တော်သလင်းနေ ပုစွန်သေဆိုသည့် စကားအတိုင်း နေကား တောက်တောက် ပူနေသည်။

ရမ်းဂွဇွတ်ရွာ ရွာလည်လမ်းကား တံလျှပ်တို့ဖြင့် တညီးညီး ရွာလည်လမ်းဘေး တလျှောက် အစီအရီ ပေါက်နေသော ကြက်ဆူပင်တန်းကား နေမင်း၏ ဒဏ်ကို ကြံ့ကြံ့ခံခံရန် မစွမ်းသာချေ။

အစဉ်သဖြင့် ကူးလူးစုန်ချီ အစည်စည် ဖြစ်နေတတ်သော ရမ်းဂွဇွတ်ရွာကား ယနေ့အဖို့ လွန်စွာ တိတ်ဆိတ် ခြောက်ကပ်လို့ နေသည်။

အကြောင်းမူကား ယနေ့ရွာတွင် အသုရှိလို့ နေပေသည်။ သေခြင်းတရား ဟူသည်ကား ပုထုဇဉ် လူသားတို့အတွက် မဆန်းပင်သော်ငြား ယခုအဖြစ်အပျက်ကါး ရမ်းဂွဇွတ်ရွာအတွက်မူ အတန်ငယ် ဆန်းပြားလို့ နေပေသည်။ ပြောရမည် ဆိုပါလျှင် ယနေ့သည် တရွာလုံးအတွက် ပထမဆုံးသော အသုဘပွဲ ဖြစ်ခြင်းကြောင့် ဆန်းပြားခြင်းလော သို့မဟုတ် သေမင်း၏ ပထမဆုံး တပ်လှန့်မှု ဖြစ်နေခြင်းကြောင့် ပေတည်း …….။

—————————————–

“ခင်ခက်ခက်ခေါ” သေပြီ !!!!

သတင်းစကား စကြား ကြားချည်း ဦးကြောင်ကြီး တယောက် မည်သို့မျှ မယုံနိုင် တနေ့ကတောင် လမ်းမှတွေ့လို့ အဖြေပေးဦးလေလို့ ရိသဲ့သဲ့ ပြောမိသေးသည်။

မနက်ခင်း ဗလီက အာဇံပေးတော့ ကမန်းကတန်း ထဝတ်တက်အပီး အိမ်ရှေ့လမ်းမက အသံဗလံကြားလို့ ထအကြည့် ကိုရင်ကျောက်တို့ လူသိုက် ပေါက်တူးကိုယ်စီဖြင့် ရွာအနောက်ဘက် လျှောက်သွားတာ မြင်မိသည်။

နည်းနည်းတော့ စိတ်ထဲတမျိုးထင်မိသည်။ မကြာပါချေ ….

ရွာဆော် ကချင်ကြီး လှည့်ပတ်အော်တော့မှ သိရတော့သည်။ စစချဉ်းတော့ ကိုယ့်စိတ်ကို ဘယ်လိုမှ ဆောက်တည်ရာမရ မဟုတ်ရဘူး မယုံဘူးဟုသာ အထပ်ထပ်အခါခါ ရေရွတ်နေမိသည်။

နောက်ဆုံးတော့ ဦးကြောင်ကြီးတယောက် သေချာပိုင်နိုင်စွာ ဆုံးဖြတ်ချက် ချလိုက်ပီး ချက်ချင်းပင် နာရေးအိမ်သို့ ထွက်လာခဲ့လေတော့သည်။

ထိုဆုံးဖြတ်ချက်ကား ယခုဘဝ မပိုင်ဆိုင်ရသူ ခင်ခက်ခက်ခေါကို ရေချိုးပေးရန်အတွက်ပင် ဖြစ်ပေတော့သည်။

ဟုတ်ပေသည် …. ကျန်ရစ်ခဲ့သူ ဦးကြောင်ကြီး၏ နောက်ဆုံး ဆန္ဒကား ရေချိုးပေးချင် ခြင်းဖြစ်ပေသတည်းးး

______________

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း