လွမ်းဆွေး……

အာဂJuly 16, 20141min17010

အလွမ်းဆိုတဲ့ စကားလုံးကို
ဘယ်သူတီထွင်လိုက်တာလဲလို့
စဉ်းစားမိတုန်း….။
အလွမ်းတွေ ခန္ဓာအနှံ့ တစ်ဘုန်းဘုန်းရွာချ…။
ခဏ ခဏ ဖြစ်ဖြစ်…တစ်စ စ ပဲဖြစ်ဖြစ်…။
ရင်ခွင်တံခါးဝ.ထဲ…လာလာ မချိတ်ဆွဲနဲ့…။
ညရေး ညတာ….ဘဝတွေထဲ အလွမ်းကြောင့်…ငါ
ဘယ်တော့မှ တစ်ရေးမနိုးရပါစေနဲ့…။
အလွမ်းဆိုတာ ထမ်းထားရတာထက်လေးတယ်။
လွမ်းဆွေး….

(ပျင်းလို့ရေးမိတာပါ။(အာဂ)

10 comments

  • alinsett (gazette)

    July 16, 2014 at 6:12 pm

    အလွမ်းဆိုတာ ထမ်းထားရတာထက်လေးတယ်။ ဆိုတဲ့ စကားလုံးလေးက..
    တကယ့်..အနှစ်ပဲဗျာ..
    ကြိုက်သွားပြီ.. ။

  • surmi

    July 16, 2014 at 8:19 pm

    အလွမ်းဆိုတာ ထမ်းထားရတာထက်ပိုလေးရင်
    အချစ်ဆိုတာက
    တန်၅ဝ ကရိန်းနဲ့ မမှရမယ်ထင့်

  • ခင် ခ

    July 16, 2014 at 10:21 pm

    အလွမ်းကို မထမ်းချင်
    အောက်ကိုချဖို့ပြင်
    အချစ်ကအောက်မှာမို့
    သူကိုပိမှာစိုးလို့
    မနိုင့်တနိုင်ဆက်ကာထမ်းတယ်
    အချစ်ရယ် အလွမ်းအရိပ်အောက်
    မှေးကာ အိပ်ပါကွယ်။

  • ဇီဇီ

    July 17, 2014 at 8:32 am

    လျှောက်ရတဲ့ လမ်းချင်း တူတူ
    နာ လျှောက်တဲ့ လမ်းက နာ့ အလွမ်းတွေကို ပါ ထမ်းထားရတာ ပိုလေးတယ်။
    .

    .
    .
    .
    .

    ..

    အဟိ။
    သများ ဝိတ်တက်လာလို့ ဟုတ်ဘူးနော်။

    :mrgreenn:

  • kyeemite

    July 17, 2014 at 10:57 am

    လွမ်းတယ်ဆိုတာလည်း အလွန်အရသာရှိတာကလား ကိုရင်အာဂ ရယ်….
    လေးချင်လေးပါစေ..ပစ်တော့မချလိုက်ပါနဲ့…အလွမ်း နာသွားမှာစိုးလို့ပါ :mrgreenn:

  • black chaw

    July 17, 2014 at 11:02 am

    မိန်းမ ဘေးမှာ ထားအိပ်ပြီး
    နင်က ဘူ့ လွမ်းချင်နေသေးတာလဲ ဟင်င်င်င်…။
    😀

  • နောင် ရိုး

    July 17, 2014 at 3:14 pm

    ဟိုတစ်လောက မြင်လိုက်ပါတယ်…အလင်းဆက်လားမသိ ရေးထားတာ…ဘာတဲ့…
    “အလွမ်းဆိုတာ…မမြင်ရပေမယ့်
    သိပ်နက်တဲ့..ဒဏ်ရာတဲ့..”
    :
    :
    လွမ်းရတာ အရသာပဲဆိုဆို…
    ကျနော်တော့ လွမ်းရခြင်းမှ ဝေးပါစေပဲ…
    :
    ကားတင်ပြေးရ ကောင်းမားးး….
    :mrgreen:

  • TNA

    July 17, 2014 at 6:06 pm

    ဘေးမယ်တယောက်ဆိုတော့ လွမ်းနေတာ ဘူ့ကိုပါလိမ့် သိချင်လိုက်တာ :mrgreen:

  • အရီးခင်

    July 18, 2014 at 1:06 am

    “လွမ်းဆွေး” လို့ ဆိုထားတာဘဲ ဂဂ ရဲ့။
    အချိန်လေးစောင့်လိုက်။
    သူ့ဟာသူ ဆွေး သွားလိမ့်မယ်။
    ဒါထက်
    မင်းက ဘာကို လွမ်းနေရတာတုန်း။
    lol:-))

  • အာဂ

    July 18, 2014 at 4:56 pm

    alinsett (gazette) ,ကိုsurmi ,ကိုခင် ခ ,မဇီဇီ ,လေးkyeemite,ကိုblack chaw ,ကိုနောင် ရိုး,မTNA,အရီး

    အားလုံးကိုကျေးဇူးတင်ပါတယ်။ ကဗျာကို ခံစားတတ်သူတွေရော..ခံစားချက်တိုက်ဆိုင်သူတွေရော..။ ဘေးနားက အိမ်သူသက်ထား နဲ့ ဒဂျိဒဂျိဖြစ်အောင် ကျပ်ပေးကြသူတွေရော အားလုုံးကျေးကျေးပါ။ အခုတလောလွမ်းလွန်းလို့ အိမ်သူသက်ထား က ခနခနပွမ်နေပါရော….။ နောက်ထပ်လည်းထပ်လွမ်းပါဦးမယ်လို့..။

Leave a Reply