microsoft-security-essentials

ကွန်ပျူတာတလုံးရဲ့ လုံခြုံရေးအတွက်ဆိုရင် ရွေးချယ်စရာ Anti Virus တွေ အများကြီး ရှိပါတယ်… Panda, Kasper, Norton, Avria, Smadav အစရှိသဖြင့်ပေါ့…

ဒီနေ့ပြောမယ့် Anti Virus ကတော့ Microsoft က ထုတ်တဲ့ Microsoft Security Essentials ပဲ ဖြစ်ပါတယ်…

ကျန်တာတွေက မကောင်းဘူးလား မေးစရာရှိပါတယ်.. ဒီမှာပို့စ်တင်တဲ့သူတွေ တော်တော်များများက ကွန်ပျူတာနဲ့ပဲ တင်တော့ Anti Virus မျိုးစုံကို တွေ့တော့ ဒါတွေကရော မကောင်းဘူးလား မေးမှာပေါ့…

ကောင်းပါတယ်.. Kaspersky ဆိုရင် ပိုက်ဆံပေးမှ ကောင်းမှာပေါ့.. 1 Year, 2 Year ကန့်သတ်ချက်နဲ့ပေါ့…

ကျန်တဲ့ဟာတွေကတော့ Smadav က ထားပါ.. တခြားတခြားသော Anti Virus တွေက ပထမဆုံးအကြိမ် Update လုပ်ဖို့ အွန်လိုင်းတော်တော်ကောင်းမှ ရတယ်ဗျ…

Smadav ကတော့ Update လုပ်စရာ တနှစ်တခါဆို ရပြီ.. ကျန်တာတွေက Update ဖြစ်မှ Virus ကို သတ်တာ မဟုတ်ရင် ဖြုံတောင် မဖြုံဘူး…

ဒါဆို ကော်နက်ရှင် မကောင်းရင်ရောဆို.. Kasper နဲ့ MSE က Offline Update နဲ့ လုပ်လို့ရပါတယ်.. ပထမဆုံး Update ကိုပေါ့…

နည်းနည်း မျက်စိလည်သွားသလား..  မလည်ပါနဲ့…

ကျွန်တော်ပြောချင်တာ ဆိုလိုချင်တာ MSE က အကောင်းဆုံးလို့ ပြောချင်တာပါ.. ကျန်တာတွေက သူ့အားနည်းချက်နဲ့ သူလို့ ပြောချင်တာပါ…

သူက အလကားလဲ ရတယ်… Window 8 ထိလဲ သုံးလို့ရတယ်… Offline Update လဲရတယ်… ကော်နက်ရှင် မရှိလဲ Update ဖြစ်ပြီး Virus ကို သတ်နိုင်တယ်လို့ ပြောချင်တာပါ…

Version အနေနဲ့ 32 bit နဲ့ 64 bit ဆိုပြီး ၂ မျိုးရှိပါတယ်… ဒေါင်းတာကတော့ Google Search မှာ Microsoft Security Essentials လို့ ရိုက်ထည့်ပြီး ဒေါင်းနိုင်ပါတယ်…

http://windows.microsoft.com/en-us/windows/security-essentials-download      11 MB လောက်တော့ ရှိတယ်…

Offline Update ကိုလဲ သူ့ရဲ့ Official Website မှာ သွားရောက် ဒေါင်းနိုင်ပါတယ်…

http://support.microsoft.com/kb/971606       90 MB လောက်တော့ ရှိတယ်… နည်းနည်းတော့ ဆိုက်ကြီးတယ်ဗျ…

တကယ်လို့ ဒေါင်းမရရင် နီးစပ်ရာ ကွန်ပျူတာဆိုင်.. ဒေါင်းထားတတ်တဲ့ ဆိုင်မှာ ၀ယ်လိုက်ပါ.. တခါလောက် ၀ယ်လိုက်ရင် နောက်ပိုင်း သာမန်ကော်နက်ရှင်နဲ့ Update လုပ်လို့ရပါပြီ…

၅၀၀ လောက်ပဲ ကျပါတယ်…

Kasper ဆို တသောင်းကျော် ပေးရသေး… Update ဖိုးက တခါနဲ့ဆိုတော့ မသက်သာလောက်ဘူး…

ပြီးတော့ သူက အခုခေတ်စားနေတဲ့ Auto Run Virus ကိုလဲ နိုင်ပါတယ်… Bronktot Copy Of Shortcut 1,2,3,4 တွေကို နိုင်ပါတယ်… ကြိုသာတင်ထား Update လုပ်ထားရင်ပေါ့…

Virus စစ်တာကတော့ ပုံမှန်အတိုင်းပဲ Right Click/  Scan With MSE ဆိုပြီး စစ်လိုက်ရုံပါပဲ…

ပြီးရင် ဖမ်းမိတာတွေကို Delete လုပ်လိုက်ရုံပဲ.. အခွံအဖြစ်နဲ့ ကျန်ခဲ့တာတွေကိုတော့ History Tab ကလေးမှာ သွားပြီး ထပ် Select ပေး Delete လုပ်လိုက်ရင် Virus တွေ မာလကီးချောင်းသွားပါပြီခင်ဗျာ…

နှစ်သက်မယ်လို့ ယူဆပါတယ်.. တကယ်လဲ အသုံးလိုလာရင် ဒီပို့စ်ကို လာဖတ် ကော်မန့်ပေးဖို့ မမေ့ကြပါနဲ့လို့…

ဘယ်အိုင်တီဆိုက်ကိုမှ ရေးမတင်ဘဲ ဒီမှာပဲ ရေးတင်ထားပါတယ်လို့လဲ ထပ်ဆင့် ပြောကြားလိုပါတယ်… ကျေးဇူးတင်ပါတယ်… :)

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...