ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)

 

 

 

ညီလေးရေ ပြီးခဲ့တဲ့ အပိုင်းတွေမှာ မြန်မာစာရဲ့ ချစ်စရာကောင်းပုံလေးတွေကို အကိုက ညီ့ကို သေသေချာချာရှင်းပြပေးပြီးတော့မှ

ရေးပြခဲ့ပြီးပြီ။တစ်ချို့ တွေက အကို့ကို ပြောကြသကွ ညီရေ။

ညီလေးလို့ ခေါင်းစဉ်တပ်ထားတာကို ခဏခဏပြောကြပါတယ်။လွယ်လွယ်တပ်လိုက်တာ မဟုတ်ပါဘူးလို့။

ပြောကြမယ်ဆိုရင် ကဗျာတွေ စာတွေကိုချစ်တတ်ဖို့ဆိုတာကလည်း ညီလေးရေ အသွေးအသားထဲကို စိမ့်ဝင်နေတဲ့ ချစ်စိတ်

မျိုး ရှိမှပဲ ကဗျာတွေ စာတွေကို ချစ်တတ်တာလို့ပဲ ပြောရမှာပဲညီလေးရေ။

ရွာထဲမှာ ကဗျာချစ်တယ်လို့ ကြွေးကြော်ထားကြတာ ညီလေးရယ် ကိုကမ်း ကိုခ ကိုဘလက် တို့က နာမည်ကျော်တွေမို့ပါ။

ဆြာပေါက်က ဒါ့ပုံချစ် ကဗျာချစ် အတွေးပါးပါးလေးတွေ ချစ်တတ်သူလို့ အကိုက ခံစားသကွ။

မိကေဇီ ကတော့ အစားသရဲမကွ။ ဒီတစ်ခေါက်တောင် အကို့ Post ကို ကိုက်စားမယ်တောင်ပြောနေသကွ။

 

တတ်နိုင်သူများရှိရင်လည်း တားကြ ဆီးကြပါဦးတော်ရေ။

 

ရွာထဲမှာ အကိုကတော့ သဂျီးဥကိုင်ထက် စာရင် သူ့ကို ပိုကြောက်သကွ။

တစ်ချို့ကတော့ ရွာထဲမှာ ကြီးလေးကြီး ရှိသတဲ့ ပြောကြတယ်။အကိုကတော့ မိကေ ကိုအကြောက်ဆုံးပဲ။

ညညဆိုရင် တတ်မလာနဲ့ တောက်ချလိုက်မယ်ဆိုတဲ့စကား သတိရရင် လန့်လန့်တောင်နိုးတယ်။

ချွေးစီးတွေဘာတွေပြန်ပေါ့ ညီရာ။

ဂလို ဂလို တွေ ကြောက်ရတာပြောပါတယ်။

အကို့အနေနဲ့ စာချစ်သူ ကဗျာချစ်သူတွေ ဝေဖန်ရေးသမားတွေ လေ့လာသူတွေများတဲ့ ရွာထဲမှာ နေရတာ နဲနဲတောင်ပျော်သလိုဖြစ်

နေပြီ ညီရေ။

 

နောက်ပြီးတော့ အကိုရေးသမျှကို ကောင်းတယ်ဆိုပြီး ညွှန်းဆိုကြတဲ့ စာကြမ်းပိုးတွေကိုလည်း ကျေးဇူးတင်ရပါသကွာ။

သူတို့တင်တဲ့အခါတိုင်း အကို့ Post တွေကို သေသေချာချာ သုံးသပ်ပြတာလေးတွေကိုလည်း ကြိုက်ပါသကွ။ညီလေးရေ။

 

ဒါပေမယ့် ကြာကြာတော့ နေဖြစ်မှာ မဟုတ်တာ သေချာသကွညီရေ။ဒါကလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပါညီရေ။

နောက်ပိုင်းတော့ ဝင်ဖတ်သူအနေနဲ့ပဲနေတော့မှာပါ ညီရေ။

အမှန်တကယ်ပြောရရင်တော့ မြန်မာစာချစ်သူတွေအနေနဲ့ အမှန်တကယ် လေ့လာစရာကောင်းတဲ့ ပျော်စရာကောင်းတဲ့ ကဗျာ

တွေ စာတွေ ရှိနေသေးတာကို လေ့လာကြည့်ရင်တွေ့မြင်ရမှာပါပဲ။

တကယ်တမ်းပြောရရင်တော့ ညီလေးရေ မြန်မာစာဟာ လေ့လာကြည့်မယ်ဆိုရင် အလွမ်းယူမလား အပျော်ယူမလား အသောယူမလား စာပြောင်တွေ မာန်မာနတွေပါတဲ့ စာသံပေသံတွေ စသဖြင့်ပေါ့ညီရာ စာမျိုးစုံကိုလေ့လာနိုင်မှ တန်ဖိုးရှိတာပါ။

အမြဲတမ်း ဒီစာအုပ်စု ကိုပဲလေ့လာကြည့်နေမယ်ဆိုရင် ဒီတန်ဖိုးကိုပဲ သိနေမှာပါ။အခြားသော စာစု ကဗျာစုတွေရဲ့ အရသာက

ပျောက်နေမှာပေါ့ ညီရေ။

ဒီတစ်ခေါက်အကိုရှင်းပြချင်တာကတော့ စာပြောင်တွေပေါ့ ငါ့ညီရာ။

 

ကဲ ညီရေ အကိုကတော့ ဒီတစ်ပတ်မှာ ညီ့ကို စာပြောင် စာချိုးလေးတွေကို ရှင်းပြပေးချင် မိတ်ဆက်ပေးချင်တယ်။

ဥပမာကွာ ညီ့အနေနဲ့ လေ့လာကြည့်မယ်ဆိုရင် မြန်မာတွေရဲ့ ဟာသညဏ်ဘယ်လောက်တောင်ရှိသလဲ ဆိုတာတွေကို တွေ့မြင်လာရမှာပါ။

ကဲ လက်တွေ့ရေးပြမယ် ညီရာ။

 

အကို ပြီးခဲ့တဲ့ အပိုင်း(၂)မှာ ရှင်းပြပေးခဲ့သလို မိတ်ဆက်ပေးခဲ့တဲ့

ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့နှစ်ယောာက်ရဲ့ စာစပ်ပုံ

အချီ – အချ ပြောကြပုံလေးကို လှလွန်းလို့ စပြီးရွတ်ပြမယ်နော် ညီလေး။နားသာထောင်ကြည့်ပေတော့ကွာ။

 

 ပဲဖြူကလေးဆိမ့်လိုက်တာ

ပြောစရာရဘူး။

 

ညအခါ လသာမှာကိုယ်တော်သုံးတယ်

လေပုန်းကမြူး။

 

ကဲ ညီရေ။တွေးကြည့်စမ်းပါ။ဘုရင်နဲ့မိဖုရားခေါင်ကြီးတို့ကို သာသာနဲ့နာနာနှက်သွားတဲ့ စာစပ်အချိုးလေးပါပဲ။

အဲဒီံအချိန်တုံးက မိဘုရားခေါင်ကြီးက မိန့်သတဲ့ မောင်မင်းတို့ ဒီပဲဖြူလေးဟာ ကိုယ့်နိုင်ငံက ထွက်ပေလို့သာ

အခြားသော တိုင်းပြည်များမှာဆိုရင် ဒီလောက်စားရဖို့ဆိုရင်ရွှေတစ်ကြက်ဥကုန်သတဲ့ ဆိုပြီး မိန့်ထားတာကို

လည်း လှောင်ချင်ဟန်တူပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဒီအဆောက်အအုံထဲကနေမထွက် ကြားမိကြားရာ သူပြောငါပြောတွေကို အဲဒီ့အချိန်

က ဘုရင် – မိဖုရားတွေ သိပ်ပြောကြဆိုသကိုး။

ဦးဏှောက် ကလဲခပ်နဲနဲရယ်။

ညီတွေးကြည့်ရင် တုတ် ဒါး လက်နက်စကြာင်္ ဆောက်ပုတ်ရတနာတို့၏ အရှင်သခင်ဆိုတာကြီးတွေးမိရင်

ပယင်း ဂေါ်မုတ် ဒုတ္တာ တွင်းများအရှင်ဆိုတဲ့ ကြောင်တောင်တောင် အရေးအသားတွေကို တွေ့ရင်

အကိုပြောတာတွေးမိမှာပါ။

ခက်တာက အဲဒီ့အချိန်က မင်းခစား – မင်းမြှောင် တွေက အခုခေတ် သမ္မတ အကြံပေးလို ကြောင်တောင်တောင်

တွေဖြစ်မှာပါ ညီရေ။

အဲဒီ့လိုပြောလိုက်လို့ ညီက အကို့ကို အတိုက်အခံထင်ပါလိမ့်မယ်။ ဘပြောင်ကိုပြောလို့ပေါ့ကွာ။

လွတ်လပ်စွာ ( ညီလေးမင်းခန့်ကျော် အပြောနဲ့ပြောရရင် အကို က ဒေါ်စု ခါးခါးသီးသီး မုန်းတဲ့သူကွ)

ဒါကိုယ်ပိုင်အတွေးအခေါ်နော်။ကိုယ့်ဟာကိုယ် မုန်းခွင့်လဲရှိမယ်ထင်ပါတယ်။ဝင်တော့မဆဲကြပါနဲ့။

 

အခုပြောနေတဲ့ ကဗျာတွေ စာတွေနဲ့မဆိုင်ပါဘူး ညီ။

အကို့ ခံစားပိုင်ခွင့်ပါ။ဒီတော့ကွာ ညီရာ ဖြစ်နိုင်ရင် နိုင်ငံရေးမပါကြေးလို့ပြောထားတာပါ။

ဒီတော့ အကို့ကို ဒေါ်စုမကြိုက်ဖူးပြောလို့ ကော်ဆဲခံရလည်းမတတ်နိုင်ဘူး။

( ခက်တာက ချက်ကျ လက်ကျ ရှင်းကြ

ပြောကြဆိုရင် ဒေါ်စုဘက်တော်သားတွေက သူပြောကိုယ်ပြောတွေနဲ့ ဝိုင်းဆဲကြတော့ ညီရ။

အပြောကိုမခံတာကွ။သူတို့အတွက်က ဘုံမျှော်လင့်ချက်သည် ဒေါ်စုပေပဲကွ။

ဒါကြောင့် ရှင်းမရတဲ့အတူတူ မပြောကြေးပေါ့ ညီ )

 

နောက်ရှိသေးတယ် ညီရ။ အကို့အနေနဲ့ အကို့ကို ဖွေးဖွေးတို့ ဝတ်မှုံရွှေရည်တို့ ရွှေမှုန်ရတီတို့ခင်ဝင့်ဝါလေးတို့

နန်းခင်ဇေယျာတို့ မေမြတ်နိုးတို့က ဝိုင်းချစ်ကြပြီး သူတို့အပေါ် မေတ္တာမထားရင်

( အမလေး ပြောရတာကောင်းလိုက်တာနော် )

သတ်သေမယ်ဆိုရင် ရော ?

အကိုမှ မချစ်နိုင်တာပဲ ညီ ။ သတ်သေပစေပေါ့ ညီရာ ။ နော့ ကွယ် ။ ဘာဝမ်းနည်းစရာများရှိလေမလဲ။

ဘာကြောင့်လဲ ? ဘာကြောင့်မှ မဟုတ်ပါဘူး ညီ ။ မချစ်နိုင်လို့ …………. မချစ်ချင်လို့ ပဲ ဆိုရမှပါ ညီရေ။

အကို မချစ်နိုင်တာ အကို့အပြစ်မဟုတ်ခဲ့လေးဘူး ညီရေ။

 

ဒီတော့ နိုင်ငံရေးဆိုတာကလည်း ဦးနေဝင်းကြီး အကိုကြိုက်ရင်ကြိုက်မယ်။

အဘရွှေကို လေးစားချင်လည်း လေးစားပေမပေါ့။ဒေါ်စုကို မုန်းချင်လည်း မုန်းပေမပေါ့ ညီ။

အဲဒါအကို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ ညီ။

အပြစ်မမြင်လိုက်ပါနဲ့ ညီ။

 

သေချာတာတော့ ဒေါ်စုကောင်းခဲ့မကောင်းခဲ့ – ဆက်ကောင်း – မကောင်းကို သမိုင်းကသာ အဆုံးအဖြတ်ပေး

သွားမှာပါ ညီ။

ဒါတွေ အကိုနဲ့မဆိုင်ပါဘူးညီ ။ အကို ကို မဆိုင်တဲ့ Comments တွေဝင်မပေးပါနဲ့ ညီ။

ကဲ နိုင်ငံရေးမပါတဲ့ ဆွေးနွေးပွဲလေးပဲဆက်လုပ်ရအောင်ညီရေ။ဒီအကြောင်းတွေ Commnets တွေတတ်

လာရင်လည်း အကိုပြန်မပြောတော့ဘူး ညီ။

 

 

တကယ်တော့ ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့နှစ်ယောက် စာစပ်ညီပုံက ပြောရရင်တော့ ညီရေ ဩချလောက်ပါသကွာ။ဘယ်လောက်

တောင်မှာ လှတဲ့ စာလည်း ကဗျာလည်းဆိုတာကို ညီတွေ့ရပါလိမ့်မယ်။

သူတို့နှစ်ယောက်ကလည်း အချီအချ – အခံ အအုပ်ပြောနေကြ ပညာရှင်တွေကွ ညီလေးရ။

ခါးတောင်းမြီး ဖြုတ်ပါလို့

ရုတ်ကနဲအသာထိုင်

သူ့ ဥစ္စာကြာငုံကြီးကို

နီးကာမှ ကိုင် ။

 

ကိုင်သာကိုင်

ထိုင်လေလေကိုယ်တို့

သာလောင်းရှင် တောင်တော်ဦးမှာ

ဖူးရပြန်လို့။

 

ကဲ ညီရေ မတော်လို့များ အောက်က စာပိုဒ်များပြုတ်သွားမယ်ဆိုရင် ဘယ့်နှယ့်များအတွေးပေါက်ကြမလဲမသိတော့ဘူးနော် ညီ။

စဉ်းစားသာကြည့်စမ်းပါ ညီရေ။

ရှုင်ဘုရင်ကိုယ်တိုင်တောင်မှ ရယ်ပြီး မောင်မင့့်ဟာ ကြမ်းလွန်းလှသကွယ် ပြောယူရသကွ ညီလေးရ။

တကယ်တော့ မြန်မာစာ ကဗျာ အလှအပတွေဟာ လေ့လာ လေလေ တွေ့ရှိလေလေပဲညီရ။

တစ်ချို့ကလည်း မော်ဒန်မှ ကာရံမဲ့မှ ဆိုပြီးတော့လည်း ဆိုကြပြန်ပါတယ်။

ဒါကတော့ ညီရေ ။အကို့အနေနဲ့ပြောတဲ့သူတွေကို အပြစ်လည်း မတင်ပါဘူး။ကိုယ်ကြိုက်ချင်တာကို ကြိုက်ခွင့်ရှိပါတယ်။

အကိုက အန်းတိတ်ကဗျာတွေ ရွတ်ပြပြီးတော့မှ ကာရံပါမှချစ်ရမယ် အတင်းကြီးပြောနေတာ မဟုတ်ဘူးနော်။

အကိုဆိုလိုချင်တာက ညီတို့ မျက်စေ့အောက်မှာတင် ကျန်ထားခဲ့တဲ့ မမြင်ခဲ့တဲ့ စာကောင်း စာဟောင်းတွေရှိနေသေးတယ်

ဆိုတာကို ညီ့ကို သက်သေပြတာပါ ညီ့ရေ။

အကို့ အပေါ်ကို အမြင်လေးတော့ ရှင်းစေချင်တယ် ညီ။

 

ကဲ အကိုဆက်ပြောဦးမယ်ကွာ။

 

အကိုတို့ ငယ်ငယ်က ရွတ်ခဲ့တဲ့ ကလေးကဗျာလေးထဲပါတဲ့ ဂျာအေးကိုသူ့အမေရိုက်ပါလို့ အစချီတဲ့ ကဗျာလေးကို အရင်ညီ့ကို

ရွတ်ပြမယ်ကွာ။ညီလိုက်ဖတ်ကြည့်လိုက်ပါဦး။

 

မုန့်လုံးကို စက္ကူကပ်လို့

                                ကြာကလပ်ပေါ် ဆွမ်းတော်တင်

                                ပလ္လင်ပေါ်က မျောက်ကလေး

                                ဆင်းတယ်လို့လွေး။

                                ဂျာအေး။

                                ဂျာအေး ကိုသူ့အမေရိုက်လို့

                                မှောင်မိုက်မှာငို

                                ကိုလူပျို ထရံပေါက်က

                                ခြေထောက်ကိုဆွဲ တွဲလွဲ

                                တွဲလဲရယ်နေပါဦး

                                မိုးတောင်ကချုန်း

                                မုန့်လုံး။

                                မုန့်လုံးကို စက္ကူကပ်လို့

                                ကြာကလပ်ပေါ်ဆွမ်းတော်တင်

                                ( အစကိုပြန်ဆို . . . .. . . .)

 

ကဲ ညီရေ အကိုတို့ခေတ်က ပထမတန်းမှာ ဆိုခဲ့ရတဲ့ ကဗျာငယ်လေးပါ။ဒီကဗျာပုံစံမျိုးကို ညီလေ့လာဖူးရင် သိပ်ပြီးတော့မှ ချစ်စရာ

ကောင်းတဲ့ အတွေး အမြင် အသွေးတွေကို ညီခံစားမိမှာပါ။

အစ အဆုံး လုံးလည်လိုက်နေလို့ တော်ရုံ တန်ရုံရှင်းပြလို့ မရတော့ရင် ဂျာအေးသူ့အမေရိုက်နေပြီဆိုရင် ကလေး လူကြီး အကုန်

နားလည်ကြသကွ ညီရ။တခါတလေလည်း မုန့်လုံးတော့ စက္ကူကပ်ကုန်ပြီဆိုရင် နားလည်ပေသကွ ညီရ။

ကဲ ဒါဆို ဒီစာစပ် အောင်မြင်ပုံ ညီတွေ့ရပြီနော်။

 

ဘာကြောင့်လဲဆိုတော့ တစ်ချို့က ဒီကဗျာပုံစံမျိုးကို ရှေးက ကလေးငယ်တွေ နန်းတွင်းကစလို့ လေးပြင်လေးရပ် ကလေးငယ်တွေ

အထိ သိပ်နှစ်ခြိုက်ကြတဲ့ ပုံစံတွေလို့ပဲ သိထားကြလို့ပါပဲ ညီရေ။အရမ်းဆိုကြလေသပေါ့။တစ်ချို့ကလည်း ဒီကဗျာတစ်ခုပဲ ကြားဖူးတယ်

ဆိုပြီးပြောကြပြန်သေးသကွ။ အမှန်က အများကြီးပါ ငါ့ညီရာ။

ဒါဆိုရင်ကွာ ညီက အကို့ကို အကိုရေ တစ်ခြား ပုံစံလေးရှိသေးရင် ရွတ်ပြပါဦး ဆိုရင်ရော။

ရှိသမှ သိပ်ရှိပေါ့ညီရာ ။ အကို စုထားတာတွေအများကြီးထဲက တစ်ခုပဲ သရုပ်ပြမယ်နော်။ကဲ ဖတ်ကြည့်ပေါ့ညီရာ။

 

သပြေလဟူ

                                        ကျွန်းဇမ္မူတွင်

                                        ပြိုင်သူမရ

                                        ငါ့ကြောင်မကို

                                        ညကခိုးသွား

                                        ပုတ်ထောင့်ကြားမှာ

                                        ပုဏ္ဍားလူမိုက်

                                        တုတ်နှင့်ရိုက်လေ

                                        ကြောင်မသေ၍

                                        သပြေလဟူ

                                        ကျွန်းဇမ္မူတွင်

                                        ပြိုင်သူမရ

                                        ငါ့ကြောင်မကို

                                        ညကခိုးသွား

                                        ပုတ်ထောင့်ကြားမှာ

                                        ပုဏ္ဍားလူမိုက်

                                        တုတ်နှင့်ရိုက်လေ

                                        ကြောင်မသေ၍

                                        သပြေလဟူ

                                        ကျွန်းဇမ္မူတွင်….

                                       ( အစမှပြန်ဆို )

 

 

ကဲ ညီရေ ဘယ်လောက်လှသလဲ ။ တစ်ချိန်တုံးက ကလေးငယ်တွေ ရပ်ထဲရွာထဲမှာ ပျော်ပျော်ရွှင်ရွှင် ရွတ်ရင်းဆော့ကစားတဲ့

ပုံလေးတွေတောင် မျက်စိထဲမြင်လာသလိုပဲနော်။

ညီ့အနေနဲ့ရော ။ခံစားမိရဲ့လားကွာ။အကိုကတော့ ခံစားမိသကွ။

 

ကဲ ဆက်ဦးမယ်ညီရေ။

အန်တီဒုံ တို့ ဒေါ်ကေဇီ တို့ အန်တီသဲ တို့ တစ်တွေက ဟိုတစ်လောက မြန်မာစာမှာ ချစ်စရာကောင်းတဲ့ ကဗျာတွေကို

နှစ်သက်ကြလို့ ရေးရတဲ့ အကိုလည်း ဝမ်းသာရသလို ဖတ်မိပြီး တစ်စိမ့်စိမ့်တွေးပြီးပြုံးရတဲ့ ကဗျာလေးတွေလည်းရှိသကွ။

 

ကဲ အကို သရုပ်ပြ အနေနဲ့ တစ်ချို့ရေးပြမယ်နော်။

ဖတ်ပြီးတော့မှ အကိုရေ နောက်ရှိသေးလားလို့မတောင်းနဲ့တော့။

ကဲ လေ့လာကြည့်လိုက်ကွာ။

 

တည့်စေတဲ့ တည့်စေ

                                        အလွဲအချော် မဆောင့်ပါနဲ့

                                        လမ်းဖြောင့်ပါစေ

                                        လုပ်လေလေ

                                        ချွေးတွေက ယိုစီး

                                        အလွဲချော် မကျစေနဲ့

                                        မင်း လွှသူကြီး။

 

ဘုရား ဘုရားညီရေ။နောက်ဆုံး စာကြောင်းလေးက ကယ်ပေလို့ပေါ့ကွာ။

 

အကိုဖြင့် ဖတ်ရင်းဖတ်ရင်း အင်း ရှေးတုန်းကလဲ ရိုးမန်းဘော့ တွေရေးသူများရှိနေလေရော့သလားတွေးမိသကွ။

 

ဒီကဗျာကတော့ အကို သိပ်ကြိုက်တဲ့ ဖိုးသူတော် ဦးမင်း လူဦးမင်းတို့လက်ရာပေပဲကွ။အောင်ရင်ငြိမ်း လက်ရာမဟုတ်ပေဘူးကွ။

မသိများ မသိရင် ဘာတွေပြောနေပါလိမ့် လို့တောင် တွေးချင်စရာကောင်းတဲ့ ကဗျာပေပဲကွ ညီလေးရ။

 

ဒီကဗျာ စာစပ်တာလေးက လှလိုက်တာ ညီရာ ။ အညှီဆန်တာမထင်နဲ့နော်။ ဒီပုံစံမျိုးပဲကွ။

အကို ငယ်ငယ်တုန်းက သိပ်ကြိုက်တဲ့ ဆရာသော်တာဆွေလည်း သူ့စာတွေမှာထည့်ထည့်ရေးတဲ့

ကဗျာလေးလည်း ရှိသေးသကွ။

ဟိုလေ အဆုံးအထိတော့ မဆိုခိုင်းနဲ့နော်။

ရွာထဲက အပျိုဂျီးတွေ အကို့ကို ဝိုင်းတွယ်ကြမှာစိုးလို့။သရုပ်ပြယုံလောက်ပဲနော်။

 

ကဲ ဖတ်ကြည့်ကွာညီရေ။

 

အပျိုစစ်တုံ

                                         တင်ပါးဆုံ

                                        နိမ့်တုန် မြင့်တုန်

                                         ခုန်ရမည်

                                        အပျိုမစစ်

                                        ထိုကာတစ်

                                        တင်ဆစ် ရမ်း၍ခါရမည်။

 

အဟဲ .. ညီရေ။

အကိုက ကဗျာချစ်လို့ကျက်ထားတာနော်။ဘာရယ်တော့ မဟုတ်ပါဘူး။

အဓိပါယ်လဲ မသိဘူးရယ်။ဘာဆိုတာ ရွာထဲက အပျိုဂျီးတွေသာ မေးကြည့်တော့ကွာ။

အကိုက ကဗျာချစ်လို့ ကျက်ထားတာကွ။

 

 

ပြောစရာလည်းရှိပါ့ကွာ။အကိုတို့ခေတ်က ဒီကနေ့ညီတို့ခေတ်လို မိန်းကလေးတင်ပါး ကို

( -ိုး )တို့    ( -င်) တို့ ( -ုံ ) တို့ မတင်စားဘူးကွ။

လေးပေါက်တော့ အန်ကယ်မိုက်တို့ အန်ကယ်ကြီးခတို့ မှီမယ်ထင်တာပဲ။

ကာတစ်ခေါ်တာကွ။

သွေးသောက် မဂ္ဂဇင်း ရှူမဝမဂ္ဂဇင်း အဟောင်းတွေမှာဆို ကာတွန်းမောင်စိန်တို့ ဆရာကျော်ဆန်းတို့ အဲဒီ့အခေါ်အဝေါ်

တွေကို ကာတွန်းသိပ်ရေးသပေါ့ညီရာ။

ရှာဖတ်ကြည့်ရင် ညီလေးတွေ့ပါလိမ့်ကွာ။

အဲ အဲ ကာတစ်ကိစ္စလေး ခဏထားဦးစို့ ညီရာ။

 

( ကာတစ်ကိစ္စကိုသိချင်ရင် အကို့ကို တိုးတိုးတိတ်ိတ်မေးကွ။ အကြောင်းစုံ အကို့ဆီမှာ အထောက်အထားရှိတယ်။ )

အဲ အဘဖောတို့လည်း သိနိုင်သေးသကွ။မေးကြည့် မေးကြည့် ငါ့ညီရ။

အကို Tips လေးပေးလိုက်မယ်။ဆေးဆိုင်က စတာကွ။ အဟေး…. ဟေး။

 

အခု ကဗျာမှာ ဆရာသော်တာဆွေ

ရေးထားပုံလေးက အကိုတို့ခေတ်က လူပျိုကြီးတွေ ကာလသားတွေအကြိုက်ပေါ့ညီ။

ကိုယ့်ချစ်ရသူကို ကြိုက်ခါစမှာ အဲဒီ့ စာချိုးနဲ့ တိုက်ကြည့်လေသပေါ့။

ရည်းစားရပြီး ရမ်းခါလာရင်တော့ …………….

( ဟယ် … ငါဘာတွေပြောနေမိပါလိမ့် ….. Credit To : ဘလက်ချော )

 

 

အဲ အဲ နောက်ဆက်ကြဦးစို့ ညီရေ။

ဒီနားတင် ဒီကိစ္စနဲ့ ကြာနေလို့ သိပ်ကောင်းတာမဟုတ်လို့ ညီရေ။

 

ပြောရရင်တော့ ဒီလိုမျိုး စာပြောင်လေးတွေက အပေါသားလားညီရာ။လေ့လာချင်သေးရင် အကိုထပ်ပြီးတော့မှ သရုပ်ပြ

ပေးဦးမှာကွ။ကဲ ဖတ်ကြည့်လိုက်ဦးနော်။

ရွာထဲက ဒေါ်ဒေါ် မမ ဘွားဘွားတွေလည်း ဖတ်မပြီးခင် မဆဲကြပါနဲ့လို့။ အဆုံးအထိဖတ်ကြည့်စေချင်ပါတယ်။

အကို   ရွတ်ပြတဲ့ ကဗျာလေးကို နားထောင်လိုက်ဦးနော်။

တော်တော်လေးကို မှ ရေးတတ်တာညီရေ။

အကိုလည်း သူ့လိုရေးတတ်ချင်လိုက်တာကွာ။ကဲ ဖတ်ကြည့်ပေတော့ညီရာ။

ထုံးစံတဲ့ ထုံးစံ

                                        အဝဝင်အောင် သိပ်ပါလို့                   

                                        နှိပ်သည့်အခါ အကုန်ဖိ

                                        ရင်းထိမှတန်။

 

                                        အပေါက်က လန်လန်

                                        အတန်က ဒစ်ကြီး

                                        ထွက်တဲ့ရေ ကုန်ခါမှ

                                        သူ့ ဟာကို အသာချွတ်တယ်

                                        ပြွတ်တဲ့ .. အဟီး။

 

 

ကဲ ညီရေ ။လှလိုက်တာလို့တော့ မပြောတော့ဘူးနော်။ အဟီး ။ ကောင်းလိုက်တာလို့ပဲပြောတော့မယ်။

ဒီကဗျာကို အချို့က ဘယ်သူရေးမှန်းမသိကြဘူးကွ။အကိုကတော့ ရှာရှာဖွေဖွေ လေ့လာထားတာမို့ သိသကွ။

မန္တလေးမြို့ စာတော်ပြင်ဆရာကြီး ဦးဖာကြီးရဲ့သား ဦးဟန်ကရေးတယ်လို့ ဆိုသကွ။အထောက်အထားလည်းရှိပါ့ ညီရာ။

မင်းတုန်းမင်းလက်ထပ်တော်လို့လည်း ပြောကြတာပဲ။

 

 

ကဲ မသိရင်တော့ ဘာလည်းပေါ့ ညီရေ။ဒါပေမယ့် စာပြောင် စာစပ် လှပုံက အကို့အနေနဲ့ အရမ်းနှစ်ချိုက်မိတဲ့ ကဗျာပေါ့ကွာ။

သင်္ကြန်မှာ ရေပြွတ်နဲ့ ရေပတ်ကြတာကို ရယ်ရွှင်ဖွယ်ဖြစ်အောင် ရေးဖွဲကြတာကွ ညီရ။

လေးပြင် လေးရပ်က စာဆိုပညာရှိတွေကအစ အကုန်လုံးကြိုက်ကြသတဲ့ညီရ။ ဘယ်လောက်ကောင်းသလဲကွ။

 

ကဲ အကို ရေ ဒါက တစ်ခုခုနဲ့ ပမာနှိုင်းပြီးရေးတာဆိုရင်   နောက်တစ်မျိုးမျိုးနဲ့ ပမာနှိုင်းတာရှိသေးလားဆိုရင်

အဟဲ ဘလက်ချော အစား အကို ပြောပေးရပေဦးမှာ ပေါ့ကွာ။

အကို သိပ်သဘောကျတဲ့ ကဗျာပေပဲကွ။ ကဲ ကဲ ဖတ်ကြည့်ပေတော့ညီရေ။

 

 

နှစ်ပေါင်ကြားမှာလှဲ

အလုံးကိုငြိမ်ငြိမ်ထားပါလို့

အဖျားအတန်တုတ်ပါတဲ့

ကိုယ့်ဥစ္စာကြီးနဲ့ တည့်တည့်ချိန်  

ခါးလေးကိုလိမ်

ဖင်ပိ်န်ကိုလှည့်ပေး

ဆောင့်လဲမဆော်နဲ့

ပင့်လဲမကော်နဲ့

အဖုတ်ပေါ်အသာရှပ်လို့

ရိုက်တတ်မှပြေး

 

မသိရင်တော့ အကိုရေ ဘာတွေလည်းဗျာ။ အကိုမို့ ရှာရှာဖွေဖွေ ရွတ်တတ်ပါ့ဗျာ လို့ ညီပြောမှာ မြင်ယောင်မိပါသေးရဲ့ကွာ။

အမှန်ကတော့ တကယ့် စာကောင်းပေကောင်း သမိုင်းတွင် စာတွေရေးသွားခဲ့တဲ့ ဆရာကြီး အကို တို့ အရမ်းလေးစားရတဲ့ တောင်ကြီး

ကောလိပ်ကျောင်းအုပ်ဟောင်း ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ မျက်ရည်လောကများ၏ဟိုမှာဘက် စာအုပ်ထဲမှာ ပါတဲ့

ဂေါက်သီးရိုုက်တာကို သရုပ်ပြတဲ့ ကဗျာတဲ့ကွ ညီရ။

ဂေါက်ရိုက်မယ်ဆိုရင် ဂေါက်တံကိုထားပုံ

ဂေါက်သီးကို ချိန်ပုံ

နောက်ဖင်လေးကိုလှည့်ပြီး ရိုက်ပုံကို ရေးထားတာကွ ညီလေးရ။

အကိုတို့ခေတ် တောင်ကြီးကောလိပ်ကျောင်းနားမှာ ဂေါက်ကွင်းရှိတော့ ဆရာကြီးက အဲဒီ့ ဂေါက်ကွင်းမှာ သွားကစားရင်းနဲ့

လက်ဆင့်ကမ်းယူလာပုံပေါ်သကွ ညီလေးရ။

ရေးသူကလည်း အကို့အထင် ဆရာကြီးကို်ယ်တိုင်တောင်ဖြစ်နိုင်သကွ။ဆရာကြီးကတော့ သူကိုယ်တိုင်မဟုတ်ဘူးတဲ့

ဗိုလ်မှူးကြီးတစ်ယောက်ရေးတာကို ပြန်ပြင်ယု့လို့ပဲ ပြောသကွ။ထားပါကွာ။ဒါကတော့ အကို့အထင်ပါ။ဆရာကြီးကတော့ ပြုံးပြီး

ငြင်းထားပေမယ့် သူ့လက်ရာမကင်းဘူးလို့တော့ ဝန်ခံထားပါလေရဲ့ကွာ။

 

PS : ရွာထဲက နန်းတော်ရာသူရဲ့ ကလေးသာလိကာလေးတွေ မဖတ်တတ်တာ အင်တာနက်မသုံးတတ်သေးတာပဲ ကျေးဇူးတင်

            ရမှာကွ။နို့မဟုတ်ရင် ဘဘကြီးရွှေညာသားတင်တဲ့ ကဗျာတွေ သားတို့ရွတ်ရင်း အမေနဲ့ သားတွေနဲ့သတ်ကုန်ရင် ဒုက္ခ။

            အြိန္ဒိယပစ္စယောတောင် အတွေးအခေါ်ကောင်းတာ ။ ဒေါ်နန်းတော်ရာသူခင်ဗျား ကလေးတွေကို မဖတ်ပြပါနဲ့လို့။

            သာဓုပါတော်ရေ။

 

တကယ်မယုံရင် ညီရှာသာဖတ်ပေတော့ကွာ။

ဆိုလိုချင်တာက ကဗျာ ၊ စာ အားလုံးမှာ ချစ်စရာအရောင်အသွေးတွေ ရှိကြပြီးသားပါ။

လူတွေက လေ့လာကြရာမှာ စုံအောင်မလေ့လာပဲနဲ့ မြန်မာစာပေကို ဋ္ဌာန်ကုန်အောင်မသိပဲနဲ့

 

ဘိုင်ရွန်ကမှကောင်းတာ

                                                            ရှိတ်စပီးယားကဘယ်လို

                                                            ရှယ်လီက ဘယ်သို့

 

ပြောနေကြတာပါကွာ။

အကိုတို့ ဆရာပေါက်စဘဝတုန်းက ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာတွေဖတ်ရတာ သိပ် Poor ပူးဝါးလ် ဖြစ်တာပဲ ဆိုတဲ့

ဆရာမတစ်ယောက် သူ့ ဘဲဆရာတစ်ယောက်နဲ့ အကိုတို့တစ်တွေ အသေအလဲသတ်ကြဘူးသပေါ့။ ဋ္ဌာနထဲမှနော်။

တကယ်တော့ အကိုမှ မဟုတ်ပါဘူး။

တော်တော်များများက သူတို့ကို ကြည့်မရတာ ပြိုင်မပြောချင်လို့ ပစ်ထားတာ အကိုတို့က နားကြားပြင်းကပ်တာနဲ့

ဆော်ကြတော့ ပြသနာတွေကြီးကုန်တာပဲကွ။

 

အမှန်ကတော့ မြန်မာစာမှာ ဦးပုညဆို ရေသည်ပြဇာတ်လောက်လက်ညိုးထိုးပြနေတဲ့သူက ဘိုင်ရွန်တို့ အန်မလီဘရွန်တီတို့

ပြောနေရင် အကိုက သိပ်စောက်မြင်ကတ်တာကွ ညီရ။

ဒါပေမယ့်နော် ညီ။

ရှိတ်စပီးယားတေးလ် တွေသင်ရတုန်းက The Tempest ပုံဝတ္တုထဲက Ariel ဇာတ်ကောင်က သူ့သခင်နဲ့ခွဲခွာရကာနီး

လေပြေလေညှင်းလေးတွေနော့နေချိန် ရှိတ်စပီးယားကြီး စပ်ထားတဲ့ ညှင်းနော့လေသွေး ပုံလေးကိုတော့ အကိုချစ်လွန်…လွန်းလို့

အော် … ဘဝဆိုတာဒါပဲလို့တောင် ဖတ်နေရင်းနဲ့ တင်စားမိခဲ့သေးသကွ။

ဆိုလိုတာ အကို ရှိပ်စပီးယားကြီးကိုလည်း မမုန်းပါဘူးလို့ ဆိုချင်တာပါကွာ။အရေးကောင်းတဲ့စာမှန်သမျှလည်းချစ်ပါရဲ့ကွာ။

ကြားဖူးတာကတော့ညီရာ အဲဒီံအတွေးလေးတွေကို မြန်မာ့စာဆိုကဝိ သီချင်းရေးဆရာ မြို့မငြိမ်းကတောင် ယူရေးဖူးတယ် တွေးဖူးတယ်

လို့တောင် ကြားဖူးသကွ။

 

ကဲ ဒါတွေထားပါတော့ညီရာ။နောက်များမှပေါ့။

အကိုဆက်ရှင်းရင်းများ နေဖြစ်ခဲ့ဦးမယ်ဆိုရင် ကမာ္ဘကျော် တဲ့ စာကောင်း – ပေမွန်တွေကို ဆက်ဆွေးနွေးကြသေးတာပေါ့။

အခုကတော့ မြန်မာစာ ကိုပဲ အာရုံပြုကြသေးတာပေါ့ညီ။

ဆိုလိုချင်တာက အကိုက အင်္ဂလိပ်စာကောင်းတွေချစ်သလို မြန်မာစာကို အသွေးအသားထဲကနေကိုချစ်တာပါညီရာ။

အဲ အကိုတို့ရွာထဲက ဘလက်ကြီးလိုပေါ့။

ကဗျာချစ် စာချစ် တဲ့ ဘလက်ကြီးကို သူ့ပိုစ်တွေတတ်မလာရင် အကိုက သိပ်စိတ်ဆိုးသကွ။

ညီကြုံရင်ပြောလိုက်ပါဦး။

 

ကဲ ပြီးခဲ့တဲ့ အပိုင်း(၂)မှာ ကချင်နုထွားကြီး မောင်မောင်စောရိုးက

မင်းနန်ပျို့ကို ဝင်ပြီးရေးသွားတယ်။ကဲ ဒီတော့ ပျို့ကဗျာဘက်ကို မလှည့်ခင် အကိုတို့ တို့စရာလေးတစ်ခုလောက်

တို့ထိကြည့်ကြရအောင်လား။

ပျို့ကဗျာကို တို့စရာ( အစားလို ညွှန်းတာမဟုတ်ဘူနော်။တော်တော်ကြာရွာထဲက အစားသရဲမ ဒေါ်ကေစိက ချက်နည်းပြုတ်နည်း

ထဲ ထည့်နေမှာစိုးလို့ )

 

                           ကုမ္မာရီ နုဖပ်တဲ့ တစ်ခုလပ်သာအင်

                        ရှုမှတ်ဖို့စာတင်မယ်

                           ရာဇဝင်ထင်ရှား။

                           ရွှေပေါက်သော် လင်းယင်ရွာမှာ

                         ရှစ်လင်ကွာ မိန်းမတစ်ပါး ။

                           တစ်ရာ့ဖျား အမြွတ်သာတယ်

                        အထက်ပါလင်သား။

                           ရှက်စရာအင်အားဖြင့်

                         ငါးနှစ်သားပြူပြူ

                           စာရာမူ တမ်းတနွမ်းတာမို့

                            မြန်းကြွလှမ်း သားမိအတူ

                           ပန်းရနန်း ဒီဇမ္မူမှာ

                          သီဟသူ ထွက်ဆဲနှင့်

                              လက်ကနဲ မြင်တဲ့ရင်

                           တိမ်းမက်လို့ပင်

                           တစ်ခုလပ် ရွှေနန်းတင်သည်

                           ရေဖျန်းပင် ခံဘူးရဲ့လေး။

 

ကဲ အကိုလည်း ဘယ်လိုဖြစ်တယ်မသိပါဘူး ငါ့ညီရာ။

ဘလက်ကြီး စာတွေအကြိုက်လွန်ပြီး ဒီ တဏှာပေမကြောထဲကကို

မတတ်နို်င်တော့တာ လေလားမသိပါဘူ ညီရာ။

 

အဟဲ စတာပါညီရာ။

ကဲ ဒါ့ထက် ဒါက တေးထပ်မဟုတ်ဘူးနော်။

ပျို့ ကဗျာ အုပ်စုဝင်ကွ။

လယ်စားမင်းရေးတဲ့ တစ်ခုလပ်ပျို့ က အပိုဒ်တစ်ပိုဒ်ကွ။

ကဲ ညီရာ စဉ်းစားကြည့်စမ်းပါဦး။အကိုတို့ အနေနဲ့ မြန်မာစာမှာ တစ်ခုလပ်ဖွဲ့ အလွမ်းဖွဲ့ တောဖွဲ့ တောင်ဖွဲ့တွေမှာ

စလေဦးပုညသာလျှင်မဟုတ်ပါဘူး။

အခြားအခြားသော ပညာရှင်စာဆိုကဝိ တွေလည်း ရှိနေသေးတယ်ဆိုတာကို အကိုက သရုပ်ပြတာပါကွာ။

ဖတ်ကြည့်ရင် ချစ်စရာကောင်းတဲ့ စာအလှ ကဗျာအလှတွေကိုလည်း တွေ့မြင်လာရမှာ။

ညီတွေးကြည့်နော်။ ရှေးတုန်းကများ တစ်ခုလပ်ကို အပျိုထက်မက်ကြလို့

တစ်ခုလပ်   စကုဗျက်

လို့တောင် စာဖွဲ့သကွ။

စာဆိုကဝိဦးပုညတို့ကတော့ အအိုသာဆိုရ အပျိုကရှူံးပြန် တို့ ဘာတို့ သိပ်ဖွဲ့သကွ ညီရေ။

အခုလယ်စားမင်းရေးတဲ့အထဲမှလည်း

ရှစ်လင်ကွာ မိန်းမတစ်ပါး ဆိုတာ သေသေချာချာပါတယ်နော်ညီ ရှာသာဖတ်ကြည့်ကွာ။

သူကချစ်သူကို တစ်ခုလပ်ရွှေနန်းတင်သည် ရေဖျန်းပင်ခံဖူးရဲ့လေးဆိုပြီး နှိုင်းယှဉ်ထားတာရှိပါ့ကွာ။

အချုပ်တန်းဆရာဖေရေးတာလေးလည်းရှိသကွ။တစ်ခုလပ်ဖွဲပေါ့ နောက်တစ်ခေါက်မှ ထည့်ရေးမယ်ညီရေ။

 

ကဲ ညီရေ။ အကိုက ပြောချင်တာ ဘာပဲဖြစ်ဖြစ် မြန်မာစာမှာ လှအောင်ရေးကြတော့ ကောင်းတာပေါ့ညီ။

အလွမ်းအမောသရုပ်ဖော်တွေလည်းရှိပါ့ကွာ။ပြောရရင်တော့ …..

မောင်ထင်ရဲ့ ငဘ ဝတ္တုကို ညီဖတ်ဖူးမှာပါ။ဆင်းရဲတွင်းနက်ပုံ သရုပ်ဖော်တာများ မျက်ရည်တောင်လည်ရတယ်။

ကဲ ကဲ ထားပါညီရာ။နောက်များမှပေါ့။ခံစားမူ့ တွေနောက်များမှ ဆက်ရှင်းကြတာပေါ့။

 

ကဲ ပြောရင်းနဲ့ စကားထဲမှာ တောဖွဲ့တို့ တောင်ဖွဲ့တို့ ပြောရပြန်တော့ အကိုတို့ သမိုင်းစဉ်တစ်လျှောက်မှာ အလွန်ထူးချွန်တဲ့

တောဖွဲ့ တောင်ဖွဲ့ရေးတဲ့ ရှင်ဥတ္တမကျော်ဆိုတဲ့ စာဆိုရှင်ကြီးကို သတိရပြန်သေးသကွ။

ညီရာ ပေလေးပင် ရှင်လေးပါးခေါ်တဲ့ ခေတ်မှာ ပေါ်ထွန်းတဲ့အထဲ နောက်ဆုံးခေတ်မှာ ပေါ်ထွန်းပြီး အထူးချွန်ဆုံးကျော်ကြားခဲ့လေသူ

စာဆိုရှင်ကြီးပေါ့ညီရာ။

ကဲ အကိုကတော့ အားလုံးသိကြပြီးတဲ့ ခုံတော်မောင်ကျဘမ်းနဲ့ဖြစ်တဲ့ အမှု့အခင်းကို သရုပ်လှန်မပြတော့ပါဘူး။

ဒါပမယ့်နော် ညီသေချာဖတ်ကြည့်ရင် ရှင်ဥတ္တမကျော်က လူရွတ်ကြီးကွ။ကန်တော့ပါတယ်ကွာ။ကြည်လည်းကြည်ညိုပါတယ်။

မလေးစားတာမဟုတ်ဘူး ညီရ။သဘောကျလွန်းလို့။

ခုံတော်မောင်ကျဘမ်းနဲ့ ဖြစ်တဲ့အမှု့မှာ ပြန်လေ့လာကြည့်ရင်

ဒီထီးနန်းစိုက်ရာ ရွှေပြည်တော်မှာ ဆွမ်းတစ်အုပ်ကတော့ ဘယ်သူ့မဆို ပါးရိုက်ကပ်ခိုင်းလို့ရပါတယ်။ ပြောတဲ့မောင်ကျဘမ်း

ဇနီးဆီကို မေးမြန်းသွားပြီးတော့မှ

ပါးရိုက်တဲ့ပြီး

ဟဲ့ ဒကာမ ငါ့အတွက် ဆွမ်းတစ်အုပ်ချက် ကပ်စမ်းကွဲ့ ပြောတာ တော်ရုံတန်ရုံ ရွတ်တာမဟုတ်ဘူးနော်ညီ။

 

နောက် ရှိသေးတယ်။

မကျက်သေးဘူးလား။

နင့် လင်ကို မြန်မြန်ချက် ပြီးရင် ကပ်ပါတော့လား လို့ ခုံတော်မောင်ကျဘမ်း ပြောတာကို

ဆွမ်းစားပြီးတော့ မောင်ကျဘမ်းဇနီးကို ဆွဲပြီး ဒကာမကြီးခင်ပွန်းက ပေးပြီးဖြစ်သဖြင့် ဆိုဝံ့တာ တော်ရုံ သတ္တိမဟုတ်ဘူးနော်ညီ။

 

ကဲ အကိုပြောချင်တာက အရှေ့က အကိုရေးပြခဲ့တဲ့ စာပြောင်ကဗျာတွေလိုပဲ ရှင်ဥတ္တမကျော် အင်းဝရွှေပြည်ရောက်စဉ်

ရှင်မဟာရဋ္ဌသာရ ရှင်မဟာသီလဝံသ တို့က စာနုစာယဉ်နဲ့ ရွှေနန်းတော်ကို သိမ်းပိုက်ထားတော့

စာဆိုတော် စာတတ်အကျော် ရှင်ဥတ္တမကျော်ကြီးက ဒီကဗျာနဲ့ အကုန်မလှန်ဝံ့အောင်လှောင်သကွ။

ကဲ ဖတ်ရဲတဲ့ သတ္တိရှိမှ ဖတ်နော်။ပြီးမှ အကိုကတော့ လုပ်လိုက်ပြန်ပြဗျာလို့ မငြီးလေနဲ့။

 

 

လပြွတ် ၊ လဖြဲ   ၊ လဖြုန်း

                                             လချောင်း   ၊ လအု   ၊ လဆန်း   ၊

                                             လထစ် ၊   လမွေး နှင့်

                                             မိန်းမ ဟိုဟာကို ရှိခိုးပါ၏။

 

ဟဲ ဟဲ ဒါက အတိုချုပ်ထားတာပါ ညီရာ။ မလန့်ပါနဲ့ဦး။ ဆက်လေ့လာမယ်ဆိုရင် ဒီလိုတွေ့မြင်ရမှာ ။ဆရာကြီး ဒဂုန်ဦးစန်းငွေ ရေးတဲ့ စာမှာ

ဒီစာတွေကို ရှင်းပြပေးပြီးသားပါ။

ဆရာကြီး ဒဂုန်ဦးစန်းငွေဆိုတာ (၁၂)ရာသီဖွဲတွေကို ဆိုရှယ်လစ်ခေတ်မှာ ကျောင်းသုံးပြဋ္ဌာန်းချက်တောင် ထုတ်ရလောက်

အောင် သုတေသနပြုထုတ်ခဲ့တဲ့သူကွ။

အကို သိပ်ကြိုက်တဲ့ ဆရာကြီးကွ။အခုခေတ် သူစာတွေကို ပြန်ထုတ်တာ လုံးဝနီးပါးမတွေ့ရတော့သလိုပဲ ညီရာ

အဲဒါတစ်ခုတော့ ဝမ်းနည်းသကွ ညီလေးရ။

လေ့လာကြည့်မယ်ဆိုရင် ညီရာ ..

အကိုလိုပဲနေမှာပေါ့ မြန်မာစာချစ်တဲ့ Nay Away ဆိုတဲ့ ပညာရှင်ကလည်း ဒီလိုညွှန်းထားတာတွေ့လိုက်ရသကွ။အဲဒါကြောင့်

သူ့အရေးအသားလေးကို လေးလေးစားစားလေးကူးတင်လိုက်ရသကွ။အနှစ်ချုပ်ကသူရေးတာကွ။

စဉ်းစားကြည့်မယ်ဆိုရင် ရှင်ဥတ္တမကျော်က တောလားရေးရာမှာသာမဟုတ်ဘူးကွ အင်းဝရွှေပြည်ရောက်ကာစမှာ

အနုအရွ (လ) စကားလုံးတွေကို တအားသုံးနေတဲ့ ရှင်မဟာသီလဝံသ ရှင်မဟာရဋ္ဌသာရတို့ကိုလှောင်ချင်လို့

 

                     သီးမျိုးခိုင်ညှာ ( ပြွတ်လတည်း )

                     ဘီလူးသွားကို ( ဖြဲလတည်း)

                     တောကြက်တောင်ပံ ( ဖြုန်းလတည်း )

                     မုဆိုးချုံက ( ချောင်းလတည်း )

                     မိုးမှာရွှေကြယ် ( ဥလတည်း )

                     ရွှေဖောင်မြစ်ညာ ( ဆန်လတည်း )

                     တရား ဓါးသို့ ( ထစ်လတည်း )

                     ပြုစုပျိုးထောင် (မွေးလတည်း )

                     မြဲစွာဖြစ်လိမ့် ( မှန်းလတည်း )

 

လှအောင်လို့ ဆိုပြီး ပြန်ညွှန်းရေးထားတာက Nay Away ဆိုတဲ့ မြန်မာစာချစ်သူတစ်ယောက်ကွ။

ကဲ Nay Away ဆိုသူရေးထားတာကောင်းလွန်လို့ ဒီအတိုင်းပဲ ပြန်ညွှန်းလိုက်ပါတယ်။ လေ့လာကြည့်မယ်ဆိုရင် ရှင်ဥတ္တမကျော်က

လည်း သူ့ခေတ်သူ့အခါမှာ ကလော်တတ် ခတ်တဲ့ စာဆိုကဝိကြီးပေကိုးကွ။

ဆရာကြီး ဒဂုန်ဦးစန်းငွေရဲ့ စာတွေမှာ မကြာခဏတွေ့ရတတ်သကွ။

ရှင်ဥတ္တကျော် ဘယ်လောက်တောင်ရွတ်သလဲဆိုရင် (၃)ခါတိတိ ရွတ်ခဲ့ လှောင်ခဲ့ သတဲ့ ။အဲဒီ့အထဲကမှ အကျော်ကြားဆုံး

လှောင်ချက် ရွတ်ချက်ကတော့

ငယ်စဉ်ရှင်သူငယ်ဘဝက ဘုရားကန်တော့ရင်

 

                                    က္ကတ္ထိ ဗီဇ အဟံဝန္ဒာမိ

 

      ဆိုပြီးတော့မှ ရွဲ့ပြီး ကန့်တော့သတဲ့ကွ ညီရ။

အဓိပါယ်ကတော့ ညီရာ မိန်းမ ဗီဇကန်တော့ပါ၏လို့ဆိုချင်ဟန်တူပါရဲ့။ဒါ့ကြောင့်လည်း Nay Way ကပြန်ရေးရာမှာ

မိန်းမအစိရှိခိုးပါ၏

ဖြစ်သွားတာပေါ့ညီ။

ဒီနေရာမှာ နောက်တော့ ဆရာဘုန်းကြီးသိလို့ တုတ်မိုးပြီးမေးရာမှာ

 

ဘုရားလောင်းတော်ကို မွေးဖွားတော်မူရာ မယ်တော်မာယာရဲ့ ဗီဇမျိုးစေ့ကို မှန်းပြီးကန်တော့တာပါဆိုပြီး

အဋ္ဌကထာ ဋီကာတွေနဲ့လွတ်အောင် ဖြေရှင်းတော့မှ ဆရာတော်ကြီးကိုယ်တိုင်က

 

အိမ်း ငါ့တပည့် မောင်ဥတ္တမ ကျော်ပေစွ

 

လို့ဖြစ်လာသတဲ့ညီရ။ဒီအခြေအနေဖြစ်တော့ ဆရာတော်လောင်းလျာဟာ (၁၅)နှစ်သားသာရှိသေးသတဲ့ကွ ညီရ။

အဲဒီ့မှာတင် ကျော်ဘွဲ့ကိုထပ်တိုးခံရတာပဲညီရ။

ကဲ စဉ်းစားသာကြည့်ပေတော့။

ကဲ အကို ညီ့ကို ရှင်ဥတ္တမကျော်ကို ကြိုက်ပါ အတင်းတွန်းမပြောတော့ဘူးနော်။

 

ခေတ်ပြိုင် စာဆိုအရှင်တွေဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရတွေ ရှင်မဟာသီလဝံသတွေကိုလည်း လေ့လာဖို့ညွှန်းဦးမှာပါ။

ကဲ အကို့အနေနဲ့ အချိန်ကလည်း အများကြီးမရတော့ ညီရာ အောက်မှာရေးပြထားတဲ့ ရှင်မဟာရဋ္ဌသာရရဲ့

ပိုဒ်စုံရတုလေးတစ်ပိုဒ်ကို ရေးပြထားတယ် ညီရေ။

 

ဖတ်ကြည့်ပြီးမှ ရှင်းပြပါ့မယ် အရင် ဖတ်လိုက်ဦး ညီလေးရေ။

အနုတွင် ရှင်သာရ ဆိုသကိုးညီရ။ဘလက်ကြီး အကြိုက်ပေါ့ညီရာ။( အဟဲစတာနော်။)

ကဲ ကဲ ဖတ်ပါဦးကွာ။

 

ဘလက်ကြီးရေ အခြေအတင် Comments တွေနဲ့ ရေးထားသမျှလေးတွေ ပြောကြရအောင်ပါလို့။

အကို့အနေနဲ့ ညီရေ ဒီတစ်ပါတ်အပိုင်း(၃) မှာ ရှင်မဟာရဋ္ဌသာရရဲ့ ဝဏ္ဏပဘာ လေးတစ်ပိုဒ်နဲ့ အဆုံးသတ်ချင်သကွ။လှချက်ကတော့ ရွာထဲကအပျိုကြီး လူပျိုကြီးတွေ ရင်ဆို့သွားလောက်တဲ့ အရေးအသားကွ။ကဲ ညီဖတ်ကြည့်လိုက်ပါဦး။အကိုက နှမ်းဝင်ဖြူးတာနော်။တစ်ချို့က ပျို့ ကဗျာဆိုရင် ကျော်ကျော်သွားကြလွန်းလို့ အကိုက ဝင်ရေးပေးတာပါ ညီ။

ဟဲ့ မိကေ ပျို့ကဗျာဆိုတာ ကြော်စားစရာမဟုတ်ဖူးနော်။   နင့်ပဲ သတိပေးနေရတာတော်ရေ။ကဲ ကဲ ဖတ်ကြည့်ပါဦး။

ဒေဝစ္ဆရာ
ပြင်လျာ တင့်ဆင်းရောင်
လှကြက်တောင်နှင့်
လှခေါင်းပြစ်မျိုးလွတ်
ဆယ်နှစ်ပတ်လျင်
ရစ်ပတ်ချည်နှောင်စီး
ရွှေထဘီနှင့် အာနိ သိန်းတန်မျိုး။
ရွှေခါးကြိုးလည်းခံ မျိုးနေ့တိုင်းပင်
အမြဲဆင်၍ ကျွန်းတွင်ဇမ္ဗူလုံး
ပြိုင်တိုင်းရှုံးသည်
ပြစ်လုံးကင်းဝေးစွာ
မိုးသူဇာကို
ဆည်းဆာညရီတွင်
ကျွန်ုပ်မြင်သည်
ရွှေရင် ဖုံးတုံ့ မဖုံ့တုံ့။ ။

ကဲ လှလိုက်တာညီရယ်။ ဘယ့်နှယ့် ဘယ်သို့ ပြောရမယ်လို့ကို အကိုတို့ ဆရာတစ်ယောက်ကပြောခဲ့ဖူးလေသကွ ညီရ။အကိုလည်းတော်တော်ကြိုက်သကွ။

ဘလက်ကြီးတို့ မောင်မာဃတို့လည်း ရွှေရင်ဖုံးတုံ့ – မဖုံးတုံ့ ကိုကြိုက်ကြသူတွေ

ဆိုတော့ကာ     ကြိုက်ကြမှာပါ။

နဲနဲတော့ ပါသပေါ့လေ။

 

 

ကဲ ခေတ်ကလည်း ခေတ်ပြိုင် ဖြစ်တဲ့ စာဆိုတော်ကြီးတွေရေးလည်း ရေးတတ်ပါပေ့ ညီရေ။

အကိုက ဝင်ပြီး ဘယ်ကဘယ်လို ညွှန်းဆိုစရာတောင်မရှိတော့ပါဘူး။တကယ်တမ်းတော့ညီရေ ရွာသူရွာသားတွေထဲမှာ မြန်မာစာ

ကိုချစ်တဲ့ ရွာသူ/ရွာသားတွေအများကြီးပါ ညီ။ မကြုံလို့မပြောကြတာပါကွာ။

အကိုက ညီ့နာမည်လေးတပ်ပြီးပြောတော့ ဟော ပြီးခဲ့တဲ့အခေါက်မှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ရေးကြပြောကြနဲ့ ပျော်စရာလည်း

ကောင်းပါ့ကွာ။

 

ကဲ ဒီတော့ ဒီတစ်ပတ်တော့ အကိုအချိန်လည်းမရတော့တာမို့ ဒီလောက်နဲ့ပဲရပ်ကြဦးစို့ ညီလေးရေ။နောက်တစ်ပတ်မှ ဆက်ပြီးဆွေးနွေးကြသေးတာပေါ့ညီ ။ရှင်မဟာရဋ္ဌသာရ ရှင်မဟာသီလဝံသတွေကို ဆုံးအောင်ဖတ်ကြည့်ပေါ့ညီ။တကယ်က မြန်မာစာရဲ့အလှတရားကိုသေသေချာချာလေ့လာကြည့်ရင်းနဲ့ စာချစ်စိတ် ကဗျာချစ်စိတ်တွေ ထပ်ထပ်ပြီးတိုးလာမှာ အသေအချာပေါ့ ညီရေ။

ခက်တာက ဘလက်ကြီးတို့ မိတိုက်တို့ မိကေဇိတို့ လေးပေါက်တို့က အပျိုစစ်တုံ တင်ပါးဆုံ နိမ့်တုန်မြင့်တုန်ခုန်ရမည်ဆိုတာလောက်

သာကျက်နေကြတော့ အကိုလည်း ဆက်မပြောချင်တော့ဘူးညီရေ။

 

ဒီတော့ ညီရေ အကိုပြောချင်တာက ဝင်ပြီးဆွေးနွေးပါ။ပြောပါ။နောက်ပြီး လိုချင်တဲ့ ကဗျာလေးတွေ စာလေးတွေကို

အကို့ဆီကတောင်းပါကွာလို့ပဲ ပြောချင်ပါတယ်။နောက်တစပတ်မှာတော့ အကို့အနေနဲ့ သတိထားရမယ့် စာစု ကဗျာစုတွေ

အတွက်ကြိုတင်ပြီးတော့မှ အတတ်နိုင်ဆုံးရေးနေပါတယ်လို့ပဲ ပြောချင်တယ်ညီရေ။

 

အကို့   ကို   တစ်ချို့က ညီလေးအလင်းဆက်ကို

သင်ပေးနေသလိုပဲလို့ပြောကြတာ။မဟုတ်ပါဘူးညီ ။ညီ့ရဲ့ ကဗျာချစ်စိတ်က အကို့ထက်မပိုတောင် မလျှော့ပါဘူး။

 

ညီနဲ့ အကိုက ဆွေးနွေးဖက်တွေပါကွာ။ ဒီလိုပဲ သဘောထားပါတယ်။အားလုံးသော ရွာသူ/ရွာသားတွေအနေနဲ့လည်း အကို့ကို

ဝင်ရောက်ဆွးနွေးပြီး နန်းမတော်မယ်ပုချ်လို ကဗျာတောင်းရင်လည်း တတ်နိုင်သလောက်ပြန်ရေးပေးမှာပါ။သို့သော် နိုင်ငံရေးကို

တော့ ဘယ်ဖက်ကနေမှာ ဆွေးနွေးမှာ မဟုတ်ဘူဆိုတာ အကိုပြောထားပါတယ်ညီရာ။တန်ဖိုးရှိတဲ့အချိန်တွေ တန်ဖိုးမဲ့တဲ့ စကားတွေ

ကြောင့် ပျောက်ပျက်ကုန်မှာစိုးသကွ ညီရ။

အကို့အနေနဲ့ ကြုံတုန်းပြောရရင် ခွဲရေး – တွဲရေးကို သိပံ္ပမောင်ဝရေးတဲ့ ခေတ်စမ်းစာပေမှာ ရှာဖတ်ကြည့်ရင်

တွဲရေးပြောသော ဘုန်းကြီးကို ကျောင်းဒကာက မောင်းချ၍ ဗလီကျောင်းသွားထိုင်ချေဆို၏

ခွဲရေးပြောသော ကျောင်းဒကာကို ဆရာဘုန်းကြီးက ကျောင်းထဲအဝင်မခံ ဆိုသော စာပိုဒ်ကို ( မှတ်မိသလောက်ပြန်ရေးတာနော်)

အကို သိပ်သဘောကျတာ ညီရ။ အကို အဲဒီ့လိုမဖြစ်ချင်ဘူး ညီ။

မြန်မာစာချစ်သူတွေမှာ လည်း နိုင်ငံရေးရှိသင့်ပေမယ့် အကိုကြိုက်တာ မကြိုက်တာက ကဗျာတွေစာတွေနဲ့မဆိုင်ဘူနော်ညီ။

ဒါကြောင့် နိုင်ငံရေးအသွေးအရောင်မပါတဲ့ စာကောင်းပေမွန်သန့်သန်ကလေးတွေကို ဆက်ဆွေးနွေးကြဦးစို့ ညီရေ။

နိုင်ငံရေး Comments တွေရေးတော့မယ်ဆိုရင် အော် ငါ့အကို့ခမျာ ဖွေးဖွေးတို့ ခင်ဝင့်ဝါတို့ နန်းခင်ဇေယျာတို့ ဝတ်မှုန်ရွှေရည်

နဲ့ ရွှေမှုန်ရတီတို့ ဝိုင်းချစ်ကြရင်တောင် သူ့ခမျာ ငြင်းရှာသေးတာပဲ ။သူမှ ပြန်မချစ်နိုင်တာပဲ ဆိုတာလေးပဲ တွေးပါ ညီရေ။

အားတော့နာပါတယ် ညီရာ။အကိုမှ ပြန်မချစ်နိုင်တာကိုးနော့။ အဟေး ဟေး။

  ( Credit To : ပျက်စီးနေတဲ့ ဘလက်ကြီး လေသံဖြင့်ဖတ်ပါရန် )

ကဲ ညီရေ တတ်နိုင်ရင် ပျော်ပျော်ပါးပါး စကားဝိုင်းစကြတာပေါ့ညီ။အားလုံး ဒီတစ်ပတ်မှာ ဒီလောက်နဲ့ကျေနပ်နိုင်ကြပါစေကွာ။

 

ရွာသူ/ရွာသားတွေအားလုံး ကျန်းမာချမ်းသာပါစေလို့

ရွှေညာသား (အထက်အညာမြေ )

About ေရႊညာသား

has written 10 post in this Website..