Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရှက်ဖွယ်……………. ရှက်ဖွယ်………………. “

                         “ရှက်ဖွယ်……………. ရှက်ဖွယ်………………. “

 

ဒီနေ့ မနက် စော စော က တည်း က မိုးဖွဲဖွဲကျနေပါတယ်။

အဲတော့ မန်းလေး ထုံးစံအတိုင်း လမ်းပေါ်မှာလူရှင်းပါတယ်။

ကျနော်လက်ဖက်ရည်ဆိုင်ကပြန်လာတော့ လမ်း  ရှင်းတယ်ဆိုပြီး

ဆိုင်ကယ် စီးရင်းဟိုငေး ဒီငေးပေါ့။

အဲဒီအချိန် ကျနော်ရှေ့ကဆိုင်က တစ်စီးက ကျွိ ကနဲဘရိတ်ဆောင့် အုပ်သံ ကို

ကြားလိုက်တော့ကျနော်လ ဲ အမြန် ဘရိတ်အုပ်လိုက်ရပါတယ်။

ကျနော် စီးလာတဲ့ အရှိန်ကလဲ နည်းနည်းမြန်တော့

ဟန်ချက်ပျက်ပြီးလဲမလိုဖြစ်သွားပါတယ်။

ကျနော်ရှေ့ က ဆိုင်ကယ် ကိုလှမ်းကြည့် လိုက်တော့

လမ်းပေါ်မှာကျနေတဲ့ ပိုက်ဆံအိပ်လား ဘာလား တစ်ခု ခု ကို

ဆင်းကောက်နေတာမြင်လိုက်ပါတယ်။

နှစ်ယောက်လုံး က လူ ငယ် အရွယ်။

ဦးထုပ်လဲဆောင်းမထား။

ဝတ်စားထားတာကလဲ ကာတွန်းပုံ ဘောင်းဘီတို နဲ့ တီရှပ်အနွမ်း နဲ့။

သူ တို့ ကလမ်းပေါ်ကျနေတာကိုလဲ ကောက်ပြီး ရော ဆိုင်ကယ်ကို

ဝေါကနဲ မောင်းထွက်ပြေး သွားပါတယ်။

ကျနော် လဲ စိတ် တို တော့ စိတ်ထဲကနေ မေ တ္တာ ပို့တော့ တာ ပေါ့။

 

နောက်ဆက်တွေးမိတာက

လမ်းပေါ်လျောက်သွားနေတာအလုပ်မရှိ အကိုင်မရှိ အကောင်တွေ နေမှာ

ဆိုင်ကယ် ဦးထုပ်လဲ မဆောင်း မိမဆုံးမ ဖ မဆုံးမ စည်းမဲ့ ကမ်းမဲ့ ကောင်တွေနေမှာ

လမ်းပေါ်ကျ နေ တဲ့ သူများ ပစ္စည်းကို ရှေ့ မကြည့် နောက်မကြည့် နဲ့ ဆိုင်ကယ်

ရပ်ပြီးကောက်တာ ငတ်ကြီးကျတွေ နေမှာ

ဆိုင်ကယ်ကိုဝေါ ကန ဲ မောင်း ထွက် ပြေးတာ သူတို့ ကောက်ရ တာ ငါ မြင်သွားလို့

ထွက်ပြေးတာ နေမှာ

လို့ တသီ တတန်းကြီးတွေး ရင်း ဆိုင်ကယ်ကို အမြန်စီး ပြီး သူတို့ နောက်ကလိုက်လာပါတယ်။

နောက်အဲဒီနှစ်ယောက်ရော ကျနော် ပါ  မီးပွိုင့် မှာ မီး နီ မိ တော့ ရပ် ရ ပ ါလေရော။

အဲဒီမှာ ကောင်လေး နှစ်ယောက်က “အကိုကြီး အကိုကြီး “ လို့ခေါ်သံကြားလို့ လှည့်အကြည့်

ကျနော်ရှေ့ မှာ ရပ်ထားတဲ့လူ ကို လှမ်းခေါ် တာ ဖြစ် နေပါတယ်။

အဲဒီဆိုင်က ယ် က မုန့် လှည့်ပြီး ပို့ တဲ့ ဆိုင်ကယ်ပါ။

ဆိုင်ကယ်တစ်စီးလုံး မုန့် တွေ့အပြည့်ချိတ်ထားပါတယ်။

အဲမှာကောင်လေးတစ်ယောက်က ဆင်းလာပြီး

“အကိုကြီး ဆိုင်ကယ် ကပြုတ်ကျ တာ မြင် လို့ ကောက်ပြီး ယူလာတာ။

မမှီမှာ စိုးလို့ ဆိုင်ကယ်ကိုဒုန်းမောင်းပြီး လိုက်ရတာ” လို့ပြော ရင်း လိုက်ထဲ မှာ ကိုင်ထားတဲ့

မုန့်ထုပ် သုံးလေးထုပ်ကို ပေး လိုက်ပါတယ်။

မုန့် သမား ကလဲ

“ ကျေး ဇူး ပါ ညီ လေး ရာ မင်း တို့ ကောက်မလာ ရင် အလဟဿဖြစ်သွားမှာ”

လို့ပြောရင်းပြုံးပါတယ.်။

 

သူတို့ကို ကြည့် ရင်းကျနော်ရှက်သွားပါတယ်။

ဘာမှလဲရေ ရေ ရာ ရာ မသိ။

သိအောင်လဲ မကြိုးစား

ဘာမှ လဲ မဆင်ခြင်

ဖျပ်ကနဲ မြင်လိုက် သိလိုက်တာလေး ကို ကိုယ် ထင်ရ ာ ကိုယ်တွေးပြီး

အခြားသူ ကို  သိတတ်စွာနဲ့  ကူ ညီ  တဲ့ သူကို မှ အလွယ်တကူ အပြစ်တင် မိ တာကိုးဗျ။

အင်းလောက မှ အဲ လို ရှက်စရာ တွေဘယ်လောက်များ

များ နေမယ် မသိဘူးနော်။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

7-8-2014

 

 

 

 

27 comments

  • weiwei

    August 7, 2014 at 1:39 pm

    မှားတဲ့အခါလဲ မှားပေမပေါ့ ..

    • မဝေ နဲ့ ကို ခ ရေ

      တစ်ခါ တစ်ခါ ပြန်တွေးကြည့် မိတယ်။

      ကျနော်အပါအဝင်အားလုံးက ဖျပ်ကနဲ့ ဖျပ် က နဲ ဆုံးဖြတ်တာတွေ များများလာသလိုဘဲ။

      အားလုံးကအမြန်ခေတ်ကိုးဗျ

  • ခင် ခ

    August 7, 2014 at 1:55 pm

    တစ်ခါတလေ ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ အဟုတ်မှတ်ပေမယ့် အခြားတစ်ယောက် အမြင်နဲ့ ပြန်ကြည့်မိရင် ခုန အဟုတ်ထင်ခဲ့တဲ့ အတွေးက အတွေးလွဲပါလားလို့ သိရ တာတွေ ဖြစ်လေ့ရှိပါတယ်၊။ ဒါဟာ လူ့ သဘာဝ လားမသိ။

  • Yae Myae Tha Ninn

    August 7, 2014 at 4:43 pm

    ကျွန်တော်သိချင်တာက လေးပေါက်က ပြေးကောက်တာလား.. ဒါမှမဟုတ်… အတွေးပေါက်တာလား.. အဲဒါလေးဖြေပေးပါ… 😛

  • စာရေးသူ ဆို တာ

    ကိုယ်တိုင် ကြုံ တာ ဖြစ ်စေ

    သူများကပြော တာ ဖြစ ်စေ

    ကိုယ်တိုင်မြင်တာကိုဖြစ်စေ

    ကိုယ်တို်င်ကြား တာ ကို ဖြစ် စေ

    ရော သ မ မွှေ တာ မို့

    ဟိုမင်းသမီး လေသံ နဲ့ ပြောရ မယ် ဆို ရင်တော့

    “အဲ ဘယ် လို ပြော ရ မ လဲ ” လို့သာ ဖြေ ချင် ပါ တယ်

    ရေ မြေ သ နင်း ပြည့် ရှင်မင်းရေ

  • kai

    August 8, 2014 at 4:39 am

    နယူးယောက်မှာ စစ်ချက်တခုက.. မြိ့ထဲလမ်းဘေးပလက်ဖေါင်းမယ်.. မိန်းကလေးတယောက်ကိုယ်တုံးလုံးရပ်နေတာ.. သတိပြုမိတဲ့သူဘယ်နှယောက်ရှိသလဲပေါ့..
    အလုပ်များတဲ့ရုံးချိန်ဆို.. မျက်နှာချင်းဆိုင်ကြီးဖြစ်နေတာတောင်.. သတိမပြုမိသူတွေတော်တော်များများရှိသတဲ့..
    အလုပ်များချက်..။ :k:

    ဆိုချင်တာက.. လူတွေရဲ့သူတပါးကို Judge လုပ်နိုင်တဲ့အခြေအနေဟာ.. ကန့်သတ်ချက်ရှိပါတယ်..။
    အဲဒီကနေချဲ့တွေးရရင်.. လူတွေရဲ့.. စဉ်းစားတွေးခေါ်မှုတွေဟာ.. သူ့ကိုယ်ပိုင်အချိန်..အလုပ်တွေနဲ့.. အဆက်အစပ်ရှိပါတယ်..။
    ထပ်ထပ်ချဲ့တွေးရရင်…
    ပုဒ်မ ၄၃၆ထောက်ခံဆန္ဒမဲကောက်နေတုံး.. မန္တလေးအဓိဂရုဏ်ထဖြစ်တာမျိုးဟာ.. အဓိပ္ပါယ်ရှိရှိ.. “ဦးနှောက်မုန်တိုင်းလွှဲ”ပစ်တယ်လို့… ဟူလို…

    (နိုင်ငံရေးပြောတာနော.. ကိုပေါက်ကြီးပို့စ်နဲ့.. ဘာမှ.. မဆိုင်.. :k: )
    =
    Question: “What does the Bible mean that we are not to judge others?”

    Answer: This is an issue that has confused many people. On one hand, we are commanded by the Lord Jesus, “Do not judge, or you too will be judged” (Matthew 7:1). On the other hand, the Bible also exhorts us to beware of evildoers and false prophets and to avoid those who practice all kinds of evil. How are we to discern who these people are if we do not make some kind of judgment about them?

    Christians are often accused of “judging” whenever they speak out against a sinful activity. However, that is not the meaning of the Scripture verses that state, “Do not judge.” There is a righteous kind of judgment we are supposed to exercise—with careful discernment (John 7:24). When Jesus told us not to judge (Matthew 7:1), He was telling us not to judge hypocritically. Matthew 7:2-5 declares, “For in the same way you judge others, you will be judged, and with the measure you use, it will be measured to you. Why do you look at the speck of sawdust in your brother’s eye and pay no attention to the plank in your own eye? How can you say to your brother, ‘Let me take the speck out of your eye’ when all the time there is a plank in your own eye? You hypocrite, first take the plank out of your own eye, and then you will see clearly to remove the speck from your brother’s eye.” What Jesus was condemning here was hypocritical, self-righteous judgments of others.

    In Matthew 7:2-5, Jesus warns against judging someone else for his sin when you yourself are sinning even worse. That is the kind of judging Jesus commanded us not to do. If a believer sees another believer sinning, it is his Christian duty to lovingly and respectfully confront the person with his sin (Matthew 18:15-17). This is not judging, but rather pointing out the truth in hope—and with the ultimate goal—of bringing repentance in the other person (James 5:20) and restoration to the fellowship. We are to speak the truth in love (Ephesians 4:15). We are to proclaim what God’s Word says about sin. 2 Timothy 4:2 instructs us, “Preach the Word; be prepared in season and out of season; correct, rebuke and encourage — with great patience and careful instruction.” We are to “judge” sin, but always with the goal of presenting the solution for sin and its consequences—the Lord Jesus Christ (John 14:6).

    Read more: http://www.gotquestions.org/do-not-judge.html#ixzz39kMSUNZd

  • Yae Myae Tha Ninn

    August 8, 2014 at 9:29 am

    ဟီး.. ချစ်လို့ စတာပါ.. ကြိုက်သလိုဖြေပါဗျာ… 🙂 🙂 🙂

  • manawphyulay

    August 8, 2014 at 10:26 am

    လေးပေါက်ရယ်…
    မနောဆို အမြဲအဲလိုတွေ တွေးမိလို့ သူများကို အားနာရပေါင်းများနေပါပြီ။
    ခုတော့ နည်းနည်းဆင်ခြင်ကြည့်မိပါတယ်။ :mrgreen:

    • မနော ရေး လူစိတ်က ဖျပ်က နဲ့ ဖျက်က နဲ့ မြင် လိုက်တာ ကိုအ မှီလိုက်တွေးတော့ မှား နိုင်ပါတယ်

  • nozomi

    August 8, 2014 at 10:42 am

    တွေမိရုံဆိုတော်သေး
    ပြောမိလိုက်ရင် ရမဲ့ စိတ်မကောင်းမှုက ပိုဆိုးမှာ

  • Paing Lay

    August 8, 2014 at 10:49 am

    ငယ်ငယ်တုန်းကဆိုရင် လေးပေါက်လို အဖြစ်မျိုးတွေ ခဏခဏကြုံဖူးတယ်။ အခုအရွယ်ကျပြန်တော့လည်း ကြားသုံးကြား မဝင်မိအောင် မနည်းရှောင်နေရပြန်ရော :mrgreen:

    • ပိုင်လေး က ငယ် တုံးမှာ ရှောင်နို်င်တယ်

      ကျနော် က အခု လက်ရှိကို မရှောင် နို်င်သေး

      ထင်ရာတွေး

    • kai

      August 8, 2014 at 2:34 pm

      ဘာရယ်မဟုတ်.. ကြားသုံးကြားဆိုတာဘာလည်းရေးချင်လာလို့ပါ..။
      မိဘနဲ့သားသမီး၊ လင်မယား၊ မောင်နှမကြားတွေပေါ့…။
      တချို့ဆွေမျိုးကြားလည်းပါတယ်ပြောတာပဲ..။

      ယူအက်စ်မှာတော့.. ဥပဒေကာကွယ်သူစောင့်ရှောက်သူ.. ရဲတွေက ဘယ်ကြားမဆို.. ဝင်တယ်..။
      အိမ်တွင်းမှာ.. တယောက်ကတယောက်ကို အနိုင်ကျင့်နေပြီဆိုရင်.. တခါးလာခေါက်ပြီး.. ဆုံးမတော့တာပဲ..။
      မရရင်..ထောင်ထဲခဏဆွဲထည့်…
      အဲလို.. အဲဒါ…။ :k:

      • ကိုခိုင်ရေ

        ဒီမှာတော့ အဲ လို ဥပ ဒေ ကာကွယ်စောင့် ရှောက်မူ့ မဖွံ့ဖြိုးခဲ့တော့

        ရပ် ထဲ ရွာ ထဲမှာ တစ် ခု ခု ဖြစ်ခ ဲ့ရင်လေး စး ထိုက်သူက ကြား ဝင် လိုက်တာ ပါဘဲ

  • kyeemite

    August 8, 2014 at 11:07 am

    ဖြစ်တတ်ပါတယ်ဗျာ…ကျုပ်လည်း မကြာမကြာကြုံရတယ်…သတိထားစရာပေါ့

  • အလင်းဆက်

    August 8, 2014 at 4:27 pm

    ဆရာတက်တိုးကြီးပြောခဲ့တဲ့စကားနဲ့ပဲ..သံဝေဂ ပြန်ယူရမယ်ဗျို ့.. ။
    အရမ်းဘာသာမပြန်နဲ ့…တဲ ့… ။
    ဆရာကြီးက..စာပေဘာသာပြန်ခြင်းကို..ပြောခဲ့တာဖြစ်ပေမယ့်..

    ကျနော်တို့ဟာ..မြင်တွေ ့..ကြုံကြိုက်လိုက်တဲ့ ကိစ္စတွေကို…
    ဖျတ်ခနဲ… အရမ်း အရမ်း ဘာသာပြန်လို ့မဖြစ်တော့ဘူးဗျို ့.. .။
    အဓိပ္ပာယ်တွေ…လွဲကုန်မှဖြင့်…

    😆

  • မှန်တယ် အရမ်းဘာသာပြန်ရင် တလွဲ ဖြစ် တတ် တယ်။

    လူ့လောကကြီးထဲမှာ နေ့ စဉ် နေထိုင်ကြရာမှာလဲ

    ိကိုယ်သိတာ နည်းနည်းလေးနဲ့ အရမ်းဘာသာပြန်လို့ မ ရ ဘူး အလင်းဆက်ရေ

  • Mr. MarGa

    August 9, 2014 at 12:35 pm

    တွေးစရာတချို့ရသွားတယ်ဗျို့

  • TNA

    August 9, 2014 at 2:57 pm

    အဲ့ဒါပေါ့လေးပေါက်ရယ် နားလည်မှု့လွဲတယ်ဆိုတာ။ ဒါကတော့ လမ်းမှာတွေ့ရတဲ့ပြသနာမို့ ပြီးသွားတာကိုး။ မဟုတ်ပဲ မိတ်ဆွေ ဆွေမျိုး ကြားမှာဆိုရင် ရန်ပွဲတွေဖြစ်သွားနိုင်တယ်။ ခုတလောအဲ့လိုပြသနာတွေကြုံနေရတယ်။ လေးပေါက်ပြောမှပဲ ငိုချင်လာတယ် 😥

    • TNA

      August 10, 2014 at 4:18 pm

      ရှင်းနေရတယ်လေးပေါက်ရေ။ အတော်မလွယ်တာနော့ နားလည်မှု့လွဲတာက ရှင်းရအခက်ဆုံးနဲ့တူပါရဲ့ 😥

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 3:56 pm

    အဲ လို တွေ တွေးတာ အကျင့်လို ဖြစ်သွားရင်လည်း
    ရှက်ရကောင်းမှန်းကို မသိကြတော့ဘူးထင်တယ်။

    တွေးရုံတင်က ကိစ္စမရှိ (ကွကိုယ် အပြစ်မတင်ချင်လို့ ဖော့ပေးသည်) :mrgreenn:
    ပါးစပ်ကပါ ပြောမိလိုက်ရင် ပိုရှက်စာကောင်းးးးးး
    :k:

Leave a Reply