Aung-La

 

 

 

တခွေလုံး နီးပါးကို ကြိုက်တယ်.. ပထမ အခွေတုန်းကတော့ မကြိုက်တာတောင် ပါသေးတယ်…

ဒီတခွေက နားထောင်တာတောင် နောက်ကျတယ်… ထွက်ပြီး တလကျော်မှ နားထောင်ဖြစ်တာ..

စ နားထောင်ထောင်ချင်းပဲ သဘောကျသွားတယ်… အပြစ်မဲ့လူသားတဲ့.. Metal ဆန်တဲ့ Crush တွေ စာသားတွေနဲ့ ပေါင်းစပ်ထားတဲ့ သီချင်းတပုဒ်ပဲ…

နောက်တပုဒ်ကတော့ Animation X ဟန်ထူးလွင် နဲ့ဆိုထားတာ.. English Version ပေါ့.. သိပ်တော့ မဆိုးလှဘူး..

ကွက်လပ်၊ ငါ့ကိုသတိရပါ၊ မှားခဲ့လား၊ အဆင်ပြေမှာပါ၊ အလွမ်းသည်၊ ခံစားချက် ဒါတွေကတော့ မိန်းကလေး အင်အားစု ကြိုက်တဲ့ အလွမ်းသီချင်းအေးအေးလေးတွေပေါ့…

ကျွန်တော်လဲ ကြိုက်ပါတယ်… မှားခဲ့လားဆို အကြိုက်ဆုံးပဲ…  ငါ့ကို သတိရပါတို့ အလွမ်းသည်တို့ရောပေါ့… အဆင်ပြေမှာပါဆို တီးတာလေးက တမျိုးဆန်းတယ်ဗျ.. မိုက်တယ်ပြောရမလားပဲ… ကြားနေကျပုံစံ

မဟုတ်ဘူး…

စက်ရုပ်ကမ္ဘာ၊ ဘောင်၊ For The Moment တို့ဆိုရင် လမ်းရိုးလမ်းစဉ်ကနေ ခွဲထွက်တဲ့ ပုံစံလေးတွေပါပဲ… အစက အေးမလိုနဲ့ နောက်ပိုင်းမှာ Crush လေးတွေ ပါးပါး သုံးထားတာ အရမ်းသဘောကျတယ်….

ဘောင် နဲ့ For The Moment ဆို အရမ်း ကို သဘောကျတယ်… တော်တော်လေးကို မိုက်တာဗျ.. Post Modern ပုံစံလေးတွေ သဘောကျရင် နားကို ထောင်သင့်တဲ့ သီချင်းတွေပါပဲ…

ထူးခြားချက်အနေနဲ့..  Instrumental ချည်းသပ်သပ် တပုဒ်ပါပါသေးတယ်… Unabsent-Minded Maze(Instrumental)…

အကြိုက်ဆုံး… နားထောင်ထောင်ချင်း နောက်တခေါက်ထပ်နားထောင်ကို ထောင်ဖြစ်တာက… Title Song ပင်လယ်ထဲက မြစ်များပါပဲ.. အကြိုက်ဆုံး အဆိုတော် တယောက်လဲ တွဲပြီး ဆိုထားပါသေးတယ်…

သူကတော့ မျိုးကြီးပါ… သီချင်းကလဲ ရှည်ပါတယ်.. ၆ မိနစ်ကျော်တယ်.. သီချင်းပြီးလို့ နောက်ပြီး အော်တာက ပိုကြာသလိုပဲ… အဲဒါတွေကို သဘောကျတာလဲပါတယ်…

IC မှာဆို Backing တို့ ဟာမိုနီတို့ဆို မျိုးကြီးက အပိုင်ဆုံးပဲ… ဒီလိုပဲ SIR မှာဆိုရင် အောင်လက အပိုင်ဆုံး… သူတို့၂ ယောက်ပေါင်းလိုက်တော့ မျက်နှာကို ပြောင်နေတော့တာပဲ….

နားထောင်ကြည့်စေချင်ပါတယ်.. အခုဆို ထွက်တာမှ အဆိုတော်တွေ စုံနေတာပဲ… စန္ဒီမြင့်လွင် ရဲ့ ကလီယိုပက်ထရာ၊ ချမ်းချမ်းရဲ့ အိမ်မက်၊ အေသင်ချိုဆွေရဲ့ Play Boy၊ မိစန္ဒီရဲ့ ပစ်တိုင်းထောင်၊

လွှမ်းပိုင်ရဲ့ ဂီတစာဆို တော်တော်များများပါတယ်… အခုလက်ရှိ အကြိုက်ဆုံးကတော့ အခု အောင်လ ရဲ့ ပင်လယ်ထဲက မြစ်များ တေးစီးရီးပဲ ဖြစ်ပါတယ်ဆိုတာ သတင်းကောင်းပါးအပ်ပါတယ်….

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...