အရက်သမား အိပ်မက်
စူးခနဲ တစ်ချက်အော်၍ ဆွဲဆွဲငင်ငင်အော်ငိုလိုက်သော အသံကြောင့် ဘုန်းတော်ကြီး ဦးသီလ ကျိန်းနေရာမှ နိုးလာခဲ့သည်။
သူ့ကျောင်းဆောင်လေး ရှေ့ထွက်ကြည့်တော့ နွမ်းနွမ်းပါးပါး ကလေးမလေး တစ်ယောက် ငိုယိုနေတာ တွေ့မိသည်။ ညကြီးမင်းကြီး
အချိန်မတော် ဘာဖြစ်လို့ပါလိမ့်ဟု ဦးသီလ စဉ်းစားနေသည်။ ကလေးမကို မေးတော့ လည်း အတွင်သာ ငိုနေသဖြင့် အငိုတိတ်အောင်
ခဏမျှစောင့်နေလိုက်၏။ အတန်ကြာတော့ ကလေးမလေးက ဦးသီလ မေးသမျှ ရှိုက်သံစွက်၍ ဖြေရှာသည်။
“ဒကာမလေး ဘာဖြစ်လို့တုန်းကွဲ့။”
“တပည့်တော် နာမည် မိထူးပါ ဘုန်းဘုန်း။ တပည့်တော်အဖေ သေတော့မယ် ဘုရား..။”
“ဒကာမလေး အဖေက ဘယ်သူတုန်းကွဲ့။”
“ဦးနေမျိုးပါ ဘုရား..။”
“ဦးနေမျိုး..။”
ဦးသီလ သံယောင်လိုက်ပြီး စဉ်းစားလိုက်သည်။ အိမ်သာကျင်းတူးတဲ့ နေမျိုးကို ပြောတာဖြစ်မယ်ဟုတွေး မိသည်။
အရပ်ထဲမှာ နေမျိုးတွေ နှစ်ယောက်သုံးယောက်ရှိလို့ အိမ်သာနေမျိုး၊ ဗိန္ဒောနေမျိုး၊ ပလာတာနေမျိုး စသည်ဖြင့်
အလုပ်အကိုင် နဲ့ ခွဲထားရသည်။ ယခု အိမ်သာနေမျိုး ဟု ဦးသီလ အတပ်စွဲလိုက်ရခြင်းမှာ သူ မကျန်းမာတာ ကြာပြီဟု
ကြားထားသောကြောင့် ဖြစ်သည်။ ထိုကောင်လေးသည် အလုပ်အကိုင် အတည်တကျမရှိ။ ဘောက် လုပ်တာများသည်။
အလုပ် လုပ်တာနည်းနည်း။ အရက် သောက်တာ များများ ဆိုတဲ့ လူမျိုးဖြစ်သည်။ အရက်ဖိုးမရှိလျှင် ခိုးတာ ဝှက်တာ မျိုး
လည်း လုပ်တတ်သည်။ သူ့သားမယားက ဆုံးမပါဦး ဘုရား ဆိုပြီး ကျောင်းလာတဲ့အချိန် တိုင်တန်းတော့လည်း ကိုယ်တော်
က ဘုန်းကြီးကျောင်းများ ယောင်လို့တောင် ခြေဦးလှည့်တာမဟုတ်။ ဘုန်းကြီးဆိုတာလည်း အရက်ဆိုင်သွား တရားပြလို့
ကလည်း မတော်ဘူးကိုး။ ခု နောက်ဆုံးအချိန်မှာ တရားသံဝေကလေးများ ရသွားရင် အထောက်အပံ့ကလေး ဖြစ်ကောင်း
ပါရဲ့ဆိုပြီး မယားလုပ်တဲ့သူက ကလေးကိုလွှတ်လို့ ဘုန်းကြီး အပင့်ခိုင်းတာ ဖြစ်မှာ။
“ကဲကဲ..မငိုနဲ့ တော့ ဒကာမလေး ဘုန်းကြီး လိုက်ခဲ့မယ်..ဟုတ်ပြီလား..။”
ကလေးမက တစ်ချက် ဟီးချပြီး ရှေ့က ထွက်သွားသည်။ ညမှောင်မှောင်မှာ လမ်းကြိုလမ်းကြားတွေထဲ ကွေ့ကောက်သွား
နေသော ကလေးမနောက်ကို ဦးသီလ မနည်းမှီအောင်လိုက်ရသည်။ နောက်တော့ အိမ်စုတ်စုတ်တစ်လုံးထဲ ကလေးမ
ဝင် သွားပြီး လှေကားအတိုင်း အပေါ်တက်သွားရာ ဦးသီလက လိုက်တက်မည် အပြုတွင် ကလေးမက ဘုန်းဘုန်း
လှေကားက ဆွေးနေတယ်နော် ဟု သတိပေးလေသည်။ ဟုတ်သည်။ လှေကား ထစ်အချို့ ကျိုးပဲ့နေသည်ကို တွေ့ရ၏။
အပေါ်ထပ် သူ့အဖေ လှဲနေသော အိပ်ခန်းကလေးထဲ လိုက်ဝင်သွားတော့ သားမယားတစ်စု ပူပန်ကြောင့်ကြ တဲ့မျက်နှာ
ငယ်ကလေး တွေကိုယ်စီနဲ့ လူမမာကို ဝိုင်းပြီး ကြည့်နေကြတာတွေ့ရသည်။ ဆရာဝန်တစ်ယောက်လည်း ရှိ၏။ မောင်နေမျိုး
၏ မျက် နှာကို ဦးသီလ စူးစိုက်ကြည့်မိသည်။ ဖောသွပ်နေသော မျက်နှာ၊ မဲပြာနေသော နှုတ်ခမ်း၊ လှိုက်ဖိုနေသော ရင်
ဘတ်နှင့် အသက်ရှူပုံ တို့ကို တွေ့မြင်ရသည်တွင် သူ့နောက်ဆုံးခရီးကား နီးလေပြီဟု မှတ်ချက်ချမိလေသည်။ ဦးသီလ
သည် ခဏ မျှ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တည်းဟူသော လက္ခဏာရေးသုံးပါးကို ဆင်ခြင်သုံးသပ်၏။ ထို့နောက် ဆရာဝန်လုပ်
သူအား အ ခြေအနေကို မေးမြန်းလေသည်။
“ဘယ့်နှယ်လဲ ဒကာ..သူ့မှာ မျှော်လင့်ချက်ကလေးများ မရှိရှာတော့ဘူးလား။”
ဆရာဝန်က ခေါင်းတခါခါလုပ်ပြီး နားကြပ်နှင့် ရင်ဘတ်ကို စမ်းကြည့်သည်။ နောက် မျက်လုံးဖြဲကြည့်။ နှာခေါင်းဝမှာ ဂွမ်းစ
တင်ကြည့်တာတွေ ခပ်သွက်သွက် လုပ်ပြီး အဖြေပေးသည်။ အသက်မရှိတော့ပါ ဘုရားတဲ့။ ကိုင်း..ကောင်းပါလေရော။
အ လာကောင်းပေမဲ့ အခါနှောင်းပြီ။ ဆရာဝန်ထွက်သွားတော့ မယားလုပ်သူနဲ့ ကလေးတစ်သိုက် ငိုယိုကြသည်။ ဦးသီလ
သည် မောင်နေမျိုး၏ အသက်မဲ့ ခန္ဓာကိုယ်ကို ငေး၍ စိတ်မကောင်းဖြစ်နေသည်။ သေတဲ့သူက သေပြီ။ ရှင်သူများကို
တရားချလေဦးမှ ဟု ဦးသီလတွေးပြီး ကျန်ရစ်သူ မိသားစုတစ်တွေဘက်လှည့်ပြီး တရားပြတော်မူသည်။
တရားပြ၍မဆုံးမီ မယားလုပ်သူက အသုဘခုတင်ဘက် လက်ညှိုးထိုး၍ စူးစူးဝါးဝါး ထအော်လေရာ ဘုန်းတော်ကြီး
ဦးသီလ ပင်လျှင် ထိတ်ခနဲဖြစ်ပြီး နောက်လှည့်ကြည့်မိသည်တွင် အိပ်ယာပေါ်၌ ထိုင်လျှက်ရှိသော မောင်နေမျိုးကို
တွေ့ရလေ၏။
ထိုခဏတွင် ဦးသီလ သည် တစ္ဆေ သူရဲလော၊ ဖုတ်ဝင်ပူးသလော ဟူ၍ပင် ယောင်ရမ်းတွေးမိသေး၏။ သို့သော်
ချက်ချင်း လိုလိုပင် ဤသူကား အသက်ပြန်ရှင်ခဲ့ပြီဖြစ်သော လူသားစင်စစ် သာလျှင်တည်းဟု စိတ်တွင်ဘဝင်ကျ၏။
ဆရာဝန်လည်း အသံကြားသဖြင့် အပြေးပြန်ရောက်လာခဲ့သည်။
“အမယ်မယ်..ဒီမှာ ပြတ်ရှ ဒဏ်ရာကလေး တစ်ခုပါကလား..။သွေးတောင်ထွက်နေပါသေးလား..ကောင်းတယ်။”
ဦးသီလလည်း ကြည့်ရှုလေရာ လူမမာတွင် သွေးစိမ့်ထွက်လျှက်ရှိသော ဒဏ်ရာတစ်ခုကို တွေ့ရလေသည်။
“အင်မတန် ဆန်းတာပဲ ဘုရား..တပည့်တော်တော့ ဒီအဖြစ်မျိုး တစ်ခါမှ မကြုံဖူးသေးဘူး..။အင်မတန်ကံကောင်းတဲ့လူ။”
ဆရာဝန်နဲ့ မယားလုပ်သူတို့က မောင်နေမျိုးကို နေသာအောင် ပြုစုနေကြရာ ဦးသီလ လည်း နောက်တစ်နေ့မှ ပြန်ကြွ
လာခဲ့ မည်ဟု ကတိပေး၍ ကျောင်းသို့ပြန်လာခဲ့လေသည်။
နောက်တစ်နေ့သွားသောအခါ လူမမာ တစ်နေ့လုံးအိပ်နေသဖြင့် ဦးသီလ ကျောင်းသို့သာ ပြန်ကြွလာခဲ့သည်။
တတိယ မြောက်နေ့တွင်မူ မောင်နေမျိုးတစ်ယောက် နိုးနိုးကြားကြားရှိနေသည်ကို တွေ့ရသဖြင့် အိမ်ထဲသို့ဝင်
လိုက်သည်။ ဦးသီလ အိမ်တွင်းသို့ရောက်၍ မောင်နေမျိုးမြင်သောအခါ အားရဝမ်းသာ ကြိုဆိုလေသည်။
“အမလေး…ဆရာတော်ကြွလာသဟ…ကျေးဇူးကြီးပါပေ့ခင်ဗျာ…ကျေးဇူးကြီးပါပေ့..။ဆရာတော့်ကို လျှောက်
စရာရှိတယ် ဘုရား..။”
ဦးသီလလည်း လူမမာကုတင်ခေါင်းရင်းနားထိုင်၍ မောင်နေမျိုးပြောသမျှကို နားထောင်လေသည်။
“ဆရာတော်သိတဲ့အတိုင်း တပည့်တော်က အင်မတန်ဆိုးတဲ့ ပေတဲ့အကောင်ပါခင်ဗျာ..အဟုတ်ပါပဲ..။ ခိုးတယ်၊
ဝှက်တယ်၊ အရက်လည်း အင်မတန်သောက်တာ..။ တပည့်တော် လူဆိုး လူပေ ဘဝရောက်နေပေမဲ့ ငရဲပြည်
တော့မသွားချင်ဘူး ဘုရား..။”
ပြောပြောဆိုဆိုနှင့် မောင်နေမျိုးတစ်ယောက် ငိုရှာလေသည်။ ဦးသီလလည်း ငြိမ်သက်စွာပင် စောင့်ဆိုင်းနေ၏။
အတန် ကြာမှ မောင်နေမျိုးသည် ရေတစ်ခွက်သောက်ပြီး ဆက်လက်ပြောလေသည်။
“ဆရာတော်ကြွလာတဲ့ညက တပည့်တော်ဘယ်လိုကြုံတွေ့ရသလဲဆိုတာ လျှောက်ရဦးမယ်..။ အရှင်ဘုရားက
ဘုရားသား တော်ဆိုတော့ တပည့်တော် ပြောတာ သဘောပေါက်နားလည်မလားဘဲ..။ အဲဒီညက တပည့်တော်
အတော်သောက်မိ တယ်..။ဘီယာ ကလေးထွေထွေနဲ့ ပြန်လာတော့ ညဉ့်တောင် အတော်နက်နေပြီ..။ အိမ်ရောက်
တော့ ချက်ချင်းပဲ အိပ်ယာ ဝင်ပြီး အိပ်တာပါ။ နောက်တော့ လန့်နိုးလာတယ်။ တပည့်တော် အခန်းက လှောင်ပိတ်
အိုက်စပ်နေတယ်လို့ ခံစားရတာနဲ့ လေဝင်လေထွက်ကလေးရအောင် ပြတင်းပေါက်ဖွင့်ဖို့လုပ်ပါတယ်။ ဒါပေမဲ့
ကလေးတွေ နိုးသွားမှာစိုးတာနဲ့ အောက်ထပ်ပဲ ဆင်းတော့မယ် ဆိုပြီး အိပ်ခန်းထဲက ထွက်လာတာပေါ့။ မှောင်မှောင်
မဲမဲနဲ့ လှေကားပေါ်က လိမ့်ပြု ကျမှာ စိုးလို့ လှေကား ထစ်တွေ ရေပြီး ဆင်းလာလိုက်တာ ကြမ်းပြင်ရောက်ဖို့ နောက်
ဆုံးတစ်ထစ်လောက်မှာ တပည့်တော်ပြုတ်ကျတော့တာပဲ။ ဘယ့်နှယ်ဖြစ်သလဲတော့ မပြောတတ်ဘူး။ တပည့်
တော်ပြုတ်ကျသွားလိုက်တာ မဆုံးနိုင်တော့အောင်ပဲ။ လှိုက်ခနဲ အေးခ နဲ ဖြစ်ဖြစ်ပြီး အမှောင်ထုကြီးထဲပြုတ်ကျ
သွားလိုက်တာ နောက်ဆုံးတော့ စားပွဲကြီးတစ်လုံးနောက်က ထိုင်ခုံတစ်လုံးပေါ် တပည့်တော် ရောက်နေတော့တာပဲ
ဘုရား။ စားပွဲမှာ ထိုင်နေတဲ့လူတွေလည်း အများကြီးပဲ။ မီးညှော်နံ့ကလည်း မပြတ်ရ နေပြီးတော့ နီရဲရဲ အခိုးအလျှံ
တွေမြင်နေရတယ်။ ချက်ချင်းပဲ တပည့်တော် သဘောပေါက်လိုက်တာက ဟာ..ငါ ငရဲပြည် ရောက်နေပဟ
ဆိုပြီးတော့လေ။ တပည့်တော် သေပြီကိုးလို့သိလိုက်တယ်။ အဲဒါနဲ့ အတော်ကိုကြောက်သွားပြီးတော့ အော်
ဖို့ကြိုးစားပေမဲ့ အသံကထွက်မလာဘူး။ ပြေးမယ်ဆိုပြီး ထလိုက်တော့ တပည့်တော်ဘေး ထိုင်နေတဲ့ ပုဂ္ဂိုလ်
တစ်ယောက်က တပည့်တော် ပုခုံးကို လက်နဲ့ဆွဲထားပြီးတော့ ဒီကနေ ဘယ်တော့မှ ထွက်သွားလို့မရဘူး မိတ်ဆွေ
တဲ့။ သူ့အသံက ကလေး တစ်ယောက်အသံလေးလိုပဲ။ ခပ်တိမ်တိမ်နဲ့။ အဲဒီအချိန်မှာ စားပွဲအဆုံးမှာထိုင်နေတဲ့
အရပ်အရှည်ဆုံး လူကြီးတစ်ယောက် ထလာပြီး သူ့ရဲ့ရှည်ရှည်မဲမဲ လက်ချောင်းကြီးနဲ့ ညွှန်လိုက်တော့ တပည့်တော်
လည်း တစ်ကိုယ်လုံး တုန်လှုပ်အေးစက်သွား တော့တာပဲ။ ဟုတ်တယ်..။ သူက တပည့်တော်ကို ချုပ်ကိုင်ညွှန်
ကြားနိုင်စွမ်းရှိတယ်လို့ ထင်မိတယ်။ အဲဒီလူကြီးက ချောက် ချားထိတ်လန့်စရာကောင်းတဲ့ အသံနဲ့ မင်း..အခု
သွားနိုင်ပြီတဲ့..ဒါပေမဲ့ နောက်သုံးလကြာရင် ပြန်လာမယ်လို့ ကတိထားရ မတဲ့။ တပည့်တော်လည်း အော်ဟစ်ပြီး
တော့ မြန်မြန်ကတိပေးလိုက်တာပေါ့။ ကျွန်တော် ကတိပေးပါတယ်..။နောက်သုံးလ ကြာရင် ပြန်လာပါ့မယ်
…အောင်မလေး…မြတ်စွာဘုရား ခုတော့ မြန်မြန်လွှတ်ပေးတော်မူပါ ဆိုပြီးအော်လိုက်တာပဲ။ နောက် ဆုံး တပည့်
တော်သိသလောက် ဟောဒီအိပ်ယာပေါ်မှာ တပည့်တော်ရောက်နေပြီးတော့ ဆရာဝန်နဲ့ဆရာတော့်ကို တွေ့တာ ပဲ။
အရှင်ဘုရား..မိန့်ပါဦး..အဲ..အဲဒါ ငရဲပြည်မဟုတ်လားဟင်..။ တပည့်တော် ငရဲပြည်ရောက်သွားတာလား၊ အိပ်မက်
မက် နေတာလား ဘုရား….။ တပည့်တော် အဲဒီနေရာကြီး ပြန်မသွားချင်ဘူး ဘုရား…ကယ်တော်မူပါဦး…အီး..ဟီး..။”
ဦးသီလသည် လေးနက်စွာစဉ်းစားပြီးနောက် တည်ငြိမ်သော အသံဖြင့် မောင်နေမျိုးအား ပြောကြားလေသည်။
“ဒါ အိပ်မက်ဆိုးတစ်ခုဆိုတာ ဘုန်းကြီးအနေနဲ့အသေအချာ ဆိုဝံ့ပါတယ်ကွယ်..။ ဒကာက နာမကျန်းဖြစ်နေတော့
အိပ်မက် ဆိုးတွေ မက်တာပေါ့။ နို့ပေမဲ့..ဒါက သတိပေးခြင်း တစ်ခုလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ကိုယ်မကောင်း
တာသိရင် အဲဒါ တွေ မလုပ်မိအောင်နေပေါ့.. ထိန်းပေါ့ကွယ်။ ကောင်းကောင်းမွန်မွန်နေရင် လိပ်ပြာသန့်ပြီးတော့
အဲဒါမျိုးတွေ ကြုံရမှာ မ ဟုတ်ဘူး။ ခိုးတာဝှက်တာတွေ မလုပ်နဲ့တော့၊ အရက်တွေလည်း မသောက်နဲ့တော့။
နိုင်ငံရေးယောင်ယောင် ဘာယောင် ယောင်နဲ့ ယောင်ခြောက်ဆယ်လုပ်မနေနဲ့။ ကိုယ့်မိသားစုကိုလည်း ကြည့်ဦး..။
ဂရုစိုက်ဦး၊ ဟုတ်ပြီလား။”
“တင်ပါ့ဘုရား…တပည့်တော် နောင်တရပါပြီ..။”
“အေး..ဘုန်းကြီး သာဓုခေါ်တယ်…အားရင် ကျောင်းဘက်လည်း လှည့်ခဲ့ဦး။”
“တင်ပါ့ဘုရား..တပည့်တော် လာခဲ့ပါမယ်..။”
မောင်နေမျိုးကြည့်ရတာ စိတ်သက်သာရာရ သွားတဲ့ပုံပါပဲဟု ဦးသီလတွေးမိသည်။ နောက်ရက်အနည်းငယ်အတွင်း
မှာပဲ သူ့ အိမ် နောက်တစ်ခေါက်သွားပြီး အခြေအနေကြည့်သည်။ မောင်နေမျိုးတစ်ယောက် အတော်ကြီး ကျန်းမာ
လာပြီကို တွေ့ရ သဖြင့် ဦးသီလ ဝမ်းသာမိလေသည်။ သူပြုတ်ကျသည့် လှေကားကို ပြင်ဆင်နေခြင်းဖြစ်၏။
“ဒီနားက တပည့်တော် ပြုတ်ကျတာလေ…၊ အဲဒါ အန ္တရာယ်ကင်းအောင် ပြန်ပြင်နေတာဘုရား..။”
ရက်သတ္တပတ်ပေါင်း များစွာကြာပြီးသော် မောင်နေမျိုးသည် အရင် မောင်နေမျိုးနှင့် အခြားနားကြီး ခြားနားသော
လူတစ် ယောက် ဖြစ်လာခဲ့လေသည်။ ခိုးဝှက်ခြင်း၊ သောက်စားခြင်းတို့ကို စွန့်လွှတ်ပြီး အလုပ်ကိုသာ တစိုက်မတ်
မတ်လုပ်သည်။ မိသားစုကိုလည်း ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်၏။ အဖိတ်၊ ဥပုသ်နေ့များတွင်လည်း ကျောင်းသို့
လာပြီး သီလယူ၊ ဥပုသ် စောင့်တတ်၏။ မိသားစုနှင့် ထပ်တူမျှ ဦးသီလ ဝမ်းသာမိ၏။ တစ်ရက် လမ်းသွားရင်း အလုပ်
ကပြန်လာသော မောင်နေမျိုး နှင့်တွေ့၍ စကားအနည်းငယ်မျှ ပြောလိုက်ရသေး၏။ သူ့ဘဝသူ ပျော်ရွှင်နေတဲ့ပုံပဲဟု
ဦးသီလ တွေးမိသည်။ သို့သော် နောက် ရက်အနည်းငယ်အတွင်းမှာပင် မောင်နေမျိုးတစ်ယောက် ဆုံးပြီဟူသော
သတင်းကို ကြားရလေရာ ဦးသီလ ပင် မယုံနိုင်အောင် ဖြစ်မိ၏။ ထို့ကြောင့် သူ့အိမ်သို့ကြွ၍ သူ့မယားလုပ်သူအား
အကြောင်းအကျိုးကို သေချာသိရအောင် မေး မြန်းရလေတော့သည်။ မယားလုပ်သူက အောက်ပါအတိုင်း ဦးသီလ
အား လျှောက်လေ၏။
“ကိုနေမျိုးတစ်ယောက် ကောင်းကောင်းမွန်မွန်နေလို့ တပည့်တော်လည်း အင်မတန်ကို ဝမ်းသာနေတာဘုရား။
ဒါပေမဲ့ တစ် ရက်တော့ တပ်ကခွင့်နဲ့ပြန်လာတဲ့ သူ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့ဆုံမိပါရော ဘုရား။ အဲဒီသူငယ်
ချင်းကို တွေ့တော့ သူ့ မှာ အလွန်ကို ဝမ်းသာနေတာပဲ။ အဲဒါနဲ့ ဘာမှတောင် မစဉ်းစားတော့ဘူး။ သူ့သူငယ်ချင်းကို
ခေါ်ပြီး ဘီယာဆိုင်သွားတော့ တာပဲ။ဘာပြောကောင်းမလဲ ဘုရား..။ တစ်ခွက်ပြီး တစ်ခွက် အများကြီး သောက်
တော့မှာပေါ့။ ညဉ့်နက်သန်းခေါင်ကျမှ သူ့ သူငယ်ချင်းက သူ့ကိုတွဲပြီး ပြန်လာပို့တယ်။ အပေါ်ထပ် သူ့အိပ်ခန်းထဲက
ခုတင်ပေါ်ရောက်အောက်ပို့တာ။ သူအိပ်သွား တော့ တပည့်တော်လည်း ဟောဒီ မီးလင်းဖိုနား ခဏလှဲပြီး ဟိုဟို
သည်သည် စဉ်းစားရင်း စိတ်မကောင်းဖြစ်နေမိတယ်။ နောက်တော့ ခဏအိပ်ပျော်သွားတယ် ထင်တာပဲ။
တပည့်တော် ဖျတ်ခနဲလန့်နိုးလာတဲ့အချိန်မှာ လူနှစ်ယောက်ကို လှမ်း မြင်မိတယ် ဘုရား။ တစ်ယောက်က
တပည့်တော် ယောက်ျား ကိုနေမျိုးရယ်။ နောက်တစ်ယောက်ကတော့ မသိဘူး။ သူ့ အခန်းကနေ အသာက
လေးထွက်လာတာ။ အဲဒါနဲ့ တပည့်တော်လည်း လှမ်းအော်မေးရတာပေါ့။ ကိုနေမျိုး ရှင်ဘယ်သွား မလို့တုန်း
ဆိုတော့ ဘာမှ ပြန်မပြောဘူး။ ချက်ချင်းလိုပဲ ဝုန်းဒိုင်းဆိုပြီး အသံကြားတော့ တပည့်တော်လည်း အပေါ်ထပ်
တက်ပြေးတော့ ဟောဒီ လှေကားရင်းနားမှာပဲ ကိုနေမျိုးတစ်ယောက်လဲနေတာ တွေ့တာပါပဲ။ အရှင်ဘုရား
တစ်ခါကြွ လာတုန်းကတောင် သူပြင်နေတဲ့ နေရာလေ။”
မောင်နေမျိုး မယားလုပ်သူ တရှုံ့ရှုံ့လုပ်နေစဉ်တွင် ဦးသီလသည် လှေကားကို ငေးကြည့်နေလေသည်။
သူ့အိပ်မက်ထဲ မှာ ဒီနေရာကနေပြုတ်ကျပြီး ငရဲတံခါးဝ ရောက်သွားရရှာတာပဲ။ သူပြန်သွားရမယ်လို့ သိနေ
ခဲ့တာများလား စသည်ဖြင့် ဘုန်း တော်ကြီး ဦးသီလ အတွေးများဝေမိလေတော့သတည်း။
Joseph Sheridan Le Fanu ၏ Drunkard’s dream(1838) ကို မှီငြမ်းပါသည်။
15 comments
ဇီဇီ ခင်ဇော် (15102012)
September 2, 2014 at 5:43 pm
သူ လာ လိမ့်မယ်။
အဟွတ်!!!
:kwi:
ခင် ခ
September 2, 2014 at 7:47 pm
လိမ္မာလာတာ မောင်နေမျိုးမှ ဟုတ်ပါလေစ
နောက်ဆုံးတော့လည်း ပြန်ရတာပါဘဲလေ
Crystalline
September 3, 2014 at 6:21 am
အူးနေမျိုးအစား ဆမ်းဝမ်းပြုတ်ကျရမှာ :mrgreenn:
kai
September 3, 2014 at 8:35 am
ဟာ…
ဒီလိုဘုန်းကြီးမျိုးကမှ.. ဗုဒ္ဓသားတော်ကွ… လို့တွေးပြီး.. ဖတ်နေတုံး…
နောက်ဆုံးက..
“Joseph Sheridan Le Fanu ၏ Drunkard’s dream(1838) ကို မှီငြမ်းပါသည်။”
ဖတ်မိတော့မှ…
“ဪ”ရယ်လို့..” အော်”မိ… :k:
ဘာသာပြန်ချက်.. ညက်၏..။ ကောင်း၏..။
alinsett
September 3, 2014 at 11:59 am
ဘာသာပြန်တာမဟုတ်ပါဘူးဗျ ။ မြန်မာမှုပြုတာပါ ။ ဆီလျော်အောင် မှီငြိမ်းတာပါ။
ကောင်း၏ိ ။ ကောင်း၏ ။
😆
မောင်ဘလိူင်
September 4, 2014 at 4:34 pm
သူဂျီးကလည်း ခရစ်ယာန်ဘုန်းကြီးကတော့ အဲဒီအတိုင်း ဘယ်ဟုတ်ပါ့မလဲ..မြန်မာမှုပြုထားတဲ့
လစ်ဘရယ် ဘုန်းကြီး ခင်ဗျ..အဟေးဟေး 😀
Mr. MarGa (12512)
September 3, 2014 at 8:49 am
This post is
beyond my imagination :mrgreenn:
ကိုယ်တိုင်ရေးလို့ကို မှတ်နေတာ 🙂
manawphyulay
September 3, 2014 at 9:50 am
ဖတ်လို့ကောင်းနေတုန်းရှိသေးတယ်… ဘာသာပြန်ထားတာကိုး…
kyeemite
September 3, 2014 at 10:01 am
မှီငြမ်းလို့မထင်ရဘူးဗျာ…တကဲ့ဗမာဝတ္ထူလေးဖတ်ရသလိုအရသာရှိပါ၏
Shwe Ei
September 3, 2014 at 1:07 pm
အော်…အယက်သမားတွေများ ငရဲပြည်ရောက်ပီးတာတောင်…သောက်ချင်နေသေးတာနော်…
တကယ်ကို သံဂေဝရမိပါတယ်
မောင်ဘလိူင်
September 4, 2014 at 4:32 pm
ဝင်ရောက် ဖတ်ရှု အားပေးသူများကို ကျေးဇူးတင်ပါသည်..။
အိုင်းရစ်လူမျိုး စာရေးဆရာ ဂျိုးဆပ် ရှရီဒန် လီ ဖနူး သည် ၁၉ရာစု အလယ်ပိုင်း
ဂေါ့သစ် စတိုင်လ် ဝတ္တု အမျိုးအစားများထဲမှ ဖောက်ထွက် ဦးဆောင်သူတစ်ဦး ဖြစ်
ပါသည်။ သူ၏ တစ္ဆေသူရဲ ဝတ္ထုများတွင် မကောင်းဆိုးဝါးများသည် ပကတိအမြင်
တွင် ကြုံတွေ့ရလေ့မရှိပဲ စိတ်ထဲ၊ ဦးနှောက်ထဲ၊ အိပ်မက်ထဲများတွင် ဝင်ရောက်
ကပ်ငြိ၍ သားကောင်ကို မလှုပ်နှိုင်အောင် ချုပ်ကိုင်ထားသည့် ချောက်ချားဖွယ်ရာ
ပုံစံမျိုးကို ရေးလေ့ရှိသည်။ ၁၉ရာစု နှောင်းပိုင်းနှင့် ယနေ့ခေတ် ဟော်ရာ ရေးသော
စာရေးဆရာများထိ သူ၏ ဩဇာ လွှမ်းမိုးထားသည်။ သူ၏ ဝတ္ထုတိုများထဲမှ အတိုဆုံး
ဝတ္ထုတစ်ပုဒ်ကို မိတ်ဆက်ပေးရန် အနည်းငယ် မြန်မာမှုပြု မှီငြမ်းလိုက်ပါသည်။
kai
September 4, 2014 at 4:52 pm
ငရဲတခါးဝဆိုတာက.. ခရစ်ယန်ကနေ.. မြန်မာက..ကော်ပီယူတာလို့ထင်တာပဲ..
ဒီနေ့သတင်းလွှင့်တဲ့အထဲက.. ဒုသမ္မတဘိုင်ဒင်စကားမှာ.. ဆင်ဆင်လေး..the gates of hell ဆိုပြီး တွေ့ရတယ်..။
Biden: ‘We Will Follow ISIS to the Gates of Hell | Fox News …
foxnewsinsider.com/2014/09/03/biden-we-will-follow-isis-gates-hell
17 hours ago – “We will follow them to the gates of hell until they are brought to justice because hell is where they will reside!” Biden said, adding that ISIS is …
မောင်ဘလိူင်
September 4, 2014 at 5:05 pm
မပြောတတ်ပါဘူး သဂျီးရယ်…။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့..။ ငရဲတို့ နတ်ပြည်တို့ ဆိုတာ
ဥပါပတ် ပဋိသန္ဓေနဲ့ ဒိုင်းခနဲ သွားဖြစ်တာ ဆိုတော့ ဂိတ်တွေ ဘာတွေ ဖြတ်ရမယ် မထင်
ပါဘူး ။
😀
မြစာကလေး (23122011)
September 5, 2014 at 5:02 am
သိပ္ပံပညာရှင် တွေ လူတစ်ယောက် ရဲ့ သေခါနီး စိတ် ကို ဖမ်းနိုင်ဖို့ လုပ်နေဆိုဘဲ။
ရများ ရလိုက် ပြီး အောင်မြင်လို့ ကတော့ ပွဲသိမ်းပြီဘဲ။
:-)))
kai
September 5, 2014 at 7:25 am
နောင် ၁ဝစု ၁ခု၂ခုအတွင်းရလောက်တယ်…
နောက်ကျလှ.. နောက် အနှစ်၂ဝပဲ…။
ပြောသာပြောတာ..
ယူအက်စ်မစ်လစ်ထရီထဲတော့.. အောင်မြင်နေပြီလားတောင်.. မသိ..။ :k:
စကားအတင်းစပ်…
အောက်ကရုပ်ရှင်ကလေး ၂ခုမှာ.. သဘောတရားပေါ်လွင်နေတယ်ထင်..
အဲဒီထဲမှာမှ Transcendence ရုပ်ရှင်ထဲက.. သိပ္ပံအိုင်ဒီယာကို.. အိနိ္ဒယကုလားတယောက်ယောက်က.. ဟိန္ဒူအမြင်၊ ထေရာတို့ဝါဒအမြင်နဲ့.. စံထားထီထွင်ရင်.. တခုခုတော့.. ဖြစ်လာလောက်တယ်.. ထင်…။ :k:
Lucy (2014) – IMDb
http://www.imdb.com/title/tt2872732/
Internet Movie Database
Rating: 6.6/10 – 52,558 votes
Directed by Luc Besson. With Scarlett Johansson, Morgan Freeman, Min-sik Choi, Amr Waked. A woman, accidentally caught in a dark deal, turns the tables on .
=
Transcendence (2014) – IMDb
http://www.imdb.com/title/tt2209764/
Internet Movie Database
Rating: 6.4/10 – 79,547 votes
Videos. Transcendence — A terminally ill scientist (Johnny Depp) downloads his mind into a · Transcendence — Clip: Can You Prove You’re Self Aware?
here:
“That merging is the essence of the Singularity, an era in which our intelligence will become increasingly nonbiological and trillions of times more powerful than it is today—the dawning of a new civilization that will enable us to transcend our biological limitations and amplify our creativity. In this new world, there will be no clear distinction between human and machine, real reality and virtual reality. We will be able to assume different bodies and take on a range of personae at will. In practical terms, human aging and illness will be reversed; pollution will be stopped; world hunger and poverty will be solved. Nanotechnology will make it possible to create virtually any physical product using inexpensive information processes and will ultimately turn even death into a soluble problem.”