာဝတီ ဆင်ဖြူရှင် သီရိလင်္ကာက သမီးကညာနဲ့ စွယ်တော်ရ
၁၅၈ဝခန့် ဓမ္မသတ်ကျော်နဲ့ ကိုးဆောင်ချုပ်ရေးပြီး
၁၅၈ရ – ၉၃ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက စတုတ္တ အကြိမ် ဝန်းရံ၊ ဘာမျှ အရာမရောက်
၁၆၀ဝ ရခိုင်၊ ယိုးဒယား ပေါင်းပြီး ဗဂိုးကိုတိုက်၊ အကြေမြန်မာ (မြစ်ဝကျွန်းပေါ်) မှာ ငတ်မွတ် ခေါင်းပါးခြင်း ဘေးဆိုက်၊
နိုင်ငံ အစိတ်စိတ် ပြိုကွဲ၊ ဒီဗရစ်တို တညင်မှာ အခိုင်အမာနေ
၁၆၀၉ ရှင်မဖြူ (ဆာနဒဝိပ) ကျွန်းမှာ ထိဗောင် (ထိဗုာ) အခိုင်အမာ တပ်စွဲ
၁၆၁၃ အနောက်ဘက် လွန်မင်းက မင်းဆက်ကို ခိုင်ခံ့အောင် လုပ်ပြီး တညင်ကိုသိမ်း

၁၆၁ရ မင်းခမောင်းက ရှင်မဖြူ ကျွန်းကိုသိမ်း၊ မာ့ဘ်နဲ့ ပုတကေ (ဖုရတုဂရစေေ) ပေါင်းပြီး ဘင်္ဂလားဒေ့ကို တိုက်ခိုက်
၁၆၁၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ ကိုယ်စားလှယ် ဗဂိုးရောက်
၁၆၂၅ မာ့ဘ် – ပုတေကေ ပေါင်းပြီး ဒက္က (ဓာငငာ) ကို တိုက်
၁၆၂ရ ဒါ့ချ်နဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တွေက မြန်မာမှာ ကုန်တိုက်ဖွင့်
၁၆၂၈ တရုတ်က မြန်မာမင်းကို အခွန်ဘဏ္ဍာ ဆက်ချိန် တန်ပြီလို့ နှိုးဆော်ဖို့ သံစေလွှတ်
၁၆၃ဝ မနုသာရ ရွှေမျှဉ်း ဓမ္မသတ် စီရင်
၁၆၃၅ အဝကို မြို့တော်ပြောင်း
၁၆၃၈ သာလွန်မင်းက စစ်တမ်းယူ
၁၆၅၂ – ၆၂ တရုတ်ဘက်က အညာ မြန်မာ နယ်တွေမှာ ဝင်ရောက် လုယက်
၁၆၆ဝ ရခိုင်မှာ ပိုက်ဆံ (ဒင်္ဂါး) သွန်းပြီး သုံးစွဲမြဲသုံး
၁၆၆၁ မြို့ဟောင်းမှာ ရှားရှုဂျာ လုပ်ကြံခံရ
၁၆၆၂ ယုန်ဂ်လ အညံ့ခံ
၁၆၆၆ မိုဂါ (ုံဂုလ) တွေ စစ်တကောင်း သိမ်း၊ ဘင်္ဂလားကို မာဘဘ်နဲ့ ပုတကေ ပူးတွဲ ဖျက်ဆီး လုယက်ခြင်း ရပ်စဲ
၁၆၇ရ ဒါ့ချ်နဲ့ အင်္ဂလိပ် အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲတွေ မြန်မာနိုင်ငံက ရုပ်သိမ်း
၁၆၈၃ ဒါ့ချ်ကုမ္ပဏီ တိုက်ခွဲ ရခိုင်က ရုပ်သိမ်း
၁၆၈ရ ဘိတ် (မြိတ်) မှာ အင်္ဂလိပ်တွေ အသတ်ခံရ
၁၆၈၈ ဘိတ် (မြိတ်) ကို ပြင်သစ်က ခေတ္တသိမ်းယူ၊ ပြင်သစ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာဖွင့်
၁၆၉၅ ဖလိဝုဒ့်နဲ့ ဆီလီတို့ အဝကိုရောက်
၁၇၀၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာ ပြန်ဖွင့်
၁၇၂၁ ကက်သလစ် သာသနာပြု လုပ်ငန်းစ
၁၇၂၄ – ၅ဝ အညာ မြန်မာဘက် မဏိပူရမှာ လုယက်
၁၇၂၅ မြန်မာက ဇင်းမယ်ကို လက်လွှတ်

၁၇၄ဝ ဗဂိုး၊ တညင်၊ မဒမ က မြန်မာတွေ ပြေးခဲ့ရ
၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်
၁၇၄ရ အုတ်ဖိုကွေ့ရှမ်းက မဒရာရှိ မွန်တွေနဲ့ ပူးပေါင်း
၁၇၅ဝ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု
၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း
၁၇၅၂ အဝကို မွန်တို့သိမ်း
၁၇၅၃ အဝက မွန်တို့ထွက်
၁၇၅၄ အဝကို မွန်တို့က အကြီးအကျယ် လာရောက် တိုက်ခိုက်တာကို အလောင်းမင်းတရားက တွန်းလှန်
၁၇၅၅ မွန်တို့က ဟံသာဝတီရောက် မင်းကို ရေမှာဖျောက်၊ အလောင်းမင်းတရား ပြေ၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊
အင်္ဂလိပ် သင်္ဘောတွေကို ဖမ်း၊ ရန်ကုန်မှာ မီးလောင်၊ ကပ္ပတိန် ဗေကာ သံအဖြစ်နဲ့ အလောင်းမင်းတရားဆီ လာ၊ မဏိပူရကို
ပထမ အကြိမ် ဖျက်ဆီး ရှမ်းက အညံ့ခံ
၁၇၅၅ – ၅၆ တညင်ကို ရံ၊ ပြင်သစ် သင်္ဘောကို ဖမ်း
၁၇၅၆ မနုကျယ်ကို ပြုစု
၁၇၅၆ – ၅ရ ဗဂိုးကိုရံ၊ မွန်တို့ကို အပြီးတိုင်နိုင်
၁၇၅ရ လက်စတာ သံအဖြစ်နဲ့လာ၊ အင်္ဂလိပ်နဲ့ အလောင်းမင်းတရား ညှိနှိုင်းရေး အောင်မြင်
၁၇၅၈ – ၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်
၁၇၅၉ နာဂရစ် သတ်ပွဲ
၁၇၆ဝ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်
သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယ ကုန်တိုက်ဖွင့်
၁၇၆၃ လက်ဝဲသုန္ဒရက မဲဇာတောင်ခြေ ရတု ရေးသား စီကုံး
၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်
၁၇၆၅ အဝကို မင်းနေပြည် ပြန်လုပ်၊ ဗျာကရိုဏ်းကျမ်း ရေး
၁၇၆ရ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမ အကြိမ် ဝန်းရံသိမ်းယူ

၁၇၆၅ – ၆၉ တရုတ် ကျူးကျော်စစ်
၁၇၇၃ မွန်တွေ ထိုင်းလင်းဘက်မှာ ခိုလှုံ
၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂ရ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်
၁၇၆၈ – ၈၂ ဖြာတက်က ထိုင်းလင်း (ယိုးဒယား) က မြန်မာတွေကို တိုက်ထုတ်
၁၇၇၅ – ၇ရ ကချနဲ့ ဂျိမ်တိယ စစ်ကြောင်းချီတက်
၁၇၇၆ မြန်မာစာ သင်ပုန်းကြီးကို အီတလီမှာ ပုံနှိပ်
၁၇၈ဝ မဟာဗန္ဓုလ မွေးဖွား
၁၇၈၃ အမရပူရကို မင်းနေပြည်လုပ်၊ ရန်ကုန်ကို မွန်တို့က ခေတ္တသိမ်း
၁၇၈၄ – ၈၅ ရခိုင်ကိုသိမ်း၊ အရပ်ရပ် ကျောက်စာတွေ စု
၁၇၈၄ စစ်တမ်းကောက်
၁၇၈၅ – ၈၆ ထိုင်းလင်း (ယိုးဒယား) ကိုတိုက်
၁၇၈ရ တရုတ်က မြန်မာကို သံလွှတ်
၁၇၉ဝ – ၉ရ မင်းကွန်းမှာ ဘုရားတည်
၁၇၉၄ ရခိုင်မှာ သူပုန်ထ၊ မြန်မာက စစ်တကောင်း ဘက်ကိုဝင်
၁၇၉၅ – ၁၈၀၂ ထိုင်း သံအဖွဲ့ရောက်၊ ချင်းပျံ သူပုန်ထ၊ ရခိုင်တွေ စစ်တကောင်း ဘက်မှာ ခိုလှုံ၊ ကောက်
သံအဖွဲ့ရောက်
၁၈၀၂ သီရိလင်္ကာမှာ အမရပူရ သံဃာဂိုဏ်းရောက်
၁၈၀၃ ကျိုင်းရုံကြီးကို ယိုးဒယား ဘက်က ဝင်ရောက် လုယက် ကျိုင်းတုံက လူတွေ ဖမ်းသွား
၁၈၀၃ – ၁၈၀၉ – ၁၈၁၁ ကဲန်နဒ် သံအဖွဲ့ရောက်
၁၈၀ရ – ၁၆ အညာမြန်မာမှာ ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်
၁၈၀၉ – ၁၁ မြန်မာက ကရာကျွန်းစက်နဲ့ ဂျန့်စီလုံကို သွားပြီး လုယက်
၁၈၁ဝ ဗုဒ္ဓဂါယာကို မြန်မာက ဘုရားဖူးသွား

၁၈၁၃ မဏိပူရကို ချီတက်၊ ဂျပ်ဆင် မြန်မာနိုင်ငံကို ရောက်
၁၈၁၄ မဒမမှာ မွန်တွေ ပုန်ကန် ထိုင်းလင်းဘက်ကို ဝင်ရောက် ခိုလှုံ
၁၈၁၅ ချင်းပျံ ကွယ်လွန်
၁၈၁၆ အာသမ်ကို မြန်မာက တိုက်ခိုက် အောင်မြင်
၁၈၁၈ မြန်မာက ဘင်္ဂလားကိုလဲ ပိုင်ဆိုင်တယ်လို့ စပြော
၁၈၁၉ မြန်မာက မဏိပူရကို သိမ်း၊ မြန်မာက အာသမ်ကို သိမ်း
၁၈၂၃ အဝကို မင်းနေပြည် ပြန်လုပ်၊ ရှင်မဖြူ (ဆဟာဟပုရိ) ကျွန်းကို မြန်မာက သိမ်း
၁၈၂၄ – ၂၆ အင်္ဂလိပ် – မြန်မာ ပထမစစ် ဖြစ်ပွား၊ ရခိုင်နဲ့ တ နင်္သာရီကို အင်္ဂလိပ်ယူ
၁၈၅၂ အင်္ဂလိပ် – မြန်မာ ဒုတိယစစ် ဖြစ်ပွား၊ အကြေမြန်မာကို အင်္ဂလိပ်သိမ်း
၁၈၅ရ မန္ဈလေးမြို့ စတည်
၁၈၈၅ အင်္ဂလိပ် – မြန်မာ တတိယစစ် ဖြစ်ပွား၊ အညာမြန်မာကို အင်္ဂလိပ် သိမ်း
မြန်မာနိုင်ငံ (၁၃၀ဝ – ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ် ဖြစ်ပါတယ်။
သန်းထွန်း
၂၅၊ ၁၁၊ ၂၀၀၀။

11 comments

  • alinsett (gazette)

    June 26, 2014 at 9:14 am

    အဲ
    ဖြစ်ပေါ်တိုးတက်မှု ဆိုပေမယ့်
    တိုးတက်မှုချည်းပဲ မဟုတ်ပေဘူးကိုးးး
    ဆုတ်ယုတ်မှုတွေရဲ့ အကြောင်းရင်းခံတွေရော
    ဆိုးယုတ်ခဲ့မှုတွေရဲ့ အကျိုးရလဒ်တွေရော
    ပါနေပါရောလားဗျ

    😆

  • kyeemite

    June 26, 2014 at 11:19 am

    တော်တော်အနုစိတ်တဲ့ မြန်မာ့ မှတ်တမ်း အကျဉ်းချုပ်လေးပါ
    ဒေါက်တာသန်းထွန်း ကိုယ်တိုင်ဆိုတော့ အချက်အလက်တွေတိကျမယ်ထင်ပါတယ်..
    ကူးပြီးသိမ်းထားလိုက်ပါတယ်…တင်ပေးတဲ့ Yae Myae Tha Ninn ကိုကျေးဇူးပါနော 🙂

  • Yae Myae Tha Ninn

    June 26, 2014 at 12:31 pm

    ဟုတ်.. ကျွန်တော်လဲ သိမ်းချင်လို့ ပို့စ်တင်ထားတာဗျ… 🙂

    • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

      June 26, 2014 at 3:52 pm

      ဝေ့ ဖေါရှော
      နင်နဲ့ စောဖွပြေးနဲ့ဘာတော်လဲ ဝေ့
      ဖွပြေးက ငါ့သငယ်ချင်းလကွာ
      သတိယတယ်ပြောလိုက်အုံး

      • Saw Faw Shaw

        June 27, 2014 at 11:15 am

        ဝေ့ အော့ကြေလန်ရေ့
        စောဖွပြေးက ငါ့ယောက်ဖပဲဝေ့။
        သူ့အစ်မ ငါယူထားတာဝေ့။
        နင်ရော မာဆတ်က ကောင်မလေးနဲ့ ကိစ္စပြီးသွားပြီလားဝေ့။
        အိမ်က သားကြီးမယားကြီးတွေ မျက်နှာထောက်ပါဦးဝေ့။

  • Yae Myae Tha Ninn

    June 26, 2014 at 2:06 pm

    မူရင်းလင့်က အများကြီးပါပဲ… တယောက်တလက် ရှယ်ကြတာ.. ကျိန်းသေတာက ဒေါက်တာသန်းထွန်းရေးတာ.. 😛

    • Saw Faw Shaw

      June 27, 2014 at 11:19 am

      ဝေ့ ရေမြေ့သနင်း ဆိုတဲ့ ငါ့ကောင်ရေ့
      ဒေါက်တာသန်းထွန်းရေးတယ်ဆိုမှတော့
      အွန်လိုင်းပေါ်ဘယ်ထောက်ထောက် ရနေတာပဲဝေ့။
      ဒို့ ရွာသားတွေကို နလဗိန်းတုံးတွေလို့ ထင်နေတာလားဝေ့။
      စိတ်ကုန်တယ်ဝေ့။

  • kai

    June 26, 2014 at 4:07 pm

    ၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
    ၁၄၅ဝ ဗညားကျန် ရွှေတိဂုံစေတီ ဉာဏ်တော်ကို ပေ ၃၀၂ ထိမြှင့်
    ၁၄၆ဝ ရှင်စောပု ရွှေတိဂုံ စေတီ ရင်ပြင်တော်ကို ချဲ့
    ၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂ရ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်

    ဒါလေးကို မှတ်သွားပါတယ်..
    ကြည့်ရတာ.. ဗညာဦးလက်ထက်မှာ ရွှေတိဂုံရှိပြီးနေပုံပေါ်တာပေါ့…။
    အဲဒီရှေ့မှာ.. ဘာအထောက်အထားရှိသလည်း.. သိချင်သား..။

    • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

      June 26, 2014 at 4:16 pm

      သိချင်ရင် တူးကြည့်လေ ညှင်းညှင်း

  • Yae Myae Tha Ninn

    June 26, 2014 at 5:07 pm

    Saw Faw Shaw ပြောတဲ့ လင့်မှာ ရှိမယ် ထင်တယ်.. ကြည့်ကြည့်လိုက်ဦးမယ်လေ… အိမ်မှာတော့ မြန်မာနိဒါန်း မြန်မာ ဥဒါန်းဆိုတာရှိတယ်.. ရှာပေးမယ်…

Leave a Reply