ရွာထဲဝင်ကြသူများထဲမှ..တချို့အတွက် (၂ )
နည်းနည်း… လျှာရှည်လိုက်ဦးမယ်.. ။
စကားလုံးလှလှ သုံးပြီးပြောရရင်တော့..
ကျွန်တော့်လျှာကို..ကျွန်တော့်ခံတွင်းထဲမှာ…ခဏလေး ပျံသန်းပြခွင့်ပြုပါ…ပေါ့ ။
ဒီလိုပါ… ။
ဂဇက်ထဲ.. ကျွန်တော်.. ဝင်တဲ့ နည်းလမ်းလေးတွေထဲက.. အများအတွက်လည်း..အဆင်ပြေမယ်..ထင်တာလေးတွေ..ပြောပြချင်လို ့ပါ ။
ကျွန်တော်..ပြောပြတဲ့ပုံစံနဲ ့…ဝင်လို ့/ ပြ ု လို ့ရပါလား..ဆိုတာကို…
မသိသေးသူ မိတ်ဆွေများအတွက်…. ရည်ရွယ်ပါတယ်..
တကယ်လို ့… အခုလို..ကျွန်တော်ပြောပြနေတဲ့ နည်းလမ်းတွေထပ်…
ပိုအဆင်ပြေမယ့်..နည်းလမ်းလေးတွေ… သိထားကြတယ်ဆိုရင်လည်း.. ပြန်ဝေမျှ ပေးစေချင်တယ်နော်.. ။
စကားကြီးစကားကျယ်ပြောရရင်… ပညာဖလှယ်ကြစို ့ပေါ့ဗျာ.. ။ ဟဲဟဲ.. ။
………………………………
ကျွန်တော် ဂဇက်ကို..ဝင်ပုံ ဝင်နည်း.. ပိုစ့်တွေ ဖတ်ပုံဖတ်နည်း…
Comment ပေးပုံပေးနည်း လေး..တချို ့ပါ… ။
ဒီနေရာမှာ.. ကျွန်တော်က…
တစ်မိနစ် လေးကျပ်ဆိုတဲ ့ ဖုန်းအင်တာနက်ခကို
ချွေတာပြီး.အသုံးပြုတာပါ..လို ့..
အရင်ဆုံးပြောရပါမယ်.. ။
ဒါကြောင့်… ဂဇက် ထဲ.. ဝင်လိုက်တယ်.. ။
ကျွန်တော့် ဖုန်းထဲမှာက.. ဂဇက်ထဲ..တစ်ခါ Log in ဝင်ကတည်းက…password ကို Remember လုပ်ထားလိုက်ပါတယ်.. ။
ဆိုတော့… ဘယ်အချိန် ထ ဖွင့်ဖွင့်… log in ဝင်ပြီးသား အဆင်သင့်ပေါ့ဗျာ.. ။
အခု.. ကျွန်တော်.. www.myanmargazette.net ကို ရိုက်ထည့်ပြီး..ဝင်လိုက်တယ်.. ။
ဂဇက်ရဲ ့ Home စာမျက်နှာကြီး…ဘွားခနဲ ပေါ်လာတယ်
( လိုင်းကောင်းရင် )
အဲဒီ Home စာမျက်နှာမှာ…အပေါ်အောက်တန်းစီ တွေ ့မြင်နေရတဲ ့ ပိုစ့်ခေါင်းစဉ်တွေထဲကမှ…
ကျွန်တော်..ဝင်ကြည့်မယ့် ပိုစ့် ခေါင်းစဉ်ကို… ကလစ်ပြီး..ဝင်လိုက်တယ်ပေါ့ဗျာ.. ။
ပိုစ့်အထဲ ဘွားခနဲ…ရောက်သွားတယ်ပေါ့
( လိုင်းကောင်းရင်… )

ကိုယ် ဖတ်မယ့်ပိုစ့်ကို ဖွင့်..ပြီးရင်..Data Switch ကို ပိတ်ပြီး အေးဆေးဖတ်
……………………………………………………………………………
ကိုယ် ဖတ်ချင်တဲ့ ပိုစ့် အစအဆုံးပေါ်လာတဲ့အထိ..စောင့်ပြီး….
ပိုစ့်တစ်ပုဒ်လုံးရော.. အောက်က Comment တွေပါ… ပေါ်လာပြီဆိုရင်..
ဖုန်း အင်တာနက်လိုင်းကို…ပိတ်လိုက်ပေတော့…
ပိုစ့်ဖွင့်ချိန် လိုင်းကောင်းရင်…အလွန်ဆုံးနှစ်မိနစ်… ( လိုင်းမကောင်းရင်..သုံးမိနစ်လေးမိနစ်ပေါ့)
ပြီးရင်… ဖုန်းအင်တာနက် Data Switch ကို.. ပိတ်ပြီး…ပိုက်ဆံ မကုန်တော့လို ့…
အေးအေးလူလူ ထိုင်ဖတ်ပေတော့… ။
ဖတ်ပြီးလို ့… comment လေး ရေးချင်လာတယ်ဆိုရင်…
ပိုစ့်အောက်က..Comment ရေးလို့ ရတဲ ့ နေရာလေးကိုသွားပြီး… ရေးချင်တာလေးရေး ။
Data switch ကို မဖွင့်နဲ ့ဦးနော်.. ။
မဖွင့်လည်း…စာတော့… ရိုက်ထည့်ထားလို ့ရတယ်.. ။

Data Switch မဖွင့်ပဲ..ရေးချင်ရာလေးရေးထည့်
…………………………………………………………………………………………….
ကိုယ် ရေးချင်ရာ စာသားလေးကို.. ရေးပြိီးပြီ…စာသားသတ်ပုံ မှားတာလေးစစ်ပြီိးပြီဆိုမှ…
Data switch ကို ဖွင့်လိုက်ပေတော့… ။
Data switch ဖွင့်ပြီးမှ… Submit comment ဆိုတာလေးကို.. ဖိချလိုက်ပေတော့… ။
ဒါဆိုရင်… ပိုက်ဆံအကုန်သက်သာစွာနဲ ့… ပိုစ့်တစ်ပုဒ် ဖတ်လို ့.. / Comment ရေးလို ့ပြီးပါပြီ ။

ရေးပြီးမှ Data Switch ဖွင့်ပြီး Submit comment ကို နှိပ်
…………………………………………………………………………………………………
ဒါက…နောက်တစ်ပိုင်း… ။
ဖွင့်လိုက်တဲ့ပိုစ့် ပွင့်သွားပြီဆိုရင်…
တစ်ထိုင်တည်း…မဖတ်ဖြစ်တော့ဘူးဆိုပါတော့…
ဒါမှမဟုတ်…..ပိုစ့်က.. သိမ်းထားပြီး…နောက်ထပ် ပြန် ပြန် ဖတ်ရမယ့် ပိုစ့်ဆိုပါတော့… ။
ဖုန်းထဲမှာ.. အဲဒီ ပိုစ့် စာမျက်နှာ တစ်ခုလုံးကို.. သိမ်းထားလို ့ရပါတယ် ။
နောက် အားတဲ့အခါတိုင်း.. အင်တာနက် လိုင်း မဖွင့်ပဲ.. (ပိုက်ဆံ ထပ်မကုန်ပဲ ) ပြန်ဖတ်နိုင်ပါတယ် ။
အဲဒီနည်းလေးကတော့… ပိုစ့်စာမျက်နှာ… အစအဆုံးပေါ်တဲ့အထိ..စောင့်ပါ.. ။
ပြိီးရင်..
ဖုန်းညာဘက်အောက်မှာပါတဲ့… မျဉ်းကြောင်းလေးသုံးကြောင်းလေ…
( HUAWEI မှာဆိုရင်.. ညာဘက်အောက် / ဆမ်ဆောင်းမှာဆိုရင်..ဘယ်ဘက်အောက် )
အဲဒီ ညီမျှချင်းသုံးကြောင်းပူးလေးကို နှိပ်လိုက်ရင်…ပေါ်လာတဲ့ စာတွေထဲက…
save for offline reading ဆိုတာကို… နှိပ်လိုက်ပါ… ။

save for offline reading ကို နှိပ်ပြီး သိမ်း
……………………………………………………………………………..
.save for offline reading ကို နှိပ်လိုက်ရင်…
ဒီပုံအတိုင်း….Save pages ထဲ…သိမ်းပြီးသားဖြစ်သွားပါလိမ့်မယ် ။။
ဒီမှာ…ဒီမှာ.. ဒီလိုလေး..တွေ…

ကျနော် သိမ်းပြ ထားတာတွေ.. / ဖတ်ချင်ရင်..ဖတ်ချင်တဲ့နာမည်ကို နှိပ်လိုက်ရုံပဲ
( တချို ့ဖုန်းတွေက… လုပ်လို ့ရချင်မှ ရပါလိမ့်မယ်.. ။
ဖုန်းတစ်ခုနဲ့တစ်ခု လုပ်ဆောင်ချက်တွေ ပါဝင်တာ မတူတဲ့အတွက်…
ဒီနည်းလမ်းကတော့.. အဲဒါမျိုး လုပ်လို ့ရသူတွေအတွက်ပါ… ။ ဆက် ပြောပါရစေ .. ။ )
———————————————————————
အဲဒီလို… save for offline reading ကို နှိပ်ပြိီး သိမ်းထားတာကို…နောက် ဘယ်အချိန် ပြန် ဖွင့်ဖတ် ဖတ်…
Saved pages ထဲမှာ.. သွားဖတ်လို ့ ရပါတယ်..။
သိမ်းထားတဲ့ ပိုစ့်တွေထဲက.. ကိုယ် ပြန်ဖတ်ချင်ရာကို.. နှိပ်လိုက်ရုံနဲ့…ပိုစ့် အစအဆုံးပြန်ပေါ်လာပါလိမ့်မယ်.. ။
ဖတ်နေရင်းနဲ ့… ဖုန်း ညာဘက်အောက်က… ညီမျှချင်းလေး သုံးကြောင်းကို… ကလစ်လိုက်ရင်…

Go live ကို.. ကလစ်ရင်..လက်ရှိ ပိုစ့်အခြေအနေကိုရောက်
ပေါ်လာတဲ့ စာတွေထဲက…Go Live ဆိုတာလေးကို..နှိပ်လိုက်ရင်….
လက်ရှိ ပိုစ့်ရှိနေရာ အခြေအနေကိ်ု ပြန်ရောက်သွားပါလိမ့်မယ်.. ။
ဆိုလိုတာက…
save for offline reading ကို..နှိပ်ပြီး..သိမ်းထားတဲ့အချိန်တုန်းက..အဲဒီပိုစ့်ဟာ..
Comment ငါးခုပဲ..ရှိမယ်ဆိုပါတော့… ။
သိမ်းထားရာကနေ…Go live ကို နှိပ်လိုက်ရင်…
( ဖုန်းအင်တာနက်လိုင်းတော့..ဖွင့်လိုက်ရမယ် )
လက်ရှိ ပိုစ့်အခြေအနေ…သိမ်းထားတုန်းက..အခြေအနေမဟုတ်ပဲ..
ပိုစ့်ရဲ ့နောက်ဆုံးအခြေအနေဆီ…
ရောက်သွားပါလိမ့်မယ် ။ Comment အခု..ငါးဆယ်လည်း.ဖြစ်ချင်ဖြစ်နေမယ်ပေါ့… ။
အဲဒီ လက်ရှိ ( နောက်ဆုံး ) အခြေအနေကိုရောက်သွားမယ်လို ့ပြောတာပါ ။
…………………………………………………………………………………………….
Saved pages ထဲမှာ… သိမ်းထားတဲ့ပိုစ့်တွေထဲက…
ကိုယ် ထပ် ဖတ်စရာ မလိုတော့တဲ့ပိုစ့်ကို…ဖျက်ပစ်တော့မယ်ဆိုရင်…
အဲဒီ ပိုစ့်လေးကို… ကြာကြာလေး ဖိထားလိုက် …။
Delete saved pages ဆိုတဲ့ စာသားလေး ပေါ်လာရင်… နှိပ်လိုက်ပါ.. ။
ဒါဆိုရင်.. သိမ်းထားရာ ကနေ…ဖျက်လိုက်နိုင်ပါပြီ ။

သိမ်းစရာမလိုတော့ရင် Delete saved pagesကို နှိပ်ပြီး ဖျက်ပေါ့ကွယ်
—————————————————————————————————————–
နောက်တစ်ခုကတော့… ကျနော်… သေချာ မသိသေးတဲ့ အချက်ကလေးပါ.. ။
ဆွေးနွေးကြည့်တဲ့သဘောပါ ။
Comment ပေးတဲ့အခါ…..
Comment ကို Bold တင်တာတို ့…
စာသားလေးကို..စောင်းတာတို ့…
b-quote ဘောင် / အကွက်လေးထဲ..ထည့်တာတို ့…
အဲဒါတွေ..လုပ်ဖို ့ဆိုရင်…. ဘယ်လို လုပ်မလဲ… ။
တခြားသူတွေ ဘယ်လို လုပ်လဲတော့မသိဘူး.. ။
ကျွန်တော်ကတော့…
ပိုစ့်စာမျက်နှာမှာ… comment ပေးနေရင်းနဲ ့… တစ်ခါတည်း.. အဲဒါတွေ လုပ်လို ့မရဘူး ။
ဒီတော့.. ကျွန်တော်က.. ကျွန်တော် ပေးပြိီးတဲ ့ Comment ကို.. ပေးပြိီးမှ Edit လုပ်လိုက်တယ်..။
ပေးပြီးသား Comment ကို..Edit လိုက်ရင်… ဒီပုံ..ပေါ်လာတယ်.. ။

comment / Edit
အဲဒီ Edit ပုံစံထဲ ရောက်သွားပြီဆိုရင်…
ကျနော်.. Bold တင်ချင်တဲ့ စာသားကို..select လုပ်ပြီး…
အပေါ်နားက.. b ဆိုတာလေးကို..နှိပ်လိုက်တယ် ။
စာသားစောင်းစောင်းလေး လုပ်ချင်ရင်.. စာသားကို..select ပြီး I ပုံစံလေးကို..နှိပ်လိုက်တယ်.. ။
ဘောင် / အကွက်လေးထဲ…ထည့်ချင်တဲ့စာသားဆိုလည်း..Select ပြီး… b-quote ကို..နှိပ်လိုက်တယ်။
ကျန်တာတော့… မလုပ်တတ်ဘူးဗျို ့.. ။
( comment ထဲ.. ပုံတွေ ထည့်လို ့မရဘူး .. ။ပုံထည့်တာက..သဂျီးပဲ..လုပ်လုပ်ရတာ.. ။
စာသား တွေလည်း.. အရောင်ခြယ်လို ့မရဘူး ။ )
ပြင်ဆင်ပြီးရင်တော့… update comment ကို.. နှိပ်လိုက်တယ် ။
……………………………………………………………………………………………………………………………
(( နောက်တစ်ခု… စမ်းကြည့်ရဦးမယ်.. ။ ကွန်ပူတာနဲ့ဆိုရင်ပေါ့… ။
Comment ပေးကတည်းက… Bold တင်ချင်တဲ့ စာသားကို…
Select ပြီး Ctrl + b ကို ကလစ်ရင်..ရမယ်ထင်တယ်.. ။
စာသားစောင်းစောင်းလေး ဖြစ်ချင်ရင်တော့..Ctrl + I ပေါ့ … ။
b-quote လုပ်ချင်ရင်တော့… ဘာနဲ့ဘာကို ကလစ်ရမလဲ…မသိ… ။
ဒီအပိုင်းက… သိတဲ့သူတွေ ပြောပြစေချင်ပါတယ်.. ။
Comment ကို.. Edit လုပ်မနေပဲ..တစ်လက်စတည်း… ပြင်ဆင်ခြယ်သလို ့…ရမယ့်နည်းပေါ့… ။
ဖုန်းနဲ့ဆိုရင်.. ဘယ်လို.. ကွန်ပူတာနဲ့ဆို..ဘယ်လို… ?? ))
ကဲ… အခုဆိုရင်.. လျှာရှည်ရတာလည်း…တွဲလောင်းကျနေပြီမို ့…
ခဏ နားပါရစေခင်ဗျား… ။
……………………………………………………………………………………………………………….
ကျွန်တော် တင်ပြလိုက်တာလေးတွေထဲက…
တစ်ယောက်ယောက်…တစ်ခုခု လိုက်လုပ်လို ့အဆင်ပြေတယ်ဆိုရင်…
ကျွန်တော် ကျေနပ်ဝမ်းသာပါတယ်..ခင်ဗျ ။
ကျွန်တော် လုပ်နေတဲ့ နည်းထပ်.. ပို အဆင်ပြေမယ့် နည်းလမ်းလေးတွေ သိထားကြရင်လည်း..
ပြောပြကြပါဗျ.. ။
မသိသေးသူတွေ… / လုပ်ရကိုင်ရ ခက်ခဲနေသူတွေအတွက်.. သိသူတွေ ပြောပြလေ…
အဆင်ပြေလေမို ့ပါ… ။
………………………………………………………………….
မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းကြပါစေ… ။
လေးစားစွာဖြင့်…
အလင်းဆက်(Gazette)
ရ . ၈ .၂၀၁၄ . မနက် ၁ဝ း ၃၀
ကျေးကျေးပါ ဝက်…
ဒီထက်မက လျှာရှည်နိုင်ပါစေ…
Was this answer helpful?
LikeDislikeအံမယ်….
မီးဗုံးးးးး
မလာစဖူး….
အလာ ထူးလှပါလား…
Was this answer helpful?
LikeDislikeငင်… ဒီရွာထဲမှာ..နာ့အိမ်ရှိဒယ်လေ..
နာမရှိဒုန်း.. အိမ်ထဲဝင်ပြီး နင်ဘာဒွေခိုးထားသေးဒုန်း
ပြန်ကြည့်အူးမှ…
Was this answer helpful?
LikeDislikeဟဲ့အကောင် …
ကျွန်တော့်လျှာကို .. ကျွန်တော့်ခံတွင်းထဲမှာ … ခဏလေး ပျံသန်းပြခွင့်ပြုပါ
ဆိုတော့ကာ … နင်က ဒီစာတွေကို လျှာနဲ့ ရိုက်တာလား …
ငါကတော့ လက်ကို သုံးပီး ရိုက်တာပဲ ထင်တာ …
နင်က လျှာနဲ့တောင် ရိုက်တတ်နေပီဘဲ …
နင် အတော် ကျွမ်းနေဘီ … ဟာဟ …
Was this answer helpful?
LikeDislikeဟ ကောင်ရ…
ငါလည်း..စကားလုံးလှလှ သုံးကြည့်တာပါဟ
လှ မလားလို ့…။
ဒါတောင်..ငါ့ ကိုယ်ပိုင်စကားမဟုတ်သေးဘူး ။
တာရာမင်းဝေ ရဲ ့ စာသားတစ်ခု…
ဘာတဲ့…
လျှာဆိုတာ ခံတွင်းထဲမှာသာ ပျံသန်းနိုင်တဲ့အရာ…ဆိုလား..
သူရေးခဲ့တာ.. ။
—————-
ငါ လျှာရျည်တာ..ဘယ်လိုလဲ..
ကြည့်ကောင်းလား
Was this answer helpful?
LikeDislikeဖတ်သွားပြီ ကွယ်…။

Was this answer helpful?
LikeDislikeကူးမှတ်ထားလိုက်တယ်၊
လုပ်ကြည့်တဲ့အခါ ပြန်ကြည့်ရအောင်လို့။
Was this answer helpful?
LikeDislikeဖက်သွား (အဲလေ) ဖတ်သွား တယ်။
ဟေးဟေးဟေးးး
Was this answer helpful?
LikeDislikeအကုန်သက်သာမယ့်နည်းလမ်းတွေမို့လို့ အလွန်အဖိုးတန်တယ် ..
ကွန်ပျူတာမရှိတဲ့နေရာရောက်ရင် ရွာထဲမဝင်ဖြစ်ဘူး .. ဖုန်းနဲ့က အားမရတာရော ပိုက်ဆံကုန်တာရောမို့လို့ ..
အခုလို နည်းလမ်းလေးတွေရှိတယ်ဆိုတော့ လိုအပ်တဲ့အခါ သုံးဖြစ်တာပေါ့ ..
Was this answer helpful?
LikeDislikeဟုတ်
အသုံးဝင်တဲ့အချက်ကလေးတွေ သိသွားတယ်ဆိုရင် ဝမ်းသာပါတယ် အန်တီဝေ
—–
တစ်လက်စတည်း . . .
ဝင်ရောက် လေ့လာ ကြည့်ရှု ပြီး comment လေးတွေ ပေးသွားတဲ့
ဦးဘလက်
ဦးခ
မမဇီဇီ တို့ကိုလည်း ကျေးဇူးပါ ခင်ဗျ ။
တစ်ယောက်ချင်းစီကို ပြန်ပြောဖို့ အချိန်မရတော့လို့

နောက်ပြီး ပိုစ့်ကို မန်ဘာမဝင်ပဲ အပြင်က ဖတ်ရှုလေ့လာပေးနေတဲ့
အနော့်ပရိသတ်ကြီးကိုလည်း ကျေးဇူးပါခင်ဗျ
ချစ်ခင်လေးစားလျက်
အလင်းဆက်
Was this answer helpful?
LikeDislikeဖုန်းနဲ ့ကတော့ fb ပဲသုံးဖြစ်တယ် (ရုံးပိတ်ရက်) ကွန်ပျူတာနဲ ့ပဲအသုံးများတယ်…
ရုံးမှာ အလကား သုံးလို ့ရနေတာကိုး….
မှတ်ထားလိုက်ပါတယ်အလင်းဆက်ရေ..ကျေးဇူး။
Was this answer helpful?
LikeDislikeဟုတ်
Was this answer helpful?
LikeDislikeဖုန်းနဲ့တော့ သိပ်မဖတ်ဖြစ်ဘူးမောင်လေး အလင်းဆက်ရေ…
ကျေးဇူးတင်ပါတယ်။ အစ်မလည်း သုံးတဲ့အခါ အသုံးတည့်အောင် သိမ်းထားလိုက်ပါမယ်။
Was this answer helpful?
LikeDislikeဟုတ် မမ မနော
ကျနော်လည်း အခုတလော ဖုန်းနဲ့ မသုံးဖြစ်တော့ဘူး။
ဖုန်းက အင်တာနက်ကို ဖွင့် ဝိုင်ဖိုင် လွှင့်ပြီး လက်ပကျွတ်လေးနဲ့ ချိတ် သုံးနေဖြစ်တယ်။
(လမ်းပေါ်ရောက်နေချိန်ဆိုရင်တော့ ဖုန်းနဲ့ ပေါ့။ )
ဒီပိုစ့်လေး တင်ဖို့ စိတ်ကူးရလို့
ဖုန်းနဲ့ဖွင့်ပြီး စခွင်ရှော့တွေ လုပ်ပြီး တင်လိုက်တာ
ဖုန်းနဲ့ သုံးသူတွေ တစ်ဖက်တလမ်းက အဆင်ပြေစေချင်တယ်လေ ။
Was this answer helpful?
LikeDislikeဂွတ်အိုင်ဒီယာပဲ…ရှဲရှဲ
Was this answer helpful?
LikeDislikeဟုတ်
ဦးကြီး
အဆင်ပြေလား
Was this answer helpful?
LikeDislikeကျေးဇူးပါဟယ်။ ဒါ့ထက်ဇဂါးမစပ် စလုံးအရောင်ခြယ်မြသေးဘူး။ အားမှသေချာမေးတော့မယ်
Was this answer helpful?
LikeDislikeအမ်… မြဦးလား… အဲ..အဲ..မရဘူးလား.. ။ (မြဦးက..ရပ်ကွက်ထဲမှာ ဆိုက်ကားနင်းတယ် )
——————–
တဲသီက. ..ဖုန်းနဲ ့ပဲ..ပို်စ့်တင်တာလား..
ဖုန်းနဲ ့ကတော့… စာသားအရောင်ခြယ်တာ..နည်းနည်း..ခက်တယ်..
Select လုပ်ရတာ.. မလွယ်ဘူးလေ…
Was this answer helpful?
LikeDislike