အဟက်… ။

 

အထင်လွဲနေမှာ စိုးလို့ … ရှင်းပြမလို့ ပါ…

 

အထင်လွဲပြီးမှ ဆိုရင်… ရှင်းပြရ ခက်လို့ .. .. အခုကတည်းက… ကြို ရှင်းပြထားမလို့ ပါ… ။

ဒီလိုပါ… ။

ဟိုတစ်ရက်က… မောင်သူရ တစ်ယောက်…

ရပ်ကွက်ထဲက… ဒေါ်ဖွားမေရဲ့  အကြော်ဆိုင်မှာ ထိုင်ပြီး.

ဗူးသီးကြော်လေးနဲ့ …အချဉ်ရည်လေးတို့ ကာ တို့ ကာ စားလိုက်…

ရေနွေးကြမ်းပူပူလေး မှုတ်သောက်လိုက်နဲ့  …ဇိမ်ကျနေတာဗျာ… ။

မောင်သူရတို့ လို …သာမန် အခြေခံလူတန်းစား… ကျောမွဲလေးတွေ အတွက်…

ရပ်ကွက်ထဲက..ခနော်ခနဲ့ ..အကြော်တဲလေးကိုပဲ… စီဒိုးနားလို ..မှတ်နေရတာကိုး…. ။

ထားပါတော့… ပြောလိုရင်းဆီ…ဆက်သွားတာပေါ့… ။

အကြော်စားကောင်းနေတုန်း ရှိသေး။။။

အကြော် ကြော်နေရင်းနဲ့ …ထ မေးလိုက်တဲ့  ဒေါ်ဖွားမေရဲ့ စကားတစ်ခွန်းကြောင့်….

စားလက်စ ဗူးသီးကြော် တစ်ချောင်း… အတောင့်လိုက် ၀င်သွားတယ်… ။

ဗူးသီကြော်ကြီင်္း… အတောင့်လိုက်… လည်ပင်းထဲ… ပုဒ်မတစ်ချောင်းလို ထောင်နေတာကို…

ကျသွားအောင်… အရင် မလုပ်အားသေးဘူး… ။

ဘာလို့ လဲ…ဆိုတော့… ဒေါ်ဖွားမေရဲ့  မေးခွန်းကို…ဘယ်လို ဖြေရမလဲ… အရင် စဉ်းစားနေရလို့ … ။

အဲဒီဒေါ်ဖွားမေ….တော်တော် မွှေတယ်… ။

မေးတဲ့  မေးခွန်းကို… ကြည့်ပါဦး… ။

” ဟဲ့ မောင်သူရ… မင်းက… စာလေးဘာလေး ဖတ်တော့…မေးရပါဦးမယ်.. ။ ”

” ဟုတ်ကဲ့…မေးပါ… အဖွား ”

” တခြားတော့ မဟုတ်ဘူးကွဲ့ … ဟိုလေ…

အခု ခေတ်ကြီးကတဲ့….ဘာခေတ်ဆိုလား…အဲ…. အဲ…. ပြင်ညာခေတ်…ဆိုလား… ။

အဲဒီ ပြင်ညာခေတ် ဆိုတာလေ… ပြင်နေတယ်…လို့ … ညာတဲ့ခေတ် လား… ။

အဲဒီ အဓိပ္ပာယ်လား….ဟဲ့… ”

 

ဗုဒ္ဓေါ…. ၀က်ဝက်တော့ ကွဲပြီ… ။

…………………………………………………………………………………………………………………

 

ဘယ်လိုပြောရမလဲပေါ့ဗျာ ။

 

အင်းးးးးပေါ့ဗျာ…. အဲ..ပေါ့ဗျာ…. ။ အဲတွေ…အင်းတွေ ပြောနေရုံနဲ့  … ပြီးမယ့် ပြဿ  နာတာ့လည်း..မဟုတ်ဘူးပေါ့ဗျာ… ။

ဒါကြောင့်… ဒေါ်ဖွားမေကြီးကို အကျိုးအကြောင်း ရှင်းပြရတာပေါ့ဗျာ…… ။

အမေးကို… အမေးနဲ့ပဲ..ဖြေဖို့ ….

စ ကြိုးစားကြည့်မိတယ်ဗျ… ။

 

ဒေါ်ဖွားမေက… ဘာလို့ … ဒီလို..ထင်ရတာလဲပေါ့… ။

ပြင်တယ်လို့ …ညာပြောနေတဲ့ခေတ် လို့ … ဘာလို့  ထင်တာလဲ…

ထင်တယ်ဆိုရင်လည်း… အဲဒီအထင်..မှန်တယ်လို့ …ထင်လား…ပေါ့ … ။

………………………………

 

ဒေါ်ဖွားမေရဲ့ …အမေးကို…

မောင်သူရ ရဲ့ အမေးနဲ့ … သူ ပြန်ဖြေတာနဲ့ …ပေါင်းချလိုက်တော့…

အောင်မယ်လေးဗျာ…. ပိုဆိုးသွားပါရောလား…

 

အဲ…ပိုပြည့်စုံသွားတယ်လို့  ဆိုလည်း.. ရသပေါ့… ။

 

ဒေါ်ဖွားမေက….သူ..ထင်တဲ့…ပြင်တယ်လို့ညာပြောတဲ့ခေတ် ဆိုတာကို… သူ့ အထင်ကို..ပြန်ရှင်းပြလေရဲ့ .. ။

 

( သူ့ လေသံအတိုင်းတော့… မောင်သူရ ပြန်မပြောပါရစေနဲ့ တော့ဗျာ..။

အသက် ရှစ်ဆယ်လောက် အဖွားအိုတစ်ယောက်ရဲ့  တုန်တုန်ချိချိ စကားကြီး…စာနဲ့ ရေးပြရတာ ခက်လို့ …. ။ အဟိ )

 

ဒေါ်ဖွးမေတို့ က… ဒီခေတ်ကို..ပြင်တယ်လို့ ညာပြောနေတဲ့ခေတ်လို့ ပဲ… မြင်သတဲ့… ။

ပြင်ညာခေတ် ပြင်ညာခေတ်လို့ … ပြောသံဆိုသံတွေ ကြားတိုင်း… ဘာတွေများ ပြင်နေသလဲ…

ဘာတွေများ..ညာနေသလဲ…လို့ … ပတ်ဝန်းကျင်ကို လေ့လာမိတာပါပဲ…တဲ့ .. ။

မြင်သမျှတော်တော်များများကလည်း… ပြင်တယ်…ပြင်တယ်သာပြောပြောနေတာ…

လက်တွေ့ ကျတော့… ဘာမှလည်း…ကောင်းမလာဘူး…တဲ့ … ။

 

ပြင်တယ်လို့ လည်း… အသံကောင်း ဟစ်တယ်… ထိထိရောက်ရောက်လည်း.. ကောင်းမလားဘူး.. ။

ရပ်ကွက်ထဲမှာတော့.. အခြေအနေတွေက ဒုံရင်း ကနေ..ဒုံရင်းပဲ… ပြန်ပြန်ရောက်နေတယ်…တဲ့ ..။

ဒီတော့…ပြင်ခဲ့ပါတယ်… ပြင်နေပါတယ်.. ပြင်ပါဦးမယ်…ဆိုပြီး.. ပြောသမျှက… ညာနေတာပဲ..လို့  ထင်တယ်တဲ့ … ။

ဒီတော့… ပြင်တယ် လို့  ညာပြောတဲ့ခေတ်… ပေါ့… ။

ပြင်ညာခေတ်ကနေ…. ပြင်မညာ ခေတ်ကို.. ဘယ်တော့ ရောက်လာမလဲ..လို့ ..မျှော်လင့်မိတယ်…ဆိုပဲ… ။

 

ဟ…ဒေါ်ဖွားမေရဲ့ … ဘာတွေများ..ပျက်နေတာ တွေ့ လို့ တုန်း…

အို….ပျက်လိုက်သမှ…အဆုံးးးးအစုံပဲ……. လမ်းတွေ..မီးတွေ…က…အစ… ပညာရေး.. နိုင်ငံရေး..

စီးပွားရေး… လူမှုရေး… နိုင်ငံရေး…. ဘာသာရေး အဆုံး…

ချွတ်ချော်ပျက်စီးနေလိုက်တာမှ..မြင်မကောင်း ရှုမကောင်း…ဟောင်းလောင်းကြီးတွေ… တဲ့ … ။

အေးရော… ။

အဖွားကြီးပေမယ့်…လျှော့တွက်လို့ မရဘူးနော့ … ။

အမြင်တော်..စူးရှပါပေ့… အဟေ့… ။

ကိုင်း…..ပျက်တာတွေတော့… ဟုတ်ပါပြီ.. ။

ပျက်နေတယ်ပဲ..ထားပါတော့ အဖွားရယ်…

ပြင်တော့…ပြင်နေကြတာပဲ…လေ… ။

သတင်းစာတွေမှာ… ကြည့်….

ပြင်နေတဲ့ သတင်းတွေ….

ဖွံ့ ဖြိုးတိုးတက်ရာ..တိုးတက်ကြောင်း..လုပ်ဆောင်နေတဲ့  သတင်းတွေ…

တွေ့ တယ်ဟုတ်… ။

လမ်းတွေကို… ကြည့်… လမ်းတွေ.. ပေါက်ပြဲပျက်စီးပြီဆိုတာနဲ့ … ပြင်တဲ့အဖွဲ့ တွေက..ချွေးတလုံးလုံး… ပြင်နေကြပြီ… ။

တကယ်ဆို… လမ်းတံတားပြင်ဆင်ရေးအဖွဲ့ တွေ က…

ဆယ့်နှစ်လ ရာသီ သုံးမျိုး..နေ့ရက်တိုင်းမှာ…ပြင်ပေးနေကြရတာ…. ။

အေး…. အဲ့ဒီလောက်… ပြင်နေတာတောင်… ဘာလို့ မကောင်းသတုန်း…. မောင်သူရ ရဲ့ … ။

 

ပြင်တယ်လည်း..ဆိုသေး…ကောင်းလည်း…မလာဘူး..ဆိုတော့… အပြောက..အသံကောင်းဟစ်ပြီး…ညာပြောသလို ဖြစ်မနေဘူးလား… ။

 

အင်း…အဲ…. ။

မောင်သူရတို့ ..အလူးအလဲ..ခံရတာဗျ… ။

ဒေါ်ဖွားမေတို့ ကတော့… သူလက်ခံယူဆထားတဲ့ ပညာခေတ်ဆိုတာ… …

ပြင်နေတယ်လို့ ညာပြောတဲ့ခေတ် ပဲ…တဲ့… ။

 

တပြားသားမှ လျှော့မတွေးပေးနိုင်ဘူး..ဆိုပဲ.. ။

ခက်တယ်.. ။

ဘယ်လို ရှင်းပြရမလဲ… မသိဘူး.. ။

တစ်ခုခု တော့… မှားနေတယ်.. ။

ပြင်နေတယ်လို့  ညာပြောတဲ့ ခေတ်…ဆိုတာကြီးက…မှားနေတယ်လို့ .. ပြန် ငြင်းဖို့ ရာကျတော့လည်း…

သက်သေအထောက်အထားက.. ရှာမရပြန်ဘူး .. ။

ပြင်နေတာတော့… ဟုတ်တယ်.. ။

ကောင်း မလာတာလည်း…အင်းးးးးးးး ဟုတ်တယ်… ။

ဒီနှစ်ခု ဟုတ်မှတော့… ဖွားဒေါ်တို့  စွပ်စွဲတဲ့ … ပြင်တယ်လို့  ညာပြောတယ်…ဆိုတဲ့ စကားကို..ငြင်းလို့ မရတော့ဘူး… ။

ဟူးးးးးး ။ မလွယ်လိုက်တာ… ။

ဒါပေမယ့်.. တတ်နိုင်သလောက်တော့… ရှင်းပြဦးမှပါ… ။

အင်းပေါ့ဗျာ… အဲ..ပေါ့ဗျာ… ။

ပညာခေတ် ဆိုတဲ့  အခေါ်အဝေါ်… သံနေသံထားက… ပြင်နေတယ်လို့  ညာပြောတယ်ဆိုတဲ့… စကားလုံး သံနေသံထားနဲ့ …တူနေတယ်ဗျ… ။

အဓိပ္ပာယ်ကတော့….. အင်းပေါ့ဗျာ….အဲ..ပေါ့ဗျာ…

တကယ်တော့…ပညာခေတ် ဆိုတဲ့ စကားဟာ.. Knowledge Age လို့ ပြောလိုရင်းပါ… ။

အသိပညာတွေ ရဲ့ …ခေတ် လို့ ..ဆိုလိုချင်တာပါ… ။

ပညာခေတ်လို့ ..လွယ်လွယ် ပြောရပေမယ့်… အင်မတန် ကျယ်ပြန့်နက်ရှိုင်းနေတဲ့ စကားလုံးကြီးပါ..။

ခက်တာက..မြန်မာစကားလုံးတွေက…အင်မတန့် အင်မတန်……ကျဉ်းမြောင်းရှုပ်ထွေးတာကြောင့်….

ပညာ ဆိုတဲ့ စကားလုံးကို… စာနဲ့ ချမရေးပဲ… ပါးစပ်ပြော အသံနဲ့ ပဲ..ပြောမယ်ဆိုရင်…

ပြင်ညာ လို့ ..အသံထွက်ပုံ တူနေတယ်..ဗျ… ။

ပညာ ဆိုတာကို..အဓိပ္ပာယ် မဖွင့်ပဲ… ပြင်ညာ ဆိုတာကြီးနဲ့  အဓိပ္ပာယ် ဖွင့်ချလိုက်ရင်…

ပြင်တယ်လို့  ညာပြောတဲ့ခေတ်…လို့ … ပြောလို့ ရနေတာပေါ့ဗျာ… ။

ရဆို..အဲ… ဒေါ်ဖွားမေတို့ မှာက..မျက်မြင်သက်သေတွေကလည်း. ရှိနေလေတော့….

ပြင်တယ်လို့ ညာပြောတဲ့ခေတ် ဆိုတာကြီးကို.. ရှင်းလို့ မလွယ်တော့တာပေါ့… ။

 

အမှန်တော့.. ပညာခေတ် ပါ.. ။

မောင်သူရ ရှင်းပြတာက.. စကားလုံး အသုံးအနှုန်းကိုပဲ…ပြောတာနော်.. ။

စကားလုံးနောက်က… အဓိပ္ပာယ်တွေကိုတော့.. . မောင်သူရ မရှင်းတတ်ဘူး … ။

 

ဖြစ်စေချင်တာတော့… ပညာခေတ် စစ်စစ် ဖြစ်စေချင်တာပေါ့… ။

ပြင်တယ်လို့ ညာပြောတဲ့ခေတ် ဆိုတာကြီးထဲ…နေရထိုင်ရတာ… မသိုးမသန့်ကြီးဗျ… ။

ဒါကြောင့်…. သတ်ပုံတွေ… မှန်ကြပါစေ… ။

သတ်ပုံအနောက်က… အဓိပ္ပာယ်တွေလည်း…မှန်ကြပါစေ…လို့ … ပြောပြီး…

ခပ်သုတ်သုတ် ထထွက်ခဲ့ရတယ်ဗျို့ … ။

—————————————————————————————-

အော်…

ခေတ်…ခေတ်…

သူများနိုင်ငံတွေမှာတော့… ပညာခေတ်…. အသိခေတ်….

…………………………………

တို့ နိုင်ငံမှာတော့…. ပြင်တယ်လို့  ညာပြောတဲ့ခေတ်…တဲ့ ….

…………………………………

မောင်သူရ ပြောတာမဟုတ်ဘူးနော်… ။

ဒေါ်ဖွားမေ….ပြောတာ… ။

ကျုပ်က… ကြားကနေ..ပြန်ပြောနေတာ… ။

တော်ကြာ…သတ်ပုံမှား…အဓိပ္ပာယ်မှားဆိုတာကနေ….

ရလဒ်တွေပါ…သောက်တလွဲဖြစ်ကုန်မှာစိုးလို့ …။

အဟက်… ။

 

…………………………………………………………………………………………………

 

မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းပါစေ…

 

လေးစားစွာဖြင့်…

 

အလင်းဆက်( Gazette)

12 / 8 / 2014 / 10 : 24

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .

   Send article as PDF