LENOVO FLEX 14

. ကိုယ့်ဘာသာဆို အင်တာနက်မှာပဲ တွေ့ဖူးမှာ… အခုက ရုံးက ဆရာကြီးများက အကောင်းကြိုက်တော့ ၀ယ်ပေးဖြစ်တယ်…

. မြန်မာပြည် ဈေးကွက်မှာလဲ ရှိရမယ်… ဘတ်ဂျက်လဲ ကျရမယ်ပေါ့… ကျပါတယ် ကျတာကတော့…

. အခု မြင်နေရတာက Lenovo Flex Series တွေပါ… တော်တော်လေးကို သဘောခွေ့တယ်… ဟီး… တဂျီးဝယ်ပေးရင် အတိုင်းထက်အလွန်ပေါ့… :)

. ရုံးက ၀ယ်လိုက်တာက Lenovo IdeaPad Flex 14 Core i3 ပါ… ဈေးကလဲ ပါးပါးလေးပါ… ၆ သိန်းတောင် မခွဲဘူး…  :)

. ကောင်းချက်တွေက ဘာတွေလဲဆိုတော့…. မြင်တဲ့ အတိုင်းပဲ… 300 ဒီဂရီ ခေါက်လို့ရတယ်… Tablet လို သုံးလို့ရတယ်…

. တော်တော်ကိုပါးတယ်… ၁ လက်မ မပြည့်ဘူး…

. ပေါ့တယ်… ၅ ပေါင်တောင် မပြည့်ဘူး…

. Window က 8… Touch ကလဲ ကောင်းမှကောင်း…

. တခုပဲ Drive တော့ မပါဘူး…

. Adapter ကတော့ နောက်ပိုင်း Series တွေမှာ ခေါင်းပြားတွေ သုံးလာတာ တွေ့တယ်… ပင်ကောက်တာ ဘာညာ မရှိတော့ဘူးပေါ့…

. မက်စရာရှိသေးတာက ဘက်ထရီပဲ.. တော်တော် ခံတယ် ဂလား… ၉ နာရီလို့တော့ ဆိုထားတယ်… မစမ်းရသေးဘူး… :)

. တော်ပါပြီ ဒီလောက်ဆိုနော်… များသွားရင် ဟုန်သွားမှာစိုးလို့…

. ပိုစိတ်ဝင်စားရင်  ဟော့ဒီလင့်  မှာ ရှုပါခင်ဗျာ…

. ကျေးဇူးတင်ပါတယ်…  :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...