အချစ်ကြောင့်မွှေးသော ပန်း

အတ္တနန်းတော်ကြီးမှာ ပန်းခရေမကြွေပါနဲ့လား အနမ်းတွေဆွံအကုန်မှာစိုးလို့ပါ နွမ်းသွားတဲ့ အပိုင်းအစကို တယုတယ ထွေးပိုက်ဖူးတယ် ကို့ရင်မှာ အလွမ်းတွေ ပျယ်လွင့်တဲ့ထိပါ

မျက်ရည်တို့ ခိုဖူးတဲ့ကို့ပါးပြင်ထက်မှာ အကြင်နာအင်အားနဲ့ဖယ်ရှားပေးတဲ့ ရှင်လေးရဲ့လက်လေးတွေက ညမွှေးပန်းကိုအံတုလို့ အနိုင်ယူခဲ့ပြန်သေးတယ်

အပေးအယူကင်းတဲ့ ချစ်ခြင်းမေတ္တာရိပ်မှာ ကိုလေခိုနားရင်း ထာဝရဆိုတဲ့ခရီးလမ်းမှာ တွဲလက်ကလေးမြဲမြံစွာ ဆုပ်ထားရအောင်နော်

ကာရံ ၆့ ၁၀့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..