ကြေးမုံပြင်
ငါ ပြုံးပြသော်
သူက တန်ပြန် ပြုံးလေသည်။
ငါကမဲ့သော်
ငါကဲ့သို့လျှင်၊ မဲ့ဟန်ဆင်၍
သူပင် တုံ့ပြန်တတ်လေသည်။
သစ်သားဘောင်ခတ်၊ ဤမှန်ချပ်သည်
စိတ်ဓာတ်မပါ၊ သညာမရှိ
သတိမဖက်၊ အသက်ဝိညာဉ်
ကင်းလွတ်စဉ်လျှက်၊ တုံ့ပြန်ချက်သည်
ငါ့အတွက် သင်ခန်းစာပါတကား။
5 comments
alinsett
September 2, 2014 at 3:33 pm
အဲ့ သင်ခန်းစာလေး ကျနော်လည်း ဝင်ယူသွားပါတယ် မမမနော
😆
ဒါနဲ့ တတိယ စာကြောင်းမှာ မဲ့ ဆိုတဲ့ စာသားက
မဲ ဖြစ်နေတာလား
manawphyulay
September 2, 2014 at 3:50 pm
ကျေးဇူးပါ မောင်လေးရေ အောက်ကမြစ်က ကာဆာ နောက် ရောက်ရောက်သွားလို့..
ခင် ခ
September 2, 2014 at 3:41 pm
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်
ငယ်ငယ်ကကျောင်းစာမှာ သင်ခဲ့ဖူးသလိုပေါ့။
manawphyulay
September 2, 2014 at 3:52 pm
ဟုတ်ကဲ့ပါ လေးခရေ… ခုတော့ အမြဲပြုံးနိုင်အောင် ကြိုးစားနေပါတယ်ရှင်
kai
September 2, 2014 at 3:51 pm
သူမဲ့ငါမဲ့
သူငို ငါငို
တကယ်ဆိုသော်
သူသည် မှန်ကင်း
အလင်းပြန်ထင်း
အရိပ်စင်းစင်းပါတကား..။ ။ :k: