အုန်းကျွန်းတပုဒ်ပီးတော့ နောက်တပုဒ်ကို ဖျစ်ညှစ်ဖို့ ကြိုးစားနေတုန်း…

စကြာဝဠာအစွန်းသို့ ခရီးနှင်ခြင်း ဆိုတဲ့ ပို့စ်လေးကို တွေ့တော့ ၀င်ကြည့်လိုက်တယ်…

ဟဲ ဟဲ.. အချိုရှာ သကာတွေ့ဆိုသလိုပဲ.. ပို့စ်ကလဲ တင်ချင်  နဂိုကတည်းက အကြောင်းအရာမထွက်နဲ့မှာ အဆင်ပြေသွားတယ်…

ဒါဟာ ကူညီတာလဲ ဟုတ်သလို ပို့စ်တခုလဲရသွားတယ်… လေကြောနည်းနည်းတော့ ရှည်ခွင့်ပြုဗျာ..

တကယ်တော့ ကျွန်တော်က အိုင်တီသမားတယောက်ပါ… ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းကိုပဲ ထူးထူးခြားခြား ပြင်ရတဲ့ အရာလေးတွေကို ပို့စ်အနေနဲ့ တင်မလားလဲ စဉ်းစားတယ်ဗျ..

ဒါပေမဲ့ ဒါက အိုင်တီဆိုက်လဲ မဟုတ်ဘူးပေါ့.. အဲလို တွေးမိတယ်..  ဘော်ဘော်တို့ရော.. မန့်ပေးကြနော် ဒါကိုလဲ… ရေးရမယ်ဆိုရင်တော့ အများကြီးပဲ… :)

ကဲပါ.. လိုရင်းပဲ ပြောကြမယ်…

၁  ကိုယ်ဖွင့်လိုသော You Tube ဖိုင်တခုကို ဖွင့်လိုက်ပါ…

၂  သူ့ရဲ့လိပ်စာကို Copy ကူးပါ… (ဆိုလိုသည်မှာ Google ခေါ်လိုလျှင် ရိုက်ထည့်သောအကွက်မှ စာများအားလုံးကို ကူးပါ Example http://www.youtube.com/watch?v=8SRcN76Gieg)

၃  http://www.ixconverter.net/ ကို New Tab တွင် ခေါ်ပါ…

၎  ခုနက You Tube လင့်ကလေးကို ixconverter မှ အကွက်ထဲတွင် ထည့်ပါ…

၅  ပြီးလျှင် ကို ဒေါင်းလုပ် လုပ်လိုသော Format ကို ရွေးပြီး Convert လုပ်ပါ…

၆  Convert % 100 ပြီးလျှင် လင့် တခုကျလာလိမ့်မည်… Save ကိုရွေးပါ… ဒေါင်းလုပ်ဆွဲပါလိမ့်မည်…

၇  Internet Download Manager နှင့် ဆွဲလိုသူများက ခုနက Save လုပ်ပြီး ဒေါင်းလုပ်ဆွဲနေသောဖိုင်ကို ကလစ်နှိပ်ပြီး ထွက်လာသော ဖိုင်တွင် Right ကလစ် ထပ်နှိပ်ပြီး Copy Download Link ကိုရွေးပြီး IDM တွင် Paste လုပ်ပြီး ဒေါင်းလုပ်ဆွဲပါ… IDM နှင့် ဆွဲသဖြင့် ပိုမြန်ပါလိမ့်မည်… အင်တာနက်ဆိုင်တွင် သုံးလျှင်တော့ သဘောကောင်းသော ဆိုင်တွင် ရပြီး.. မကောင်းသောဆိုင်တွင် မရပါ…

PS: မရှင်းလျှင် ကော်မန့်တွင် ရေးပြီး မေးနိုင်ပါသည်…  ဟဲ မပိုင်လား တချက်ခုတ် ၂ ချက်ပြတ်… သူ့များ အကျိုးဆောင် ကိုယ့် အကျိုးအောင်… ပို့စ်က မတင်ရရင် မနေနိုင်တာ ခွင့်လွှတ်… :P

 

 

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...

   Send article as PDF